အိပ်ရာခင်းတွေ ခေါင်းအုံးစွပ်တွေကို တစ်လ ဘယ်နှကြိမ်လောက် သန့်ရှင်းရေးလုပ်သင့်လဲ

အိပ်ရာခင်းတွေ ခေါင်းအုံးစွပ်တွေကို တစ်လ ဘယ်နှကြိမ်လောက် သန့်ရှင်းရေးလုပ်သင့်လဲ - Property Knowledge in Myanmar from iMyanmarHouse.com
8 Jan 2024 2:11 pm တွင် တင်ခဲ့သည်
965 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

နေ့တိုင်း အိမ်ကို ဖုန်သုတ်တယ်၊ လှည်းကျင်းတယ်၊ ကြမ်းတိုက်တယ် စသည်ဖြင့် အိမ်သန့်ရှင်းရေးကတော့ နေ့တိုင်း လုပ်ဖြစ်ကြပါတယ်။ ဒါပေမဲ့ အိပ်ရာခင်းတွေ၊ စောင်တွေ၊ ခေါင်းအုံးတွေကိုရော ဘယ်နှစ်ရက်ခြားတစ်ခါလောက် သန့်ရှင်းရေး လုပ်ဖြစ်ကြပါသလဲ။ သေချာတာတော့ နေ့တိုင်းတော့ မလုပ်ဖြစ်ပါဘူး။ သာမန်မျက်စိနဲ့ ကြည့်ရင်လည်း သန့်ရှင်းနေတာပဲကိုး။

တကယ်တော့ တစ်ရက်ရဲ့ သုံးပုံ တစ်ပုံလောက်ကို အိပ်ရာပေါ်မှာနေကြရတာပါ။ ဒီကြားထဲ အားရင် အားသလို ဝင်လှဲတတ်တာဆိုတော့ သန့်သန့်ရှင်းရှင်း ထားဖို့ တော်တော် အရေးကြီးပါတယ်။ ဒါကြောင့် အောက်မှာ ဘယ်နှစ်ရက်တစ်ခါလောက် သန့်ရှင်းရေး လုပ်သင့်တယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကိုပါ ဖော်ပြထားပါတယ်။

အိပ်ရာခင်း သန့်ရှင်းဖို့ နည်းလမ်းကောင်းများ

အိပ်ရာခင်းတွေကို တစ်ပတ်တစ်ခါလောက် လျှော်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အိပ်ထားတဲ့ နေရာမှာ ဆဲလ်အသေတွေ၊ ချွေးတွေ၊ ဖုန်တွေ၊ အိပ်ရာပေါ်မုန့်စားတတ်တဲ့ အကျင့်ရှိသူတွေဆို မုန့်အစတွေ၊ တစ်ခါတလေ မိတ်ကပ်မဖျက်ဘဲနဲ့များ အိပ်မိရင် မိတ်ကပ်အစအနတွေ ကပ်ကျန်နေတတ်တာကြောင့် ခုတွေးကြည့်တာနဲ့တင် ချက်ချင်း အသစ်လဲချင်စိတ်ပေါက်နေပါပြီ။ ဒါကြောင့် အိပ်ရာခင်းတွေကို အနည်းဆုံး တစ်ပတ် တစ်ခါလဲဖို့ မမေ့ပါနဲ့။ မလျှော်အားသေးရင်တောင် မနက်တိုင်း မနက်တိုင်း အိပ်ရာခင်းလေးကိုလှပ်ပြီး နေပူလှန်းတာ၊ လေသလပ်ခံတာတွေကလည်း စိုထိုင်းထိုင်းဖြစ်တာကို ပျောက်စေတဲ့အပြင် အထိုက်အလျောက် သန့်စင်စေပါတယ်။

ခေါင်းအုံးစွပ် သန့်ရှင်းဖို့ နည်းလမ်းကောင်းများ

ခေါင်းအုံးစွပ်တွေကိုတော့ ခေါင်းအုံးထက်ပိုပြီး မကြာခဏလဲပေးသင့်ပါတယ်။ အကြောင်းက တိုက်ရိုက်ထိတွေ့နေတာကြောင့်ပါ။ အိပ်ရာခင်းလိုပဲ ခေါင်းအုံးစွပ်မှာလဲ အညစ်အကြေးတွေ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာခင်းလဲတိုင်း ခေါင်းအုံးစွပ်ကိုပါ လဲဖို့ မမေ့ပါနဲ့။

