၃ နှစ် ကမ္ဘာပတ်မည့် အပျော်စီးသင်္ဘောကြီးပေါ်တွင် လိုက်ပါရန်အတွက် တိုက်ခန်းနှင့် ပိုင်ဆိုင်သမျှ ရောင်းချခဲ့ကာ လက်မှတ်ဝယ်ခဲ့သော စုံတွဲ ကုမ္ပဏီက ခရီးစဉ်ဖျက်သိမ်းမှုကြောင့် ဟိုတယ်ခန်းတစ်ခုတွင် နေထိုင်နေရ

၃ နှစ် ကမ္ဘာပတ်မည့် အပျော်စီးသင်္ဘောကြီးပေါ်တွင် လိုက်ပါရန်အတွက် တိုက်ခန်းနှင့် ပိုင်ဆိုင်သမျှ ရောင်းချခဲ့ကာ လက်မှတ်ဝယ်ခဲ့သော စုံတွဲ ကုမ္ပဏီက ခရီးစဉ်ဖျက်သိမ်းမှုကြောင့် ဟိုတယ်ခန်းတစ်ခုတွင် နေထိုင်နေရ - Property News in Myanmar from iMyanmarHouse.com
10 Jan 2024 4:29 pm တွင် တင်ခဲ့သည်
962 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၃ နှစ်တာ ကမ္ဘာပတ်မည့် အပျော်စီးသင်္ဘောကြီးတွင် လိုက်ပါရန်အတွက် တိုက်ခန်းနှင့် ပိုင်ဆိုင်သမျှ ရောင်းချခဲ့သော စုံတွဲမှာ ခရီးစဉ်ဖျက်သိမ်းမှုကြောင့် ယခုအခါ အိမ်ရာမဲ့ဖြစ်မည့်အရေး စိုးရိမ်နေကြသည်။

အမေရိကန်ပြည် အိုဟိုင်းအိုပြည်နယ်မှ ကာရာနှင့် ဂျိုးယူဆက်ဖ်တို့စုံတွဲသည် တူရကီအခြေစိုက် ခရီးသွား အေဂျင်စီ Miray Cruises က စီစဉ်သော Life at Sea trip အမည်ရှိ ကမ္ဘာပတ်မည့် ခရီးစဉ်အကြောင်း ကြားသိရချိန်တွင် အလွန်ကြည်နူးပျော်ရွှင် စိတ်အားတက်ကြွခဲ့ကြသည်။

အဆိုပါ ခရီးစဉ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် စတင်ရန် စီစဉ်ခဲ့ပြီး ပင်လယ်ပြင်တွင် ၁၀၉၅ ရက် ဖြတ်သန်းကာ ကမ္ဘာပတ်ရန်နှင့် ကမ္ဘာတစ်ဝန်းရှိ ဆိပ်ကမ်းပေါင်း ၃၈၂ ခုတွင် ရပ်နားရန် စီစဉ်ခဲ့သည်။

ကာရာတို့စုံတွဲက သင်္ဘောလက်မှတ်အတွက် ၎င်းတို့နှစ်ဦးလုံး၏ အိမ်များအပြင် တစ်ဘဝလုံး စုဆောင်းထားသည့် အားလုံးနီးပါးကို သုံးစွဲရန် ဆုံးဖြတ်ခဲ့ကြသည်။

ခရီးစဉ်ထွက်ခွာရန် ရက်အနည်းငယ်သာ လိုသောအချိန်တွင်မှ ခရီးစဉ်ဖျက်သိမ်းကြောင်း အေဂျင်စီက ပြောလာသည်။

လက်ရှိအားဖြင့် ကာရာတို့စုံတွဲသည် တူရကီနိုင်ငံ ၊ အစ္စတန်ဘူမြို့ရှိ ဟိုတယ်တစ်ခုတွင် နေထိုင်လျက်ရှိပြီး ၎င်းတို့ ပေးသွင်းထားသော ဒေါ်လာ ၈၀၀၀၀ ပြန်အမ်းငွေရရန် စောင့်ဆိုင်းနေကြသည်။

