သြစထရီးယား အမျိုးသမီးတစ်ဦးက အမွေရသော ဒေါ်လာ ၂၇ သန်းကို ပေးဝေလှူဒါန်းရန် လူ ၅၀ ဦး ရှာဖွေ လျက်ရှိ

သြစထရီးယား အမျိုးသမီးတစ်ဦးက အမွေရသော ဒေါ်လာ ၂၇ သန်းကို ပေးဝေလှူဒါန်းရန် လူ ၅၀ ဦး ရှာဖွေ လျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
22 Jan 2024 12:23 pm တွင် တင်ခဲ့သည်
621 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

သြစထရီးယားနိုင်ငံမှ အထင်ကရ ဆေးဝါးကုမ္ပဏီကြီးတစ်ခု၏ အမွေခံ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး ဖြစ်သူ မာလင်း အင်းငယ်ဟွန်း (Marlene Engelhorn) သည် ဆင်းရဲချမ်းသာ ကွာဟမှုကို ဖြေရှင်းရေး စတင် ဆောင်ရွက်လျက်ရှိသည်။

မာလင်းသည် BASF ဆေးဝါးကုမ္ပဏီကြီးကို တည်ထောင်ခဲ့သူ ဖရက်ဒရစ် အင်းငယ်ဟွန်း၏ မျိုးဆက်တစ်ဦး ဖြစ်သည်။

မာလင်း အင်းငယ်ဟွန်းသည် အဘွားထံမှ အမွေရသော ကန်ဒေါ်လာ ၂၇ ဒသမ ၄ သန်းကို မျှဝေလှူဒါန်းရာ တွင် ကူညီပေးမည့် နိုင်ငံသားများ စုစည်းလျက်ရှိသည်။

မာလင်း၏ အဘွားဖြစ်သူ ထရောဒယ်လ် အင်းငယ်ဟွန်း ဗက်ခီယာတို (Traudl Engelhorn-Vechiatto) သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ကွယ်လွန်သွားခဲ့သည်။

မာလင်းက အမွေများကို ပေးဝေလှူဒါန်းရေးအတွက် Good Council for Redistribution အမည်ရှိ အဖွဲ့အစည်း အတွက် အကူအညီပေးမည့် အသက် ၁၆ နှစ်အထက် သြစထရီးယားနိုင်ငံသားပေါင်း ၁၀၀၀၀ ကို ကျပန်း ရွေးချယ်ကာ ဖိတ်ခေါ်စာများ ပေးပို့ခဲ့သည်။

ရွေးချယ်ခံရသူ ၅၀ ဦးနှင့် ကိုယ်စားဆောင်ရွက်သူ ၁၅ ဦးတို့သည် သြစထရီးယားနိုင်ငံ၊ Salzburg မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လမှ ဇွန်လအထိ တွေ့ဆုံကြကာ ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ အရပ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

မိမိရရှိလာသော အမွေများမှာ မိမိ၏ ကြိုးစားအားထုတ်မှုမရှိဘဲ ရလာခြင်းဖြစ်သောကြောင့် မိမိ၏ နိုင်ငံသူ နိုင်ငံသားများကို ပေးဝေထိုက်ကြောင်း မာလင်းက ယုံကြည်နေသည်။

 

 

(မာလင်း အင်းငယ်ဟွန်းမှာ လက်ရှိအားဖြင့် ဗီယန်နာမြို့တွင် နေထိုင်လျက်ရှိသည်။)

 

(၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်း မာလင်းကို ချမ်းသာကြွယ်ဝသူများအား အခွန်မြင့်မားစွာ ကောက်ခံရေး လှုပ်ရှားမှုတွင် တွေ့ခဲ့ရပုံ)

 

“ကျွန်မဟာ အမွေတွေ အများကြီးရခဲ့ပါတယ်။ ကျွန်မရဲ့ ကြိုးစားအားထုတ်မှု တစ်ခုမှ မရှိဘဲ ရလာတဲ့ငွေတွေ ဖြစ်ပါတယ်။ နိုင်ငံတော်က ဒီငွေတွေအတွက် အခွန်တောင် မပေးဆောင်ခိုင်းပါဘူး”ဟု မာလင်းက ပြောသည်။

