လော့စ်အိန်ဂျလိမြို့၏ တတိယအမြင့်မားဆုံး မိုးမျှော်တိုက်ကြီးကို လွန်ခဲ့သော ၁၀ နှစ်က ဝယ်ယူခဲ့သည့် ဈေးအောက် ထက်ဝက်နီးပါးသာရှိသောဈေးဖြင့် ရောင်းချ

လော့စ်အိန်ဂျလိမြို့၏ တတိယအမြင့်မားဆုံး မိုးမျှော်တိုက်ကြီးကို လွန်ခဲ့သော ၁၀ နှစ်က ဝယ်ယူခဲ့သည့် ဈေးအောက် ထက်ဝက်နီးပါးသာရှိသောဈေးဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
1 Jan 2024 10:57 am တွင် တင်ခဲ့သည်
558 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၏ တတိယအမြင့်မားဆုံး မိုးမျှော်တိုက်ကြီးဖြစ်သော Aon Centre ကို ကန်ဒေါ်လာ ၁၄၇ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားသည်။

အဆိုပါဈေးနှုန်းမှာ ၂၀၁၄ ခုနှစ်က ဝယ်ယူခဲ့သည့်ဈေးနှုန်းအောက် ၄၅ ရာခိုင်နှုန်းခန့် နည်းပါးနေသည်။

ရုံးခန်းလွတ်များ များပြားလာနေသည့် အခြေအနေများနှင့်အတူ ရုံးခန်းတို့၏ ဈေးနှုန်းများ ဆက်လက်အထိနာ မည့် အခြေအနေရှိနေသည်။

(ဆက်စပ်သတင်း)

အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဂရန့်ကာဒွန်းက အမေရိကတွင် အိမ်ခြံမြေဈေးများ အကြီးအကျယ်ထိုးကျမည်ဖြစ်ပြီး ရုံးခန်းနှင့် လူနေခန်းများ၏ဈေးနှုန်းများ အလွန်ဈေးသက်သာစွာဖြင့် ဝယ်ယူနိုင်မည်ဟု ဟောကိန်းထုတ်

https://www.imyanmarhouse.com/news/read/1093386

ယခုအရောင်းအဝယ်သည် ယခုနှစ်အတွင်း လော့စ်အိန်ဂျလိမြို့လယ်၏ အကြီးမားဆုံးရုံးခန်းအရောင်းအဝယ် တစ်ခု ဖြစ်ခဲ့သည်။

ကိုဗစ်ကပ်ဘေးကာလကတည်းက work from home လုပ်ခြင်းများ ကျော်ကြားလာခဲ့ပြီးနောက် အမေရိကန် ရုံးခန်းဈေးကွက်မှာ အဆိုးရွားဆုံး အထိနာခဲ့သည်။

ထို့အပြင် အတိုးနှုန်းမြင့်တက်ခြင်းမှာလည်း ရုံးခန်းတို့၏ တန်ဖိုးများကို ဆွဲချသွားခဲ့သည်။

အရင်းအနှီးအင်အားကောင်းသော ပိုင်ရှင်သစ်၏လက်တွင် Aon Centre သည် ရုံးခန်းဖွင့်မည့်သူများကို စွဲဆောင်ရန်နှင့် ရှိရင်းစွဲ ရုံးခန်းဖွင့်ထားသူများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် amenity ကောင်းစွာရှိ သည့်အပြင် လော့စ်အိန်ဂျလိမြို့လယ် နေရာကောင်းတွင် တည်ရှိကြောင်း ဝယ်လက်တို့ကို ကိုယ်စားပြုခဲ့သည့် Colliers အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Sean Fulp က ပြောသည်။

ဝယ်လက်တို့မှာ လော့စ်အိန်ဂျလိအခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သော Carolwood LP ၊ Daniel Abrams နှင့် Adam Tischer တို့ ပူးပေါင်းထားသော အဖွဲ့မှ ဖြစ်သည်။

ရောင်းချသူမှာ ဆန်ဖရန်စစ္စကို အခြေစိုက်ကုမ္ပဏီဖြစ်သော Shorenstein ဖြစ်ပြီး ရောင်းသူဘက်မှ ကိုယ်စားပြုခဲ့သည်မှာ Newmark Group Inc မှ အကျိုးဆောင် Kevin Shannon ဖြစ်သည်။

