အမေရိကန်မှ စိန်အတိပြီးသော ဥယျာဉ်ကြီး (သို့မဟုတ်) စိန်ပွင့်ပေါင်း ၇၅၀၀၀ ကျော် ရှာတွေ့ခဲ့ဖူးသော ဥယျာဉ်ကြီးထဲတွင် စုံတွဲတစ်တွဲက ၄ ဒသမ ၈၇ ကာရက်ရှိ စိန်ကြီးတစ်လုံး ကောက်ရပြန်

အမေရိကန်မှ စိန်အတိပြီးသော ဥယျာဉ်ကြီး (သို့မဟုတ်) စိန်ပွင့်ပေါင်း ၇၅၀၀၀ ကျော် ရှာတွေ့ခဲ့ဖူးသော ဥယျာဉ်ကြီးထဲတွင် စုံတွဲတစ်တွဲက ၄ ဒသမ ၈၇ ကာရက်ရှိ စိန်ကြီးတစ်လုံး ကောက်ရပြန် - Property Knowledge in Myanmar from iMyanmarHouse.com
1 Jan 2024 10:49 am တွင် တင်ခဲ့သည်
1088 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အမေရိကန်ပြည်ထောင်စု၊ အာကင်ဆောပြည်နယ် ၊ Pike ခရိုင်တွင် Crater of Diamonds State Park အမည်ရှိ ၉၁၁ ဧကကျယ်ဝန်းသော ပြည်နယ် ဥယျာဉ်ကြီးတစ်ခု တည်ရှိသည်။

ထိုဥယျာဉ်ကြီးအတွင်း ၃၇ ဒသမ ၅ ဧက ကျယ်ဝန်းသော စိုက်ပျိုးမြေ ကွင်းပြင်ကြီးတစ်ခုရှိသည်။

ထိုကွင်းပြင်မှာ စိန်များ တွေ့ရှိရာ နေရာဖြစ်ပြီး အများပြည်သူတို့ ဝင်ရောက်ကြည့်ရှုလည်ပတ်ခွင့် ပြုထားသည်။

CNN သတင်းဌာနက ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ ၂၄ ရက်တွင် ဖော်ပြခဲ့သော သတင်းတစ်ရပ်အရ အာကင်ဆော ပြည်နယ်မှ အမျိုးသားတစ်ဦးသည် ဥယျာဉ်ကြီးသို့ အလည်လာစဉ် ပဲစေ့အရွယ်အစားရှိ ကျောက်တစ်လုံးကောက်ယူခဲ့ပြီး ကနဦးတွင် ပုလင်းကွဲစတစ်ခုဟု မှတ်ထင်ခဲ့ကာ နောက်ပိုင်းတွင် ၄ ဒသမ ၈၇ ကာရက်ရှိ စိန်ကြီးဖြစ်နေသည်ကို သိခဲ့ရကြောင်း ဖော်ပြသည်။

ဂျယ်ရီ အဲဗန်စ် (Jerry Evans) အမည်ရှိ အမျိုးသားသည် အာကင်ဆောပြည်နယ် ၊ Murfreesboro မြို့ရှိ Crater of Diamonds State Park ပန်းခြံကြီးသို့ ပြီးခဲ့သော နွေရာသီက သူ၏ချစ်သူ မိန်းကလေးနှင့်အတူ ပထမဆုံးအကြိမ် အလည်အပတ်သွားရောက်ခဲ့ကြောင်း ၎င်းက ဥယျာဉ်အုပ်ချုပ်ရေးအဖွဲ့အား ပြောပြခဲ့သည်။

ဂျယ်ရီ အဲဗန်စ်က ပြောပြသည်မှာ ၎င်းတို့စုံတွဲ ပန်းဥယျာဉ်သို့ ရောက်ရှိပြီး ၁၀ မိနစ်ခန့်အကြာတွင် ဖန်ကဲ့သို့ အရာတစ်ခုကို တွေ့ရှိခဲ့ကြောင်း ပြောသည်။

