အောင်မြင်မှုအတွက် EQ က အရေးပါလား ?

အောင်မြင်မှုအတွက် EQ က အရေးပါလား ? - Property Knowledge in Myanmar from iMyanmarHouse.com
12 Jan 2024 2:43 pm တွင် တင်ခဲ့သည်
1151 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

Emotional Quotient (EQ) လို့ လည်း ခေါ်ကြတဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဉာဏအစွမ်း Emotional Intelligence (EI) ဆိုတာ ဘာလဲ? ဒီဝေါဟာရကို ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ စိတ်ပညာရှင်တွေက ထွင်ခဲ့ကြတာပါ။ အဲဒီကနေမှ ဒီဝေါဟာရအသုံးပြုမှုဟာ စီးပွားရေး၊ ပညာရေးနဲ့ ရေပန်းစားတဲ့ယဥ်ကျေးမှုအပါအဝင် အခြားနယ်ပယ်တွေကိုပါ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။

သူ့အဓိပ္ပာယ်ကတော့ လူတစ်ယောက်က (သူကိုယ်တိုင်ရဲ့ ဒါမှမဟုတ် တခြားသူတွေရဲ့) စိတ်ခံစားချက်တွေကို အသိအမှတ်ပြု၊ နားလည်၊ စီမံထိန်းကျောင်း၊ ဆင်ခြင်နိုင်တဲ့ အစွမ်းပဲ ဖြစ်ပါတယ်။ လူအချင်းချင်း ဆက်သွယ်ရာမှာ အလွန်အရေးပါတဲ့ စွမ်းရည်တစ်ခုဖြစ်သလို စိတ်ပညာဗေဒမှာတင် မဟုတ်ဘဲ စီးပွားရေးလောကမှာပါ လူပြောများတဲ့ အကြောင်းအရာတစ်ခုပါ။ ဆုံးဖြတ်ချက်ချမှတ်ဖို့၊ ပြဿနာဖြေရှင်းဖို့နဲ့ အခြားသူတွေနဲ့ ဆက်သွယ်ဖို့ စိတ်ခံစားချက် ပိုင်းဆိုင်ရာ နားလည်သဘောပေါက်မှုကို အသုံးပြုခြင်းလည်း ဒီစွမ်းရည်မှာ ပါဝင်ပါတယ်။

EQ အကြောင်း ဦးဆောင်လေ့လာသူတွေဖြစ်ကြတဲ့ စိတ်ပညာရှင် Peter Salovey နဲ့ John D. Mayer တို့ရဲ့အဆိုရ တင်ပြရမယ်ဆိုရင်....

(၁) ခံစားချက်များအား သတိမူမိခြင်း၊

(၂) ခံစားချက်များအား ဆင်ခြင်ခြင်း၊

(၃) ခံစားချက်များအား နားလည်သဘောပေါက်ခြင်း၊

(၄) ခံစားချက်များအား စီမံထိန်းကျောင်းခြင်း ဆိုပြီး EQ မှာ အဆင့်လေးဆင့် ရှိပါတယ်။

အဲဒီ EQ က အောင်မြင်မှုအတွက် ဘာကြောင့် အရေးပါသလဲ?

တကယ်တော့ ဉာဏ်ရည်ဉာဏ်သွေးအတိုင်းအတာ Intelligence Quotient (IQ) ထက်တောင် EQ က ပိုအရေးပါနိုင်ပါတယ်။ ဒီအချက်ကို စိတ်ပညာရှင် Daniel Goleman က Emotional Intelligence: Why It Can Matter More Than IQ” ဆိုတဲ့ စာအုပ်နဲ့ ၁၉၉၅ ခုနှစ်က တင်ပြခဲ့တဲ့အခါ ကမ္ဘာတစ်ဝန်း စီးပွားရေးခေါင်းဆောင် တွေနဲ့ HR မန်နေဂျာတွေအပါအဝင် လူထုအကြား ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ်။ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဉာဏစွမ်းအား EQ က ဝန်ထမ်းတွေအကြား အချင်းချင်းဆက်ဆံကြပုံကို ကောင်းကောင်းလွှမ်းမိုးသလို EQ ဟာ ဝန်ထမ်းတွေ အလုပ်သမားတွေအနေနဲ့ စိတ်ဖိစီးမှုပဋိပက္ခတွေကို စီမံကိုင်တွယ်ရာမှာ အခန်းကဏ္ဍတစ်ခု အဖြစ်လည်း ပါဝင်တယ်လို့ သုတေသီတွေက အဆိုပြုကြပါတယ်။ EQ ဟာ လုပ်ငန်းဆောင်ရွက်ချက်တစ်ခုလုံး အပေါ် သက်ရောက်မှုလည်း ရှိပါတယ်။

လုပ်ငန်းခွင်မှာ EQ က ဘာကြောင့် အရေးပါသလဲ ?