(အမေရိကန်ပြည် အိုဟိုင်းအိုပြည်နယ်မှ ကာရာနှင့် ဂျိုးယူဆက်ဖ်တို့စုံတွဲသည် တူရကီအခြေစိုက် ခရီးသွား အေဂျင်စီ Miray Cruises က စီစဉ်သော Life at Sea trip အမည်ရှိ ကမ္ဘာပတ်မည့် ခရီးစဉ်အကြောင်း ကြားသိရချိန်တွင် အလွန်ကြည်နူးပျော်ရွှင် စိတ်အားတက်ကြွခဲ့ကြသည်။)

“နောက်ဆုံး မိနစ်တွေအထိ သူတို့က မျှော်လင့်ချက်တွေ ပေးထားခဲ့တယ်။ ဒီအိပ်မက် အကောင်အထည်ဖော်ဖို့ အတွက် အားလုံးကို ရောင်းချခဲ့ရ ပါတယ်။ အခုချိန်မှာ လုံးဝ ရှုံးနိမ့်သွားပြီလို့ ခံစားရတယ်။”ဟု ကာရာက နယူးယောက်တိုင်းမ် သတင်းဌာနသို့ ပြောသည်။

နယူးယောက်တိုင်းမ်၏ ဖော်ပြချက်အရ ကမ္ဘာပတ်မည့် အပျော်စီးသင်္ဘောခရီးစဉ် စီစဉ်မည့် အကြံအစည်ကို Mikael Petterson အမည်ရှိ လုပ်ငန်းရှင်တစ်ဦးက ၂၀၂၂ ခုနှစ် ၊ ဇွန်လတွင် စတင်အကြံရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းက Miray ခရီးသွားအေဂျင်စီ၏ ပိုင်ရှင် Vedat Ugurlu နှင့် ဆက်သွယ်ခဲ့သည်။

Vedat Ugurlu က ပြောသည်မှာ MC Gemini အမည်ရှိ သင်္ဘောတစ်စင်းရှိကြောင်း ၊ အခန်းပေါင်း ၄၀၀ ပါဝင်ပြီး ခရီးသည် ၁၀၀၀ ခန့် လိုက်ပါနိုင်ကြောင်း ပြောပြသည်။

Miray အေဂျင်စီက ကမ္ဘာပတ်မည့် ခရီးစဉ်ကို ၂၀၂၃ ခုနှစ် ၊ မတ်လတွင် ကြေညာခဲ့သည်။

အခန်းဈေးနှုန်းများမှာ အသေးဆုံး အခန်းအတွက် ဒေါ်လာ ၉၀၀၀၀ မှစကာ အခန်းကျယ်တစ်ခုအတွက် ဒေါ်လာ ၉၇၅၀၀၀ အထိ ကောက်ခံခဲ့သည်။

ထိုမျှ ဈေးနှုန်းများပြားလှသော်လည်း ခရီးစဉ်အကြောင်း လူသိများသွားကာ လူပေါင်း ရာဂဏန်းခန့် စာရင်းပေးခဲ့ကြသည်။

သို့သော် နောင်တစ်လခန့်ကြာသောအခါ ဤမျှ ကြာမြင့်လှသည့်ခရီး သွားလာရန် ကုန်ကျမည့် လောင်စာဆီ ပမာဏနှင့် စပ်လျဉ်းပြီး စိုးရိမ်မကင်း ဖြစ်လာကြသည်။

(၃ နှစ် ကမ္ဘာပတ်မည့် ခရီးစဉ်တွင် လိုက်ပါရန် ခရီးသည်များစွာ စာရင်းပေးသွင်းထားသော်လည်း ရက်နီးကပ် လာချိန်တွင် အေဂျင်စီက ခရီးစဉ် ဖျက်သိမ်းခဲ့သည်။)

(ကာရာတို့စုံတွဲက သင်္ဘောလက်မှတ်အတွက် ၎င်းတို့နှစ်ဦးလုံး၏ အိမ်များအပြင် တစ်ဘဝလုံး စုဆောင်းထား သည့် အားလုံးနီးပါးကို သုံးစွဲရန် ဆုံးဖြတ်ခဲ့ကြသည်။)

