ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
အမေရိကန်ပြည်ထောင်စုတွင် မြေယာအများဆုံး ပိုင်ဆိုင်သူများအကြောင်း ရေးသားဖော်ပြနေသည့် The Land Report မဂ္ဂဇင်းသည် နှစ်စဉ်နှစ်တိုင်း အမေရိက၏ အကြီးမားဆုံး မြေပိုင်ရှင်များ စာရင်းကို ထုတ်ပြန်လေ့ရှိ သည်။ ထိုစာရင်း၏ ထိပ်တန်း ၁၀ ဦးတွင် ပါဝင်ရန်ဆိုလျှင် သင့်အနေဖြင့် မြေဧက ၁ သန်းနီးပါး ပိုင်ဆိုင်ထားရန် လိုအပ်သည်။
အဆိုပါ စာရင်းတွင် နံပါတ် ၁ နေရာ၌ ရပ်တည်နေသည်မှာ Emmerson မိသားစု ဖြစ်သည်။
Emmerson သစ်လုပ်ငန်းဖြင့် ချမ်းသာကြသူများ ဖြစ်သည်။
Emmerson မိသားစု ပိုင်ဆိုင်သော Sierra Pacific Industries သည် အမေရိကန်ပြည်ထောင်စုတွင် အကြီးမားဆုံး ပုဂ္ဂလိက သစ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြသည်။
အောက်တွင် အမေရိကန်ပြည်ထောင်စု၏ အကြီးမားဆုံး မြေပိုင်ရှင်များ ၊ မိသားစုများအကြောင်း ဖော်ပြထားပါသည်။
၁။ Emmerson မိသားစု
• မြေပိုင်ဆိုင်မှု ပမာဏ -၂၄၁၁၀၀၀ ဧက • နှိုင်းယှဉ်မှု -Grand Canyon အမျိုးသားဥယျာဉ်ကြီး၏ ၂ ဆခန့် ကျယ်ဝန်း
Emmerson မိသားစုသည် Sierra Pacific Industries ကုမ္ပဏီကို ပိုင်ဆိုင်လည်ပတ်လုပ်ကိုင်လျက် ရှိသည်။
ထိုကုမ္ပဏီသည် တောမီးလောင်ကျွမ်းပါက အသုံးပြု၍ ရနိုင်သော သစ်များကို ထုတ်လုပ်ကာ လက်လီရောင်းသူ တို့ထံ ပြန်လည်ရောင်းချသော ကုမ္ပဏီဖြစ်သည်။
၎င်းတို့ မိသားစုသည် ကယ်လီဖိုးနီးယား ၊ အော်ရီဂွန်နှင့် ဝါရှင်တန်ပြည်နယ်များတွင် မြေဧကပေါင်း ၂ ဒသမ ၄ သန်းခန့် ပိုင်ဆိုင်ထားသည်။
၂။ John Malone
• မြေပိုင်ဆိုင်မှု ပမာဏ -၂၂၀၀၀၀၀ ဧက • နှိုင်းယှဉ်ချက်- Yellowstone အမျိုးသားဥယျာဉ် အကျယ်အဝန်းခန့်ရှိ
John Malone သည် အမေရိကန်ပြည်ထောင်စုတွင် အကြီးမားဆုံးတစ်ဦးတည်း မြေပိုင်ဆိုင်သူ ဖြစ်သည်။
John Malone သည် မီဒီယာလုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝလာသူဖြစ်သည်။ Tele-Communications ,Inc (TCI) ကို တည်ထောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် AT&T ထံ ကန်ဒေါ်လာ ၅၀ ဘီလီယံဖြင့် ရောင်းချခဲ့သည်။
John Malone သည် မြေဧကပေါင်း ၂ ဒသမ ၂ သန်း ပိုင်ဆိုင်ထားပြီး မိန်း ၊ နယူးမက္ကဆီကို ၊ ကိုလိုရာဒိုနှင့် ဝိုင်ယောမင်းပြည်နယ်တို့တွင် အများဆုံး တည်ရှိသည်။ အမြတ်အစွန်းရသော နွားမွေးမြူရေးခြံများလည်း ပိုင်ဆိုင်ထားသည်။
၃။ Ted Turner
• မြေပိုင်ဆိုင်မှုပမာဏ- ၂၀၀၀၀၀၀ ဧက • နှိုင်းယှဉ်ချက်-Vermont ပြည်နယ်၏ ၃ ပုံ ၁ ပုံခန့်ရှိ
CNN သတင်းဌာန တည်ထောင်သူ Ted Turner သည် မြေဧကပေါင်း ၂ သန်းပိုင်ဆိုင်ထားသည်။
အဓိကအားဖြင့် နယူးမက္ကဆီကို ၊ တောင်ဒါကိုတာ ၊ နီဘရာစကာနှင့် ဂျော်ဂျီယာပြည်နယ်တို့တွင် တည်ရှိသည်။
၎င်း၏ မြေဧကများစွာကို ကျွဲကောင်ရေ ၅၀၀၀၀ ကျော်အတွက် စားကျက်မြေအဖြစ် အသုံးပြုထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 15 million acres and counting: These tycoons, families are the largest landowners in the US (usatoday)
