ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအတွက် ဖေဖော်ဝါရီလ ၁၀ရက် နှင့် ၁၂ရက်နေ့တွင် ရန်ကုန်၊ ပြည်လမ်းမကြီးအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
အဆိုပါအခမ်းအနားကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်းအခမ်းအနား အစမ်းကျင်းပသည့်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင်လည်းကောင်း၊ ပွဲအခမ်းအနားနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နံနက် ၄ နာရီမှ ပွဲပြီးဆုံးချိန်အထိ ပြည်လမ်းမကို ခေတ္တပိတ်ထားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။
ထို့ကြောင့် ပြည်လမ်းအတိုင်းမြောက်မှတောင်သို့သွားမည့်ယာဉ်များအနေဖြင့် ယင်းနေ့များတွင် မြေနီကုန်း မီးပွိုင့်မှာ ညာဘက်သို့ချိုးကွေ့ပြီး အောက်ကြည့်မြင်တိုင်လမ်းမှလည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှ မြောက်သို့သွားမည့် ယာဉ်တွေအနေနဲ့ ပြည်ထောင်စုရိပ်သာလမ်းဘက်သို့ ချိုးကွေ့ပြီး ဗဟိုလမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းဘက်မှလည်းကောင်း မောင်းနှင်သွားလာကြရန် အသိပေးထားကြောင်းသိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ပြည်ထောင်စုနေ့အခမ်းအနားအတွက် ပြည်လမ်းကိုခေတ္တပိတ်မည်