ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
ရန်ကုန်-ဒလတံတားစီမံကိန်းကို (၂၀၂၄) ခုနှစ် နှစ်ဆန်းပိုင်းမှာ အပြီးသတ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ အပြီးသတ်ဖို့လိုနေသေးပြီး ရေလည်တိုင်တွေကို ဆက်သွယ်မယ့်လမ်းပိုင်းတွေကျန် နေပါသေးတယ်။ ဒါပေမဲ့ ဒလမြို့နယ် ထဲက အိမ်ခြံမြေဈေးတွေကတော့ တံတားစီမံကိန်းကိုအကြောင်းပြုပြီး ဈေးဆက်တိုက်မြင့်တက်နေပါတယ်။ အခု (၂၀၂၄ ) နှစ်ဆန်းပိုင်းမှာ ကျပ်သိန်း (၈၀၀) ဝန်းကျင်ပေါက်ဈေးရှိတဲ့ မြေကွက် တစ်ကွက်ဟာ ကျပ်သိန်း (၁၀၀၀) ကျော်အထိ ဈေးမြင့်တက်လာတယ်လို့ ဒလမြို့နယ်ထဲက အိမ်ခြံအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတွေထံကနေ သိရပါတယ်။
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက် အခြေအနေဟာ အရောင်းအဝယ်တည်ငြိမ်နေပေမယ့် ဈေးနှုန်းတွေကတော့ အကျဘက်မှာမရှိဘူးလို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။ တံတားစီမံကိန်းကြောင့် ဒလမြို့နယ်ဘက်ခြမ်းက လမ်းပန်းဆက်သွယ်ရေးအခြေနေကောင်းမွန်လာပြီး စီမံကိန်းနဲ့နီးတဲ့မြေကွက် ဈေးတွေဟာ ငွေကျပ်သိန်းပေါင်း သောင်းဂဏန်းအထိ ပေါက်ဈေးရှိနေပါတယ်။
ဒါ့အပြင် ဒလမြို့နယ်နဲ့ ဆက်စပ်နေတဲ့ တွံတေး ၊ ကော့မှူး ၊ ကွမ်းခြံကုန်း စတဲ့မြို့နယ်ထဲက မြေကွက်ဈေးတွေလည်း အနည်းငယ်မြင့်တက်လာပါတယ်။ အဲဒီ ရန်ကုန်-ဒလတံတားပြီးစီးသွားရင် ရန်ကုန်မြို့ထဲမှာယာဉ်ကြော ပိတ်ဆို့မှုကို အနည်းငယ်ဖြေရှင်းပေးနိုင်မယ်လို့လည်း ဆိုပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရန်ကုန်-ဒလတံတားစီမံကိန်း အပြီးသတ်ဖို့လိုသေးပေမယ့် ဒလအိမ်ခြံမြေဈေးတွေဆက်တိုက် မြင့်တက်နေ