Gucci ပိုင်ရှင်က နယူးယောက်မြို့ ပဉ္စမရိပ်သာလမ်းရှိ အဆောက်အအုံကြီးကို အိမ်ခြံမြေ Developer ဘီလျံနာ သူဌေးကြီး Jeff Sutton ထံမှ ကန်ဒေါ်လာ ၁ ဘီလီယံနီးပါးဖြင့် ဝယ်ယူ
Gucci ပိုင်ရှင်က နယူးယောက်မြို့ ပဉ္စမရိပ်သာလမ်းရှိ အဆောက်အအုံကြီးကို အိမ်ခြံမြေ Developer ဘီလျံနာ သူဌေးကြီး Jeff Sutton ထံမှ ကန်ဒေါ်လာ ၁ ဘီလီယံနီးပါးဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
31 Jan 2024 12:03 pm တွင် တင်ခဲ့သည်
788 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ပြင်သစ် Luxury ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီကြီး Kering သည် နယူးယောက်မြို့ရှိ အထင်ကရ အဆောက်အအုံကြီးတစ်ခုကို ကန်ဒေါ်လာ ၉၆၃ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း ယင်းကုမ္ပဏီ၏ Press release တွင် ဖော်ပြသည်။
(မှတ်ချက်။ Kering သည် ပြင်သစ်အခြေစိုက် နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးဖြစ်ပြီး တန်ဖိုးကြီး ဇိမ်ခံပစ္စည်းများ အဓိက ထုတ်လုပ်သည်။ Gucci, Balenciaga,Bottega Veneta,Yves Saint Laurent, Creed နှင့် Alexander McQueen အမှတ်တံဆိပ်များကို ပိုင်ဆိုင်ထားသည်။)
(Gucci က ကန်ဒေါ်လာ ၉၆၃ သန်းဖြင့် ဝယ်ယူလိုက်သည်။ ဓာတ်ပုံ-ZUMAPRESS)
“ယခုဝယ်ယူမှုဖြင့် Kering သည် ကမ္ဘာပေါ်ရှိ အထင်ကရ အရှိဆုံး နေရာများတွင် တစ်ခုပါသော နေရာမှ လက်လီအရောင်းနေရာများကို ရရှိပိုင်ဆိုင်ခဲ့သည်”ဟု ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ဒီရင်းနှီးမြှုပ်နှံမှုဟာ Kering ရဲ့ အိမ်ခြံမြေမဟာဗျူဟာကို ကိုယ်စားပြုနေပါတယ်။ Kering ဟာ မိမိရဲ့ အမှတ်တံဆိပ်တွေအတွက် နှစ်သက်ဖွယ် အကောင်းဆုံးနေရာတွေကို ပစ်မှတ်ထားခဲ့ပါတယ်။”
(အမှတ် ၇၁၇ ၊ ပဉ္စမရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသော Armani ။ ဓာတ်ပုံ-Elizabeth Lippman)
အဆိုပါ အဆောက်အအုံကြီးသည် စတုရန်းပေ ၁၁၅၀၀၀ ရှိသည်။
မန်ဟက်တန်အရပ်ရှိ နာမည်ကျော် ပဉ္စမရိပ်သာလမ်းတွင် တည်ရှိသည်။ ထိုဝန်းကျင်တွင် နာမည်ကြီး ကုမ္ပဏီများဖြစ်သော Cartier,Louis Vuitton နှင့် Tiffany&Co တို့ ရှိသည်။
ရောင်းချသူမှာ အိမ်ခြံမြေ Developer ဘီလျံနာသူဌေးကြီး Jeff Sutton ဖြစ်သည်။
Jeff Sutton သည် ပဉ္စမရိပ်သာလမ်းတွင်ပင် တည်ရှိသော အမှတ် ၇၂၄ အဆောက်အအုံကြီးကို Prada ထံ ရောင်းချခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်မျှသာ အကြာတွင် ယခုအဆောက်အအုံကြီးကို ထပ်မံရောင်းချ လိုက်ခြင်း ဖြစ်သည်။
Jeff Sutton သည် အမှတ် ၇၂၄ အဆောက်အအုံကို ကန်ဒေါ်လာ ၄၂၅ သန်းဖြင့် လည်းကောင်း ၊ အမှတ် ၇၂၀ အဆောက်အအုံကို ကန်ဒေါ်လာ သန်း ၄၁၀ ဖြင့်လည်းကောင်း ရောင်းချခဲ့သည်။
အဆိုပါ အဆောက်အအုံ ၂ လုံးရောင်းချခဲ့မှုမှာ ၂၀၂၃ ခုနှစ်အတွင်း နယူးယောက်မြို့၏ အကြီးမားဆုံး အိမ်ခြံမြေ အရောင်းအဝယ်များတွင် ပါဝင်ခဲ့သည်။
ယခုဝယ်ယူမှုသည် အမှတ် ၇၁၇ ၊ ပဉ္စမရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသော Armani ၏ ဖက်ရှင်ဆိုင်နှင့် စားသောက်ဆိုင်တို့အပေါ် မည်သို့အကျိုးသက်ရောက်မှု ရှိလာမည်ကိုမူ မသိရသေးချေ။
အခြားဖက်ရှင်ပြိုင်ဘက်ဖြစ်သော Dolce & Gabbana သည်လည်း ထိုနေရာတွင် ကြီးမားသောဆိုင်ကြီး ဖွင့်လှစ်ထားသည်။
ဝယ်ယူလိုက်သူများမှာ နိုင်ငံခြားကုမ္ပဏီဖြစ်ကြောင်း Cushman & Wakefield အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Joanne Podell က ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Ref: Jeff Sutton sells 717 Fifth Ave to Gucci for $963M (finance ,therealdeal )
Photo Credit: (nypost)
[Zawgyi]
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit: (nypost)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
magical-world
7Mile Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service