ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
[Unicode]
အိပ်ခန်းတစ်ခန်းပါ ရေပေါ်အိမ်တစ်လုံးအတွက် ဒေါ်လာ ၁၈၇၀၀၀ မှာ အလွန်တန်သည့် ဈေးနှုန်းဖြစ်သည်။
လက်ရှိအားဖြင့် အဆိုပါလှေအိမ်ကို ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်ရှိ Sailor’s Cove သင်္ဘောဆိပ် တွင် ဆိုက်ကပ်ထားသည်။
လှေအိမ်၏ အကျယ်အဝန်းမှာ ၃၇၇ စတုရန်းပေရှိပြီး လူနေ နေရာများအား ခေတ်မီစွာ မွမ်းမံထားသည်။
ခေါ်ဈေး ဒေါ်လာ ၁၈၇၀၀၀ မှာ ကုန်းမြေပေါ်မှ အလားတူအကျယ်အဝန်းရှိသော အိမ်တစ်လုံးဈေးအောက် နည်းပါးသည့် ဈေးနှုန်းလည်း ဖြစ်သည်။
Royal LePage အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ဝင်ဒီ ကိုးမန်းက အရောင်းဈေးကွက် တင်ပေးခြင်း ဖြစ်သည်။
မက်လောက်စရာ ဈေးနှုန်းရှိသည့်အပြင် ကျွမ်းကျင်သော လက်သမားတစ်ဦးမှ အသေးစိတ် အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ပေးထားသည်။
အခန်းဖွင့် ခင်းကျင်းထားသော မီးဖိုဆောင်တွင် ဓာတ်ငွေ့သုံး Oven ၊ မီးဖို ၄ ခုပါသော မီးဖိုခုံ ၊ ရေခဲသေတ္တာနှင့် Freezer ၊ အနုပညာလက်ရာမြောက် မွမ်းမံထားသော ညစာစားပွဲတို့ ပါဝင်သည်။
(အိပ်ခန်း။ ဓာတ်ပုံ-Cayley McCandless)
(မီးဖိုဆောင်။ ဓာတ်ပုံ-Cayley McCandless)
(သင်္ဘောဆိပ်တွင် Amenity များစွာရှိသည်။ ဓာတ်ပုံ-Cayley McCandless)
(အောက်ထပ် ဧည့်ခန်း။ ဓာတ်ပုံ-Cayley McCandless)
(ရေချိုးခန်း။ ဓာတ်ပုံ-Cayley McCandless)
(ညစာစားခန်း။ ဓာတ်ပုံ-Cayley McCandless)
(အပေါ်ထပ် ဧည့်ခန်း။ ဓာတ်ပုံ-Cayley McCandless)
(အိပ်ခန်းသို့ သွားသည့် လှေကား။ ဓာတ်ပုံ-Cayley McCandless)
(Deck ရှိရာသို့ ပေါက်သည့် တံခါး။ ဓာတ်ပုံ-Cayley McCandless)
(အပေါ်ထပ်မှ အောက်ထပ်သို့ တွေ့ရသည့် မြင်ကွင်း။ ဓာတ်ပုံ-Cayley McCandless)
(အိပ်ခန်းနေရာ။ ဓာတ်ပုံ-Cayley McCandless)
ဆိပ်ကမ်းတွင် ရေပန်းများ ၊ ရေချိုးခန်းများ အဝတ်လျှော်နေရာနှင့် စက်ဘီးဆိုင်ကယ်ထားသိုရန် နေရာတို့အပါအဝင် Facility များစွာ ရှိသည်။
(ဆက်စပ်သတင်း)
Spider-Man သရုပ်ဆောင် James Franco ၏ လှေအိမ် ကန်ဒေါ်လာ ၂၅၀၀၀၀ (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) ဖြင့် ရောင်းမည်
https://www.imyanmarhouse.com/news/read/1086002
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Would you pay $187K to live on this Canadian houseboat? (nypost)
Photo Credit: Cayley McCandless / Jason Levine
[Zawgyi]
ကနေဒါမှ လှေအိမ်တစ်လုံး ကန်ဒေါ်လာ ၁၈၇၀၀၀ ဖြင့် ရောင်းမည်
(ဆက်စပ်သတင်း)