မက္ကဆီကိုနိုင်ငံရှိ ကြယ်ငါးပွင့်အဆင့် အပန်းဖြေစခန်းကြီးသို့ လည်ပတ်ခဲ့ကြသော စုံတွဲတစ်တွဲမှာ အပန်းဖြေစခန်းတစ်ခုလုံးတွင် ၎င်းတို့ နှစ်ဦးတည်းသာ ရှိကြောင်းသိလာခဲ့ချိန်တွင် အလွန်အံ့သြတုန်လှုပ်ခဲ့

မက္ကဆီကိုနိုင်ငံရှိ ကြယ်ငါးပွင့်အဆင့် အပန်းဖြေစခန်းကြီးသို့ လည်ပတ်ခဲ့ကြသော စုံတွဲတစ်တွဲမှာ အပန်းဖြေစခန်းတစ်ခုလုံးတွင် ၎င်းတို့ နှစ်ဦးတည်းသာ ရှိကြောင်းသိလာခဲ့ချိန်တွင် အလွန်အံ့သြတုန်လှုပ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
2 Feb 2024 11:08 am တွင် တင်ခဲ့သည်
789 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မက္ကဆီကိုနိုင်ငံအနောက်ပိုင်း ကမ္ဘာကျော် အပန်းဖြေစခန်းမြို့ဖြစ်သော Los Cabos ရှိ ကြယ်ငါးပွင့်အဆင့် အပန်းဖြေစခန်းကြီးဖြစ်သော Grand Velas Boutique သို့ သွားရောက်လည်ပတ်ခဲ့ကြသော စုံတွဲတစ်တွဲမှာ မမျှော်လင့်ထားသည့် ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရရာ အပန်းဖြေစခန်းကြီးတစ်ခုလုံးတွင် ၎င်းတို့စုံတွဲတစ်တွဲတည်းသာ ရှိနေသည်ကို တွေ့ရှိခဲ့ကြသည်။

Tik Tok လူမှုကွန်ရက်တွင် @freedomhustler အမည်ဖြင့် သုံးစွဲသူ ကင်မရွန်နှင့် သူ၏ ဇနီးတို့သည် ကလေးရတော့မည့်အထိမ်းအမှတ်အောင်ပွဲခံသောအနေဖြင့် အဆိုပါအပန်းဖြေစခန်းသို့ လည်ပတ်ခဲ့ရာတွင် အပန်းဖြေစခန်းတစ်ခုလုံး၌ မိမိတို့နှစ်ဦးတည်းသာရှိနေသည်ကို တွေ့ခဲ့ရသည်။

ကနဦးတွင် ဟာသတစ်ခုအနေဖြင့် သဘောထားခဲ့သော်လည်း နောက်ပိုင်းတွင် ဆန်းကြယ်သောဖြစ်ရပ်အဖြစ် လက်ခံလိုက်ကြသည်။

Grand Velas Boutique Los Cabos အပန်းဖြေစခန်းကြီးသည် ကမ္ဘာ့အဆင့်မီဝန်ဆောင်မှုများဖြင့် လူသိများ သော ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးဘေးတွင် တည်ရှိသော ညီအစ်မအပန်းဖြေစခန်းကြီးဖြစ်သည်။

ကင်မရွန်က အလွန်ကျယ်ပြောလှသော အပန်းဖြေစခန်းကြီးတစ်ခုလုံးတွင် လူသူကင်းမဲ့နေကာ မိမိတို့နှစ်ဦး တည်းသာရှိနေသည့်ဖြစ်ရပ်ကို မှတ်တမ်းဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ ကြည့်ရှုမှုအကြိမ်ရေ ၇ သန်း နီးပါး ရှိနေပြီ ဖြစ်သည်။

“အစပိုင်းမှာတော့ ဟာသတစ်ခုလိုဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ Black Mirror ထဲကလို ခံစားလာရပါတယ်”ဟု ကင်မရွန်က ဗွီဒီယိုအတွင်း ပြောကြားခဲ့သည်။

(မှတ်ချက်။ Black Mirror သည် ဗြိတိန်ရုပ်သံလိုင်း Channel 4 နှင့် Netflix တို့မှ ထုတ်လွှင့်ပြသခဲ့သော အစီအစဉ်ဖြစ်သည်)

ကင်မရွန်က လူတစ်ယောက်မှမရှိသော အပန်းဖြေစခန်းကြီး၏ အလွန်သန့်ရှင်းသပ်ရပ်နေပုံများကို လှည့်လည် ရိုက်ကူးပြသခဲ့သည်။

