အမေရိကန်ပြည် အာကင်ဆောပြည်နယ်မှ စိန်ပွင့်ပေါင်း ၇၅၀၀၀ ကျော် ကောက်ရဖူးသော ဥယျာဉ်ကြီးထဲတွင် ပြင်သစ်ကမ္ဘာလှည့်ခရီးသည်တစ်ဦး ၇ ဒသမ ၄၆ ကာရက်ရှိ စိန်ကြီး ကောက်ရ၊ တစ်လကျော်အတွင်း ၂ ဦးရှိပြီဖြစ်
အမေရိကန်ပြည် အာကင်ဆောပြည်နယ်မှ စိန်ပွင့်ပေါင်း ၇၅၀၀၀ ကျော် ကောက်ရဖူးသော ဥယျာဉ်ကြီးထဲတွင် ပြင်သစ်ကမ္ဘာလှည့်ခရီးသည်တစ်ဦး ၇ ဒသမ ၄၆ ကာရက်ရှိ စိန်ကြီး ကောက်ရ၊ တစ်လကျော်အတွင်း ၂ ဦးရှိပြီဖြစ် - Property Knowledge in Myanmar from iMyanmarHouse.com
1 Feb 2024 11:10 am တွင် တင်ခဲ့သည်
956 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
အမေရိကန်ပြည်ထောင်စု၊ အာကင်ဆောပြည်နယ် ၊ Pike ခရိုင်တွင် Crater of Diamonds State Park အမည်ရှိ ဥယျာဉ်ကြီးတစ်ခုရှိသည်။
ထိုဥယျာဉ်ကြီးသည် စိန်များ အလွန်ပေါများသော ဥယျာဉ်ကြီးဖြစ်ပြီး ယနေ့အချိန်အထိ စိန်ပွင့်ပေါင်း ၇၅၀၀၀ ကျော် ကောက်ရထားကြပြီး ဖြစ်သည်။
ပြီးခဲ့သော ဒီဇင်ဘာလ ၁၉ ရက်ကလည်း အာကင်ဆောပြည်နယ်မှ စုံတွဲတစ်တွဲက အဆိုပါဥယျာဉ်ကြီးအတွင်း ၄ ဒသမ ၈၇ ကာရက်ရှိ စိန်ကြီး ကောက်ရခဲ့သေးသည်။
(ဆက်စပ်သတင်း)
အမေရိကန်မှ စိန်အတိပြီးသော ဥယျာဉ်ကြီး (သို့မဟုတ်) စိန်ပွင့်ပေါင်း ၇၅၀၀၀ ကျော် ရှာတွေ့ခဲ့ဖူးသော ဥယျာဉ်ကြီးထဲတွင် စုံတွဲတစ်တွဲက ၄ ဒသမ ၈၇ ကာရက်ရှိ စိန်ကြီးတစ်လုံး ကောက်ရပြန်
https://www.imyanmarhouse.com/news/read/1093895
((ပြင်သစ်ကမ္ဘာလှည့်ခရီးသည် စိန်တစ်လုံး ကောက်ရ))
အာကင်ဆောပြည်နယ် ၊ Murfreesboro မြို့ရှိ ထိုဥယျာဉ်ကြီးထဲတွင် ယခုအခါ ပြင်သစ်ကမ္ဘာလှည့်တစ်ဦးက ၇ ဒသမ ၄၆ ကာရက်ရှိ စိန်ကြီးတစ်လုံး ကောက်ရခဲ့ပြန်သည်။
ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့တွင် နေထိုင်သူ ဂျူလီယန် နာဗက်စ်ဆိုသူက ယခုလအစောပိုင်းတွင် ကောက်ရခဲ့ခြင်း ဖြစ်သည်။
စိန်များ မကြာခဏ ကောက်ရလေ့ရှိသော ပန်းခြံအတွင်းမှ ၃၇ ဒသမ ၅ ဧက ကျယ်ဝန်းသည့် စိန်မကြာခဏ တွေ့သော နေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုဥယျာဉ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုသတင်းထုတ်ပြန်ချက်အရ နာဗက်စ် လာရောက်လည်ပတ်ခြင်းမပြုမီ ရက်အနည်းငယ်အလိုတွင် ဥယျာဉ်၌ မိုးရေချိန် တစ်လက်မကျော် ရွာသွန်းခဲ့ရာ စိုစွတ်ပြီး ရွှံ့နွံထူထပ်ခဲ့ကြောင်း ဖော်ပြသည်။
