ဆောက်လုပ်ရေးလောကကြီးတစ်ခုလုံးကို ပြောင်းလဲပစ်မည့် တီထွင်မှုကြီး (သို့မဟုတ်) Amazon နှင့် Microsoft တို့ ကျောထောက်နောက်ခံပေးထားသော ကုမ္ပဏီတစ်ခုက လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူမည့် ကွန်ကရစ်ကို တီထွင်
ဆောက်လုပ်ရေးလောကကြီးတစ်ခုလုံးကို ပြောင်းလဲပစ်မည့် တီထွင်မှုကြီး (သို့မဟုတ်) Amazon နှင့် Microsoft တို့ ကျောထောက်နောက်ခံပေးထားသော ကုမ္ပဏီတစ်ခုက လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူမည့် ကွန်ကရစ်ကို တီထွင် - Property News in Myanmar from iMyanmarHouse.com
12 Jan 2024 10:50 am တွင် တင်ခဲ့သည်
560 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကွန်ကရစ်ထုတ်လုပ်ရေးသည် ကမ္ဘာ့လေထုညစ်ညမ်းမှု အဓိကဖြစ်စေသော အကြောင်းရင်းများတွင် တစ်ခုပါဝင် နေသည်။
နှစ်စဉ်ကမ္ဘာ့ကာဗွန်ညစ်ညမ်းမှုစုစုပေါင်း၏ ၇ ရာခိုင်နှုန်းမှာ ကွန်ကရစ်ထုတ်လုပ်မှုမှ လာခြင်း ဖြစ်သည်။
ကွန်ကရစ်ထုတ်လုပ်ရေးသည် လေထုအရည်အသွေးဆိုးရွားစေသည့်အပြင် ကမ္ဘာကြီးအလွန်ပူနွေးလာ နေခြင်း၏ အကြောင်းရင်းများတွင် ပါဝင်ကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြသည်။
ယခုအခါ CarbonCure Technologies အမည်ရှိ ထွန်းသစ်စ ကုမ္ပဏီတစ်ခုက ကာဗွန်ညစ်ညမ်းမှုများ လျှော့ချနိုင်မည့် နည်းလမ်းတစ်ခုကို ဖော်ထုတ်လာသည်။
၎င်း၏ နည်းလမ်းမှာ ကာဗွန်ဒိုင်အောက်ဆိုက်ကို ကွန်ကရစ်က စုပ်ယူသည့် နည်းလမ်းဖြစ်သည်။
လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်သည် ဘိလပ်မြေတွင်ပါဝင်သော ကယ်လ်စီယံ အိုင်ယွန်းနှင့် ဓာတ်ပြုကာ ကယ်လ်စီယံ ကာဗွန်နိတ်ဟုခေါ်သော အလွန်တရာစွဲကပ်အားကောင်းသည့်ပစ္စည်းဖြစ်လာစေသည်။
ထိုနည်းလမ်းက ဘိလပ်မြေသုံးစွဲရမှုပမာဏကို ကြီးမားစွာလျှော့ချပေးနိုင်သည့်အပြင် လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မည့်အစား ကာဗွန်ဒိုင်အောက်ဆိုက်အား ဖမ်းယူထိန်းသိမ်းထား လိုက်ခြင်းလည်း ဖြစ်သည်။
CarbonCure ကို Amazon နှင့် Microsoft ကုမ္ပဏီကြီးများက ဘဏ္ဍာရေး ကျောထောက်နောက်ခံပေး ထားသည်။
ထို့အပြင် CarbonCure သည် ၎င်း၏ နည်းပညာပိုမိုသေချာခိုင်မာစေရန် Vulcan Materials ကဲ့သို့ ဆောက်လုပ်ရေးကုမ္ပဏီများနှင့် လက်တွဲအကောင်အထည်ဖော်လျက်ရှိပြီး ၎င်း၏ ထုတ်ကုန်ကို green concrete ဟု ရည်ညွှန်းထားသည်။
သိပ္ပံပညာရှင်များသည် ကွန်ကရစ်ကို သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်စေရန် ထုတ်လုပ်ရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖမ်းယူခြင်း နည်းလမ်းတစ်ခုတည်းကိုသာ အသုံးပြုခြင်း မဟုတ်ချေ။
သြစတေးလျနိုင်ငံမှ သုတေသနပညာရှင်များက ကော်ဖီအနှစ်များနှင့် ကော်ဖီစွန့်ပစ်ပစ္စည်းများကို ကွန်ကရစ်တွင် ထည့်သွင်း စမ်းသပ်မှုပြုလုပ်လာကြသည်။
ထိုသို့ ထည့်သွင်းခြင်းမှာ ကွန်ကရစ်ကို ပိုမိုခိုင်မာစေသည့်အပြင် သဲများ ထုတ်လုပ်ရယူနေရခြင်းထက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးနိုင်သော အလှည့်အပြောင်းတစ်ခု ရရှိစေမည်လည်း ဖြစ်သည်။
ထို့အပြင် ကော်ဖီအနှစ်များအား မြေဖို့ရာတွင်သာ အဆုံးသတ်စေသည့် အဖြစ်မျိုးမှ ကာကွယ်နိုင်မည်လည်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် Low-Carbon concrete ဟုခေါ်သော ကွန်ကရစ်တစ်မျိုးလည်း ရှိသေးသည်။
ကွန်ကရစ်တွင် ပါဝင်သော ဘိလပ်မြေအချို့အစား စေးကပ်စေသည့် အခြားအရာများ ထည့်သွင်းခြင်း ဖြစ်သည်။
ဘိလပ်မြေ ထုတ်လုပ်ခြင်းမှာ သဘာဝပတ်ဝန်းကျင်အား မယုံနိုင်ဖွယ် ညစ်ညမ်းမှု ရှိစေသည်။
Low-Carbon concrete ကို တိုရွန်တိုမြို့မှ York University ရှိ အဆောက်အအုံတစ်ခုတွင် စမ်းသပ်အသုံးပြုပြီးလည်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: New ‘green concrete’ could change the construction industry: ‘We’re on the cusp of a second industrial revolution’ (yahoo)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
magical-world
7Mile Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service