ခေါင်းအုံး သန့်ရှင်းဖို့ နည်းလမ်းကောင်းများ

ခေါင်းအုံးတွေကလည်း ခေါင်းအုံးစွပ်လိုပဲ ညစ်ပတ်နိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းအုံးစွပ်လေးခံထားတာကြောင့် မကြာမကြာ သန့်ရှင်းရေးလုပ်ပေးဖို့တော့ မလိုပါဘူး။ အနည်းဆုံး ၆လ တစ်ခါလောက် လျှော်ဖွပ်ရုံနဲ့ လုံလောက်ပါတယ်။ မလျှော်နိုင်ရင် ပင်မင်းအပ်တာဖြစ်ဖြစ် အသစ်လဲတာဖြစ်ဖြစ် လုပ်လို့ရပါတယ်။

စောင် သန့်ရှင်းဖို့ နည်းလမ်းကောင်းများ

စောင်ကလည်း အိပ်ရာခင်းလိုပဲ ချွေးတွေ ဖုန်တွေနဲ့ ညစ်ပတ်နေတတ်ပါတယ်။ သူများနိုင်ငံတွေမှာ ခေါင်းအုံးစွပ်လိုမျိုး စောင်မှာလည်း အစွပ်ရှိပေမဲ့ ဒီနိုင်ငံမှာတော့ ဒီတိုင်းခြုံကြတာကြောင့် ပိုပြီး ညစ်ပတ်လွယ်ပါတယ်။ ဒါကြောင့် အနည်းဆုံး နှစ်ပတ် တစ်ခါလောက်တော့ စောင်လျှော်ပေးရပါမယ်။

မွေ့ရာ သန့်ရှင်းဖို့ နည်းလမ်းကောင်းများ

မွေ့ရာကတော့ သေချာပေါက် လျှော်လို့မလွယ်ဘူးပေါ့။ ဒါပေမဲ့ သန့်ရှင်းရေး လုပ်တာတော့ လုပ်ရမှာပဲ။ ဒါကြောင့် တစ်နှစ်ကို အနည်းဆုံး တစ်ခါလောက် ဖုန်စုပ်စက်-Vacuum လေးနဲ့ သန့်ရှင်းရေးလုပ်ဖို့ အကြံပေးထားပါတယ်။ အနံ့အသက်ဆိုးတွေပါ ပျောက်ဖို့အတွက်ဆိုရင် မုန့်ဖုတ်ဆိုဒါလေးကို နည်းနည်းလောက်ဖြန်းပြီးမှ ဖုန်စုပ်စက်-Vacuum နဲ့ သန့်ရှင်းရေးလုပ်ပါတဲ့။

မျက်နှာသုတ်ပဝါ သန့်ရှင်းဖို့ နည်းလမ်းကောင်းများ

နေ့တိုင်းသုံးနေပေမဲ့ သန့်ရှင်းရေးလုပ်ဖို့ မေ့တဲ့အထဲမှာ မျက်နှာသုတ်ပဝါလည်း ပါပါတယ်။ ပညာရှင်တွေကတော့ တစ်ပတ်ကို တခါလောက်လဲဖို့ အကြံပေးထားပါတယ်။ အကြောင်းက စိုထိုင်းထိုင်း မျက်နှာသုတ်ပဝါတွေက မှိုနဲ့ ဘတ်တီးရီးယားတွေ အလွယ်တကူ ပေါက်ပွားနိုင်လို့ပါတဲ့။

ဘယ်နှစ်ကြိမ် ဘယ်လို သန့်ရှင်းရေး လုပ်ပေးရမလဲဆိုတာ သိသွားပြီဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိပ်ခန်းပတ်ဝန်းကျင်လေး ရရှိပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်..

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဒေါက်တာ ထက်ထက်ဇော်ဝင်း

[Zawgyi]





















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
ဟောင်းနွမ်းနေတဲ့ Bed Room ကြောင့် စိတ်ညစ်နေရပြီလား ?
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service