ဖင်လန်နိုင်ငံ နယ်စပ်အနီး ဧက ၁၀၀၀ ကျယ်ဝန်းသော ခြံဝန်းကြီးအတွင်း ဒေါ်လာ ၁၀၀၀၀ တန် ဖင်ဆေး အင်တုံ ၂ ခု၊ ဘီယာစက်ရုံနှင့် လေကြောင်းကာကွယ်ရေးစနစ်များ ထားရှိထားသော ရုရှားသမ္မတပူတင်၏ လျှို့ဝှက်စံအိမ်

ဖင်လန်နိုင်ငံ နယ်စပ်အနီး ဧက ၁၀၀၀ ကျယ်ဝန်းသော ခြံဝန်းကြီးအတွင်း ဒေါ်လာ ၁၀၀၀၀ တန် ဖင်ဆေး အင်တုံ ၂ ခု၊ ဘီယာစက်ရုံနှင့် လေကြောင်းကာကွယ်ရေးစနစ်များ ထားရှိထားသော ရုရှားသမ္မတပူတင်၏ လျှို့ဝှက်စံအိမ် - Property News in Myanmar from iMyanmarHouse.com
12 Feb 2024 1:27 pm တွင် တင်ခဲ့သည်
1047 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တန်ဖိုးကြီးဇိမ်ခံစံအိမ်ကြီးတစ်လုံးကို လျှို့ဝှက် ဆောက်လုပ်ထားကြောင်း နယူးယောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ စံအိမ်ကြီးတွင် ဒေါ်လာ ၁၀၀၀ တန် ဖင်ဆေးအင်တုံ ၂ ခု၊ ရေတံခွန် ၁ ခုအပြင် ကိုယ်ပိုင် လေကြောင်း ကာကွယ်ရေးစနစ်လည်း ပါဝင်နိုင်ကာ ဖင်လန်နယ်စပ်မှ များစွာ မဝေးကွာချေ။

ဧက ၁၀၀၀ ကျယ်ဝန်းသော ခြံဝန်းကြီးသည် ရုရှားနိုင်ငံ Karelia ဒေသ၏ မြောက်ပိုင်းမှ တောနက်အတွင်း တည်ရှိသည်။

ဖင်လန်နယ်စပ်မှ မိုင် ၂၀ ခန့်သာ ဝေးကွာကြောင်း ရုရှားသတင်းစုံစမ်းရေး အဖွဲ့တစ်ခုဖြစ်သော Dossier Centre က ထုတ်ပြန်ခဲ့သည်။

သမ္မတပူတင်၏ လျှို့ဝှက်စံအိမ်သည် Ladoga ရေကန်ကြီး၏ ကမ်းစပ်တွင် တည်ရှိသည်။

စံအိမ်ဝန်းကြီးအတွင်း ခေတ်ပေါ်ဟန်ပန် နေအိမ် ၃ လုံး၊ ရဟတ်ယာဉ်ကွင်း ၂ ခု၊ ရွက်လှေဆိုက်ကပ်ရန် လှေဆိပ်များ၊ ထရောက်ငါး မွေးမြူရေးကန်နှင့် နွားမွေးမြူရေးနေရာတို့ ပါဝင်သည်။

ဗွီဒီယိုဖိုင်တစ်ခုတွင် တွေ့မြင်ရမှုအရ ခြံဝန်းကြီးကို သံဆူးကြိုး ခြံစည်းဖြင့် ကာရံထားပြီး ၂၄ နာရီပတ်လုံး လုံခြုံရေးရှိသည့်အပြင် ဒရုန်းကာကွယ်ရေးစနစ်များလည်း ရှိသည်။

အဆိုပါ ခြံဝန်းရှိရာသို့ လှေ(သို့မဟုတ်) လေကြောင်းဖြင့်သာ ရောက်ရှိနိုင်သည်။

ရုရှားနှင့် ၎င်း၏ အိမ်နီးချင်း ဖင်လန်တို့အကြား ဆက်ဆံရေးမှာ တင်းမာလျက်ရှိနေသည်။

ဖင်လန်နိုင်ငံသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် ၊ ဧပြီလအတွင်းက မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး) သို့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် ဆက်ဆံရေး တင်းမာခဲ့ခြင်း ဖြစ်သည်။

ရုရှားက လက်တုန့်ပြန်မည်ဟု ခြိမ်းခြောက်ထားပြီး ၂ နိုင်ငံ နယ်စပ်အနီးသို့ အဏုမြူထိပ်ဖူး သယ်ဆောင်နိုင် သော ဒုံးကျည်များ ရွှေ့ပြောင်းထားသည်။

(ဧက ၁၀၀၀၀ ကျယ်ဝန်းသော ခြံဝန်းကြီးမှာ ဖင်လန်နိုင်ငံ နယ်စပ်အနီး တောအုပ်များအတွင်း တည်ရှိသည်။ ဓာတ်ပုံ-The Dossier Centre YouTube)

