အမေရိကန်တွင် ထီနံပါတ်တစ်ခုတည်းကို နှစ်ပေါင်း ၄၀ ကံစမ်းခဲ့သောအမျိုးသား ဒေါ်လာ ၁ ဒသမ ၇ သန်း ဆု ထီပေါက်
အမေရိကန်တွင် ထီနံပါတ်တစ်ခုတည်းကို နှစ်ပေါင်း ၄၀ ကံစမ်းခဲ့သောအမျိုးသား ဒေါ်လာ ၁ ဒသမ ၇ သန်း ဆု ထီပေါက် - Property Knowledge in Myanmar from iMyanmarHouse.com
18 Jan 2024 10:36 am တွင် တင်ခဲ့သည်
845 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
ထီဝါသနာရှင်တစ်ဦးသည် ထီနံပါတ်တစ်ခုတည်းကို နှစ်ပေါင်း ၄၀ ကံစမ်းခဲ့ရာ ယခုအခါ ကန်ဒေါ်လာ ၁ ဒသမ ၇ သန်း Jackpot ဆုကြီး ဆွတ်ခူးသွားသည်။
ထီပေါက်သူအမျိုးသား ဖရက်ဒရစ် နိုရီယန်က ဆုငွေကို တလုံးတခဲတည်း ထုတ်ယူရန် ရွေးချယ်ခဲ့သောကြောင့် ရရှိမည့်ဆုငွေ ဒေါ်လာ ၅၀၀.၀၀၀ ခန့် နည်းပါးသွားသည်။
(ထီပေါက်သူအမျိုးသား ဖရက်ဒရစ် နိုရီယန်။ ဓာတ်ပုံ-Massachusetts State Lottery )
အမေရိကန်ပြည်ထောင်စု ၊ မက်ဆာချူးဆက်ပြည်နယ် ၊ ဘော့စတွန်မြို့မှ ၂၅ မိုင်ခန့်အကွာတွင် တည်ရှိသော Bridgewater မြို့တွင် နေထိုင်သူ နိုရီယန်သည် ဇန်နဝါရီလ ၃ ရက်က ဆုငွေထုတ်ယူခဲ့ကြောင်း Mass Live သတင်းဌာနက ဖော်ပြသည်။
နိုရီယန်က သူ၏ဆုငွေကို တလုံးတခဲတည်း ထုတ်ယူရန် ရွေးချယ်ခဲ့ရာ ကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ရရှိခဲ့သည်။
ရရှိလာသောဆုငွေဖြင့် မီးဖိုဆောင်ပြန်လည်ပြင်ဆင်ရန် စီစဉ်ထားကြောင်း နိုရီယန်က ပြောသည်။
မက်ဆာချူးဆက် ထီလုပ်ငန်းဌာန၏ ပြောကြားချက်အရ အဆိုပါ ထီဆုပေါက်နိုင်ချေမှာ ၇ သန်းပုံ တစ်ပုံသာ ရှိကြောင်း ပြောသည်။
ထီထိုးသူများသည် ကွန်ပြူတာတွင် ၁ မှ ၄၄ အထိ မိမိနှစ်သက်ရာ ဂဏန်း ၆ လုံး ရွေးချယ်ရခြင်း ဖြစ်သည်။
Megabucks အမည်ရှိ အဆိုပါထီ ကစားရန် ၂ ဒေါ်လာ ကျသင့်ပြီး ထီဆုများမှာ ၄ ဒေါ်လာမှ Jackpot အထိ အမျိုးမျိုးရှိသည်။
လက်ရှိ Jackpot ဆုမှာ ဒေါ်လာ ၇၀၀,၀၀၀ ဖြစ်ပြီး ထီပေါက်သူ ပေါ်ပေါက်လာ၍ တလုံးတခဲတည်း ထုတ်ယူလျှင် ဒေါ်လာ ၄၈၀၀၀၀ ရရှိမည် ဖြစ်သည်။
တနင်္လာ ၊ ဗုဒ္ဓဟူးနှင့် စနေနေ့များတွင် ထီဖွင့်သည်။
U.S.Sun သတင်းဌာန၏ ဖော်ပြချက်အရ မက်ဆာချူးဆက်ပြည်နယ်မှ Michael Piers ဆိုသူသည်လည်း ဒေါ်လာ ၁ သန်းထီပေါက်ခဲ့ပြီး ဆုငွေ ဒေါ်လာ ၆၅၀,၀၀၀ ရရှိခဲ့ကြောင်း ဖော်ပြသည်။
ထီလုပ်ငန်းဌာန အရာရှိတို့၏ ပြောကြားချက်အရ Michael Piers က ထီဆုငွေအချို့ကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ် သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
ထီပေါက်သူတို့သည် ၎င်းတို့၏ ထီဆု မည်သို့မည်ပုံ ထုတ်ယူမည်ကို ရွေးချယ်ကြရလေ့ ရှိသည်။
ဆုငွေကို တလုံးတခဲတည်း ထုတ်ယူပါက ရင်းနှီးမြှုပ်နှံမှုများ ချက်ချင်း ပြုလုပ်နိုင်မည် ဖြစ်သည်။
အခြားထုတ်ယူနိုင်မည့် ပုံစံတစ်ခုမှာ ဆုငွေကို အရစ်ကျ နှစ်စဉ်ထုတ်ယူခြင်းဖြစ်ပြီး နှစ် ၂၀ (သို့မဟုတ်) ၃၀ အထိ ခွဲဝေ ထုတ်ယူခြင်း ဖြစ်သည်။
နှစ်ရှည် ထုတ်ယူမည်ဆိုပါက မိမိကံထူးသော ဆုငွေကို တလုံးတခဲတည်း ထုတ်ယူခြင်းထက် ပိုမိုများပြားသည့် ရာခိုင်နှုန်း ပိုမိုရရှိမည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: I used the same lottery numbers for 40 years – when I finally hit the $1.7m jackpot I lost more than 25% straightaway (the-sun)
Photo Credit: Massachusetts State Lottery photo
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service