Pathaan ရုပ်ရှင်ကားတွင် ရှရွတ်ခန်၊ ဒီဗီကာတို့နှင့်အတူ သရုပ်ဆောင်ခဲ့သော ဘောလိဝုဒ်ကြယ်ပွင့် John Abraham က မွန်ဘိုင်းမြို့ရှိ ဘန်ဂလိုအိမ်တစ်လုံးကို ရူပီး ၇၅ ကုဋေဖြင့် ဝယ်ယူ

Pathaan ရုပ်ရှင်ကားတွင် ရှရွတ်ခန်၊ ဒီဗီကာတို့နှင့်အတူ သရုပ်ဆောင်ခဲ့သော ဘောလိဝုဒ်ကြယ်ပွင့် John Abraham က မွန်ဘိုင်းမြို့ရှိ ဘန်ဂလိုအိမ်တစ်လုံးကို ရူပီး ၇၅ ကုဋေဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
9 Jan 2024 10:14 am တွင် တင်ခဲ့သည်
650 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(John Abraham ဘယ်သူလဲ)

ဂျွန်အေဘရာဟမ် (မွေး ၁၉၇၂) သည် အိန္ဒိယရုပ်ရှင်မင်းသား၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်ပြီး ဟင်ဒီ ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်သူဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားများစွာ ပါဝင်သရုပ်ဆောင်ခဲ့ရာ နောက်ဆုံးထွက်ရှိထားသော Pathaan (2023) တွင် ရှရွတ်ခန်၊ ဒီဗီကာတို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဆိုပါဇာတ်ကားမှာ ဂျွန်အေဘရာဟမ်ပါဝင်ခဲ့သော ဇာတ်ကားများ အနက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့သည်။

National Film Award အပြင် Filmfare Award ၄ ကြိမ်အမည်စာရင်းတင်သွင်းခံခဲ့ရသည်။

၂၀၁၇ ခုနှစ်ကတည်းက သူ၏ ဝင်ငွေနှင့် ကျော်ကြားမှုတို့ကြောင့် Forbes India က ဖော်ပြသော Celebrity 100 စာရင်းတွင် ထည့်သွင်းဖော်ပြခံရသည်။

(ဘန်ဂလို ဝယ်ယူမှု)

ယခုအခါ ဂျွန် အေဘရာဟမ်က မွမ်ဘိုင်းမြို့၊ Khar အရပ်၊ Linking လမ်းရှိ ဘန်ဂလိုတစ်ခုကို ဝယ်ယူရန် စာချုပ်ချုပ်လိုက်ပြီး ရူပီး ၇၅ ကုဋေဖြင့် အရောင်းအဝယ်ဖြစ်သွားခြင်း ဖြစ်သည်။

မွန်ဘိုင်းမြို့၊ Nirmal Bhavan ဝန်း၊ အမှတ် ၃၇၂ တွင် တည်ရှိပြီး ပိုင်ရှင်မှာ Pravin Nathalal Shan နှင့် မိသားစုဖြစ်သည်။

IndexTap ၏ ဖော်ပြချက်အရ ဂျွန်အေဘရာဟမ်၏ ဘန်ဂလိုအိမ် အရောင်းအဝယ်စာချုပ်ကို ဒီဇင်ဘာ ၂၇ ရက် တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ရူပီး ၇၀ ဒသမ ၈ ကုဋေဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အိမ်တန်ဖိုးအပြင် တံဆိပ်ခေါင်းခွန်အတွက် ရူပီး ၄ ဒသမ ၂၅ ကုဋေပေးခဲ့ရသည်။

ခြံအကျယ်မှာ ၇၇၂၂ စတုရန်းပေရှိပြီး အိမ်အကျယ် ၅၄၁၆ စတုရန်းပေရှိသည်။

ရုပ်ရှင်ကြယ်ပွင့် ဂျွန်က ယခုဘန်ဂလိုအိမ်ကို မည်သို့အသုံးပြုရန် စီစဉ်ထားကြောင်း မသိရသေး။

အိမ်ခြံမြေဈေးကွက် သတင်းရင်းမြစ်တို့၏ ပြောကြားချက်အရ ဂျွန်ဝယ်ယူလိုက်သော မြေနေရာသည် မွမ်ဘိုင်းမြို့၏ တန်ကြေးအကြီးဆုံးနေရာများတွင် ပါဝင်ကြောင်း ပြောသည်။

Linking လမ်းပေါ်ရှိ ဈေးဆိုင်များ၏ ငှားရမ်းခမှာ ၁ စတုရန်းပေလျှင် ရူပီး ၈၀၀ ကျော် ရှိသည်။