(သမ္မတပူတင်သည် တာဝန်မှ အနားယူချိန်တွင် ဤစံအိမ်ဝန်း၌ အပန်းဖြေဖွယ်ရှိသည်။ ဓာတ်ပုံ-The Dossier Centre YouTube)

လွန်ခဲ့သော နိုဝင်ဘာလအတွင်း ဖင်လန်က ရုရှားအပေါ် စွပ်စွဲခဲ့သည်မှာ ရုရှားသည် ဖင်လန်နယ်စပ်သို့ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရွှေ့ပြောင်းနေထိုင်သူ ရာပေါင်းများစွာကို ပို့လွှတ်ခဲ့ရာ ဖင်လန်က နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပိတ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ခြံဝန်းကြီးအတွင်း စံအိမ် ၃ လုံး ပါဝင်ပြီး The Barn,The Fisherman’s Hut နှင့် The Garden House ဟု အမည်ပေးထားသည်။

စံအိမ်များအတွင်း တန်ဖိုးကြီး ဖင်ဆေးအင်တုံများ ၊ ဒေါ်လာ ၄၄၀၀ အထက် တန်ကြေးရှိ ရေပန်းခေါင်းများ ဒေါ်လာ ၁၀၈၀၀၀ တန်ကြေးရှိ အီတလီ စကျင်ကျောက်ပြား ကြမ်းခင်းတို့ ပါဝင်သည်။

ခြံဝန်းကြီးအတွင်း သြစထရီးယားထုတ် ဒေါ်လာ ၃၈၀၀၀၀ တန် ဘီယာထုတ်သည့် စက်တစ်ခုလည်း ရှိပြီး တစ်နေ့လျှင် ဘီယာ ၈၂ ခွက် ထုတ်လုပ်နိုင်စွမ်းရှိသည်။

(ခြံဝန်းကြီးအတွင်း ရေတံခွန်တစ်ခုလည်း ပါဝင်သည်။ ဓာတ်ပုံ-The Dossier Centre YouTube)

(ကြီးမားသော စံအိမ် ၃ လုံးရှိသည်။ ဓာတ်ပုံ-The Dossier Centre YouTube)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Putin’s secret 10K-acre lair near Finnish border has $10K bidets, a brewery and air-defense systems, report reveals (nypost)

Photo Credit: YouTube

[Zawgyi]

ဖင္လန္ႏိုင္ငံ နယ္စပ္အနီး ဧက ၁၀၀၀ က်ယ္ဝန္းေသာ ျခံဝန္းၾကီးအတြင္း ေဒၚလာ ၁၀၀၀၀ တန္ ဖင္ေဆး အင္တံု ၂ ခု၊ ဘီယာစက္ရံုႏွင့္ ေလေၾကာင္းကာကြယ္ေရးစနစ္မ်ား ထားရွိထားေသာ ရုရွားသမၼတပူတင္၏ လွ်ိဳ႕ဝွက္စံအိမ္

ရုရွားသမၼတ ဗလာဒီမာပူတင္သည္ တန္ဖိုးၾကီးဇိမ္ခံစံအိမ္ၾကီးတစ္လံုးကို လွ်ိဳ႕ဝွက္ ေဆာက္လုပ္ထားေၾကာင္း နယူးေယာက္ပို႔စ္ သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

အဆုိပါ စံအိမ္ၾကီးတြင္ ေဒၚလာ ၁၀၀၀ တန္ ဖင္ေဆးအင္တံု ၂ ခု၊ ေရတံခြန္ ၁ ခုအျပင္ ကိုယ္ပိုင္ ေလေၾကာင္း ကာကြယ္ေရးစနစ္လည္း ပါဝင္ႏိုင္ကာ ဖင္လန္နယ္စပ္မွ မ်ားစြာ မေဝးကြာေခ်။

ဧက ၁၀၀၀ က်ယ္ဝန္းေသာ ျခံဝန္းၾကီးသည္ ရုရွားႏိုင္ငံ Karelia ေဒသ၏ ေျမာက္ပိုင္းမွ ေတာနက္အတြင္း တည္ရွိသည္။

ဖင္လန္နယ္စပ္မွ မိုင္ ၂၀ ခန္႔သာ ေဝးကြာေၾကာင္း ရုရွားသတင္းစံုစမ္းေရး အဖြဲ႔တစ္ခုျဖစ္ေသာ Dossier Centre က ထုတ္ျပန္ခဲ့သည္။

သမၼတပူတင္၏ လွ်ိဳ႕ဝွက္စံအိမ္သည္ Ladoga ေရကန္ၾကီး၏ ကမ္းစပ္တြင္ တည္ရွိသည္။

စံအိမ္ဝန္းၾကီးအတြင္း ေခတ္ေပၚဟန္ပန္ ေနအိမ္ ၃ လံုး၊ ရဟတ္ယာဥ္ကြင္း ၂ ခု၊ ရြက္ေလွဆိုက္ကပ္ရန္ ေလွဆိပ္မ်ား၊ ထေရာက္ငါး ေမြးျမဴေရးကန္ႏွင့္ ႏြားေမြးျမဴေရးေနရာတို႔ ပါဝင္သည္။