နေ့ရက်များ ကုန်လွန်ဖြတ်သန်းလာခဲ့သည်နှင့်အမျှ ကင်မရွန်တို့စုံတွဲမှာ နေမထိ ထိုင်မသာ ဖြစ်လာခဲ့ကြသည်။ 

 (လူသူကင်းရှင်းနေသော ကမ္ဘာကျော်အပန်းဖြေစခန်းကြီး။ ဓာတ်ပုံ-Tik Tok/@freedom_hustler) 

ကင်မရွန်လည်း သိလိုစိတ်အလွန်ပြင်းပြလာပြီး အပြောကျယ်လှသော အပန်းဖြေစခန်းကြီးတွင် အခြားသက်ရှိ တို့ကို လိုက်လံရှာဖွေရန် စီစဉ်ခဲ့သည်။

အပြစ်ဆိုဖွယ်မရှိသော အပြင်ဘက်အခင်းအကျင်းများနှင့် luxury amenity များ ရှိသော်လည်း ၎င်းတို့ စုံတွဲ ၂ ဦးတည်းသာ ရှိနေသည်။

အဖြူရောင်ဝတ်စုံ ဝတ်ဆင်မထားသော အခြားတစ်ဦးဦးတွေ့မိတိုင်း စိတ်လှုပ်ရှားမိသော်လည်း ထိုဝန်းထဲတွင် အလုပ်လုပ်နေသည့်အခြားသူများသာဖြစ်ကြောင်း ကင်မရွန်က ပြောသည်။

(အပန်းဖြေစခန်းကြီးတွင် ကင်မရွန်တို့စုံတွဲ ၂ ဦးတည်းသာရှိနေကြောင်း တုန်လှုပ်ဖွယ်ရာ တွေ့ရှိခဲ့သည်။ ဓာတ်ပုံ- ဓာတ်ပုံ-Tik Tok/@freedom_hustler)

နေ့ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ခမ်းနားလှသော အစားအသောက်များ၊ ကမ်းခြေများတွင် ၂ ဦးတည်းသာ သီးသန့်ဖြတ်သန်းခဲ့ရသည်။ လာရောက်လည်ပတ်သူများမရှိဘဲ ဤမျှခမ်းနားလှသည့် အပန်းဖြေစခန်းကြီး မည်သို့ရပ်တည်နေသည်ကို ကင်မရွန်သိလိုသည်။

(Grand Velas အပန်းဖြေစခန်းကြီး။ ဓာတ်ပုံ-Tik Tok/@freedom_hustler)

“ဒီမီးတွေအားလုံးအတွက် ဘယ်ကငွေတွေနဲ့ ပေးနေတာလဲ။ ဒီမီးဖိုတွေက ကျွန်တော်တို့အတွက် တနေ့လုံး ၊ တညလုံးဘယ်လိုများ ဖွင့်ပေးထားနိုင်တာလဲ။ ဒါတွေအားလုံးအတွက် ဘယ်သူက ငွေပေးနေတာလဲ။ ဒီအပန်းဖြေစခန်းကြီးတစ်ခုလုံးဟာ ကျွန်တော်တို့ ၂ ယောက်ထဲအတွက်ပဲ ဖြစ်နေတယ်”ဟု ကင်မရွန်က မေးခွန်းထုတ်သည်။

(လည်ပတ်သူမရှိသော်လည်း စားသောက်ဆိုင်များနှင့် ကမ်းခြေများမှာ ဝန်ဆောင်မှုအပြည့်ပေးနေဆဲ ဖြစ်သည်။ ဓာတ်ပုံ-Grand Velas Boutique Hotel)

(အပန်းဖြေစခန်းကြီးမှ ပင်လယ်ကို မျက်နှာမူသော အခန်းတစ်ခန်း။ ဓာတ်ပုံ-Grand Velas Boutique Hotel)

(အခန်းတွင်း ဝန်ဆောင်မှု။ ဓာတ်ပုံ-Grand Velas Boutique Hotel)

(အပန်းဖြေစခန်း၏ သီးသန့်ကမ်းခြေ။ ဓာတ်ပုံ-Grand Velas Boutique Hotel)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

[Zawgyi]