ပိရမစ်ပုံစံရှိသော ထိုအရာကို ၎င်းက ကောက်ယူထားလိုက်သော်လည်း စိန်ပွင့်ဟုတ်မဟုတ် မသေချာခဲ့။

“ကျွန်တော် တကယ် မသိခဲ့ပါဘူး။ ကျွန်တော်တို့က စိန်လို့ထင်တဲ့ အရာတိုင်းကို ကောက်ခဲ့ကြတယ်။”

Crater of Diamonds သည် ၁၉၇၂ ခုနှစ်တွင် ပြည်နယ်ဥယျာဉ်ဖြစ်လာခဲ့ကြောင်း ၊ ရှေးနှစ်ပေါင်းများစွာက မီးတောင်ရှိခဲ့သောကြောင့် စိန်ပွင့်များ ပေါများကြောင်း ဥယျာဉ်အရာရှိတို့က ပြောသည်။

ဂျယ်ရီ အဲဗန်စ်သည် ဥယျာဉ်မှ မိုင် ၂၅၀ ခန့်အကွာ အာကင်ဆောပြည်နယ် ၊ Lepanto မြို့ရှိ နေအိမ်သို့ ပြန်ရောက်ချိန်တွင် ၎င်းကောက်ယူခဲ့သောအရာမှာ တန်ဖိုးရှိသောကျောက် ဟုတ်မဟုတ် သိလိုသောကြောင့် အမေရိက ကျောက်မျက်ရတနာသိပ္ပံ(GIA)သို့ ပေးပို့ကာ အဖြေရှာခဲ့သည်။

GIA သည် ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် အကျိုးအမြတ်အတွက် မဟုတ်သော အဖွဲ့အစည်းဖြစ်ပြီး ကျောက်မျက်ရတနာ သုတေသနများ ပြုလုပ်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

 

(Crater of Diamonds State Park ဥယျာဉ်ကြီးထဲတွင် ၄ ဒသမ ၈၇ ကာရက်ရှိ စိန်ပွင့်ကြီး ရှာဖွေတွေ့ရှိခဲ့သူ ဂျယ်ရီ အဲဗန်စ်။ ဓာတ်ပုံ-Arkansas State Parks)

 

နောင်ရက်သတ္တပတ် အနည်းငယ်ကြာသောအခါ ဂျယ်ရီထံ GIA က အကြောင်းပြန်ခဲ့ရာ အရောင်မဲ့ စိန်ကြီး တစ်လုံး ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။

“သူတို့က ကျွန်တော့်ဆီ ဖုန်းဆက်ပြီး အဲဒါစိန်အစစ်ပဲလို့ ပြောပါတယ်။ ကျွန်တော် သေလောက်အောင် ပျော်သွားခဲ့ပါတယ်။”

၂၀၂၃ ခုနှစ်အတွင်း Crater of Diamonds State Park ဥယျာဉ်ကြီးသို့ လာရောက်လည်ပတ်သူများသည် နေ့စဉ် ပျမ်းမျှအားဖြင့် စိန်တစ်လုံးမှ ၂ လုံးအထိ တွေ့လေ့ရှိပြီး တစ်နှစ်တာအတွင်း စိန်ပေါင်း ၇၉၈ လုံး ကောက်ရခဲ့ကြသည်ဟု ဆိုသည်။

ယခုဥယျာဉ်ကြီး တည်ရှိရာ Crater of Diamonds နေရာတွင် ယနေ့ကာလအထိ စုစုပေါင်း စိန်အလုံးရေ ၇၅၀၀၀ ကျော် ရှာဖွေတွေ့ရှိထားပြီး ဖြစ်သည်ဟု Crater of Diamonds State Park ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: An Arkansas man visited a state park with his girlfriend. He picked up the largest diamond discovered there in 3 years (cnn)

 

 

 

[Zawgyi]

 

