ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံလုံးသို့ ခရီးထွက်ခဲ့သော အသက် ၇၉ နှစ်အရွယ် အမျိူးသမီးကြီး
ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံလုံးသို့ ခရီးထွက်ခဲ့သော အသက် ၇၉ နှစ်အရွယ် အမျိူးသမီးကြီး - Property Knowledge in Myanmar from iMyanmarHouse.com
15 Feb 2024 12:04 pm တွင် တင်ခဲ့သည်
893 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်သော အမျိုးသမီးကြီးတစ်ဦးက ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ ခရီးထွက်ရန် ရည်မှန်းချက် အောင်မြင်ခဲ့ကြောင်း Good Morning America သို့ ပြောကြားခဲ့ပြီး သူ၏အိပ်မက် အမှန်တကယ် ဖြစ်လာခဲ့ကြောင်းလည်း ပြောသည်။
ဖိလစ်ပိုင်တွင်နေထိုင်ခဲ့စဉ် မိန်းကလေးငယ် အရွယ်ကတည်းက ကမ္ဘာတဝန်းခရီးထွက်ရန် အိပ်မက်မက်ခဲ့ ကြောင်း လွီဆာ ယူ (Luisa Yu) အမည်ရှိ အဆိုပါ အမျိုးသမီးကြီးက ပြောသည်။
“ကျမ ရုပ်ရှင်တွေသွားကြည့်တဲ့အခါတိုင်း လှပတဲ့ရှုမျှော်ခင်းတွေ၊ သဘာဝတရားတွေ၊ မြစ်ကြီးတွေ၊ တောင်တန်းတွေကို တွေ့ခဲ့ရတယ်။ ဒါတွေက ကျမကို ညှို့ယူဖမ်းစားခဲ့ပါတယ်။ တနေ့ကျရင် ဒီနေရာတွေကို သွားမယ်၊ ခရီးထွက်မယ်လို့ အမြဲတွေးခဲ့ပါတယ်”ဟု လွီဆာ ယူက ပြောသည်။
လွီဆာသည် အသက် ၂၃ နှစ်အရွယ်သို့ ရောက်သောအခါ exchange student အနေဖြင့် အမေရိကန် ပြည်ထောင်စုသို့ ပညာတော်သင်ရောက်ရှိလာခဲ့ပြီးနောက် အချိန်ရတိုင်း ခရီးထွက်ခဲ့သည်။
(အသက် ၂၃ နှစ်အရွယ်တွင် Exchange student အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ မစ်ဇူရီပြည်နယ်၊ စိန့်လူးဝစ်မြို့တွင် ကျောင်းတက်ခဲ့သည်။ ဓာတ်ပုံ-Luisa Yu)
ကျောင်းတက်နေစဉ်ဖြစ်သောကြောင့် အမေရိကန်၏ ပြင်ပသို့ ခရီးထွက်ခွာခြင်း မပြုနိုင်ရာ Greyhound ဘတ်စ်ကားကြီးဖြင့် အမေရိကန်တဝန်း ခရီးထွက်ခဲ့ကြောင်း လွီဆာက ပြောသည်။
(ခရီးသွားလိုသော အခြားသူများကိုလည်း မကြောက်ရွံ့ကြဘဲ ခရီးထွက်ရန် အားပေးကြောင်း လွီဆာယူက ပြောသည်။ ဓာတ်ပုံ-Luisa Yu)
လွီဆာသည် ကျောင်းပြီးချိန်တွင် ဆေးဝါးနည်းပညာနယ်ပယ်တွင် အလုပ်လုပ်ကိုင်ခဲ့သည်။
ယင်းနောက် ဒုတိယအသက်မွေးဝမ်းကျောင်းအဖြစ် ခရီးသွားအေးဂျင့်အဖြစ် လုပ်ကိုင်ခဲ့ရာ ခရီးသွားရန် အခွင့်အလမ်းပိုရလာသည်။
လွန်ခဲ့သော ဆယ်စုနှစ် ၅ ခုအတွင်း သွားနိုင်သမျှ နေရာတိုင်းသို့ ခရီးထွက်ခဲ့ရာ အီတလီကဲ့သို့ ဥရောပ နိုင်ငံများမှသည် ထိုင်းနိုင်ငံကဲ့သို့ အာရှနိုင်ငံများ၊ လစ်ဗျားကဲ့သို့ အာဖရိကနိုင်ငံများ၊ အီရန်ကဲ့သို့ အရှေ့အလယ်ပိုင်းနိုင်ငံများအထိ ဖြစ်သည်။
နောက်ဆုံးတွင် လွီဆာက ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံလုံးသို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်ခဲ့သည်။
(ဆားဘီးယားသည် လွီဆာ လည်ပတ်ခဲ့သော ၁၉၃ နိုင်ငံမြောက်ဖြစ်သည်။ ဆားဘီးယားသို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်း လွီဆာ၏ အံ့ဖွယ်အောင်မြင်မှုကို အောင်ပွဲခံသည့်အထိမ်းအမှတ်ပွဲသို့ သူ၏မိတ်ဆွေများ တက်ရောက်ခဲ့သည်။ ဓာတ်ပုံ-Luisa Yu)
“တချို့နေရာတွေက အန္တရာယ်များတယ်လို့ သုံးသပ်ရပေမယ့် ကျွန်မက ဒီနေရာတွေကို ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ချင်ပါတယ်။ အဲဒီနေရာတွေမှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတွေ အများကြီးရှိတယ်လေ”
(ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ လည်ပတ်လိုသည့် မိမိအိပ်မက် အောင်မြင်ခဲ့သောကြောင့် အလွန်ဝမ်းမြောက်မိ ကြောင်း လွီဆာက ပြောသည်။ ဓာတ်ပုံ-Luisa Yu)
(လွီဆာ ယူသည် ယခုအခါ အသက် ၇၉ နှစ်ရှိပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံအားလုံးသို့ လည်ပတ်လိုသည့် သူ၏ အိပ်မက်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် အောင်မြင်ပြီးဆုံးခဲ့သည်။ ဓာတ်ပုံ-Luisa Yu)
အကျိုးအမြတ်အတွက် မဟုတ်သည့် ခရီးသွားအဖွဲ့အစည်းဖြစ်သော Nomad Mania က လွီဆာယူအား UN Master တစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်သည်။
UN Master ဆိုသည်မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံလုံးကို ရောက်ရှိခဲ့သူတို့အား ဂုဏ်ပြုသည့်အခေါ်အဝေါ် ဖြစ်သည်။
ဖိလစ်ပိုင်တွင် ကမ္ဘာ့နိုင်ငံအားလုံးသို့ လည်ပတ်ရောက်ရှိခဲ့သူ ၂ ဦးသာရှိရာ လွီဆာလည်း အပါအဝင် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Meet the 79-year-old who has traveled to all 193 countries in the world (abcnews)
Photo Credit: Luisa Yu
[Zawgyi]
ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံလုံးသို့ ခရီးထွက်ခဲ့သော အသက် ၇၉ နှစ်အရွယ် အမျိုးသမီးကြီး
Photo Credit: Luisa Yu
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service