ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ၊ Naples မြို့ရှိ ကြီးမားသော ကမ်းခြေစံအိမ်ကြီးတစ်လုံး စံချိန်တင်ဈေးနှုန်း ကန်ဒေါ်လာ ၂၉၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
ခေါ်ဈေးဝန်းကျင်ဖြင့်သာ ရောင်းထွက်ခဲ့မည်ဆိုပါက အမေရိကန်ပြည်ထောင်စုတွင် တွေ့ဖူးသမျှ အိမ်ခြံမြေ အရောင်းအဝယ်များတွင် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်မည် ဖြစ်သည်။
ယခင်စံချိန်မှာ ရင်းနှီးမြှုုပ်နှံမှု ဘီလျံနာသူဌေးကြီး Ken Griffin ၏ အိမ်ခြံမြေဝယ်ယူမှု ဖြစ်သည်။
Ken Griffin သည် ၂၀၁၉ ခုနှစ် အစောပိုင်းက နယူးယောက်မြို့ မန်ဟက်တန်အရပ် Central Park South လမ်း၊ အမှတ် ၂၂၀ ရှိ Penthouse ခန်းကို ကန်ဒေါ်လာ သန်း ၂၄၀ ခန့်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ယခုစံအိမ်မှာ Ken Griffin ၏ စံချိန်ကို ဖြတ်ကျော်သွားဖွယ်ရှိသည်။ ဘဏ္ဍာရေးလုပ်ငန်းရှင် John Donahue က နေအိမ်ဆောက်လုပ်ရသေးခြင်းမရှိသော Gordon Pointe အမည်ရှိ ကျွန်းဆွယ်နေရာကို လေကြောင်းခရီးသွားလာစဉ် တွေ့မြင်ခဲ့ရပြီး ထိုနေရာကို ဝယ်ယူလိုကြောင်း ဇနီးဖြစ်သူ Rhodora Donahue အား ပြောခဲ့သည်ဟု ဆိုသည်။
၁၉၈၅ ခုနှစ်တွင် သူ၏ ဆန္ဒကို အကောင်အထည်ဖော်ခဲ့ပြီး ထိုစဉ်က ၄ ဒသမ ၃ ဧက ကျယ်ဝန်းသော မြေကွက်ကို ကန်ဒေါ်လာ ၁ သန်းဖြင့် ဝယ်ယူခဲ့သည်။
(ဖလော်ရီဒါပြည်နယ် Naples မြို့ရှိ Gordon Pointe ကျွန်းဆွယ်ပေါ်တွင် စံအိမ် ၃ လုံးသာရှိသည်။ ထို ၃ လုံး လုံးကို Donahue မိသားစုက ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Coldwell Banker Realty)
(အကျယ်အဝန်းစုစုပေါင်း ဧက ၆၀ ရှိပြီး မြေနေရာ ၉ ခုကို လက်ရှိအားဖြင့် အရောင်းဈေးကွက်တင်ထားသည်။ ဓာတ်ပုံ-Coldwell Banker Realty)
(စံအိမ်တွင် T ပုံသဏ္ဍာန် ရွက်လှေဆိပ်တစ်ခုလည်း ပါဝင်သည်။ ဓာတ်ပုံ-Coldwell Banker Realty)
(ခေါ်ဈေးဝန်းကျင်ဖြင့်သာ ရောင်းထွက်ခဲ့မည်ဆိုပါက အမေရိက၏ စံချိန်သစ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ဓာတ်ပုံ-Coldwell Banker Realty)
(တည်နေရာပြ မြေပုံ။ဓာတ်ပုံ-NYPost composite)