(လက်ရှိအားဖြင့် ကာရာတို့စုံတွဲသည် တူရကီနိုင်ငံ ၊ အစ္စတန်ဘူမြို့ရှိ ဟိုတယ်တစ်ခုတွင် နေထိုင်လျက်ရှိပြီး ၎င်းတို့ ပေးသွင်းထားသော ဒေါ်လာ ၈၀,၀၀၀ ပြန်အမ်းငွေရရန် စောင့်ဆိုင်းနေကြသည်။)

ယခုလအစောပိုင်းတွင် Miray အေဂျင်စီ၏ ပိုင်ရှင် Vedat က ပြောခဲ့သည်မှာ ငွေမလုံလောက်မှုနှင့် လူစိတ်ဝင်စားခြင်း နည်းပါးမှုတို့ကြောင့် ခရီးစဉ် ဖျက်သိမ်းခြင်းဖြစ်ကြောင်း ပြောသည်။

“အဖြေရှာဖို့အတွက် ကျွန်တော်တို့ အရာရာ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအချိန်ထိ ရင်းနှီးမြှုပ်နှံသူ မရှိတဲ့အပြင် လက်မှတ်တွေလည်း သိပ်မရောင်းခဲ့ရဘူး။”ဟု Vedat က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Couple who sold their apartment and most of their belongings to embark on three-year cruise forced to live in a hotel room after voyage gets canceled (dailymail)

[Zawgyi]

၃ ႏွစ္ ကမၻာပတ္မည့္ အေပ်ာ္စီးသေဘၤာၾကီးေပၚတြင္ လုိက္ပါရန္အတြက္ တုိက္ခန္းႏွင့္ ပိုင္ဆိုင္သမွ် ေရာင္းခ်ခဲ့ကာ လက္မွတ္ဝယ္ခဲ့ေသာ စံုတြဲ ကုမၸဏီက ခရီးစဥ္ဖ်က္သိမ္းမႈေၾကာင့္ ဟိုတယ္ခန္းတစ္ခုတြင္ ေနထိုင္ေနရ

၃ ႏွစ္တာ ကမၻာပတ္မည့္ အေပ်ာ္စီးသေဘၤာၾကီးတြင္ လုိက္ပါရန္အတြက္ တုိက္ခန္းႏွင့္ ပိုင္ဆိုင္သမွ် ေရာင္းခ်ခဲ့ေသာ စံုတြဲမွာ ခရီးစဥ္ဖ်က္သိမ္းမႈေၾကာင့္ ယခုအခါ အိမ္ရာမဲ့ျဖစ္မည့္အေရး စိုးရိမ္ေနၾကသည္။

အေမရိကန္ျပည္ အုိဟုိင္းအိုျပည္နယ္မွ ကာရာႏွင့္ ဂ်ဳိးယူဆက္ဖ္တုိ႔စံုတြဲသည္ တူရကီအေျခစိုက္ ခရီးသြား ေအဂ်င္စီ Miray Cruises က စီစဥ္ေသာ Life at Sea trip အမည္ရွိ ကမၻာပတ္မည့္ ခရီးစဥ္အေၾကာင္း ၾကားသိရခ်ိန္တြင္ အလြန္ၾကည္ႏူးေပ်ာ္ရႊင္ စိတ္အားတက္ၾကြခဲ့ၾကသည္။

အဆိုပါ ခရီးစဥ္ကို ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလ ၁ ရက္တြင္ စတင္ရန္ စီစဥ္ခဲ့ျပီး ပင္လယ္ျပင္တြင္ ၁၀၉၅ ရက္ ျဖတ္သန္းကာ ကမၻာပတ္ရန္ႏွင့္ ကမၻာတစ္ဝန္းရွိ ဆိပ္ကမ္းေပါင္း ၃၈၂ ခုတြင္ ရပ္နားရန္ စီစဥ္ခဲ့သည္။

ကာရာတို႔စံုတြဲက သေဘၤာလက္မွတ္အတြက္ ၎တို႔ႏွစ္ဦးလံုး၏ အိမ္မ်ားအျပင္ တစ္ဘဝလံုး စုေဆာင္းထားသည့္ အားလံုးနီးပါးကို သံုးစြဲရန္ ဆံုးျဖတ္ခဲ့ၾကသည္။

