မိုက္ကရိုချစ်ပ်များ ထုတ်လုပ်သော ကမ္ဘာ့ထိပ်သီးကုမ္ပဏီကြီး Nvidia ၏ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ်၏ ကြွယ်ဝမှု ၃ ဆတိုးကာ ကန်ဒေါ်လာ ၄၄ ဘီလီယံအထိရှိလာပြီး ၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအများဆုံးရသူများ ထဲတွင် ပါဝင်ခဲ့

မိုက္ကရိုချစ်ပ်များ ထုတ်လုပ်သော ကမ္ဘာ့ထိပ်သီးကုမ္ပဏီကြီး Nvidia ၏ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ်၏ ကြွယ်ဝမှု ၃ ဆတိုးကာ ကန်ဒေါ်လာ ၄၄ ဘီလီယံအထိရှိလာပြီး ၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအများဆုံးရသူများ ထဲတွင် ပါဝင်ခဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jan 2024 11:02 am တွင် တင်ခဲ့သည်
782 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

မိုက္ကရိုချစ်ပ်များ ထုတ်လုပ်သော ကမ္ဘာ့ထိပ်သီးကုမ္ပဏီကြီး Nvidia ၏ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ်၏ ကြွယ်ဝမှု ၃ ဆတိုးကာ ကန်ဒေါ်လာ ၄၄ ဘီလီယံအထိရှိလာပြီး ၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအများဆုံးရသူများ ထဲတွင် ပါဝင်ခဲ့ကြောင်း Business Insider သတင်းတစ်ရပ်တွင် ဖော်ပြသည်။

Nvidia ၏ ပူးတွဲတည်ထောင်သူ ဂျန်ဆန်သည် ၂၀၂၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃၀ ဒသမ ၂ ဘီလီယံ ပိုမို ချမ်းသာကြွယ်ဝလာခြင်းဖြစ်သည်။

ပြီးခဲ့သော ကြာသပတေးနေ့ ရှယ်ယာဈေးကွက်ပိတ်ချိန်တွင် Bloomberg ဘီလျံနာညွှန်းကိန်း၌ နံပါတ် ၂၈ နေရာအထိ ရောက်ရှိလာခဲ့သည်။

ကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော် ချမ်းသာကြွယ်ဝကြသော Elon Musk ,Mark Zuckerberg နှင့် Jeff Bezos တို့သည်လည်း ပြီးခဲ့သောနှစ်အတွင်း ကြွယ်ဝမှု များစွာတိုးတက်ခဲ့ကြသည်။

သို့သော် Bloomberg ၏ ညွှန်းကိန်းတွင် နံပါတ် ၁၄ အောက်ရှိသည့် မည်သည့်ပုဂ္ဂိုလ်မဆို ဂျန်ဆန်ထက် ၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေများသူ မရှိချေ။

ဂျန်ဆန်သည် ၂၀၂၃ ခုနှစ်အတွင်း Benard Arnault (ကန်ဒေါ်လာ ၁၇ ဘီလီယံ) ၊ Warren Buffett (ကန်ဒေါ်လာ ၁၃ ဘီလီယံ) ၊ Carlos Slim (ကန်ဒေါ်လာ ၃၀ ဒသမ ၁ ဘီလီယံ) နှင့်Mukesh Ambani (ကန်ဒေါ်လာ ၁၀ ဘီလီယံ) တို့ထက် ပိုမိုဝင်ငွေကောင်းခဲ့သည်။

သူ၏ ဓနကြွယ်ဝမှု မြင့်တက်ခဲ့သည့် ပမာဏမှာ မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ် (ကန်ဒေါ်လာ ၃၁ ဘီလီယံ) ၊ Larry Ellison (ကန်ဒေါ်လာ ၃၂ ဘီလီယံ) နှင့် Amancio Ortega (ကန်ဒေါ်လာ ၃၃ ဒသမ ၁ ဘီလီယံ) တို့နှင့် တန်းတူနီးပါးရှိခဲ့သည်။

အဆိုပါ ပုဂ္ဂိုလ် ၇ ဦးလုံးသည် ယခု သတင်းရေးသားနေချိန်တွင် Bloomberg ညွှန်းကိန်း၏ ထိပ်တန်း ၁၄ နေရာ တွင် ရှိနေကြဆဲ ဖြစ်သည်။

Nvidia အကြီးအကဲ ဂျန်ဆန်၏ ကုမ္ပဏီရှယ်ယာဈေးနှုန်းများမှာ ယခုနှစ်အတွင်း ၂၄၀ ရာခိုင်နှုန်းအထိ မြင့်တက် ခဲ့မှုကြောင့် သူ၏ ကြွယ်ဝမှု လျှင်မြန်စွာ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ဂျန်ဆန် ပိုင်ဆိုင်ထားသော ရှယ်ယာပမာဏမှာ ရှယ်ယာပေါင်း ၈၇ သန်းနီး ပါးရှိပြီး ကုမ္ပဏီစုစုပေါင်း ရှယ်ယာ ပမာဏ၏ ၃ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၃ ဘီလီယံခန့်ရှိသည်။

Nvidia ၏ Graphics Chip များသည် AI တော်လှန်ရေးကို အားဖြည့်ပေးမည်ဟု ရင်းနှီးမြှုပ်နှံသူများက တွက်ဆ ကာ ရှယ်ယာများ ရင်းနှီးမြှုပ်နှံမှုများကြောင့်  Nvidia ၏ ရှယ်ယာများ ထိုးတက်ခဲ့ကြခြင်း ဖြစ်သည်။

Processor များ ဝယ်လိုအား အလွန်အမင်း မြင့်မားလာခြင်းကြောင့် ၂၀၂၃ ခုနှစ် ပထမ ၉ လတာအတွင်း ကုမ္ပဏီ၏ ဝင်ငွေမှာ ကန်ဒေါ်လာ ၃၉ ဘီလီယံအထိ ရှိခဲ့သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref: Nvidia CEO Jensen Huang's wealth has tripled to $44 billion this year, making him one of the biggest moneymakers of 2023 (markets)

 

 

 

 

[Zawgyi]

 


 

















(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com


 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service