Savills အကျိုးဆောင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ယခုနှစ် တတိယ ၃ လပတ်အတွင်း လော့စ်အိန်ဂျလိ မြို့လယ်တွင် ရုံးခန်းနေရာ ၃၀ ရာခိုင်နှုန်းခန့် ငှားရမ်းရရှိနိုင်ကြောင်း ဖော်ပြသည်။

ရုံးခန်းငှားရမ်းသူ များစွာနှင့် ရင်းနှီးမြှုပ်နှံသူတို့မှာ လော့စ်အိန်ဂျလိမြို့လယ်၏ ရုံးဆင်းရုံးပြန် ခက်ခဲမှုနှင့် အိမ်ရာမဲ့ များပြားမှုတို့ကြောင့် ကျောခိုင်းထွက်ခွာလျက်ရှိနေကြသည်။

လော့စ်အိန်ဂျလိမြို့လယ်တွင် ရုံးခန်းငှားရမ်းမှုနှုန်းမှာ Century City ကဲ့သို့ ပိုမိုနှစ်သက်ဖွယ်ကောင်းသည့် နေရာများအောက် ၄၀ ရာခိုင်နှုန်း နည်းပါးနေကြောင်း၊ Century City တွင် ရုံးခန်းလွတ်နှုန်းမှာ ၁၆ ရာခိုင်နှုန်း သာရှိကြောင်း Savills က ဖော်ပြသည်။

ရောင်းချသူတို့အတွက် ပိုမိုထိခိုက်စေသည့်အချက်တစ်ခုမှာ ဧပြီလ ၁ ရက်က စတင်အသက်ဝင်ခဲ့သော အိမ်ခြံမြေပိုင်ဆိုင်မှုလွှဲပြောင်းခွန်ဖြစ်ပြီး ကန်ဒေါ်လာ ၁၀ သန်းထက် ပိုမိုများပြားသော အိမ်ခြံမြေ အရောင်းအဝယ်များအတွက် အခွန် ၅ ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင်ရခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: LA’s third-tallest tower sells for 45% below its 2014 price (thestar)

[Zawgyi]

ေလာ့စ္အိန္ဂ်လိျမိဳ႕၏ တတိယအျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီးကို လြန္ခဲ့ေသာ ၁၀ ႏွစ္က ဝယ္ယူခဲ့သည့္ ေစ်းေအာက္ ထက္ဝက္နီးပါးသာရွိေသာေစ်းျဖင့္ ေရာင္းခ်

အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၏ တတိယအျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီးျဖစ္ေသာ Aon Centre ကို ကန္ေဒၚလာ ၁၄၇ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္သြားသည္။

အဆိုပါေစ်းႏႈန္းမွာ ၂၀၁၄ ခုႏွစ္က ဝယ္ယူခဲ့သည့္ေစ်းႏႈန္းေအာက္ ၄၅ ရာခိုင္ႏႈန္းခန္႔ နည္းပါးေနသည္။

ရံုးခန္းလြတ္မ်ား မ်ားျပားလာေနသည့္ အေျခအေနမ်ားႏွင့္အတူ ရံုးခန္းတို႔၏ ေစ်းႏႈန္းမ်ား ဆက္လက္အထိနာ မည့္ အေျခအေနရွိေနသည္။

(ဆက္စပ္သတင္း)

အိမ္ျခံေျမလုပ္ငန္းရွင္ၾကီး ဂရန္႔ကာဒြန္းက အေမရိကတြင္ အိမ္ျခံေျမေစ်းမ်ား အၾကီးအက်ယ္ထုိးက်မည္ျဖစ္ျပီး ရံုးခန္းႏွင့္ လူေနခန္းမ်ား၏ေစ်းႏႈန္းမ်ား အလြန္ေစ်းသက္သာစြာျဖင့္ ဝယ္ယူႏိုင္မည္ဟု ေဟာကိန္းထုတ္

https://www.imyanmarhouse.com/news/read/1093386

ယခုအေရာင္းအဝယ္သည္ ယခုႏွစ္အတြင္း ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္၏ အၾကီးမားဆံုးရံုးခန္းအေရာင္းအဝယ္ တစ္ခု ျဖစ္ခဲ့သည္။