မာလင်း၏ အဘွားဖြစ်သူ ထရောဒယ်လ် ကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံခန့် အမွေချန်ရစ်ခဲ့သည်။

မာလင်းက ရရှိလာသော အမွေများအနက် အနည်းဆုံး ၉၀ ရာခိုင်နှုန်းကို ပြန်လည်ပေးဝေလှူဒါန်းသွားမည်ဟု ကတိပြုထားသည်။

မာလင်း အင်းငယ်ဟွန်းသည် Tax Me Now အမည်ရှိ အဖွဲ့ကို ပူးတွဲတည်ထောင်သူလည်း ဖြစ်သည်။

Tax Me Now သည် ဂျာမနီရှိ ချမ်းသာကြွယ်ဝသော သူဌေးကြီးများဖြင့် ဖွဲ့စည်းထားပြီး အဆိုပါသူဌေးကြီးများ က ၎င်းတို့အပေါ် အစိုးရအနေဖြင့် အခွန်ပိုမိုကောက်ခံပါရန် တိုက်တွန်းလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသော အဖွဲ့ ဖြစ်သည်။

(BASF ဆေးဝါးကုမ္ပဏီကို တည်ထောင်ခဲ့သူ ဖရက်ဒရစ် အင်းငယ်ဟွန်း)

 

 

“နိုင်ငံရေးသမားတွေက အလုပ်မလုပ်၊ ပြည်သူတွေကို ကူညီနိုင်ဖို့ မလုပ်ဘူးဆိုရင် ကျွန်မအနေနဲ့ ကျွန်မရဲ့ ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်ပေးဝေလှူဒါန်းရမှာ ဖြစ်ပါတယ်”

“ပြည်သူများစွာဟာ အသက်ရှင်ရုံလောက်အတွက် အချိန်ပြည့် အလုပ်လုပ်နေကြရပြီး ရလာတဲ့ ငွေတစ်ပြား တစ်ချပ်ချင်းစီအတွက် အခွန်ဆောင်နေကြရတယ်။ ဒါဟာ နိုင်ငံရေးရဲ့ ကျဆုံးမှုလို့ ကျွန်မ မြင်ပါတယ်။ နိုင်ငံရေး ကျဆုံးတယ်ဆိုရင် ပြည်သူတွေအနေနဲ့ ကိုယ်တိုင်ဖြေရှင်းကြရတော့မှာ ဖြစ်ပါတယ်”

“ကျွန်မရဲ့ အိပ်မက်ကတော့ အစိုးရကနေ ကျွန်မကို အခွန်များများကောက်ခံဖို့ပါပဲ”ဟု မာလင်းက ၂၀၂၂ ခုနှစ် အတွင်း နယူးယောက်တိုင်းမ် သတင်းစာကြီးကို ပြောခဲ့ဖူးသည်။

 

(Millionaires for Humanity က ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် လွှင့်တင်ခဲ့သော ဗွီဒီယိုဖိုင်၌ မာလင်းက ပြောကြားသည်မှာ ချမ်းသာကြွယ်ဝသူများအား အခွန်တိုးမြှုင့်ကောက်ခံရေးသည် မိမိတို့ တာဝန်ယူလုပ်ဆောင် နိုင်သည့် အနိမ့်ဆုံးအလုပ်တစ်ခုဖြစ်ကြောင်း ပြောသည်။)

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: An heiress is seeking 50 strangers to help her give away her $27 million inheritance (businessinsider, dailymail)

 

 

 

 

[Zawgyi]

ၾသစထရီးယား အမ်ဳိးသမီးတစ္ဦးက အေမြရေသာ ေဒၚလာ ၂၇ သန္းကို ေပးေဝလွဴဒါန္းရန္ လူ ၅၀ ဦး ရွာေဖြ လ်က္ရွိ

 

ၾသစထရီးယားႏိုင္ငံမွ အထင္ကရ ေဆးဝါးကုမၸဏီၾကီးတစ္ခု၏ အေမြခံ အသက္ ၃၁ ႏွစ္အရြယ္ အမ်ဳိးသမီး ျဖစ္သူ မာလင္း အင္းငယ္ဟြန္း (Marlene Engelhorn) သည္ ဆင္းရဲခ်မ္းသာ ကြာဟမႈကို ေျဖရွင္းေရး စတင္ ေဆာင္ရြက္လ်က္ရွိသည္။

