Warren Buffett နှင့် နေ့လည်စာ ၂ ကြိမ် စားခွင့်ရရန် ဒေါ်လာ ၅ သန်းသုံးစွဲခဲ့သူအား Warren Buffett က Berkshire Hathaway တွင် အလုပ်လုပ်ရန် ကမ်းလှမ်းခဲ့
Warren Buffett နှင့် နေ့လည်စာ ၂ ကြိမ် စားခွင့်ရရန် ဒေါ်လာ ၅ သန်းသုံးစွဲခဲ့သူအား Warren Buffett က Berkshire Hathaway တွင် အလုပ်လုပ်ရန် ကမ်းလှမ်းခဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
30 Jan 2024 11:46 am တွင် တင်ခဲ့သည်
904 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
Warren Buffett သည် ၎င်းနှင့် နေ့လည်စာစားခွင့်ကို နှစ်စဉ် လေလံတင်လေ့ရှိပြီး ရရှိလာသည့်ငွေများကို ဆန်ဖရန်စစ္စကိုအခြေစိုက် ပရဟိတအဖွဲ့ဖြစ်သော GLIDE က ရရှိသည်။
လေလံအောင်မြင်သူသည် Warren Buffett နှင့် သီးသန့်နေ့လည်စာ စားခွင့်ရရှိမည်ဖြစ်ပြီး အကြောင်းရပ်မျိုးစုံ ဆွေးနွေးပြောဆိုခွင့် ရရှိမည်ဖြစ်သည်။
သို့သော် Warren Buffett ၏ အနာဂတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအကြောင်းကိုမူ ဆွေးနွေးခွင့် မရှိချေ။
Warren Buffett နှင့် နေ့လည်စာ စားခွင့်လေလံကို ၂၀၀၀ ပြည့်နှစ်မှ စတင်ခဲ့ပြီး အံ့ဖွယ် ဈေးနှုန်းများဖြင့် လေလံဆွဲသူများ ရှိခဲ့ရာ ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁၉ သန်းအထိ စံချိန်တင် ဈေးပေါက်ခဲ့သည်။
လေလံအနိုင်ရသူများတွင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတည်ထောင်ထားသူ Ted Weschler လည်း အပါအဝင် ဖြစ်သည်။
၎င်းသည် ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်များတွင် Warren Buffett နှင့် နေ့လည်စာ စားခွင့် လေလံအောင်ခဲ့ပြီး ယင်း ၂ ကြိမ်အတွက် စုစုပေါင်း ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းသုံးစွဲခဲ့ရသည်။
Ted Weschler သည် Warren Buffett နှင့် နေ့လယ်စာ အတူစားရန် လေလံဆွဲခဲ့မှုမှာ ပရဟိတအတွက် လှူဒါန်းရန် ရည်ရွယ်ခြင်းအပြင် Warren Buffett က အလုပ်လုပ်ရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့မှုမှာလည်း ပြောစမှတ်တွင်ခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်သည် သူ၏ ဘဝဖြတ်သန်းမှုတွင် အရေးပါသော အလှည့်အပြောင်းနေရာ တစ်ခုလည်း ဖြစ်သည်။
I Am Home Podcast နှင့် တွေ့ဆုံမေးမြန်းခန်းတွင် Ted Weschler က Warren Buffett ၏ နေ့လယ်စာ လေလံအတွေ့အကြုံများကို ပြန်လည်ပြောပြခဲ့သည်။