အဆိုပါနေရာသည် အိန္ဒိယတွင် ဈေးအကြီးဆုံးနေရာများ၌ ပါဝင်ကြောင်း Lias Foras မှ ပန်ကက်ဂျ် ကပူးက ပြောသည်။

ဂျွန်သည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကြီးမားစွာ ပြုလုပ်ကြသော ဘောလိဝုဒ်ကြယ်ပွင့်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

၂၀၀၉ ခုနှစ်အတွင်း ဂျွန်သည် Union Park အနီးရှိ မြေကွက်တစ်ခုကို ဖာရ်စီ မိသားစုတစ်ခုထံမှ ဝယ်ယူခဲ့သည်။

ဂျွန်နှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ခုက TOI သတင်းဌာနသို့ ပြောသည်မှာ မင်းသားအနေဖြင့် ထိုမြေကွက် တွင် အဆောက်အအုံများ ဆောက်လုပ်ရန် လတ်တလော အစီအစဉ်မရှိသေးကြောင်း ပြောသည်။

ရုပ်ရှင်မင်းသား ဆယ်လ်မန်ခန်းသည်လည်း Linking လမ်းပေါ်တွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ နေရာ တစ်ခု ပိုင်ဆိုင်ထားသည်။

ဆယ်လ်မန်ခန်းက ထိုနေရာကို လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က ရူပီး ကုဋေ ၁၂၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Anarock Group ၏ ဥက္ကဌ Anuj Puri က ပြောသည်မှာ အိန္ဒိယအကျော်အမော်များစွာသည် မွမ်ဘိုင်းမြို့ရှိ Bandra, Juhu နှင့် Khar တို့ကဲ့သို့ အထင်ကရ နေရာများရှိ ဘန်ဂလိုအိမ်များကို Developer တို့ထံ ရောင်းချ ကြကြောင်း ၊ Developer တို့က ထိုနေရာများတွင် ဆောက်လုပ်ရေး စီမံကိန်းများ အကောင်အထည်ဖော်ကြ‌ကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Big ticket buy: Actor John Abraham acquires bungalow in prime Mumbai area for Rs 75 crore (timesofindia)

[Zawgyi]

Pathaan ရုပ္ရွင္ကားတြင္ ရွရြတ္ခန္၊ ဒီဗီကာတို႔ႏွင့္အတူ သရုပ္ေဆာင္ခဲ့ေသာ ေဘာလိဝုဒ္ၾကယ္ပြင့္ John Abraham က မြန္ဘိုင္းျမိဳ႕ရွိ ဘန္ဂလိုအိမ္တစ္လံုးကို ရူပီး ၇၅ ကုေဋျဖင့္ ဝယ္ယူ

(John Abraham ဘယ္သူလဲ)

ဂၽြန္ေအဘရာဟမ္ (ေမြး ၁၉၇၂) သည္ အိႏိၵယရုပ္ရွင္မင္းသား၊ ရုပ္ရွင္ထုတ္လုပ္သူတစ္ဦးျဖစ္ျပီး ဟင္ဒီ ရုပ္ရွင္မ်ားတြင္ ပါဝင္သရုပ္ေဆာင္သူျဖစ္သည္။

ရုပ္ရွင္ဇာတ္ကားမ်ားစြာ ပါဝင္သရုပ္ေဆာင္ခဲ့ရာ ေနာက္ဆံုးထြက္ရွိထားေသာ Pathaan (2023) တြင္ ရွရြတ္ခန္၊ ဒီဗီကာတို႔ႏွင့္အတူ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး အဆိုပါဇာတ္ကားမွာ ဂၽြန္ေအဘရာဟမ္ပါဝင္ခဲ့ေသာ ဇာတ္ကားမ်ား အနက္ ဝင္ေငြအေကာင္းဆံုးျဖစ္ခဲ့သည္။

National Film Award အျပင္ Filmfare Award ၄ ၾကိမ္အမည္စာရင္းတင္သြင္းခံခဲ့ရသည္။

၂၀၁၇ ခုႏွစ္ကတည္းက သူ၏ ဝင္ေငြႏွင့္ ေက်ာ္ၾကားမႈတို႔ေၾကာင့္ Forbes India က ေဖာ္ျပေသာ Celebrity 100 စာရင္းတြင္ ထည့္သြင္းေဖာ္ျပခံရသည္။

(ဘန္ဂလို ဝယ္ယူမႈ)

ယခုအခါ ဂၽြန္ ေအဘရာဟမ္က မြမ္ဘိုင္းျမိဳ႕၊ Khar အရပ္၊ Linking လမ္းရွိ ဘန္ဂလိုတစ္ခုကို ဝယ္ယူရန္ စာခ်ဳပ္ခ်ဳပ္လိုက္ျပီး ရူပီး ၇၅ ကုေဋျဖင့္ အေရာင္းအဝယ္ျဖစ္သြားျခင္း ျဖစ္သည္။

