သဘာဝနဲ့ ယှဉ်တွဲနေထိုင်ချင်တဲ့အခါ ဝါး ကို ရွေးချယ်ပါ

သဘာဝနဲ့ ယှဉ်တွဲနေထိုင်ချင်တဲ့အခါ ဝါး ကို ရွေးချယ်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
31 Dec 2023 11:45 am တွင် တင်ခဲ့သည်
996 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

သတ္တု ၊ တိုင်တေနီယမ် ၊ ဖိုင်ဘာ စတဲ့အရာတွေနဲ့ အိမ်အလှဆင်ရတာ ငြီးငွေ့လာတယ်။ အိမ်မှာနေရင်း တောထဲရောက်နေသလို Feeling မျိုးလိုချင်တဲ့ မိသားစုအတွက် အိမ်ရှင်မတို့ရွေးချယ်သင့်တာက ဝါး ပါပဲ။ ကမ်းခြေက ဟော်တယ်တွေမှာ တည်းတဲ့အခါ ဝါးနဲ့လုပ်ထားတဲ့ Hotel Decoration ပစ္စည်းလေးတွေကို မြင်ဖူးကြပါလိမ့်မယ်။ Luxury လည်းဖြစ်စေမယ် စိတ်ကိုလည်း တစ်မျိုးတစ်ဖုံ လန်းဆန်းမှု ရသကို ပေးစွမ်းနိုင်တယ်ဟုတ်။ ဝါးအလှဆင်ပစ္စည်းလေးတွေ ဘယ်လိုရှိသလဲ ကိုယ်တိုင်လုပ်နိုင်တဲ့ DIY Tips တွေရော အပြင်က ဝယ်ယူနိုင်တဲ့ Decoration Idea ဆန်းဆန်းလေးတွေရော ဒီဆောင်းပါးမှာ စုစည်းထားပါတယ်။ Lets Go......

 

(ကိုယ်ပိုင်အခန်းနေရာ ဝါးနဲ့ ကန့်ထားလိုက်ပါ)

 

အိမ်မှာ ရုံးမှာ စကားထိုင်ပြောဖို့ Privacy ကောင်းကောင်းရှိတဲ့နေရာလေးတစ်နေရာ လိုအပ်နေရင်တော့ ဝါးချောင်းလေးတွေနဲ့ ကန့်ထားလို့ရပါတယ်။

 

 

ကျိုးတို့ကျဲတဲတော့ မဟုတ်ဘူးပေါ့ ပုံမှာ ပြထားသလို လှပပြီး အချိုးအဆစ်ကျတဲ့ ဝါးလေးတွေနဲ့ စီစီရီရီ ကန့်ထားလိုက်ပါ။

 

 

သဘာဝကန့်လန့်ကာလေး တစ်ခုဖြစ်စေမယ့်အပြင် အောက်မှာမီးလုံးလေးတွေနဲ့ Decor လိုက်တော့ ရှယ်မိုက်သွားတာပေါ့နော်။ ဝါးဟာ ဘယ်နေရာဒေသ ဘယ်ရာသီဥတုမှာမဆို ကောင်းကောင်းပေါက်ဖွားနိုင်တဲ့အပြင် အပင်ထွက်နှုန်းများတဲ့ မျိုးစိတ်ဖြစ်လို့ တိမ်ကောသွားတယ်ဆိုတာမရှိ ဈေး‌ပေါပေါနဲ့ ဝယ်ယူနိုင်ပါတယ်။

 

 

မြန်မာနိုင်ငံမှာလည်း ဝါး ကို အလွယ်တကူ ဈေးအသင့်အတင့်နဲ့ ဝယ်ယူနိုင်ပါတယ်။

 

 

 

(ဝါးမီးဆိုင်း)

 

ဝါးမီးဆိုင်းလေးတွေအလှချိတ်ထားတဲ့ စားသောက်ဆိုင်တွေသွားပြီး အကြည်ဓာတ်ယူ အလှဓာတ်ပုံရိုက်နေမယ့်အစား အိမ်ထဲမှာ ချိတ်ထားလိုက်ပါ။ ငွေအများကြီးမကုန်ပဲ Luxury Vibe ရစေမယ့်အပြင် eco friendly လည်းဖြစ်စေပါတယ်။