ဗီြဒီယိုဖိုင္တစ္ခုတြင္ ေတြ႔ျမင္ရမႈအရ ျခံဝန္းၾကီးကို သံဆူးၾကိဳး ျခံစည္းျဖင့္ ကာရံထားျပီး ၂၄ နာရီပတ္လံုး လံုျခံဳေရးရွိသည့္အျပင္ ဒရုန္းကာကြယ္ေရးစနစ္မ်ားလည္း ရွိသည္။

အဆိုပါ ျခံဝန္းရွိရာသို႔ ေလွ(သို႔မဟုတ္) ေလေၾကာင္းျဖင့္သာ ေရာက္ရွိႏိုင္သည္။

ရုရွားႏွင့္ ၎၏ အိမ္နီးခ်င္း ဖင္လန္တုိ႔အၾကား ဆက္ဆံေရးမွာ တင္းမာလ်က္ရွိေနသည္။

ဖင္လန္ႏိုင္ငံသည္ ျပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္ ၊ ဧျပီလအတြင္းက ေျမာက္အတၱလႏၱိတ္စစ္စာခ်ဳပ္အဖြဲ႔ (ေနတိုး) သို႔ ဝင္ေရာက္ခဲ့ျပီးေနာက္ပိုင္း ရုရွားႏွင့္ ဆက္ဆံေရး တင္းမာခဲ့ျခင္း ျဖစ္သည္။

ရုရွားက လက္တုန္႔ျပန္မည္ဟု ျခိမ္းေျခာက္ထားျပီး ၂ ႏိုင္ငံ နယ္စပ္အနီးသို႔ အဏုျမဴထိပ္ဖူး သယ္ေဆာင္ႏိုင္ ေသာ ဒံုးက်ည္မ်ား ေရႊ႕ေျပာင္းထားသည္။

(ဧက ၁၀၀၀၀ က်ယ္ဝန္းေသာ ျခံဝန္းၾကီးမွာ ဖင္လန္ႏိုင္ငံ နယ္စပ္အနီး ေတာအုပ္မ်ားအတြင္း တည္ရွိသည္။ ဓာတ္ပံု-The Dossier Centre YouTube)

(သမၼတပူတင္သည္ တာဝန္မွ အနားယူခ်ိန္တြင္ ဤစံအိမ္ဝန္း၌ အပန္းေျဖဖြယ္ရွိသည္။ ဓာတ္ပံု-The Dossier Centre YouTube)

လြန္ခဲ့ေသာ ႏိုဝင္ဘာလအတြင္း ဖင္လန္က ရုရွားအေပၚ စြပ္စြဲခဲ့သည္မွာ ရုရွားသည္ ဖင္လန္နယ္စပ္သုိ႔ အေရွ႕အလယ္ပိုင္းႏွင့္ အာဖရိကမွ ေရႊ႕ေျပာင္းေနထိုင္သူ ရာေပါင္းမ်ားစြာကို ပို႔လႊတ္ခဲ့ရာ ဖင္လန္က ႏွစ္ႏိုင္ငံ နယ္စပ္ဂိတ္မ်ား ပိတ္ခဲ့ရေၾကာင္း ေျပာၾကားခဲ့သည္။

ျခံဝန္းၾကီးအတြင္း စံအိမ္ ၃ လံုး ပါဝင္ျပီး The Barn,The Fisherman’s Hut ႏွင့္ The Garden House ဟု အမည္ေပးထားသည္။

စံအိမ္မ်ားအတြင္း တန္ဖိုးၾကီး ဖင္ေဆးအင္တံုမ်ား ၊ ေဒၚလာ ၄၄၀၀ အထက္ တန္ေၾကးရွိ ေရပန္းေခါင္းမ်ား ေဒၚလာ ၁၀၈၀၀၀ တန္ေၾကးရွိ အီတလီ စက်င္ေက်ာက္ျပား ၾကမ္းခင္းတို႔ ပါဝင္သည္။

ျခံဝန္းၾကီးအတြင္း ၾသစထရီးယားထုတ္ ေဒၚလာ ၃၈၀၀၀၀ တန္ ဘီယာထုတ္သည့္ စက္တစ္ခုလည္း ရွိျပီး တစ္ေန႔လွ်င္ ဘီယာ ၈၂ ခြက္ ထုတ္လုပ္ႏိုင္စြမ္းရွိသည္။

(ျခံဝန္းၾကီးအတြင္း ေရတံခြန္တစ္ခုလည္း ပါဝင္သည္။ ဓာတ္ပံု-The Dossier Centre YouTube)

(ၾကီးမားေသာ စံအိမ္ ၃ လံုးရွိသည္။ ဓာတ္ပံု-The Dossier Centre YouTube)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Putin’s secret 10K-acre lair near Finnish border has $10K bidets, a brewery and air-defense systems, report reveals (nypost)

Photo Credit: YouTube

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...

စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service