Mercedes က ဒူဘိုင်းတွင် ဒေါ်လာ ၁ ဘီလီယံကုန်ကျမည့် ၆၅ ထပ် မြင့်မားသော လူနေတာဝါကြီးကိုစတင် ဆောက်လုပ်

Mercedes က ဒူဘိုင်းတွင် ဒေါ်လာ ၁ ဘီလီယံကုန်ကျမည့် ၆၅ ထပ် မြင့်မားသော လူနေတာဝါကြီးကိုစတင် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
8 Feb 2024 3:43 pm တွင် တင်ခဲ့သည်
649 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Mercedes-Benz သည် ဒူဘိုင်းတွင် ဒေါ်လာ ၁ ဘီလီယံကုန်ကျမည့် လူနေတာဝါကြီးကို ဆောက်လုပ်မှု စတင် ခဲ့ပြီး လူနေခန်းများ၏ ဈေးနှုန်းမှာ တစ်ခန်းလျှင် ဒေါ်လာ ၁၀ သန်းခန့် ကျသင့်ဖွယ်ရှိသည်။

Mercedes-Benz Places ဟု အမည်ပေးထားသော လူနေတာဝါ စီမံကိန်းဖြင့် Mercedes-Benz က အိမ်ခြံမြေ လောကသို့ ဝင်ရောက်ခဲ့ကြောင်း အင်စတာဂရမ်တွင် ကြေညာခဲ့သည်။

အဆိုပါ တာဝါကို ဒူဘိုင်းမှ Developer ဖြစ်သော Binghatti နှင့် လက်တွဲကာ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

လူနေတာဝါမှာ ၆၅ ထပ် ပါဝင်မည်ဖြစ်ပြီး ဒူဘိုင်းမြို့လယ်တွင် တည်ရှိကာ အမြင့်ပေ ၁၁၁၈ ရှိမည်ဖြစ်သည်။

၂၀၂၆ ခုနှစ် စတုတ္ထ ၃ လပတ်တွင် အပြီးသတ်ဆောက်လုပ်ရန် ရည်မှန်းထားကြောင်း အာရပ်စော်ဘွားများ ပြည်ထောင်စုအခြေစိုက် စီးပွားရေးသတင်းဝက်ဘ်ဆိုက် ZAWYA က ဖော်ပြသည်။

နှိုင်းယှဉ်ချက်အားဖြင့် ကြည့်မည်ဆိုလျှင် နယူးယောက်မြို့ရှိ Chrysler အဆောက်အအုံကြီး၏ အမြင့်မှာ ၁၀၄၈ ပေ ဖြစ်သည်။

Mercedes-Benz ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ယခုဆောက်လုပ်မည့် လူနေတာဝါကြီးတွင် လူနေခန်း ပေါင်း ၁၅၀ ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြသည်။

လူနေခန်းများ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းမှ စမည်ဖြစ်ပြီး ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဖြစ်သည့် ပေ ၃၀၀၀ နီးပါးမြင့်မားသော Burj Khalifa အဆောက်အအုံကြီးကို လှမ်းမျှော်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ဖော်ပြသည်။

(Mercedes-Benz နှင့် အိမ်ခြံမြေ Developer ဖြစ်သော Binghatti တို့ ပူးပေါင်းဆောက်လုပ်သည့် ဒေါ်လာ ၁ ဘီလီယံ ကုန်ကျမည့် လူနေတာဝါကြီး။ ဓာတ်ပုံ- Mercedes-Benz)

(မှန်သားအတိပြီးသော လူနေတာဝါကြီး၏ အခန်းများမှတဆင့် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီး Burj Khalifa ကို အတားအဆီးမဲ့ တွေ့မြင်ရမည် ဖြစ်သည်။ လူနေခန်းများ၏ ဈေးနှုန်းမှာ ဒေါ်လာ ၂ ဒသမ ၇ သန်းမှ စမည် ဖြစ်ပြီး ဒေါ်လာ ၁၀ သန်းအထိ ရှိနိုင်သည်။ ဓာတ်ပုံ-Mercedes-Benz)

Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ Binghatti သည် အခြား တန်ဖိုးကြီးကားထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သော Bugatti နှင့် ပူးပေါင်း၍လည်း လူနေအိမ်ရာစီမံကိန်းတစ်ခု အကောင်အထည်ဖော်နေသည်ဟု ဆိုသည်။

အဆိုပါ စီမံကိန်းတွင် Penthouse ခန်းများအထိ ကားများ သယ်ဆောင်နိုင်မည့် ဓာတ်လှေကားများလည်း ပါဝင်မည်ဖြစ်ကာ ပြီးခဲ့သောနှစ်အတွင်း ဒူဘိုင်းတွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

Bugatti Residences ဟု အမည်ပေးထားသော စီမံကိန်းမှ အခန်းပေါင်း ၁၈၂ ခန်းအနက် ၃၂ ခန်း ရောင်းချထားပြီး ဖြစ်သည်။

ဈေးနှုန်းမှာ ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၂၆၂၀ အထိ ပေးရကာ ဒူဘိုင်း၏ ဈေးအကြီးဆုံး နေရာများတွင် ပါဝင်သည်။

(Mercedes-Benz Places ဟု အမည်ပေးထားသော အဆောက်အအုံကြီးတွင် ၆၅ ထပ် ပါဝင်ပြီး လူနေခန်း ပေါင်း ၁၅၀ ရှိမည် ဖြစ်သည်။ ဓာတ်ပုံ-Mercedes-Benz)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mercedes debuts $1B luxury tower in Dubai, apartments will cost up to $10M each (nypost)

Photo Credit: Mercedes-Benz

[Zawgyi]

Mercedes က ဒူဘိုင္းတြင္ ေဒၚလာ ၁ ဘီလီယံကုန္က်မည့္ ၆၅ ထပ္ ျမင့္မားေသာ လူေနတာဝါၾကီးကိုစတင္ ေဆာက္လုပ္

Mercedes-Benz သည္ ဒူဘိုင္းတြင္ ေဒၚလာ ၁ ဘီလီယံကုန္က်မည့္ လူေနတာဝါၾကီးကို ေဆာက္လုပ္မႈ စတင္ ခဲ့ျပီး လူေနခန္းမ်ား၏ ေစ်းႏႈန္းမွာ တစ္ခန္းလွ်င္ ေဒၚလာ ၁၀ သန္းခန္႔ က်သင့္ဖြယ္ရွိသည္။

Mercedes-Benz Places ဟု အမည္ေပးထားေသာ လူေနတာဝါ စီမံကိန္းျဖင့္ Mercedes-Benz က အိမ္ျခံေျမ ေလာကသို႔ ဝင္ေရာက္ခဲ့ေၾကာင္း အင္စတာဂရမ္တြင္ ေၾကညာခဲ့သည္။

အဆိုပါ တာဝါကုိ ဒူဘိုင္းမွ Developer ျဖစ္ေသာ Binghatti ႏွင့္ လက္တြဲကာ အေကာင္အထည္ေဖာ္ျခင္း ျဖစ္သည္။

လူေနတာဝါမွာ ၆၅ ထပ္ ပါဝင္မည္ျဖစ္ျပီး ဒူဘိုင္းျမဳိ႕လယ္တြင္ တည္ရွိကာ အျမင့္ေပ ၁၁၁၈ ရွိမည္ျဖစ္သည္။

၂၀၂၆ ခုႏွစ္ စတုတၳ ၃ လပတ္တြင္ အျပီးသတ္ေဆာက္လုပ္ရန္ ရည္မွန္းထားေၾကာင္း အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုအေျခစိုက္ စီးပြားေရးသတင္းဝက္ဘ္ဆိုက္ ZAWYA က ေဖာ္ျပသည္။

ႏိႈင္းယွဥ္ခ်က္အားျဖင့္ ၾကည့္မည္ဆိုလွ်င္ နယူးေယာက္ျမဳိ႕ရွိ Chrysler အေဆာက္အအံုၾကီး၏ အျမင့္မွာ ၁၀၄၈ ေပ ျဖစ္သည္။