ကိုဗစ္ကပ္ေဘးကာလကတည္းက work from home လုပ္ျခင္းမ်ား ေက်ာ္ၾကားလာခဲ့ျပီးေနာက္ အေမရိကန္ ရံုးခန္းေစ်းကြက္မွာ အဆိုးရြားဆံုး အထိနာခဲ့သည္။

ထို႔အျပင္ အတိုးႏႈန္းျမင့္တက္ျခင္းမွာလည္း ရံုးခန္းတို႔၏ တန္ဖုိးမ်ားကို ဆြဲခ်သြားခဲ့သည္။

အရင္းအႏွီးအင္အားေကာင္းေသာ ပိုင္ရွင္သစ္၏လက္တြင္ Aon Centre သည္ ရံုးခန္းဖြင့္မည့္သူမ်ားကို စြဲေဆာင္ရန္ႏွင့္ ရွိရင္းစြဲ ရံုးခန္းဖြင့္ထားသူမ်ားကို ဆက္လက္ထိန္းသိမ္းထားႏိုင္ရန္ amenity ေကာင္းစြာရွိ သည့္အျပင္ ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္ ေနရာေကာင္းတြင္ တည္ရွိေၾကာင္း ဝယ္လက္တို႔ကို ကိုယ္စားျပဳခဲ့သည့္ Colliers အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Sean Fulp က ေျပာသည္။

ဝယ္လက္တို႔မွာ ေလာ့စ္အိန္ဂ်လိအေျခစိုက္ ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီျဖစ္ေသာ Carolwood LP ၊ Daniel Abrams ႏွင့္ Adam Tischer တို႔ ပူးေပါင္းထားေသာ အဖြဲ႔မွ ျဖစ္သည္။

ေရာင္းခ်သူမွာ ဆန္ဖရန္စစၥကို အေျခစိုက္ကုမၸဏီျဖစ္ေသာ Shorenstein ျဖစ္ျပီး ေရာင္းသူဘက္မွ ကိုယ္စားျပဳခဲ့သည္မွာ Newmark Group Inc မွ အက်ဳိးေဆာင္ Kevin Shannon ျဖစ္သည္။

Savills အက်ဳိးေဆာင္ကုမၸဏီ၏ ထုတ္ျပန္ခ်က္အရ ယခုႏွစ္ တတိယ ၃ လပတ္အတြင္း ေလာ့စ္အိန္ဂ်လိ ျမိဳ႕လယ္တြင္ ရံုးခန္းေနရာ ၃၀ ရာခိုင္ႏႈန္းခန္႔ ငွားရမ္းရရွိႏိုင္ေၾကာင္း ေဖာ္ျပသည္။

ရံုးခန္းငွားရမ္းသူ မ်ားစြာႏွင့္ ရင္းႏွီးျမွဳပ္ႏွံသူတို႔မွာ ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္၏ ရံုးဆင္းရံုးျပန္ ခက္ခဲမႈႏွင့္ အိမ္ရာမဲ့ မ်ားျပားမႈတို႔ေၾကာင့္ ေက်ာခိုင္းထြက္ခြာလ်က္ရွိေနၾကသည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္တြင္ ရံုးခန္းငွားရမ္းမႈႏႈန္းမွာ Century City ကဲ့သို႔ ပိုမိုႏွစ္သက္ဖြယ္ေကာင္းသည့္ ေနရာမ်ားေအာက္ ၄၀ ရာခိုင္ႏႈန္း နည္းပါးေနေၾကာင္း၊ Century City တြင္ ရံုးခန္းလြတ္ႏႈန္းမွာ ၁၆ ရာခိုင္ႏႈန္း သာရွိေၾကာင္း Savills က ေဖာ္ျပသည္။

ေရာင္းခ်သူတို႔အတြက္ ပိုမိုထိခိုက္ေစသည့္အခ်က္တစ္ခုမွာ ဧျပီလ ၁ ရက္က စတင္အသက္ဝင္ခဲ့ေသာ အိမ္ျခံေျမပိုင္ဆိုင္မႈလႊဲေျပာင္းခြန္ျဖစ္ျပီး ကန္ေဒၚလာ ၁၀ သန္းထက္ ပိုမိုမ်ားျပားေသာ အိမ္ျခံေျမ အေရာင္းအဝယ္မ်ားအတြက္ အခြန္ ၅ ဒသမ ၅ ရာခိုင္ႏႈန္း ေပးေဆာင္ရျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: LA’s third-tallest tower sells for 45% below its 2014 price (thestar)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service