အေမရိကန္မွ စိန္အတိျပီးေသာ ဥယ်ာဥ္ၾကီး (သို႔မဟုတ္) စိန္ပြင့္ေပါင္း ၇၅၀၀၀ ေက်ာ္ ရွာေတြ႔ခဲ့ဖူးေသာ ဥယ်ာဥ္ၾကီးထဲတြင္ စံုတြဲတစ္တဲြက ၄ ဒသမ ၈၇ ကာရက္ရွိ စိန္ၾကီးတစ္လံုး ေကာက္ရျပန္

 

အေမရိကန္ျပည္ေထာင္စု၊ အာကင္ေဆာျပည္နယ္ ၊ Pike ခရိုင္တြင္ Crater of Diamonds State Park အမည္ရွိ ၉၁၁ ဧကက်ယ္ဝန္းေသာ ျပည္နယ္ ဥယ်ာဥ္ၾကီးတစ္ခု တည္ရွိသည္။

ထိုဥယ်ာဥ္ၾကီးအတြင္း ၃၇ ဒသမ ၅ ဧက က်ယ္ဝန္းေသာ စိုက္ပ်ဳိးေျမ ကြင္းျပင္ၾကီးတစ္ခုရွိသည္။

ထိုကြင္းျပင္မွာ စိန္မ်ား ေတြ႔ရွိရာ ေနရာျဖစ္ျပီး အမ်ားျပည္သူတို႔ ဝင္ေရာက္ၾကည့္ရႈလည္ပတ္ခြင့္ ျပဳထားသည္။

CNN သတင္းဌာနက ၂၀၂၃ ခုႏွစ္ ၊ ဒီဇင္ဘာလ ၂၄ ရက္တြင္ ေဖာ္ျပခဲ့ေသာ သတင္းတစ္ရပ္အရ အာကင္ေဆာ ျပည္နယ္မွ အမ်ဳိးသားတစ္ဦးသည္ ဥယ်ာဥ္ၾကီးသို႔ အလည္လာစဥ္ ပဲေစ့အရြယ္အစားရွိ ေက်ာက္တစ္လံုးေကာက္ယူခဲ့ျပီး ကနဦးတြင္ ပုလင္းကြဲစတစ္ခုဟု မွတ္ထင္ခဲ့ကာ ေနာက္ပိုင္းတြင္ ၄ ဒသမ ၈၇ ကာရက္ရွိ စိန္ၾကီးျဖစ္ေနသည္ကို သိခဲ့ရေၾကာင္း ေဖာ္ျပသည္။

ဂ်ယ္ရီ အဲဗန္စ္ (Jerry Evans) အမည္ရွိ အမ်ဳိးသားသည္ အာကင္ေဆာျပည္နယ္ ၊ Murfreesboro ျမိဳ႕ရွိ Crater of Diamonds State Park ပန္းျခံၾကီးသို႔ ျပီးခဲ့ေသာ ေႏြရာသီက သူ၏ခ်စ္သူ မိန္းကေလးႏွင့္အတူ ပထမဆံုးအၾကိမ္ အလည္အပတ္သြားေရာက္ခဲ့ေၾကာင္း ၎က ဥယ်ာဥ္အုပ္ခ်ဳပ္ေရးအဖြဲ႔အား ေျပာျပခဲ့သည္။

ဂ်ယ္ရီ အဲဗန္စ္က ေျပာျပသည္မွာ ၎တို႔စံုတြဲ ပန္းဥယ်ာဥ္သို႔ ေရာက္ရွိျပီး ၁၀ မိနစ္ခန္႔အၾကာတြင္ ဖန္ကဲ့သို႔ အရာတစ္ခုကို ေတြ႔ရွိခဲ့ေၾကာင္း ေျပာသည္။

ပိရမစ္ပံုစံရွိေသာ ထိုအရာကို ၎က ေကာက္ယူထားလိုက္ေသာ္လည္း စိန္ပြင့္ဟုတ္မဟုတ္ မေသခ်ာခဲ့။

“ကၽြန္ေတာ္ တကယ္ မသိခဲ့ပါဘူး။ ကၽြန္ေတာ္တို႔က စိန္လို႔ထင္တဲ့ အရာတိုင္းကို ေကာက္ခဲ့ၾကတယ္။”