Photo Credit: USA Today News
[Zawgyi]
အေမရိကန္ျပည္ေထာင္စုတြင္ ေျမအမ်ားဆံုးပိုင္ဆုိင္ထားေသာ မိသားစုမ်ား
အေမရိကန္ျပည္ေထာင္စုတြင္ ေျမယာအမ်ားဆံုး ပုိင္ဆိုင္သူမ်ားအေၾကာင္း ေရးသားေဖာ္ျပေနသည့္ The Land Report မဂၢဇင္းသည္ ႏွစ္စဥ္ႏွစ္တုိင္း အေမရိက၏ အၾကီးမားဆံုး ေျမပိုင္ရွင္မ်ား စာရင္းကို ထုတ္ျပန္ေလ့ရွိ သည္။ ထိုစာရင္း၏ ထိပ္တန္း ၁၀ ဦးတြင္ ပါဝင္ရန္ဆုိလွ်င္ သင့္အေနျဖင့္ ေျမဧက ၁ သန္းနီးပါး ပို္င္ဆိုင္ထားရန္ လုိအပ္သည္။
အဆုိပါ စာရင္းတြင္ နံပါတ္ ၁ ေနရာ၌ ရပ္တည္ေနသည္မွာ Emmerson မိသားစု ျဖစ္သည္။
Emmerson သစ္လုပ္ငန္းျဖင့္ ခ်မ္းသာၾကသူမ်ား ျဖစ္သည္။
Emmerson မိသားစု ပိုင္ဆိုင္ေသာ Sierra Pacific Industries သည္ အေမရိကန္ျပည္ေထာင္စုတြင္ အၾကီးမားဆံုး ပုဂၢလိက သစ္ထုတ္လုပ္ေရးလုပ္ငန္းျဖစ္ေၾကာင္း Forbes မဂၢဇင္းၾကီးက ေဖာ္ျပသည္။ ေအာက္တြင္ အေမရိကန္ျပည္ေထာင္စု၏ အၾကီးမားဆံုး ေျမပုိင္ရွင္မ်ား ၊ မိသားစုမ်ားအေၾကာင္း ေဖာ္ျပထားပါသည္။
၁။ Emmerson မိသားစု
• ေျမပိုင္ဆုိင္မႈ ပမာဏ -၂၄၁၁၀၀၀ ဧက
• ႏိႈင္းယွဥ္မႈ -Grand Canyon အမ်ိဳးသားဥယ်ာဥ္ၾကီး၏ ၂ ဆခန္႔ က်ယ္ဝန္း
Emmerson မိသားစုသည္ Sierra Pacific Industries ကုမၸဏီကို ပိုင္ဆုိင္လည္ပတ္လုပ္ကုိင္လ်က္ ရွိသည္။
ထိုကုမၸဏီသည္ ေတာမီးေလာင္ကၽြမ္းပါက အသံုးျပဳ၍ ရႏိုင္ေသာ သစ္မ်ားကို ထုတ္လုပ္ကာ လက္လီေရာင္းသူ တို႔ထံ ျပန္လည္ေရာင္းခ်ေသာ ကုမၸဏီျဖစ္သည္။
၎တို႔ မိသားစုသည္ ကယ္လီဖုိးနီးယား ၊ ေအာ္ရီဂြန္ႏွင့္ ဝါရွင္တန္ျပည္နယ္မ်ားတြင္ ေျမဧကေပါင္း ၂ ဒသမ ၄ သန္းခန္႔ ပိုင္ဆုိင္ထားသည္။
၂။ John Malone
• ေျမပိုင္ဆုိင္မႈ ပမာဏ -၂၂၀၀၀၀၀ ဧက • ႏိႈင္းယွဥ္ခ်က္- Yellowstone အမ်ဳိးသားဥယ်ာဥ္ အက်ယ္အဝန္းခန္႔ရွိ
John Malone သည္ အေမရိကန္ျပည္ေထာင္စုတြင္ အၾကီးမားဆံုးတစ္ဦးတည္း ေျမပိုင္ဆိုင္သူ ျဖစ္သည္။
John Malone သည္ မီဒီယာလုပ္ငန္းျဖင့္ ခ်မ္းသာၾကြယ္ဝလာသူျဖစ္သည္။ Tele-Communications ,Inc (TCI) ကို တည္ေထာင္ခဲ့ျပီး ၁၉၉၉ ခုႏွစ္တြင္ AT&T ထံ ကန္ေဒၚလာ ၅၀ ဘီလီယံျဖင့္ ေရာင္းခ်ခဲ့သည္။
John Malone သည္ ေျမဧကေပါင္း ၂ ဒသမ ၂ သန္း ပိုင္ဆုိင္ထားျပီး မိန္း ၊ နယူးမကၠဆီကို ၊ ကိုလိုရာဒိုႏွင့္ ဝိုင္ေယာမင္းျပည္နယ္တုိ႔တြင္ အမ်ားဆံုး တည္ရွိသည္။ အျမတ္အစြန္းရေသာ ႏြားေမြးျမဴေရးျခံမ်ားလည္း ပိုင္ဆုိင္ထားသည္။
၃။ Ted Turner
• ေျမပိုင္ဆုိင္မႈပမာဏ- ၂၀၀၀၀၀၀ ဧက • ႏိႈင္းယွဥ္ခ်က္-Vermont ျပည္နယ္၏ ၃ ပံု ၁ ပံုခန္႔ရွိ
CNN သတင္းဌာန တည္ေထာင္သူ Ted Turner သည္ ေျမဧကေပါင္း ၂ သန္းပိုင္ဆုိင္ထားသည္။ အဓိကအားျဖင့္ နယူးမကၠ ဆီကို ၊ ေတာင္ဒါကိုတာ ၊ နီဘရာစကာႏွင့္ ေဂ်ာ္ဂ်ီယာျပည္နယ္တို႔တြင္ တည္ရွိသည္။ ၎၏ ေျမဧကမ်ားစြာကို ကၽြဲေကာင္ေရ ၅၀၀၀၀ ေက်ာ္အတြက္ စားက်က္ေျမအျဖစ္ အသံုးျပဳထားသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: 15 million acres and counting: These tycoons, families are the largest landowners in the US (usatoday)
Photo Credit: USA Today News