ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၈ သန်းကို ယနေ့ ဖေဖော်ဝါရီ (၁၄) ရက်တွင် ထပ်မံရောင်းချပေးထားကြောင်း သိရသည်။
ယခုဖေဖော်ဝါရီလအတွင်း၌ ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃၈ သန်း ရောင်းချပေးထားပြီးဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၉၃ သန်း၊ ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃၈ သန်း၊ ထိုင်းဘတ် ၃၁၃ ဒသမ ၅ သန်းနှင့် တရုတ်ယွမ် ၄ သန်းတို့ကို နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယနေ့ပြင်ပဈေးကွက်အတွင်း တစ်ယူရို ၃၈၂၆ ကျပ်၊ ကန်တစ်ဒေါ်လာ ၃၅၄၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၂၅၈၆ ကျပ်၊ တစ်ရင်းဂစ် ၇၅၀ ကျပ်၊ ဂျပန်ယန်း ၂၃ ဒသမ ၈၆ ကျပ်၊ ကိုရီးယားတစ်ဝမ် ၂ ဒသမ ၆၈ကျပ်၊ ထိုင်းတစ်ဘတ် ၉၇ နှင့် ၉၉ ကျပ်အတွင်း နှင့် တရုတ်တစ်ယွမ် ၄၈၀ နှင့် ၄၉၀ ကျပ်အတွင်း ဈေးပေါက်နေကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၈ သန်း ယနေ့ထပ်မံရောင်းချ