(Gordon Pointe ကျွန်းဆွယ်၏ ကောင်းကင်ဓာတ်ပုံ။ ဓာတ်ပုံ-Coldwell Banker Realty)
(စံအိမ်တွင် အလျား ၁၆၅၀ ပေရှိ ကမ်းခြေပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Coldwell Banker Realty)
(ရောင်းချမည့် စံအိမ်ပိုင်နက်ကို အစိမ်းရောင်မျဉ်းဖြင့် ပြသထားသည်။ ဓာတ်ပုံ-Coldwell Banker Realty)
John Donahue က လမုပင်များ ဝန်းပတ်သော တံငါအိမ်ကလေးမှသည် ဧက ၆၀ ကျယ်ဝန်းသော ဝန်းကြီး အထိ တိုးချဲ့ ဝယ်ယူခဲ့သည်။
ရောင်းချမည့်စံအိမ်တွင် ၁၆၅၀ ပေ ရှည်လျားသော သီးသန့်ကမ်းခြေ ၊ စံအိမ် ၃ လုံးနှင့် T ပုံသဏ္ဍာန် သီးသန့် လှေဆိပ်တို့ ပါဝင်သည်။
အရောင်းဈေးကွက် တင်ပေးသူမှာ Coldwell Banker Realty အိမ်ခြံမြေကုမ္ပဏီမှ ဖြစ်ပြီး Corcoran ၊ Savills ကုမ္ပဏီတို့နှင့်လည်း ပူးတွဲ ပိုင်ဆိုင်ထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: This $295M Florida compound is the most expensive home for sale in America (nypost)
Photo Credit: Dawn McKenna Group/Coldwell Banker Realty
[Zawgyi]
ဖေလာ္ရီဒါျပည္နယ္တြင္ စံအိမ္ႀကီးတစ္လုံး ကန္ေဒၚလာ ၂၉၅ သန္းျဖင့္ အေရာင္းေဈးကြက္ဝင္လာရာ အေမရိက၏ ေဈးအႀကီးဆုံး စံအိမ္အျဖစ္ စံခ်ိန္တင္
အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါျပည္နယ္ ၊ Naples ၿမိဳ႕႐ွိ ႀကီးမားေသာ ကမ္းေျခစံအိမ္ႀကီးတစ္လုံး စံခ်ိန္တင္ေဈးႏႈန္း ကန္ေဒၚလာ ၂၉၅ သန္းျဖင့္ အေရာင္းေဈးကြက္ဝင္လာသည္။
ေခၚေဈးဝန္းက်င္ျဖင့္သာ ေရာင္းထြက္ခဲ့မည္ဆိုပါက အေမရိကန္ျပည္ေထာင္စုတြင္ ေတြ႕ဖူးသမွ် အိမ္ျခံေျမ အေရာင္းအဝယ္မ်ားတြင္ ေဈးအႀကီးဆုံးအျဖစ္ စံခ်ိန္တင္မည္ ျဖစ္သည္။
ယခင္စံခ်ိန္မွာ ရင္းႏွီးျမႇဳုပ္ႏွံမႈ ဘီလ်ံနာသူေဌးႀကီး Ken Griffin ၏ အိမ္ျခံေျမဝယ္ယူမႈ ျဖစ္သည္။
Ken Griffin သည္ ၂၀၁၉ ခုႏွစ္ အေစာပိုင္းက နယူးေယာက္ၿမိဳ႕ မန္ဟက္တန္အရပ္ Central Park South လမ္း၊ အမွတ္ ၂၂၀ ႐ွိ Penthouse ခန္းကို ကန္ေဒၚလာ သန္း ၂၄၀ ခန္႔ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။
