၂၀၂၃ ခုနှစ် ကမ္ဘာ့အကြီးမားဆုံး လှူဒါန်းသူများစာရင်းတွင် Warren Buffet ထိပ်ဆုံး၌ ရပ်တည်
၂၀၂၃ ခုနှစ် ကမ္ဘာ့အကြီးမားဆုံး လှူဒါန်းသူများစာရင်းတွင် Warren Buffet ထိပ်ဆုံး၌ ရပ်တည် - Property News in Myanmar from iMyanmarHouse.com
16 Jan 2024 9:57 am တွင် တင်ခဲ့သည်
528 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
၂၀၂၃ ခုနှစ်အတွင်း အလွန်တရာ ချမ်းသာကြွယ်ဝသော အမေရိကန်သူဌေးကြီးများသည် တက္ကသိုလ်များ၊ သိပ္ပံသုတေသနအင်စတီကျုများ၊ ကျန်းမာရေးကဏ္ဍ၊ မိသားစု ဖောင်ဒေးရှင်းတစ်ခုနှင့် လူမျိုးရေး တရားမျှတမှု အဖွဲ့ အစရှိသော ကဏ္ဍအသီးသီးသို့ စုစုပေါင်း လှူဒါန်းငွေ ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံခန့် လှူဒါန်းခဲ့ ကြကြောင်း Chronicle of Philanthropy ၏ ၂၀၂၃ ခုနှစ် အကြီးမားဆုံးလှူဒါန်းမှုများ နှစ်ပတ်လည် စာရင်းတွင် ဖော်ပြသည်။
ကန်ဒေါ်လာ ၁၁၉ ဘီလီယံခန့် ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းရသူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် သူဌေးကြီး Warren Buffet မှာ အများဆုံးလှူဒါန်းသူအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေသည်။
Warren Buffet သည် သူ၏ ကုမ္ပဏီဖြစ်သော Berkshire Hathaway ၏ ရှယ်ယာ ကန်ဒေါ်လာ ၅၄၁ ဒသမ ၅ သန်းကို Susan Thompson Buffet ဖောင်ဒေးရှင်းထံ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖောင်ဒေးရှင်းမှာ Warren Buffet ၏ ပထမဇနီးအား ဂုဏ်ပြုသောအားဖြင့် တည်ထောင်ထားခြင်း ဖြစ်သည်။
Chronicle မှ စုစည်းဖော်ပြသော အချက်အလက်များအရ လူပုဂ္ဂိုလ်တစ်ဦးချင်း (သို့မဟုတ်) ၎င်းတို့၏ ဖောင်ဒေးရှင်းများမှ အကြီးမားဆုံး လှူဒါန်းမှုများစာရင်းတွင် Warren Buffet ၏ လှူဒါန်းမှုမှာ အများပြားဆုံး အဖြစ် ရပ်တည်နေခြင်းလည်း ဖြစ်သည်။
ထိပ်တန်းအလှူရှင်များအနက် ၈ ဦးမှာ ဘီလျံနာသူဌေးကြီးများဖြစ်ပြီး ၎င်းတို့၏ စုစုပေါင်း ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၀၅ ဒသမ ၁ ဘီလီယံ ရှိသည်။
ဒုတိယအကြီးမားဆုံးအလှူရှင်မှာ သင်္ချာပညာရှင်၊ hedge-fund တည်ထောင်သူ ဂျိမ်းစ်ဆိုင်မွန်နှင့် ဇနီးဖြစ်သူ မာရီလင်းတို့ဖြစ်သည်။
ဂျိမ်းစ်ဆိုင်မွန်တို့ ဇနီးမောင်နှံက နယူးယောက်ပြည်နယ်တက္ကသိုလ်ဖြစ်သော Stony Brook တက္ကသိုလ်သို့ ကန်ဒေါ်လာ သန်း ၅၀၀ လှူဒါန်းခဲ့သည်။
ဂျိမ်းစ်ဆိုင်မွန်သည် Stony Brook တက္ကသိုလ် သင်္ချာဌာန ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည့် အပြင် ဇနီးဖြစ်သူ မေရီလင်း ဆိုင်မွန်သည်လည်း အဆိုပါတက္ကသိုလ်တွင်ပင် ဘွဲ့ရကာ စီးပွားရေးပါရဂူဘွဲ့ယူ ခဲ့သည်။
အခြားထိပ်သီးအလှူရှင်တစ်ဦးမှာ Nike တည်ထောင်သူ Phil Knight နှင့် ဇနီးဖြစ်သူ Penny တို့ ဖြစ်သည်။
၎င်းတို့စုံတွဲက 1803 Fund ပရဟိတအဖွဲ့ထံ ကန်ဒေါ်လာ သန်း ၄၀၀ လှူဒါန်းခဲ့၏။ ထိုအဖွဲ့သည် အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့ရှိ Albina ဒေသပြန်လည်ထူထောင်နိုင်ရန် ကြိုးစားနေသော အဖွဲ့ဖြစ်သည်။
Albina အရပ်သည် လူမည်းဒေသဖြစ်ပြီး ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ဖျက်ဆီးခံခဲ့ရသည်။
အခြား ဒေါ်လာ သန်း ၄၀၀ လှူဒါန်းသူတစ်ဦးမှာ Ross Brown ဖြစ်ပြီး ကယ်လီဖိုးနီးယား နည်းပညာသိပ္ပံတွင် အခြေခံ သိပ္ပံပညာရပ်အတွက် Brown Institute ကို တည်ထောင်ရန် လှူဒါန်းခဲ့ခြင်း ဖြစ်ကာ သူ၏ မိခင်တက္ကသိုလ်လည်း ဖြစ်သည်။
Ross Brown သည် စက်မှုလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်သော Cryogenic Industries ကို တည်ထောင်သူ ဖြစ်သည်။
အခြားထိပ်တန်းအလှူရှင်များမှာ Daniel နှင့် Jennifer Gilbert တို့က ကန်ဒေါ်လာ ၃၇၅ သန်း (Henty Ford Health သို့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆေးဘက်အဆောက်အအုံ ၂ ခုဆောက်လုပ်ရာတွင် အသုံးပြုမည်ဖြစ်)၊ Citadel တည်ထောင်သူ Kenneth Griffin က ကန်ဒေါ်လာ သန်း ၃၀၀ (ဟားဘတ်တက္ကသိုလ်သို့ လှူဒါန်း)၊ LeukoSite pharmaceuticals တည်ထောင်သူ Timothy Springer က Institute for Protein Innovation ထံ ကန်ဒေါ်လာ သန်း ၂၁၀၊ Qualcomm တည်ထောင်သူ သိပ္ပံပညာရှင် Franklin Antonio က SETI Institute ထံ ကန်ဒေါ်လာ သန်း ၂၀၀ အသီးသီး လှူဒါန်းခဲ့ကြသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Warren Buffet donation tops 2023 list of largest charitable gifts (nydailynews)
Photo Credit: Original Uploader
[Zawgyi]
Photo Credi: Original Uploader
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service