မကၠဆီကိုႏိုင္ငံရွိ ၾကယ္ငါးပြင့္အဆင့္ အပန္းေျဖစခန္းၾကီးသို႔ လည္ပတ္ခဲ့ၾကေသာ စံုတြဲတစ္တြဲမွာ အပန္းေျဖစခန္းတစ္ခုလံုးတြင္ ၎တို႔ ႏွစ္ဦးတည္းသာ ရွိေၾကာင္းသိလာခဲ့ခ်ိန္တြင္ အလြန္အံ့ၾသတုန္လႈပ္ခဲ့

မကၠဆီကိုႏိုင္ငံအေနာက္ပိုင္း ကမၻာေက်ာ္ အပန္းေျဖစခန္းျမိဳ႕ျဖစ္ေသာ Los Cabos ရွိ ၾကယ္ငါးပြင့္အဆင့္ အပန္းေျဖစခန္းၾကီးျဖစ္ေသာ Grand Velas Boutique သို႔ သြားေရာက္လည္ပတ္ခဲ့ၾကေသာ စံုတြဲတစ္တြဲမွာ မေမွ်ာ္လင့္ထားသည့္ ျဖစ္ရပ္ႏွင့္ ၾကံဳေတြ႔ခဲ့ရရာ အပန္းေျဖစခန္းၾကီးတစ္ခုလံုးတြင္ ၎တို႔စံုတြဲတစ္တြဲတည္းသာ ရွိေနသည္ကို ေတြ႔ရွိခဲ့ၾကသည္။

Tik Tok လူမႈကြန္ရက္တြင္ @freedomhustler အမည္ျဖင့္ သံုးစြဲသူ ကင္မရြန္ႏွင့္ သူ၏ ဇနီးတို႔သည္ ကေလးရေတာ့မည့္အထိမ္းအမွတ္ေအာင္ပြဲခံေသာအေနျဖင့္ အဆိုပါအပန္းေျဖစခန္းသို႔ လည္ပတ္ခဲ့ရာတြင္ အပန္းေျဖစခန္းတစ္ခုလံုး၌ မိမိတို႔ႏွစ္ဦးတည္းသာရွိေနသည္ကို ေတြ႔ခဲ့ရသည္။

ကနဦးတြင္ ဟာသတစ္ခုအေနျဖင့္ သေဘာထားခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ဆန္းၾကယ္ေသာျဖစ္ရပ္အျဖစ္ လက္ခံလိုက္ၾကသည္။

Grand Velas Boutique Los Cabos အပန္းေျဖစခန္းၾကီးသည္ ကမၻာ့အဆင့္မီဝန္ေဆာင္မႈမ်ားျဖင့္ လူသိမ်ား ေသာ ၾကယ္ငါးပြင့္အဆင့္ဟိုတယ္ၾကီးေဘးတြင္ တည္ရွိေသာ ညီအစ္မအပန္းေျဖစခန္းၾကီးျဖစ္သည္။

ကင္မရြန္က အလြန္က်ယ္ေျပာလွေသာ အပန္းေျဖစခန္းၾကီးတစ္ခုလံုးတြင္ လူသူကင္းမဲ့ေနကာ မိမိတို႔ႏွစ္ဦး တည္းသာရွိေနသည့္ျဖစ္ရပ္ကို မွတ္တမ္းဗီြဒီယိုရိုက္ကူးကာ TikTok တြင္ တင္ခဲ့ရာ ၾကည့္ရႈမႈအၾကိမ္ေရ ၇ သန္း နီးပါး ရွိေနျပီ ျဖစ္သည္။

“အစပိုင္းမွာေတာ့ ဟာသတစ္ခုလိုျဖစ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ Black Mirror ထဲကလို ခံစားလာရပါတယ္”ဟု ကင္မရြန္က ဗြီဒီယိုအတြင္း ေျပာၾကားခဲ့သည္။

(မွတ္ခ်က္။ Black Mirror သည္ ျဗိတိန္ရုပ္သံလိုင္း Channel 4 ႏွင့္ Netflix တို႔မွ ထုတ္လႊင့္ျပသခဲ့ေသာ အစီအစဥ္ျဖစ္သည္)

ကင္မရြန္က လူတစ္ေယာက္မွမရွိေသာ အပန္းေျဖစခန္းၾကီး၏ အလြန္သန္႔ရွင္းသပ္ရပ္ေနပံုမ်ားကို လွည့္လည္ ရိုက္ကူးျပသခဲ့သည္။