ယခုစံအိမ္မွာ Ken Griffin ၏ စံခ်ိန္ကို ျဖတ္ေက်ာ္သြားဖြယ္႐ွိသည္။ ဘ႑ာေရးလုပ္ငန္း႐ွင္ John Donahue က ေနအိမ္ေဆာက္လုပ္ရေသးျခင္းမ႐ွိေသာ Gordon Pointe အမည္႐ွိ ကြၽန္းဆြယ္ေနရာကို ေလေၾကာင္းခရီးသြားလာစဥ္ ေတြ႕ျမင္ခဲ့ရၿပီး ထိုေနရာကို ဝယ္ယူလိုေၾကာင္း ဇနီးျဖစ္သူ Rhodora Donahue အား ေျပာခဲ့သည္ဟု ဆိုသည္။
၁၉၈၅ ခုႏွစ္တြင္ သူ၏ ဆႏၵကို အေကာင္အထည္ေဖာ္ခဲ့ၿပီး ထိုစဥ္က ၄ ဒသမ ၃ ဧက က်ယ္ဝန္းေသာ ေျမကြက္ကို ကန္ေဒၚလာ ၁ သန္းျဖင့္ ဝယ္ယူခဲ့သည္။
(ဖေလာ္ရီဒါျပည္နယ္ Naples ၿမိဳ႕႐ွိ Gordon Pointe ကြၽန္းဆြယ္ေပၚတြင္ စံအိမ္ ၃ လုံးသာ႐ွိသည္။ ထို ၃ လုံး လုံးကို Donahue မိသားစုက ပိုင္ဆိုင္ထားသည္။ ဓာတ္ပုံ-Coldwell Banker Realty)
(အက်ယ္အဝန္းစုစုေပါင္း ဧက ၆၀ ႐ွိၿပီး ေျမေနရာ ၉ ခုကို လက္႐ွိအားျဖင့္ အေရာင္းေဈးကြက္တင္ထားသည္။ ဓာတ္ပုံ-Coldwell Banker Realty)
(စံအိမ္တြင္ T ပုံသ႑ာန္ ႐ြက္ေလွဆိပ္တစ္ခုလည္း ပါဝင္သည္။ ဓာတ္ပုံ-Coldwell Banker Realty)
(ေခၚေဈးဝန္းက်င္ျဖင့္သာ ေရာင္းထြက္ခဲ့မည္ဆိုပါက အေမရိက၏ စံခ်ိန္သစ္တစ္ခု ျဖစ္လာမည္ ျဖစ္သည္။ ဓာတ္ပုံ-Coldwell Banker Realty)
(တည္ေနရာျပ ေျမပုံ။ဓာတ္ပုံ-NYPost composite)
(Gordon Pointe ကြၽန္းဆြယ္၏ ေကာင္းကင္ဓာတ္ပုံ။ ဓာတ္ပုံ-Coldwell Banker Realty)
(စံအိမ္တြင္ အလ်ား ၁၆၅၀ ေပ႐ွိ ကမ္းေျခပိုင္ဆိုင္ထားသည္။ ဓာတ္ပုံ-Coldwell Banker Realty)
(ေရာင္းခ်မည့္ စံအိမ္ပိုင္နက္ကို အစိမ္းေရာင္မ်ဥ္းျဖင့္ ျပသထားသည္။ ဓာတ္ပုံ-Coldwell Banker Realty)
John Donahue က လမုပင္မ်ား ဝန္းပတ္ေသာ တံငါအိမ္ကေလးမွသည္ ဧက ၆၀ က်ယ္ဝန္းေသာ ဝန္းႀကီး အထိ တိုးခ်ဲ႕ ဝယ္ယူခဲ့သည္။
ေရာင္းခ်မည့္စံအိမ္တြင္ ၁၆၅၀ ေပ ႐ွည္လ်ားေသာ သီးသန္႔ကမ္းေျခ ၊ စံအိမ္ ၃ လုံးႏွင့္ T ပုံသ႑ာန္ သီးသန္႔ ေလွဆိပ္တို႔ ပါဝင္သည္။
အေရာင္းေဈးကြက္ တင္ေပးသူမွာ Coldwell Banker Realty အိမ္ျခံေျမကုမၸဏီမွ ျဖစ္ၿပီး Corcoran ၊ Savills ကုမၸဏီတို႔ႏွင့္လည္း ပူးတြဲ ပိုင္ဆိုင္ထားသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: This $295M Florida compound is the most expensive home for sale in America (nypost)
Photo Credit: Dawn McKenna Group/Coldwell Banker Realty