Mercedes-Benz ၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပခ်က္အရ ယခုေဆာက္လုပ္မည့္ လူေနတာဝါၾကီးတြင္ လူေနခန္း ေပါင္း ၁၅၀ ပါဝင္မည္ျဖစ္ေၾကာင္း ေဖာ္ျပသည္။

လူေနခန္းမ်ား၏ ေစ်းႏႈန္းမွာ ကန္ေဒၚလာ ၂ ဒသမ ၇ သန္းမွ စမည္ျဖစ္ျပီး ကမၻာ့အျမင့္မားဆံုး မိုးေမွ်ာ္တုိက္ၾကီး ျဖစ္သည့္ ေပ ၃၀၀၀ နီးပါးျမင့္မားေသာ Burj Khalifa အေဆာက္အအံုၾကီးကို လွမ္းေမွ်ာ္ၾကည့္ရႈႏိုင္မည္ ျဖစ္ေၾကာင္း ေဖာ္ျပသည္။

(Mercedes-Benz ႏွင့္ အိမ္ျခံေျမ Developer ျဖစ္ေသာ Binghatti တုိ႔ ပူးေပါင္းေဆာက္လုပ္သည့္ ေဒၚလာ ၁ ဘီလီယံ ကုန္က်မည့္ လူေနတာဝါၾကီး။ ဓာတ္ပံု- Mercedes-Benz)

(မွန္သားအတိျပီးေသာ လူေနတာဝါၾကီး၏ အခန္းမ်ားမွတဆင့္ ကမၻာ့အျမင့္ဆံုး မိုးေမွ်ာ္တုိက္ၾကီး Burj Khalifa ကို အတားအဆီးမဲ့ ေတြ႔ျမင္ရမည္ ျဖစ္သည္။ လူေနခန္းမ်ား၏ ေစ်းႏႈန္းမွာ ေဒၚလာ ၂ ဒသမ ၇ သန္းမွ စမည္ ျဖစ္ျပီး ေဒၚလာ ၁၀ သန္းအထိ ရွိႏိုင္သည္။ ဓာတ္ပုံ-Mercedes-Benz)

Bloomberg သတင္းဌာန၏ ေဖာ္ျပခ်က္အရ Binghatti သည္ အျခား တန္ဖုိးၾကီးကားထုတ္လုပ္သည့္ ကုမၸဏီ ျဖစ္ေသာ Bugatti ႏွင့္ ပူးေပါင္း၍လည္း လူေနအိမ္ရာစီမံကိန္းတစ္ခု အေကာင္အထည္ေဖာ္ေနသည္ဟု ဆုိသည္။

အဆိုပါ စီမံကိန္းတြင္ Penthouse ခန္းမ်ားအထိ ကားမ်ား သယ္ေဆာင္ႏိုင္မည့္ ဓာတ္ေလွကားမ်ားလည္း ပါဝင္မည္ျဖစ္ကာ ျပီးခဲ့ေသာႏွစ္အတြင္း ဒူဘိုင္းတြင္ စတင္အေကာင္အထည္ ေဖာ္ခဲ့ျခင္း ျဖစ္သည္။

Bugatti Residences ဟု အမည္ေပးထားေသာ စီမံကိန္းမွ အခန္းေပါင္း ၁၈၂ ခန္းအနက္ ၃၂ ခန္း ေရာင္းခ်ထားျပီး ျဖစ္သည္။

ေစ်းႏႈန္းမွာ ၁ စတုရန္းေပလွ်င္ ကန္ေဒၚလာ ၂၆၂၀ အထိ ေပးရကာ ဒူဘိုင္း၏ ေစ်းအၾကီးဆံုး ေနရာမ်ားတြင္ ပါဝင္သည္။

(Mercedes-Benz Places ဟု အမည္ေပးထားေသာ အေဆာက္အအံုၾကီးတြင္ ၆၅ ထပ္ ပါဝင္ျပီး လူေနခန္း ေပါင္း ၁၅၀ ရွိမည္ ျဖစ္သည္။ ဓာတ္ပုံ-Mercedes-Benz)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mercedes debuts $1B luxury tower in Dubai, apartments will cost up to $10M each (nypost)

Photo Credit: Mercedes-Benz

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service