မာလင္းသည္ BASF ေဆးဝါးကုမၸဏီၾကီးကို တည္ေထာင္ခဲ့သူ ဖရက္ဒရစ္ အင္းငယ္ဟြန္း၏ မ်ဳိးဆက္တစ္ဦး ျဖစ္သည္။

မာလင္း အင္းငယ္ဟြန္းသည္ အဘြားထံမွ အေမြရေသာ ကန္ေဒၚလာ ၂၇ ဒသမ ၄ သန္းကို မွ်ေဝလွဴဒါန္းရာ တြင္ ကူညီေပးမည့္ ႏိုင္ငံသားမ်ား စုစည္းလ်က္ရွိသည္။

မာလင္း၏ အဘြားျဖစ္သူ ထေရာဒယ္လ္ အင္းငယ္ဟြန္း ဗက္ခီယာတို (Traudl Engelhorn-Vechiatto) သည္ ၂၀၂၂ ခုႏွစ္၊ စက္တင္ဘာလအတြင္း ကြယ္လြန္သြားခဲ့သည္။

မာလင္းက အေမြမ်ားကို ေပးေဝလွဴဒါန္းေရးအတြက္ Good Council for Redistribution အမည္ရွိ အဖြဲ႔အစည္း အတြက္ အကူအညီေပးမည့္ အသက္ ၁၆ ႏွစ္အထက္ ၾသစထရီးယားႏိုင္ငံသားေပါင္း ၁၀၀၀၀ ကို က်ပန္း ေရြးခ်ယ္ကာ ဖိတ္ေခၚစာမ်ား ေပးပို႔ခဲ့သည္။

ေရြးခ်ယ္ခံရသူ ၅၀ ဦးႏွင့္ ကိုယ္စားေဆာင္ရြက္သူ ၁၅ ဦးတို႔သည္ ၾသစထရီးယားႏိုင္ငံ၊ Salzburg ျမိဳ႕တြင္ ၂၀၂၄ ခုႏွစ္၊ မတ္လမွ ဇြန္လအထိ ေတြ႔ဆံုၾကကာ ပညာေရးနယ္ပယ္မွ ပုဂၢိဳလ္မ်ား၊ အရပ္ဖက္အဖြဲ႔အစည္း မ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သြားမည္ ျဖစ္သည္။

မိမိရရွိလာေသာ အေမြမ်ားမွာ မိမိ၏ ၾကိဳးစားအားထုတ္မႈမရွိဘဲ ရလာျခင္းျဖစ္ေသာေၾကာင့္ မိမိ၏ ႏိုင္ငံသူ ႏိုင္ငံသားမ်ားကို ေပးေဝထိုက္ေၾကာင္း မာလင္းက ယံုၾကည္ေနသည္။

(မာလင္း အင္းငယ္ဟြန္းမွာ လက္ရွိအားျဖင့္ ဗီယန္နာျမိဳ႕တြင္ ေနထိုင္လ်က္ရွိသည္။)

(၂၀၂၂ ခုႏွစ္၊ ၾသဂုတ္လအတြင္း မာလင္းကို ခ်မ္းသာၾကြယ္ဝသူမ်ားအား အခြန္ျမင့္မားစြာ ေကာက္ခံေရး လႈပ္ရွားမႈတြင္ ေတြ႔ခဲ့ရပံု)

“ကၽြန္မဟာ အေမြေတြ အမ်ားၾကီးရခဲ့ပါတယ္။ ကၽြန္မရဲ႕ ၾကိဳးစားအားထုတ္မႈ တစ္ခုမွ မရွိဘဲ ရလာတဲ့ေငြေတြ ျဖစ္ပါတယ္။ ႏိုင္ငံေတာ္က ဒီေငြေတြအတြက္ အခြန္ေတာင္ မေပးေဆာင္ခိုင္းပါဘူး”ဟု မာလင္းက ေျပာသည္။

