ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်ထဲမှာရှိတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာ တိုက်ခန်းတွေမှာ နေထိုင်ခွင့်ရရှိ သူတွေဟာ တစ်ဆင့်ပြန်လည်ငှားရမ်းမှုတွေရှိနေတယ်လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ နေထိုင်ခွင့်ရရှိဖို့ လျှောက်ထားသူတွေကပြောပါတယ်။ အဲဒီအိမ်ရာမှာနေထိုင်ခွင့်ရရှိဖို့ အဆင့်ဆင့်လျှောက်ထားရပြီး နေထိုင်ခွင့်ရရှိသူတွေကို မဲနှိုက်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အိမ်ရာတိုက်ခန်း နေထိုင်ခွင့်ရရှိသူတွေအနေနဲ့ တစ်ဆင့်ပြန်လည်ငှားရမ်းတာတွေ၊ မိသားစုဝင်မဟုတ်တဲ့ သူတွေကို နေထိုင်ခွင့်ပြုတာတွေနဲ့ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်ရင် တိုက်ခန်းနေထိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းသွားမယ်လို့ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ သုခဒဂုံပြည်သူ့အငှားအိမ်ရာခန်းများကို တစ်လငှားရမ်းခ တိုက်ခန်းနေရာနဲ့ အထပ်အမြင့်ပေါ်မူတည်ပြီးငွေကျပ် (၆၀၀၀၀) ကျော်ကနေ (၄၀၀၀၀) ကျော်အထိ ပေးဆောင်ရမှာဖြစ်ပါတယ်။
လက်ရှိမှာတော့ နေထိုင်ခွင့်ရရှိသူတွေဟာ (၃) လစာချုပ်နဲ့ ပြန်လည်ငှားရမ်းတာတွေ လုပ်ဆောင်နေတယ်လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ နေထိုင်ခွင့်ရရှိဖို့ လျှောက်ထားသူတချို့ကဆိုပါတယ်။ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းတွေကို နေထိုင်ဖို့အခက်အခဲရှိသူတွေ၊ အငြိမ်းစားဝန်ထမ်းတွေနဲ့ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းတွေကို သတ်မှတ်ငှားရမ်းခနှုန်းထားတွေနဲ့ နေထိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။
အဲဒီသုခဒဂုံပြည်သူ့အငှားအိမ်ရာကို တောင်ဒဂုံမြို့နယ် အမှတ်(၂) လမ်းမကြီးနဲ့အမှတ်(၇) လမ်းမကြီးလမ်းဆုံ အနီးမှာတည်ဆောက်နေတာဖြစ်ပြီး ပထမအဆင့်အနေနဲ့ အဆောက်အအုံ (၁၉၄)လုံး ၊ အခန်းပေါင်း (၃၁၀၄)ခန်းကို ဆောက်လုပ်နေတာဖြစ်တယ်လို့ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
သုခဒဂုံျပည္သူ႕အငွားအိမ္ရာ႐ွိ တိုက္ခန္းမ်ား တစ္ဆင့္ျပန္လည္ငွားရမ္းမႈ႐ွိေန
ရန္ကုန္တိုင္းေဒသႀကီး ေတာင္ဒဂုံၿမိဳ႕နယ္ထဲမွာ႐ွိတဲ့ သုခဒဂုံျပည္သူ႕အငွားအိမ္ရာ တိုက္ခန္းေတြမွာ ေနထိုင္ခြင့္ရ႐ွိ သူေတြဟာ တစ္ဆင့္ျပန္လည္ငွားရမ္းမႈေတြ ႐ွိေနတယ္လို႔ သုခဒဂုံျပည္သူ႕အငွားအိမ္ရာမွာ ေနထိုင္ခြင့္ရ႐ွိဖို႔ ေလွ်ာက္ထားသူေတြကေျပာပါတယ္။ အဲဒီအိမ္ရာမွာေနထိုင္ခြင့္ရ႐ွိဖို႔ အဆင့္ဆင့္ေလွ်ာက္ထားရၿပီး ေနထိုင္ခြင့္ရ႐ွိသူေတြကို မဲႏိႈက္ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
အိမ္ရာတိုက္ခန္း ေနထိုင္ခြင့္ရ႐ွိသူေတြအေနနဲ႔ တစ္ဆင့္ျပန္လည္ငွားရမ္းတာေတြ၊ မိသားစုဝင္မဟုတ္တဲ့ သူေတြကို ေနထိုင္ခြင့္ျပဳတာေတြနဲ႔ တည္ဆဲဥပေဒတစ္ခုခုကို ခ်ိဳးေဖာက္ရင္ တိုက္ခန္းေနထိုင္ခြင့္ကို ျပန္လည္႐ုပ္သိမ္းသြားမယ္လို႔ ၿမိဳ႕ျပႏွင့္အိုးအိမ္ဖြံ႕ၿဖိဳးေရးဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။ သုခဒဂုံျပည္သူ႕အငွားအိမ္ရာခန္းမ်ားကို တစ္လငွားရမ္းခ တိုက္ခန္းေနရာနဲ႔ အထပ္အျမင့္ေပၚမူတည္ၿပီးေငြက်ပ္ (၆၀၀၀၀) ေက်ာ္ကေန (၄၀၀၀၀) ေက်ာ္အထိ ေပးေဆာင္ရမွာျဖစ္ပါတယ္။
လက္႐ွိမွာေတာ့ ေနထိုင္ခြင့္ရ႐ွိသူေတြဟာ (၃) လစာခ်ဳပ္နဲ႔ ျပန္လည္ငွားရမ္းတာေတြ လုပ္ေဆာင္ေနတယ္လို႔ သုခဒဂုံျပည္သူ႕အငွားအိမ္ရာမွာ ေနထိုင္ခြင့္ရ႐ွိဖို႔ ေလွ်ာက္ထားသူတခ်ိဳ႕ကဆိုပါတယ္။ သုခဒဂုံျပည္သူ႕အငွားအိမ္ရာ႐ွိ အိမ္ခန္းေတြကို ေနထိုင္ဖို႔အခက္အခဲ႐ွိသူေတြ၊ အၿငိမ္းစားဝန္ထမ္းေတြနဲ႔ တာဝန္ထမ္းေဆာင္ဆဲဝန္ထမ္းေတြကို သတ္မွတ္ငွားရမ္းခႏႈန္းထားေတြနဲ႔ ေနထိုင္ခြင့္ျပဳထားတာျဖစ္ပါတယ္။
အဲဒီသုခဒဂုံျပည္သူ႕အငွားအိမ္ရာကို ေတာင္ဒဂုံၿမိဳ႕နယ္ အမွတ္(၂) လမ္းမႀကီးနဲ႔အမွတ္(၇)လမ္းမႀကီးလမ္းဆုံ အနီးမွာတည္ေဆာက္ေနတာျဖစ္ၿပီး ပထမအဆင့္အေနနဲ႔ အေဆာက္အအုံ (၁၉၄)လုံး ၊ အခန္းေပါင္း (၃၁၀၄)ခန္းကို ေဆာက္လုပ္ေနတာျဖစ္တယ္လို႔ ၿမိဳ႕ျပႏွင့္အိုးအိမ္ဖြံ႕ၿဖိဳးေရးဦးစီးဌာနက သိရပါတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com