Ted Weschler က ပြောသည်မှာ မိမိနှင့် Warren Buffett တို့သည် အီတလီစားသောက်ဆိုင် Piccolo’s သို့ သွားခဲ့ကြကြောင်း၊ Warren Buffett က “ခင်ဗျားဟာ ကျွန်တော့်ဆီမှာ အလုပ်လုပ်ရင်ပိုပြီး သင့်တော်မယ်လို့ ထင်တယ်။ Berkshire မှာ အလုပ်လုပ်ဖို့ စိတ်ဝင်စားလား”ဟု မေးမြန်းခဲ့ကြောင်း ပြောသည်။
“ကျွန်တော်လုံးဝ တုန်လှုပ်သွားတယ်။ ဒါက သူနဲ့ စကားပြောဖို့ အကြောင်းအရာထဲမှာ ကျွန်တော်တွေးထားခဲ့တာ မဟုတ်ပါဘူး။ လုံးဝမဟုတ်ခဲ့ဘူး”ဟု Ted  က ဝန်ခံပြောကြားသည်။
Ted က အဖြေပြန်ပေးရန် တုံ့ဆိုင်းနေချိန်တွင် Warren Buffett က ဆက်လက်တံခါးဖွင့်ပေးခဲ့သည်။
“ခင်ဗျားအနေနဲ့ အခုချက်ချင်းဆုံးဖြတ်ဖို့ မလိုပါဘူး။ နောင် ၂ နှစ်၊ ၃ နှစ်၊ ၅ နှစ်ကြာတဲ့အခါ အလုပ်လုပ်ချင်တဲ့စိတ်ပေါ်လာတယ်ဆိုရင် ကျွန်တော့်ကို ပြောပါ”  ဟု Warren Buffett က ပြောခဲ့၏။
ယင်းနောက်တွင် Ted သည် ဗာဂျီးနီးယားပြည်နယ်၊ Charlottesville  မြို့သို့ ပြန်ခဲ့သည်။
ထိုမြို့တွင် Ted သည် မိသားစု ဆွေမျိုးသားချင်းများရှိပြီး ဒေဝါလီခံရသည့် အခြေအနေကို စီမံခန့်ခွဲနေရသည်။
Ted က သူရင်ဆိုင်နေရသည့် အခြေအနေကို Warren Buffett ထံ စာရေးသားပြောပြခဲ့သည်။
ထိုအခါ Warren Buffett က “ကျုပ်သိထားသလောက်ကတော့ ခင်ဗျားဟာ ငွေကို လကမ္ဘာကနေလည်း စီမံခန့်ခွဲနိုင်ပါတယ်။ ဒါကြောင့် Charlottesville မှာ ဆက်နေနိုင်ပါတယ်။ ဒေဝါလီခံမှုအခြေအနေကို အပြီးသတ်လိုတာ ကျုပ်သဘောကျပါတယ်”ဟု အကြောင်းပြန်ခဲ့သည်။
Ted သည် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်တွင် Berkshire Hathaway သို့ ဝင်ရောက် အလုပ်လုပ်ကိုင်ခဲ့သည်။
Warren Buffett နှင့် နေ့လယ်စာစားခွင့်ကို လေလံဆွဲခဲ့ခြင်းသည် Berkshire ၏ ဘီလျံနှင့်ချီသော ရှယ်ယာများကို စီမံခန့်ခွဲနိုင်မည့်လမ်းကြောင်းပေါ် ရောက်ရှိစေခဲ့ခြင်းလည်း ဖြစ်သည်။
Berkshire Hathaway တွင် Ted သည် Todd Combs နှင့် လက်တွဲကာ လုပ်ကိုင်လျက်ရှိသည်။
၎င်းတို့နှစ်ဦးလုံးသည် Warren Buffett အနားယူချိန်တွင် Berkshire ၏ များပြားလှသော ရင်းနှီးမြှုပ်နှံမှုများကို ဆက်ခံ စီမံခန့်ခွဲမည့်သူများဖြစ်လာရန် အလားအလာရှိနေသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A Man Spent Over $5 Million On 2 Lunches With Warren Buffett That Resulted In A High-Profile Job Offer At Berkshire Hathaway — But He Panicked And Turned Buffett Down (finance)
Photo Credit: finance
[Zawgyi]
Photo Credit: finance
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service