EQ က ဘာကြောင့် အဲဒီလိုမျိုး အဖိုးတန်လုပ်ငန်းခွင်အရည်အချင်းတစ်ခုဖြစ်ပါသလဲ?

ဝန်ထမ်းငှားရမ်းခန့်အပ်ခြင်းနဲ့ပတ်သက်တဲ့ လေ့လာမှုစစ်တမ်းတစ်ရပ်အရဆိုရရင် ခန့်အပ်သူတွေအနက် ၇၅ ရာခိုင်နှုန်းဟာ ဝန်ထမ်းတစ်ဦးရဲ့ IQ ထက် EQ ကို ပိုတန်ဖိုးထားတာ တွေ့ရပါတယ်။

စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဉာဏ်အစွမ်းကို အလုပ်ခွင်အတွင်း ဆက်ဆံရေးတွေ၊ ပြဿနာဖြေရှင်းနည်း၊ စီမံခန့်ခွဲမှုနဲ့ ဆက်သွယ်ပြောဆိုမှုတွေ တိုးတက်ကောင်းမွန်စေတဲ့ အဖိုးတန်အရည်အချင်းတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုကြပါတယ်။ ပိုကောင်းလာစေဖို့ လေ့ကျင့်လုပ်ယူလို့ရတဲ့ အရည်အချင်းတစ်ရပ်လို့လည်း သုတေသီ တွေက ယုံကြည်ကြပါတယ်။

EQ မြင့်မားသူတွေဟာ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ကြပါတယ်၊ ဖိအားအောက်မှာ အေးအေးဆေးဆေးနေနိုင်ကြပါတယ်၊ ပဋိပက္ခတွေ ပြေလည်စေနိုင်ပါတယ်၊ စာနာမှု အားကောင်းပါတယ်၊ အပြုသဘောဝေဖန်မှုကို နားထောင်၊ စဥ်းစား၊ တုံ့ပြန်ပါတယ်။ EQ နိမ့်သူတွေကတော့ အမှားတွေအတွက် တာဝန်ယူဖို့ ခေါင်းရှောင် ဒါမှမဟုတ် ခံရသူအဖြစ် အသွင်ဖမ်းပါတယ်၊ လူမှုဆက်ဆံရေးမှာ ရန်မူတဲ့၊ မာန်ပါတဲ့ ဟန်ပန်တွေ ရှိပါတယ်၊ အသင်းအဖွဲ့နဲ့ အလုပ်လုပ်ဖို့ ငြင်းပါတယ်၊ အခြားသူတွေကို အလွန်အကျွံ ဝေဖန် ဒါမှမဟုတ် အခြားသူတွေရဲ့ သဘောထားထင်မြင်ချက်တွေကို အရေးမထားပယ်ချပါတယ်။

EQ ဆိုတဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဉာဏ်စွမ်းအားကို ဘယ်လိုပိုကောင်းလာစေမလဲ?

၁။ ကိုယ့်ကိုယ်ကိုယ် ပိုမိုသိရှိသတိမူမိလာခြင်း

လုပ်ငန်းခွင်မှာ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဉာဏစွမ်းရည်တွေ အသုံးချဖို့ ပထမဆုံးအခြေခံအချက်တစ်ချက်က သင့်ခံစားချက်တွေကို သိရှိသတိမူမိဖို့ရာ လေ့ကျင့်ဖို့ပဲ ဖြစ်ပါတယ်။ သင့်ကိုယ်သင် သတိမူမိခြင်းဆိုတာ ကိုယ့်စိတ်လှုပ်ရှားမှုတွေနဲ့ ခံစားချက်တွေအပါအဝင် သင့်ကိုယ်သင် ရှုထောင့်အမျိုးမျိုးကနေ သတိမူမိခြင်းကို ဆိုလိုတာပါ။

သင့်စိတ်ခံစားချက်တွေကို သိရှိဖို့နဲ့ အဲဒီခံစားချက်တွေကို ဘယ်အရာက ဖြစ်စေသလဲဆိုတာကို နားလည်ဖို့ဆိုရင် အရင်ဆုံး သင့်ကိုယ်သင် သတိမူမိဖို့လိုပါတယ်။