 

 

ဝါးမီးဆိုင်းလေးတွေဟာ အရိပ်ကွယ်တတ်လို့ မီးလုံးအားပြင်းပြင်းထွန်းဖို့တော့ လိုပါလိမ့်မယ်။ ရောင်စုံမီးလုံး‌လေးတွေလဲ လှပါတယ်။ ခပ်ကြီးကြီးခတ်ထားတဲ့ ဝါးမီးဆိုင်းတွေကိုလည်း ပြောဝယ်ကြည့်လို့ရပါတယ်။ အနီးစပ်ဆုံး ကြည့်ကောင်းမိုက်လွန်းတဲ့ ဝါးမီးဆိုင်းလေးတွေကို ပုံလေးတွေနဲ့ တွဲပြထားပါတယ်။

 

 

(ဝါးနဲ့လုပ်တဲ့ အလှထိုင်ခုံလေးများ)

 

အလှတင်မဟုတ် ဇိမ်ရှိရှိအကြိုက်ထိုင်လို့ရတဲ့ ခုံလေးတွေပါ။ ဝါးခုံလို့ပြောလိုက်ရင် ပုံဆိုးပန်းဆိုးခုံတွေကို ပြေးမြင်ကြပေမယ့် ဈေးကွက်အတွင်းမှာ လှပတဲ့ထိုင်ခုံစားပွဲအတွဲလိုက်လေးတွေ အလွယ်တကူဝယ်ယူနိုင်နေပါပြီ ။

 

 

အကြီးလိုချင်လား အသေးလိုချင်လား ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကို ရှာဖွေဝယ်ယူနိုင်ပါတယ်။ ဈေးမကြီး ငွေကုန်ကြေးကျသက်သာသလို သဘာဝဆန်တဲ့ နေထိုင်မှုလေးဖြစ်စေမှာပါ။ Mood လေးကတော့ အေးချမ်းတဲ့ ဝါးတောလေးထဲ ‌ရောက်နေသလိုပေါ့ ။

 

 

 

(ဝါးပန်းအိုး)

 

ဝါးနဲ့လုပ်တဲ့ Decor တွေ ရေးပြရရင် မကုန်နိုင်တော့ပါဘူး။ အထူးတလည်ရေးပြချင်တာကတော့ ဝါးပန်းအိုးလေးတွေပါ အလှလဲဖြစ်သလို ချိတ်ဆွဲတဲ့အခါမှာလည်း ပေါ့ပါးလွယ်ကူပါတယ်။ ပြုတ်ကျလည်း မကွဲတော့ဘူးပေါ့။ ချစ်ဖို့ကောင်းတဲ့ ဝါးပန်းအိုးအလှလေးများကိုလည်း စုစည်းပေးထားပါတယ်။

 

 

အိမ်ရှင်မတို့ရဲ့ အိမ်ထဲမှာ သဘာဝဆန်တဲ့ အကြည်ဓာတ်လေးတစ်ခု ထည့်သွင်းချင်တယ်ဆိုရင်တော့ ဝါးနဲ့လုပ်တဲ့ ပရိဘောကလေးတွေကို ထည့်သွင်းကြည့်ဖို့ အကြံပြုပါရစေ။

 

 

အမြင်ရှင်းပြီး လူကြီးမိဘတွေအတွက် Relax ဖြစ် အေးတဲ့ဝါးသားလေးတွေကို Decor ပြင်ဆင်ပြီး နှစ်သစ်ကို စတင်လိုက်ရအောင်နော်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

သဘာဝနဲ႔ ယွဥ္တြဲေနထိုင္ခ်င္တဲ့အခါ ဝါး ကို ေ႐ြးခ်ယ္ပါ

 

