ဒူဘိုင်းတွင် ကမ္ဘာ့အကြီးမားဆုံးလေဆိပ်ကြီး ဆောက်လုပ်ရေးစီမံကိန်းကို ပေါင် ၂ ဒသမ ၁ ဘီလီယံ အကုန်အကျခံကာ အကောင်အထည်ဖော်ရန် စီစဉ်
ဒူဘိုင်းတွင် ကမ္ဘာ့အကြီးမားဆုံးလေဆိပ်ကြီး ဆောက်လုပ်ရေးစီမံကိန်းကို ပေါင် ၂ ဒသမ ၁ ဘီလီယံ အကုန်အကျခံကာ အကောင်အထည်ဖော်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
4 Jan 2024 4:24 pm တွင် တင်ခဲ့သည်
730 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဒူဘိုင်းတွင် ကမ္ဘာ့အကြီးမားဆုံး လေဆိပ်ကြီးအဖြစ် ဆောက်လုပ်မည့် ကြီးမားသော စီမံကိန်းသစ်တစ်ခု အကောင်အထည်ဖော်လျက်ရှိရာ ပေါင် ၂ ဒသမ ၁ ဘီလီယံအထိ ကုန်ကျမည်ဟု ဆိုသည်။
လက်ရှိ ဒူဘိုင်းနိုင်ငံတကာလေဆိပ်မှာ အမြင့်ဆုံးဝန်ဆောင်မှုပေးနိုင်သည့် ပမာဏဆီသို့ နီးကပ်လာနေသည်။
ထို့ကြောင့် အာရပ်စော်ဘွားများ ပြည်ထောင်စုက ထိုလေဆိပ်ထက် ပိုမိုကြီးမားသော လေဆိပ်ကြီးကို ဒူဘိုင်းမြို့ပြင်တွင် ဆောက်လုပ်ရန် စီစဉ်လာခြင်း ဖြစ်သည်။
၂၀၃၀ ပြည့်လွန်ကာလများတွင် လေဆိပ်သစ်ကြီး စတင်လည်ပတ်ရန် စီစဉ်ထားသည်။
လေဆိပ်သစ်မှာ ဒူဘိုင်းတွင် ရှိပြီးဖြစ်သော DWC လေဆိပ်ပုံစံမျိုးဖြင့် ဆောက်လုပ်သွားမည် ဖြစ်သည်။
ဒူဘိုင်း၏ အနောက်တောင်ဘက် ၂၃ မိုင်အကွာတွင် တည်ရှိသော AL Maktoum နိုင်ငံတကာလေဆိပ်သည် ကုန်စည်ပို့ဆောင်ရေး လေယာဉ်များကို အဓိကထား ဝန်ဆောင်မှုပေးသော လေဆိပ်ဖြစ်သည်။
လက်ရှိအားဖြင့် ခရီးသည်တင်လေကြောင်းလိုင်း အနည်းငယ် ၊ အထူးသဖြင့် ရုရှားမှ လေယာဉ်များမှာ အဆိုပါ လေဆိပ်ကို အဓိက အသုံးပြုနေသည်။
လက်ရှိအားဖြင့် AL Maktoum လေဆိပ်မှာ နှစ်စဉ် ခရီးသည် ၁ ဒသမ ၆ သန်းကိုသာ ဝန်ဆောင်မှုပေးလျက် ရှိသည်။
သို့သော် လေဆိပ်ဝန်ဆောင်နိုင်မှု အတိုင်းအတာကို ကြီးမားစွာ ချဲ့ထွင်ရန် ရည်မှန်းချက်ကြီးမားသော အစီအစဉ်များ ရှိနေသည်။
၂၀၅၀ ပြည့်နှစ်သို့ ရောက်လျှင် ခရီးသည် သန်း ၂၅၀ ကျော် ဝန်ဆောင်မှုပေးနိုင်ရန် ရည်မှန်းထားသည်။
ယခုတိုးချဲ့ ဆောက်လုပ်မှုသည် ဒူဘိုင်းနိုင်ငံတကာလေဆိပ် (DXB) တွင် လေယာဉ်ခရီးစဉ် ပိတ်ဆို့များပြား နေမှုများ လျော့ပါးစေရန် လေယာဉ်ခရီးစဉ်များစွာကို လမ်းကြောင်းပြောင်းပေးမည့် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
ဒူဘိုင်းလေဆိပ်များ၏ အမှုဆောင်အရာရှိချုပ် Paul Griffiths က ပြောသည်မှာ ကြီးမားသော လေဆိပ်သစ်ကြီး စီမံကိန်းများ စတင်နေပြီဖြစ်ကြောင်း ၊ လာမည့်နှစ်အနည်းငယ်အတွင်း ယခုကဲ့သို့ အခြေခံအဆောက်အအုံမျိုး လိုအပ်ကြောင်း ပြောကြားသည်။
“လာမည့်နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဟာ DXB မှာ ခရီးသည် သန်း ၁၀၀ လောက် လက်ခံရလိမ့်မှာ ဖြစ်ပါတယ်။ အဲဒါထက် ကျော်လွန်တဲ့ ပမာဏအတွက် ကျွန်တော်တို့ဟာ လေဆိပ်သစ်တစ်ခု လိုအပ်ပါလိမ့် မယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအတိုင်းအတာမှာ ၁၁၅ သန်း (ဒါမှမဟုတ်) သန်း ၁၂၀ ထက်ပိုပြီး လက်ခံ နိုင်တဲ့ အတိုင်းအတာ မရှိပါဘူး”ဟု ပြီးခဲ့သောလအတွင်း ဒူဘိုင်းလေကြောင်းပြပွဲတွင် ပြောကြားခဲ့သော မိန့်ခွန်း၌ ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The £2.1bn mega-project to build world's biggest airport in city loved by British tourists (express)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service