ေန႔ရက္မ်ား ကုန္လြန္ျဖတ္သန္းလာခဲ့သည္ႏွင့္အမွ် ကင္မရြန္တို႔စံုတြဲမွာ ေနမထိ ထိုင္မသာ ျဖစ္လာခဲ့ၾကသည္။

(လူသူကင္းရွင္းေနေသာ ကမၻာေက်ာ္အပန္းေျဖစခန္းၾကီး။ ဓာတ္ပံု-Tik Tok/@freedom_hustler)

ကင္မရြန္လည္း သိလိုစိတ္အလြန္ျပင္းျပလာျပီး အေျပာက်ယ္လွေသာ အပန္းေျဖစခန္းၾကီးတြင္ အျခားသက္ရွိ တို႔ကို လိုက္လံရွာေဖြရန္ စီစဥ္ခဲ့သည္။

အျပစ္ဆိုဖြယ္မရွိေသာ အျပင္ဘက္အခင္းအက်င္းမ်ားႏွင့္ luxury amenity မ်ား ရွိေသာ္လည္း ၎တို႔ စံုတြဲ ၂ ဦးတည္းသာ ရွိေနသည္။

အျဖဴေရာင္ဝတ္စံု ဝတ္ဆင္မထားေသာ အျခားတစ္ဦးဦးေတြ႔မိတိုင္း စိတ္လႈပ္ရွားမိေသာ္လည္း ထိုဝန္းထဲတြင္ အလုပ္လုပ္ေနသည့္အျခားသူမ်ားသာျဖစ္ေၾကာင္း ကင္မရြန္က ေျပာသည္။

(အပန္းေျဖစခန္းၾကီးတြင္ ကင္မရြန္တို႔စံုတြဲ ၂ ဦးတည္းသာရွိေနေၾကာင္း တုန္လႈပ္ဖြယ္ရာ ေတြ႔ရွိခဲ့သည္။ ဓာတ္ပံု- ဓာတ္ပံု-Tik Tok/@freedom_hustler)

ေန႔ရက္မ်ား ကုန္ဆံုးလာသည္ႏွင့္အမွ် ခမ္းနားလွေသာ အစားအေသာက္မ်ား၊ ကမ္းေျခမ်ားတြင္ ၂ ဦးတည္းသာ သီးသန္႔ျဖတ္သန္းခဲ့ရသည္။ လာေရာက္လည္ပတ္သူမ်ားမရွိဘဲ ဤမွ်ခမ္းနားလွသည့္ အပန္းေျဖစခန္းၾကီး မည္သို႔ရပ္တည္ေနသည္ကို ကင္မရြန္သိလိုသည္။

(Grand Velas အပန္းေျဖစခန္းၾကီး။ ဓာတ္ပံု-Tik Tok/@freedom_hustler)

“ဒီမီးေတြအားလံုးအတြက္ ဘယ္ကေငြေတြနဲ႔ ေပးေနတာလဲ။ ဒီမီးဖိုေတြက ကၽြန္ေတာ္တို႔အတြက္ တေန႔လံုး ၊ တညလံုးဘယ္လိုမ်ား ဖြင့္ေပးထားႏိုင္တာလဲ။ ဒါေတြအားလံုးအတြက္ ဘယ္သူက ေငြေပးေနတာလဲ။ ဒီအပန္းေျဖစခန္းၾကီးတစ္ခုလံုးဟာ ကၽြန္ေတာ္တို႔ ၂ ေယာက္ထဲအတြက္ပဲ ျဖစ္ေနတယ္”ဟု ကင္မရြန္က ေမးခြန္းထုတ္သည္။

  (လည္ပတ္သူမရွိေသာ္လည္း စားေသာက္ဆိုင္မ်ားႏွင့္ ကမ္းေျခမ်ားမွာ ဝန္ေဆာင္မႈအျပည့္ေပးေနဆဲ ျဖစ္သည္။ ဓာတ္ပံု-Grand Velas Boutique Hotel)

(အပန္းေျဖစခန္းၾကီးမွ ပင္လယ္ကို မ်က္ႏွာမူေသာ အခန္းတစ္ခန္း။ ဓာတ္ပံု-Grand Velas Boutique Hotel)

(အခန္းတြင္း ဝန္ေဆာင္မႈ။ ဓာတ္ပံု-Grand Velas Boutique Hotel)

(အပန္းေျဖစခန္း၏ သီးသန္႔ကမ္းေျခ။ ဓာတ္ပံု-Grand Velas Boutique Hotel)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service