ခရီးစဥ္ထြက္ခြာရန္ ရက္အနည္းငယ္သာ လိုေသာအခ်ိန္တြင္မွ ခရီးစဥ္ဖ်က္သိမ္းေၾကာင္း ေအဂ်င္စီက ေျပာလာသည္။

လက္ရွိအားျဖင့္ ကာရာတို႔စံုတြဲသည္ တူရကီႏိုင္ငံ ၊ အစၥတန္ဘူျမဳိ႕ရွိ ဟိုတယ္တစ္ခုတြင္ ေနထိုင္လ်က္ရွိျပီး ၎တို႔ ေပးသြင္းထားေသာ ေဒၚလာ ၈၀၀၀၀ ျပန္အမ္းေငြရရန္ ေစာင့္ဆိုင္းေနၾကသည္။

(အေမရိကန္ျပည္ အုိဟုိင္းအိုျပည္နယ္မွ ကာရာႏွင့္ ဂ်ဳိးယူဆက္ဖ္တုိ႔စံုတြဲသည္ တူရကီအေျခစိုက္ ခရီးသြား ေအဂ်င္စီ Miray Cruises က စီစဥ္ေသာ Life at Sea trip အမည္ရွိ ကမၻာပတ္မည့္ ခရီးစဥ္အေၾကာင္း ၾကားသိရခ်ိန္တြင္ အလြန္ၾကည္ႏူးေပ်ာ္ရႊင္ စိတ္အားတက္ၾကြခဲ့ၾကသည္။)

“ေနာက္ဆံုး မိနစ္ေတြအထိ သူတို႔က ေမွ်ာ္လင့္ခ်က္ေတြ ေပးထားခဲ့တယ္။ ဒီအိပ္မက္ အေကာင္အထည္ေဖာ္ဖုိ႔ အတြက္ အားလံုးကို ေရာင္းခ်ခဲ့ရ ပါတယ္။ အခုခ်ိန္မွာ လံုးဝ ရံႈးနိမ့္သြားျပီလို႔ ခံစားရတယ္။”ဟု ကာရာက နယူးေယာက္တိုင္းမ္ သတင္းဌာနသုိ႔ ေျပာသည္။

နယူးေယာက္တိုင္းမ္၏ ေဖာ္ျပခ်က္အရ ကမၻာပတ္မည့္ အေပ်ာ္စီးသေဘၤာခရီးစဥ္ စီစဥ္မည့္ အၾကံအစည္ကို Mikael Petterson အမည္ရွိ လုပ္ငန္းရွင္တစ္ဦးက ၂၀၂၂ ခုႏွစ္ ၊ ဇြန္လတြင္ စတင္အၾကံရခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

၎က Miray ခရီးသြားေအဂ်င္စီ၏ ပိုင္ရွင္ Vedat Ugurlu ႏွင့္ ဆက္သြယ္ခဲ့သည္။

Vedat Ugurlu က ေျပာသည္မွာ MC Gemini အမည္ရွိ သေဘၤာတစ္စင္းရွိေၾကာင္း ၊ အခန္းေပါင္း ၄၀၀ ပါဝင္ျပီး ခရီးသည္ ၁၀၀၀ ခန္႔ လိုက္ပါႏိုင္ေၾကာင္း ေျပာျပသည္။

Miray ေအဂ်င္စီက ကမၻာပတ္မည့္ ခရီးစဥ္ကို ၂၀၂၃ ခုႏွစ္ ၊ မတ္လတြင္ ေၾကညာခဲ့သည္။

အခန္းေစ်းႏႈန္းမ်ားမွာ အေသးဆံုး အခန္းအတြက္ ေဒၚလာ ၉၀၀၀၀ မွစကာ အခန္းက်ယ္တစ္ခုအတြက္ ေဒၚလာ ၉၇၅၀၀၀ အထိ ေကာက္ခံခဲ့သည္။