သတၱဳ (Metal) တိုင္ေတနီယမ္ (Titanium) ဖိုင္ဘာ (fiber) စတဲ့အရာေတြနဲ႔ အိမ္အလွဆင္ရတာ ၿငီးေငြ႕လာတယ္။ အိမ္မွာေနရင္း ေတာထဲေရာက္ေနသလို Feeling မ်ိဳးလိုခ်င္တဲ့ မိသားစုအတြက္ အိမ္႐ွင္မတို႔ေ႐ြးခ်ယ္သင့္တာက ဝါး ပါပဲ။ ကမ္းေျခက ေဟာ္တယ္ေတြမွာ တည္းတဲ့အခါ ဝါးနဲ႔လုပ္ထားတဲ့ Hotel Decoration ပစၥည္းေလးေတြကို ျမင္ဖူးၾကပါလိမ့္မယ္။ Luxury လည္းျဖစ္ေစမယ္ စိတ္ကိုလည္း တစ္မ်ိဳးတစ္ဖုံ လန္းဆန္းမႈ ရသကို ေပးစြမ္းႏိုင္တယ္ဟုတ္။ ဝါးအလွဆင္ပစၥည္းေလးေတြ ဘယ္လို႐ွိသလဲ ကိုယ္တိုင္လုပ္ႏိုင္တဲ့ DIY Tips ေတြေရာ အျပင္က ဝယ္ယူႏိုင္တဲ့ Decoration Idea ဆန္းဆန္းေလးေတြေရာ ဒီေဆာင္းပါးမွာ စုစည္းထားပါတယ္။ Lets Go......

 

ကိုယ္ပိုင္အခန္းေနရာ ဝါးနဲ႔ ကန္႔ထားလိုက္ပါ

အိမ္မွာ ႐ုံးမွာ စကားထိုင္ေျပာဖို႔ Privacy ေကာင္းေကာင္း႐ွိတဲ့ေနရာေလးတစ္ေနရာ လိုအပ္ေနရင္ေတာ့ ဝါးေခ်ာင္းေလးေတြနဲ႔ ကန္႔ထားလို႔ရပါတယ္။ က်ိဳးတို႔က်ဲတဲေတာ့ မဟုတ္ဘူးေပါ့ ပုံမွာ ျပထားသလို လွပၿပီး အခ်ိဳးအဆစ္က်တဲ့ ဝါးေလးေတြနဲ႔ စီစီရီရီ ကန္႔ထားလိုက္ပါ။ သဘာဝကန္႔လန္႔ကာေလး တစ္ခုျဖစ္ေစမယ့္အျပင္ ေအာက္မွာမီးလုံးေလးေတြနဲ႔ Decor လိုက္ေတာ့ ႐ွယ္မိုက္သြားတာေပါ့ေနာ္။ ဝါးဟာ ဘယ္ေနရာေဒသ ဘယ္ရာသီဥတုမွာမဆို ေကာင္းေကာင္းေပါက္ဖြားႏိုင္တဲ့အျပင္ အပင္ထြက္ႏႈန္းမ်ားတဲ့ မ်ိဳးစိတ္ျဖစ္လို႔ တိမ္ေကာသြားတယ္ဆိုတာမ႐ွိ ေဈး‌ေပါေပါနဲ႔ ဝယ္ယူႏိုင္ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ဝါး ကို အလြယ္တကူ ေဈးအသင့္အတင့္နဲ႔ ဝယ္ယူႏိုင္ပါတယ္။

 