သင်ဘယ်လို ခံစားနေရတယ်ဆိုတာကို အာရုံစိုက်ပါ

စိတ်ခံစားမှုဆိုင်ရာ အားသာချက်နဲ့ အားနည်းချက်တွေကို ဆင်ခြင်သုံးသပ်ပါ

စိတ်ခံစားချက်တွေဆိုတာ တဒင်္ဂ၊ ခဏတစ်ဖြုတ်ပဲဆိုတာကို သတိရပါ

၂။ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်တတ်အောင် လေ့ကျင့်ပါ

ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုဆိုတာ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဉာဏ်စွမ်းအားရဲ့ အလွန်အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ သင့်ခံစားချက်တွေကို သိရှိဖို့ အရင်ဆုံးလိုအပ်သလိုပဲ သင့်ခံစားချက်တွေကို စီမံကိုင်တွယ်တတ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းထိန်းချုပ်တတ်သူတွေဟာ ပြောင်းလဲသွားတဲ့ အခြေအနေတွေကို အလိုက်သင့်အလျားသင့် လိုက်လျောညီထွေဖြစ်နိုင်ကြပါတယ်။ သူတို့က မျိုသိပ်လိုက်တာ မဟုတ်ပါဘူး။ လွှတ်ခနဲ တုံ့ပြန်မယ့်အစား သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထုတ်ဖော်ဖို့ သင့်လျော်တဲ့နည်းလမ်းတွေကို စောင့်ဆိုင်းကြတာပါ။ လုပ်ငန်းခွင်မှာ သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်း တိုးတက်စေဖို့အတွက်လုပ်ငန်းခွင်စိတ်ဖိစီးမှုကို လျှော့ချ/လွှတ်လိုက်ဖို့ နည်းလမ်းတွေ ရှာပါအရာရာတိုင်းကို ကိုင်တွယ်ထိန်းချုပ်လို့ မရနိုင်ဘူးဆိုတာကို လက်ခံပါဆုံးဖြတ်ချက်မချခင် စဥ်းစားပါ

၃။ လူမှုဆက်ဆံရေးကောင်းအောင် လုပ်ပါ

EQ မြင့်တဲ့သူတွေဟာ ပေါင်းသင်းဆက်ဆံရေးမှာလည်း အားကောင်းတာကို စိတ်ခံစားချက်စိတ်ပညာသုတေသနတွေက တွေ့ရှိကြပါတယ်။ သူတို့က အခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို အသိအမှတ်ပြုရာမှာ ကျွမ်းကျင်တာကြောင့် အခြေအနေနဲ့ သင့်လျော်စွာ တုံ့ပြန်နိုင်ကြပါတယ်။ သင့်လူမှုဆက်ဆံရေးအရည်အချင်းကို အားကောင်းစေဖို့ အခြားသူတွေပြောတာကို တက်တက်ကြွကြွနားထောင်ပါ (တက်တက်ကြွကြွနားထောင်ခြင်းတွင် အာရုံစိုက်ခြင်းအား ပြသခြင်း၊ မေးခွန်းထုတ်ခြင်းနှင့် တုံ့ပြန်ချက်ပေးခြင်းတို့ ပါဝင်ပါသည်)။ သင်က မန်နေဂျာတစ်ဦးဖြစ်စေ အဖွဲ့ဝင်တစ်ဦးဖြစ်စေ တက်တက်ကြွကြွနားထောင်တယ်ဆိုရင် ဒါဟာ သင့်အနေနဲ့ အလုပ်စီမံကိန်းတွေနဲ့ပတ်သက်လို့ စိတ်ပြင်းပြကြောင်း၊ ပန်းတိုင်တွေရောက်ဖို့အတွက် အဖွဲ့ကို အခြား သူတွေနဲ့အတူ လက်တွဲကူညီလိုကြောင်းတွေကို ပြသရာရောက်နိုင်ပါတယ်။

လက်ဟန်ခြေဟန်မျက်ရိပ်မျက်ကဲနဲ့ ဆက်သွယ်ချက်တွေကို အာရုံစိုက်ပေးပါ။ လူတွေ သူတို့ရဲ့ ကိုယ်အမူ အရာကနေ ပို့လွှတ်တဲ့အချက်ပြမှုတွေက သူတို့တကယ့် တကယ်စဥ်းစားနေတဲ့အရာအကြောင်းအများကြီးပေးသိနိုင်ပါတယ်။

သင့်ရဲ့စည်းရုံး‌ရေးအရည်အချင်းတွေကို သွေးပါ။ အလုပ်ခွင်မှာ သြဇာလွှမ်းမိုးနိုင်ခြင်းနဲ့ အဖွဲ့ဝင်တွေနဲ့ ကြီးကြပ်ရေးမှူးတွေကို သင့်စိတ်ကူးအကြံဉာဏ်တွေ နားထောင်အောင် သိမ်းသွင်းနိုင်ခြင်းတွေက သင့်အလုပ်အကိုင်လမ်းကြောင်း တိုးတက်စေဖို့အတွက် များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။