မာလင္း၏ အဘြားျဖစ္သူ ထေရာဒယ္လ္ ကြယ္လြန္ခ်ိန္တြင္ ပိုင္ဆိုင္မႈ ကန္ေဒၚလာ ၄ ဒသမ ၂ ဘီလီယံခန္႔ အေမြခ်န္ရစ္ခဲ့သည္။

မာလင္းက ရရွိလာေသာ အေမြမ်ားအနက္ အနည္းဆံုး ၉၀ ရာခိုင္ႏႈန္းကို ျပန္လည္ေပးေဝလွဴဒါန္းသြားမည္ဟု ကတိျပဳထားသည္။

မာလင္း အင္းငယ္ဟြန္းသည္ Tax Me Now အမည္ရွိ အဖြဲ႔ကို ပူးတြဲတည္ေထာင္သူလည္း ျဖစ္သည္။

Tax Me Now သည္ ဂ်ာမနီရွိ ခ်မ္းသာၾကြယ္ဝေသာ သူေဌးၾကီးမ်ားျဖင့္ ဖြဲ႔စည္းထားျပီး အဆိုပါသူေဌးၾကီးမ်ား က ၎တို႔အေပၚ အစိုးရအေနျဖင့္ အခြန္ပိုမိုေကာက္ခံပါရန္ တိုက္တြန္းလႈပ္ရွားမႈမ်ား လုပ္ေဆာင္လ်က္ရွိေသာ အဖြဲ႔ ျဖစ္သည္။

(BASF ေဆးဝါးကုမၸဏီကို တည္ေထာင္ခဲ့သူ ဖရက္ဒရစ္ အင္းငယ္ဟြန္း)

“ႏိုင္ငံေရးသမားေတြက အလုပ္မလုပ္၊ ျပည္သူေတြကို ကူညီႏိုင္ဖုိ႔ မလုပ္ဘူးဆိုရင္ ကၽြန္မအေနနဲ႔ ကၽြန္မရဲ႕ ပိုင္ဆိုင္မႈေတြကို ကိုယ္တိုင္ေပးေဝလွွဴဒါန္းရမွာ ျဖစ္ပါတယ္”

“ျပည္သူမ်ားစြာဟာ အသက္ရွင္ရံုေလာက္အတြက္ အခ်ိန္ျပည့္ အလုပ္လုပ္ေနၾကရျပီး ရလာတဲ့ ေငြတစ္ျပား တစ္ခ်ပ္ခ်င္းစီအတြက္ အခြန္ေဆာင္ေနၾကရတယ္။ ဒါဟာ ႏိုင္ငံေရးရဲ႕ က်ဆံုးမႈလို႔ ကၽြန္မ ျမင္ပါတယ္။ ႏိုင္ငံေရး က်ဆံုးတယ္ဆိုရင္ ျပည္သူေတြအေနနဲ႔ ကိုယ္တိုင္ေျဖရွင္းၾကရေတာ့မွာ ျဖစ္ပါတယ္”

“ကၽြန္မရဲ႕ အိပ္မက္ကေတာ့ အစိုးရကေန ကၽြန္မကို အခြန္မ်ားမ်ားေကာက္ခံဖို႔ပါပဲ”ဟု မာလင္းက ၂၀၂၂ ခုႏွစ္ အတြင္း နယူးေယာက္တိုင္းမ္ သတင္းစာၾကီးကို ေျပာခဲ့ဖူးသည္။

(Millionaires for Humanity က ၎တို႔၏ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ လႊင့္တင္ခဲ့ေသာ ဗြီဒီယိုဖုိင္၌ မာလင္းက ေျပာၾကားသည္မွာ ခ်မ္းသာၾကြယ္ဝသူမ်ားအား အခြန္တိုးျမွုင့္ေကာက္ခံေရးသည္ မိမိတို႔ တာဝန္ယူလုပ္ေဆာင္ ႏိုင္သည့္ အနိမ့္ဆံုးအလုပ္တစ္ခုျဖစ္ေၾကာင္း ေျပာသည္။)

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: An heiress is seeking 50 strangers to help her give away her $27 million inheritance (businessinsider, dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service