ထုိမွ် ေစ်းႏႈန္းမ်ားျပားလွေသာ္လည္း ခရီးစဥ္အေၾကာင္း လူသိမ်ားသြားကာ လူေပါင္း ရာဂဏန္းခန္႔ စာရင္းေပးခဲ့ၾကသည္။

သို႔ေသာ္ ေနာင္တစ္လခန္႔ၾကာေသာအခါ ဤမွ် ၾကာျမင့္လွသည့္ခရီး သြားလာရန္ ကုန္က်မည့္ ေလာင္စာဆီ ပမာဏႏွင့္ စပ္လ်ဥ္းျပီး စိုးရိမ္မကင္း ျဖစ္လာၾကသည္။

(၃ ႏွစ္ ကမၻာပတ္မည့္ ခရီးစဥ္တြင္ လုိက္ပါရန္ ခရီးသည္မ်ားစြာ စာရင္းေပးသြင္းထားေသာ္လည္း ရက္နီးကပ္ လာခ်ိန္တြင္ ေအဂ်င္စီက ခရီးစဥ္ ဖ်က္သိမ္းခဲ့သည္။)

(ကာရာတို႔စံုတြဲက သေဘၤာလက္မွတ္အတြက္ ၎တို႔ႏွစ္ဦးလံုး၏ အိမ္မ်ားအျပင္ တစ္ဘဝလံုး စုေဆာင္းထား သည့္ အားလံုးနီးပါးကို သံုးစြဲရန္ ဆံုးျဖတ္ခဲ့ၾကသည္။)

(လက္ရွိအားျဖင့္ ကာရာတို႔စံုတြဲသည္ တူရကီႏိုင္ငံ ၊ အစၥတန္ဘူျမဳိ႕ရွိ ဟိုတယ္တစ္ခုတြင္ ေနထိုင္လ်က္ရွိျပီး ၎တို႔ ေပးသြင္းထားေသာ ေဒၚလာ ၈၀,၀၀၀ ျပန္အမ္းေငြရရန္ ေစာင့္ဆိုင္းေနၾကသည္။)

ယခုလအေစာပိုင္းတြင္ Miray ေအဂ်င္စီ၏ ပိုင္ရွင္ Vedat က ေျပာခဲ့သည္မွာ ေငြမလံုေလာက္မႈႏွင့္ လူစိတ္ဝင္စားျခင္း နည္းပါးမႈတို႔ေၾကာင့္ ခရီးစဥ္ ဖ်က္သိမ္းျခင္းျဖစ္ေၾကာင္း ေျပာသည္။

“အေျဖရွာဖို႔အတြက္ ကၽြန္ေတာ္တုိ႔ အရာရာ ၾကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ဆံုးအခ်ိန္ထိ ရင္းႏွီးျမွဳပ္ႏွံသူ မရွိတဲ့အျပင္ လက္မွတ္ေတြလည္း သိပ္မေရာင္းခဲ့ရဘူး။”ဟု Vedat က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Couple who sold their apartment and most of their belongings to embark on three-year cruise forced to live in a hotel room after voyage gets canceled (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...

စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စတားလုံးက ဖလော်ရီဒါရှိ ဒေါ်လာ ၃၅ သန်းတန် ကမ်းခြေစံအိမ်ကြီးတွင် ရေပြင်အတားအဆီးများ ပြုလုပ်ရန် လျှောက်ထားရာ ဒေသခံတို့ အမျက်ထွက်...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
စီရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ် Irina Shayk က နယူးယောက်မှ duplex ခန်း အရောင်းတင်ထားရာ ရောင်းမထွက်သောကြောင့် ဒေါ်လာ ၁ သန်းဈေးလျှော့ပေးလာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
သီချင်းစာသားများအတွက် စာပေနိုဘယ်ဆုရခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော အဆိုတော် ဘော့ဘ် ဒိုင်လန်က ကာလကြာရှည်နေထိုင်ခဲ့သော နယူးယောက်နေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ် မေလတွင် အမှုစစ်ဆေးမည်၊ အခင်းဖြစ်ပွားရာ Puff Daddy ၏ စံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
royal-hill

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service