ဂျူလီယန် နာဗက်စ်သည် ထိုဥယျာဉ်တွင် ဝင်ခွင့်လက်မှတ် ဝယ်ယူပြီးနောက် ဥယျာဉ်ထံမှ စိန်ရှာသည့် ကိရိယာ တစ်ခု ငှားရမ်းခဲ့သည်။
“မနက် ၉ နာရီလောက်မှာ ဥယျာဉ်ကို ရောက်ခဲ့ပြီး စတင်တူးဖော် ရှာဖွေပါတယ်။ တော်တော် ပင်ပန်းတဲ့ အလုပ် ပါပဲ။ ဒါကြောင့် မွန်းလွဲချိန်လောက်မှာ မြေကြီးပေါ်မှာပဲ လိုက်ရှာတော့တယ်”ဟု နာဗက်စ်က ပြောသည်။
နာရီပေါင်းများစွာ ရှာဖွေပြီးနောက် စိန်ကြီးတစ်လုံး ကောက်ရခဲ့တော့သည်။
နာဗက်စ်က ၎င်းတွေ့ရှိသော စိန်ကြီးကို ပန်းဥယျာဉ်ရှိ စိန်ရှာဖွေတွေ့ရှိမှု စင်တာသို့ သွားရောက်ပြသခဲ့ရာ ၎င်းကောက်ရခဲ့သည်မှာ စိန်ညိုကြီးတစ်လုံးဖြစ်ကြောင်း သိရှိရသည်။
အာကင်ဆောပြည်နယ် ပန်းခြံ၏ ထုတ်ပြန်ချက်အရ နာဗက်စ်၏ စိန်သည် ကျောက်စရစ်ခဲလို လုံးဝန်းသော ပုံသဏ္ဍာန်ရှိပြီး ချိုချဉ်တစ်လုံး အရွယ်အစားဖြစ်ကြောင်း ဖော်ပြသည်။
(ဂျူလီယန် နာဗက်စ် ကောက်ရခဲ့သော စိန်ကြီး။ ဓာတ်ပုံ-Arkansas State Park)
“အရမ်းပျော်ပါတယ်။ ကျွန်တော်တွေ့မိတာက စိန်ကြီး ကောက်ရခဲ့တယ်ဆိုတာ ကျွန်တော်နဲ့ စေ့စပ်ထားတဲ့ မိန်းကလေးကို ပြောပြဖို့ပါပဲ”ဟု နာဗက်စ်က ပြောသည်။
နာဗက်စ်က ထိုစိန်ကြီးကို ချစ်သူမိန်းကလေး၏ နာမည်အတိုင်း အမည်ပေးရန် ဆုံးဖြတ်ထားသည်။
နာဗက်စ်က ပြောသည်မှာ ဤစိန်ကြီးကို ၂ ပိုင်းဖြတ်မည်ဖြစ်ပြီး တစ်ပိုင်းမှာ ချစ်သူမိန်းကလေးအတွက်ဖြစ်ကာ ကျန်တစ်ခုမှာ သမီးအတွက် ပေးရန် ရည်မှန်းထားသည်ဟု ဆိုသည်။
သမီးဖြစ်သူ အရွယ်ရောက်လာပါက ဤဥယျာဉ်ကြီးသို့ ထပ်မံလာရောက်ရန် ဆုံးဖြတ်ထားကြောင်းလည်း ၎င်းက ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: French tourist finds 7.46-carat diamond at Crater of Diamonds State Park in Arkansas (usatoday)
Photo Credit: Arkansas State Park
[Zawgyi]
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service