Crater of Diamonds သည္ ၁၉၇၂ ခုႏွစ္တြင္ ျပည္နယ္ဥယ်ာဥ္ျဖစ္လာခဲ့ေၾကာင္း ၊ ေရွးႏွစ္ေပါင္းမ်ားစြာက မီးေတာင္ရွိခဲ့ေသာေၾကာင့္ စိန္ပြင့္မ်ား ေပါမ်ားေၾကာင္း ဥယ်ာဥ္အရာရွိတုိ႔က ေျပာသည္။

ဂ်ယ္ရီ အဲဗန္စ္သည္ ဥယ်ာဥ္မွ မိုင္ ၂၅၀ ခန္႔အကြာ အာကင္ေဆာျပည္နယ္ ၊ Lepanto ျမိဳ႕ရွိ ေနအိမ္သို႔ ျပန္ေရာက္ခ်ိန္တြင္ ၎ေကာက္ယူခဲ့ေသာအရာမွာ တန္ဖိုးရွိေသာေက်ာက္ ဟုတ္မဟုတ္ သိလိုေသာေၾကာင့္ အေမရိက ေက်ာက္မ်က္ရတနာသိပၸံ(GIA)သို႔ ေပးပို႔ကာ အေျဖရွာခဲ့သည္။

GIA သည္ ကယ္လီဖိုးနီးယားျပည္နယ္ အေျခစိုက္ အက်ိဳးအျမတ္အတြက္ မဟုတ္ေသာ အဖြဲ႔အစည္းျဖစ္ျပီး ေက်ာက္မ်က္ရတနာ သုေတသနမ်ား ျပဳလုပ္ေၾကာင္း ၎တို႔၏ ဝက္ဘ္ဆုိက္တြင္ ေဖာ္ျပသည္။

(Crater of Diamonds State Park ဥယ်ာဥ္ၾကီးထဲတြင္ ၄ ဒသမ ၈၇ ကာရက္ရွိ စိန္ပြင့္ၾကီး ရွာေဖြေတြ႔ရွိခဲ့သူ ဂ်ယ္ရီ အဲဗန္စ္။ ဓာတ္ပံု-Arkansas State Parks)

ေနာင္ရက္သတၱပတ္ အနည္းငယ္ၾကာေသာအခါ ဂ်ယ္ရီထံ GIA က အေၾကာင္းျပန္ခဲ့ရာ အေရာင္မဲ့ စိန္ၾကီး တစ္လံုး ျဖစ္ေၾကာင္း အေၾကာင္းျပန္ခဲ့သည္ဟု ဆိုသည္။

“သူတို႔က ကၽြန္ေတာ့္ဆီ ဖုန္းဆက္ျပီး အဲဒါစိန္အစစ္ပဲလို႔ ေျပာပါတယ္။ ကၽြန္ေတာ္ ေသေလာက္ေအာင္ ေပ်ာ္သြားခဲ့ပါတယ္။”

၂၀၂၃ ခုႏွစ္အတြင္း Crater of Diamonds State Park ဥယ်ာဥ္ၾကီးသို႔ လာေရာက္လည္ပတ္သူမ်ားသည္ ေန႔စဥ္ ပ်မ္းမွ်အားျဖင့္ စိန္တစ္လံုးမွ ၂ လံုးအထိ ေတြ႔ေလ့ရွိျပီး တစ္ႏွစ္တာအတြင္း စိန္ေပါင္း ၇၉၈ လံုး ေကာက္ရခဲ့ၾကသည္ဟု ဆိုသည္။

ယခုဥယ်ာဥ္ၾကီး တည္ရွိရာ Crater of Diamonds ေနရာတြင္ ယေန႔ကာလအထိ စုစုေပါင္း စိန္အလံုးေရ ၇၅၀၀၀ ေက်ာ္ ရွာေဖြေတြ႔ရွိထားျပီး ျဖစ္သည္ဟု Crater of Diamonds State Park ၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: An Arkansas man visited a state park with his girlfriend. He picked up the largest diamond discovered there in 3 years (cnn)

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service