မြန္ဘိုင္းျမိဳ႕၊ Nirmal Bhavan ဝန္း၊ အမွတ္ ၃၇၂ တြင္ တည္ရွိျပီး ပိုင္ရွင္မွာ Pravin Nathalal Shan ႏွင့္ မိသားစုျဖစ္သည္။

IndexTap ၏ ေဖာ္ျပခ်က္အရ ဂၽြန္ေအဘရာဟမ္၏ ဘန္ဂလိုအိမ္ အေရာင္းအဝယ္စာခ်ဳပ္ကို ဒီဇင္ဘာ ၂၇ ရက္ တြင္ ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ျပီး ရူပီး ၇၀ ဒသမ ၈ ကုေဋျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

အိမ္တန္ဖိုးအျပင္ တံဆိပ္ေခါင္းခြန္အတြက္ ရူပီး ၄ ဒသမ ၂၅ ကုေဋေပးခဲ့ရသည္။

ျခံအက်ယ္မွာ ၇၇၂၂ စတုရန္းေပရိွျပီး အိမ္အက်ယ္ ၅၄၁၆ စတုရန္းေပရွိသည္။

ရုပ္ရွင္ၾကယ္ပြင့္ ဂၽြန္က ယခုဘန္ဂလိုအိမ္ကို မည္သုိ႔အသံုးျပဳရန္ စီစဥ္ထားေၾကာင္း မသိရေသး။

အိမ္ျခံေျမေစ်းကြက္ သတင္းရင္းျမစ္တို႔၏ ေျပာၾကားခ်က္အရ ဂၽြန္ဝယ္ယူလိုက္ေသာ ေျမေနရာသည္ မြမ္ဘိုင္းျမဳိ႕၏ တန္ေၾကးအၾကီးဆံုးေနရာမ်ားတြင္ ပါဝင္ေၾကာင္း ေျပာသည္။

Linking လမ္းေပၚရွိ ေစ်းဆိုင္မ်ား၏ ငွားရမ္းခမွာ ၁ စတုရန္းေပလွ်င္ ရူပီး ၈၀၀ ေက်ာ္ ရွိသည္။

အဆိုပါေနရာသည္ အိႏၵိယတြင္ ေစ်းအၾကီးဆံုးေနရာမ်ား၌ ပါဝင္ေၾကာင္း Lias Foras မွ ပန္ကက္ဂ်္ ကပူးက ေျပာသည္။

ဂၽြန္သည္ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈ ၾကီးမားစြာ ျပဳလုပ္ၾကေသာ ေဘာလိဝုဒ္ၾကယ္ပြင့္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

၂၀၀၉ ခုႏွစ္အတြင္း ဂၽြန္သည္ Union Park အနီးရွိ ေျမကြက္တစ္ခုကို ဖာရ္စီ မိသားစုတစ္ခုထံမွ ဝယ္ယူခဲ့သည္။

ဂၽြန္ႏွင့္နီးစပ္ေသာ သတင္းရင္းျမစ္တစ္ခုက TOI သတင္းဌာနသို႔ ေျပာသည္မွာ မင္းသားအေနျဖင့္ ထုိေျမကြက္ တြင္ အေဆာက္အအံုမ်ား ေဆာက္လုပ္ရန္ လတ္တေလာ အစီအစဥ္မရွိေသးေၾကာင္း ေျပာသည္။

ရုပ္ရွင္မင္းသား ဆယ္လ္မန္ခန္းသည္လည္း Linking လမ္းေပၚတြင္ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ ေနရာ တစ္ခု ပိုင္ဆိုင္ထားသည္။

ဆယ္လ္မန္ခန္းက ထိုေနရာကို လြန္ခဲ့ေသာ ဆယ္စုႏွစ္တစ္ခုခန္႔က ရူပီး ကုေဋ ၁၂၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Anarock Group ၏ ဥကၠဌ Anuj Puri က ေျပာသည္မွာ အိႏိၵယအေက်ာ္အေမာ္မ်ားစြာသည္ မြမ္ဘိုင္းျမဳိ႕ရွိ Bandra, Juhu ႏွင့္ Khar တို႔ကဲ့သို႔ အထင္ကရ ေနရာမ်ားရွိ ဘန္ဂလိုအိမ္မ်ားကို Developer တို႔ထံ ေရာင္းခ် ၾကေၾကာင္း ၊ Developer တို႔က ထိုေနရာမ်ားတြင္ ေဆာက္လုပ္ေရး စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ၾက‌ေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Big ticket buy: Actor John Abraham acquires bungalow in prime Mumbai area for Rs 75 crore (timesofindia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service