လုပ်ငန်းခွင်အရှုပ်တော်ပုံတွေကို ရှောင်ရှားပါ။ ရုံးတွင်းအတင်းအဖျင်းတွေ၊ နိုင်ငံရေး၊ ဘာသာရေး၊ ငွေရေးကြေးရေးစသဖြင့် ရှုပ်ရှုပ်ယှက်ယှက်ဇာတ်လမ်း၊ ပဋိပက္ခတွေထဲ မညပ်အောင်၊ ဝင်မိစေအောင် ရှောင်ရှားပါ။

၄။ ပိုမိုစာနာလာတတ်ပါစေ

စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဉာဏစွမ်းအားရှိသူတွေဟာ အခြားသူတစ်ဦးရဲ့ စိတ်ထဲကို ကောင်းကောင်းထိုး ဖောက်မြင်နိုင်ပြီး သူတို့ဘယ်လိုခံစားရတယ်ဆိုတာကို နားလည်သိရှိကြပါတယ်။ စာနာမှုဆိုတာကျ သိရှိရုံထက်ပိုပါတယ်။ အဲဒီခံစားချက်တွေကို သင်ဘယ်လိုတုံ့ပြန်သလဲ ဆိုတာပါ ပါလာပါပြီ။

အခြားသူရဲ့ရှုထောင့်ကနေ ရှုမြင်ပါ။ ဒီလိုရှုမြင်ဖို့ဆိုတာ အထူးသဖြင့် အခြားသူက မှားနေတယ်လို့ သင်ခံစားရတဲ့အခြေအနေမျိုးမှာ သိပ်တော့မလွယ်ကူပါဘူး။ ဒါပေမဲ့ သဘောကွဲလွဲမှုတွေကို ကြီးကြီးမားမားပဋိပက္ခတွေ ဖြစ်လာစေမှာနဲ့စာရင် အခြားသူရဲ့ ရှုထောင့်ကနေ ရှုမြင်ကြည့်ဖို့ရာ ကြိုးစားလိုက်ပါ။ နှစ်ဖက်အကြား ကြားကျတဲ့ရပ်တည်မှုတစ်ခုကို ရှာတွေ့စေနိုင်ပါတယ်။

သင် အခြားသူတွေအပေါ် တုံ့ပြန်ပုံကို အာရုံစိုက်ပါ။ သူတို့ရဲ့စိတ်ကူးအကြံဉာဏ်တွေကို ဝေမျှဖို့ အခွင့်အရေး သင်ပေးဖြစ်ရဲ့လား? သူတို့ရဲ့အကြံဉာဏ်ကို သင်သဘောမတူဘူးဆိုရင်တောင် အသိအမှတ်လေးတော့ ပြုလိုက်ရဲ့လား? သူတို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေက ကောင်းကျိုးရှိတယ်ဆိုတာ သူတို့ကို သိစေခြင်းက လူတိုင်းကို အလျှော့ပေးလာချင်စိတ် ပိုမိုဖြစ်စေပါတယ်။

၅။ သင့်ရဲ့ ပင်ကိုယ်စေ့ဆော်မှု

စိတ်ခံစားချက်ပိုင်းဆိုင်ရာဉာဏ်စွမ်းရဲ့ နောက်ထပ်အဓိကပါဝင်တဲ့ အစိတ်အပိုင်းကတော့ ပင်ကိုယ်စေ့ဆော် မှု/လှုံ့ဆော်မှုပဲဖြစ်ပါတယ်။ EQ အားကောင်းသူတွေဟာ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ရောက်ရှိဖို့ စေ့ဆော်နိုးကြားမှုပိုရှိတတ်ကြပါတယ်။ ပြင်ပက ဆုလာဘ်တွေရရှိဖို့ဆိုတာထက် သူတို့လုပ်ချင်တဲ့အရာကို လုပ်ချင်စိတ်ပြင်းပြကြပြီး ပြီးမြောက်အောင်ဆောင်ရွက်ချင်စိတ်ကြောင့်သာ သူတို့ လုပ်ကိုင်ဆောင်ရွက်ချင်ကြတာပါ။ ဒါကြောင့် သင့်အလုပ်နဲ့ပတ်သက်လို့ သင်ချစ်မြတ်နိုးသဘောကျတဲ့အရာကို အာရုံစိုက်ပါ။ အကောင်းမြင်စိတ်ထားကို ကြိုးစားထိန်းသိမ်းပါ။

တကယ်တော့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ဉာဏ်စွမ်းအားဟာ လုပ်ငန်းခွင်အောင်မြင်မှုအတွက်သာမက ပါဘူး ကိုယ်စိတ် နှစ်ပါးစလုံးကျန်းမာချမ်းသာစေဖို့အထိ အရေးပါတဲ့အခန်းကဏ္ဍဖြစ်တာကြောင့် ကျွန်ုပ်တို့ အားလုံး EQ ကောင်းအောင်ကြိုးစားကြပါစို့!

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Utilizing Emotional Intelligence in the Workplace (Verywellmind.com)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service