ဝါးမီးဆိုင္း

ဝါးမီးဆိုင္းေလးေတြအလွခ်ိတ္ထားတဲ့ စားေသာက္ဆိုင္ေတြသြားၿပီး အၾကည္ဓာတ္ယူ အလွဓာတ္ပုံ႐ိုက္ေနမယ့္အစား အိမ္ထဲမွာ ခ်ိတ္ထားလိုက္ပါ။ ေငြအမ်ားႀကီးမကုန္ပဲ Luxury Vibe ရေစမယ့္အျပင္ eco friendly လည္းျဖစ္ေစပါတယ္။ ဝါးမီးဆိုင္းေလးေတြဟာ အရိပ္ကြယ္တတ္လို႔ မီးလုံးအားျပင္းျပင္းထြန္းဖို႔ေတာ့ လိုပါလိမ့္မယ္။ ေရာင္စုံမီးလုံး‌ေလးေတြလဲ လွပါတယ္။ ခပ္ႀကီးႀကီးခတ္ထားတဲ့ ဝါးမီးဆိုင္းေတြကိုလည္း ေျပာဝယ္ၾကည့္လို႔ရပါတယ္။ အနီးစပ္ဆုံး ၾကည့္ေကာင္းမိုက္လြန္းတဲ့ ဝါးမီးဆိုင္းေလးေတြကို ပုံေလးေတြနဲ႔ တြဲျပထားပါတယ္။

 

ဝါးနဲ႔လုပ္တဲ့ အလွထိုင္ခုံေလးမ်ား

အလွတင္မဟုတ္ ဇိမ္႐ွိ႐ွိအႀကိဳက္ထိုင္လို႔ရတဲ့ ခုံေလးေတြပါ။ ဝါးခုံလို႔ေျပာလိုက္ရင္ ပုံဆိုးပန္းဆိုးခုံေတြကို ေျပးျမင္ၾကေပမယ့္ ေဈးကြက္အတြင္းမွာ လွပတဲ့ထိုင္ခုံစားပြဲအတြဲလိုက္ေလးေတြ အလြယ္တကူဝယ္ယူႏိုင္ေနပါၿပီ ။ အႀကီးလိုခ်င္လား အေသးလိုခ်င္လား ကိုယ္ႀကိဳက္တဲ့ ဒီဇိုင္းကို ႐ွာေဖြဝယ္ယူႏိုင္ပါတယ္။ ေဈးမႀကီး ေငြကုန္ေၾကးက်သက္သာသလို သဘာဝဆန္တဲ့ ေနထိုင္မႈေလးျဖစ္ေစမွာပါ။ Mood ေလးကေတာ့ ေအးခ်မ္းတဲ့ ဝါးေတာေလးထဲ ‌ေရာက္ေနသလိုေပါ့ ။

 

ဝါးပန္းအိုး

ဝါးနဲ႔လုပ္တဲ့ Decor ေတြ ေရးျပရရင္ မကုန္ႏိုင္ေတာ့ပါဘူး။ အထူးတလည္ေရးျပခ်င္တာကေတာ့ ဝါးပန္းအိုးေလးေတြပါ အလွလဲျဖစ္သလို ခ်ိတ္ဆြဲတဲ့အခါမွာလည္း ေပါ့ပါးလြယ္ကူပါတယ္။ ျပဳတ္က်လည္း မကြဲေတာ့ဘူးေပါ့။ ခ်စ္ဖို႔ေကာင္းတဲ့ ဝါးပန္းအိုးအလွေလးမ်ားကိုလည္း စုစည္းေပးထားပါတယ္။

အိမ္႐ွင္မတို႔ရဲ႕ အိမ္ထဲမွာ သဘာဝဆန္တဲ့ အၾကည္ဓာတ္ေလးတစ္ခု ထည့္သြင္းခ်င္တယ္ဆိုရင္ေတာ့ ဝါးနဲ႔လုပ္တဲ့ ပရိေဘာကေလးေတြကို ထည့္သြင္းၾကည့္ဖို႔ အၾကံျပဳပါရေစ။ အျမင္႐ွင္းၿပီး လူႀကီးမိဘေတြအတြက္ Relax ျဖစ္ ေအးတဲ့ဝါးသားေလးေတြကို Decor ျပင္ဆင္ၿပီး ႏွစ္သစ္ကို စတင္လိုက္ရေအာင္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
(ဥရောပနဲ့ အမေရိက ငြိပြီ) အမေရိက၏ အမှတ်သင်္ကေတဖြစ်သော လေဘာတီရုပ်တုကြီးကို ပြန်ပေးရန် ပြင်သစ်က အမေရိကန်ကို တောင်းခံ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service