မြေကွက်တစ်ခြမ်း ဝယ်ထားသူများ ကန့်ကွက်စာ တင်ထားမိသေးရဲ့လား.... - Property Knowledge in Myanmar | iMyanmarHouse.com

မြေကွက်တစ်ခြမ်း ဝယ်ထားသူများ ကန့်ကွက်စာ တင်ထားမိသေးရဲ့လား....

မြေကွက်တစ်ခြမ်း ဝယ်ထားသူများ ကန့်ကွက်စာ တင်ထားမိသေးရဲ့လား.... - Property Knowledge in Myanmar from iMyanmarHouse.com
29 Dec 2023 1:58 pm တွင် တင်ခဲ့သည်
651 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

စာဖတ်ပရိသတ်တစ်ဦးဖြစ်သည့် ကိုမိုးလွင် တစ်ယောက် ဖုန်းဆက်ပြီး မကြာမှီ မောင်ကောင်းဖေ ရုံးခန်းသို့ ရောက်လာသည်။ ခဏနားပြီးသည်နှင့် အလုပ်ကိစ္စအကြောင်း စတင်ဆွေးနွေးရန် အိတ်အတွင်းမှ စာချုပ်စာတမ်းနှင့် အိမ်ပိုင်ဆိုင်မှုမြေပုံများ ထုတ်ယူလိုက်သည်ကို မြင်ရသည်။

ဂရန်/ စာချုပ်တွေ ထုတ်ကာပြ၊ ပြဿနာဖြစ်ရသည့် အကြောင်းကစ

 

အခုမြင်ရတဲ့ စာချုပ်စာတမ်းတွေကတော့ ကျွန်တော့်မိဘတွေဝယ်ပြီး ယနေ့ထိ လက်ရှိနေထိုင်တဲ့ အထောက်အထားတွေပါဆရာ။ စမ်းချောင်းမြို့နယ်အတွင်းမှာ ရှိတယ်။ မြေအကျယ်ကတော့ ပုံမှာမြင်ရတဲ့အထောက်အထားတွေပါဆရာ။ စမ်းချောင်းမြို့နယ်အတွင်းမှာရှိတယ်။ မြေအကျယ်ကတော့ ပုံမှာ မြင်ရတဲ့အတိုင်း တစ်ဧကရဲ့ (၁/၄) ပုံလောက် ရှိတာပေါ့။

ဘိုးဘပိုင်မြေအမျိုးအစားလည်း ဖြစ်တယ်။ မြေပုံမှာလည်း တရားဝင်ဖော်ပြထားတယ်။ မိဘတွေဝယ်ယူပြီး နေလာခဲ့တာက နှစ်ပေါင်း(၃၀) လောက်ရှိသွားပြီ။

မြေတစ်ကွက်လုံးဝယ်တာတော့ မဟုတ်ဘူး။ အခုမြင်ရတဲ့ မြေကွက်ကြီး ပုံသဏ္ဍန်ကိုကြည့်မယ်ဆိုရင် အလျားထက်အနံပေက ပိုရှည်နေတဲ့ စတုဂံပုံဖြစ်နေတယ်။ အခုမြင်ရတဲ့ စတုဂံရဲ့ တောင်ဘက်ထောင့်မှာ ပိုထွက်နေတဲ့ မြေကွက်ကလေးကို ကျွန်တော့မိဘတွေက ဝယ်ယူပြီး (၂)ထပ်အိမ်ဆောက်ပြီးနေတာ ဒီနေ့အထိပါဘဲဆရာ

"မြေကွက်အကျယ်က ဘယ်လောက်ရှိတာလဲ ညီလေးရဲ့"

"(20'x45')ပေပါ ဆရာ"

" အင်း...မြို့ပြမြေစီမံဌာနက သတ်မှတ်ထားတဲ့ (၁၂၀၀) စတုရန်းပေ (20' x 60l) တော့ မပြည့်ဘူး ဖြစ်နေတယ် ဒါပေမယ့် မြေအမျိုးအစားက ဂရန်မြေမဟုတ်ဘူး။ ဘိုးဘပိုင်မြေဖြစ်နေတယ်ဆရာ။"

" ကောင်းပြီလေ ဒီမြေကွက်နဲ့ပတ်သက်လို့ ကိုမိုးလွင် က ဘာကိုသိချင်တာလဲပြောပါဦး "

" အော် ... ဟုတ်သားပဲ။ လာရင်းကိစ္စတောင် မေ့သွားတယ်။ ဒီလိုလေဆရာ....တစ်ဧကရဲ့ (၄) ပုံ (၁) ပုံနီးပါးရှိတဲ့ မြေကွက်ကြီးထဲမှာ နဂိုက အိမ်(၇)လုံးလောက်ရှိတယ်။ အရပ်ကတိစာချုပ်နဲ့ အဆင့်ဆင့်ရောင်းဝယ်ပြီးနေထားကြသူတွေပေါ့။ ခန့်မှန်းခြေ နှစ်ပေါင်း (၅၀)လောက် ရှိပြီဆိုပါတော့။ အဲဒီအထဲမှာ ကျွန်တော်တို့မြေကွက်လည်း အပါအဝင်ပေါ့။ အဆင့်ဆင့်ဝယ်နေကြတာလေ။ဘယ်သူပိုင်တယ်၊ ဘယ်သူအမည်ပေါက်တယ်ဆိုတာတောင် နေတဲ့သူတွေကိုယ်တိုင် တိတိကျကျ မပြောနိုင်ကြဘူး "

" ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မြို့မြေစာရင်းမှာတော့ ကွယ်လွန်သူ "ဦးမြတ်လှ " အမည်ပေါက်နေတယ်ဆိုတာ စုံစမ်းကြည့်တော့မှ သိရတယ်။ ပြီးခဲ့တဲ့ (၂)နှစ်လောက်ကတော့ ဦးမြတ်လှ ရဲ့ သားသမီးတွေက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာပြီး သူဌေးကြီး " ဦးသိုက်စိုး" ကိုပြန်ရောင်းလို့ အရောင်းအဝယ်စာချုပ်ဖို့ စည်ပင်အရောင်းမြေပုံကူးလျှောက်တာ တွေ့ရတယ်။ ပြီးတော့ မြေကွက်ကြီးထဲမှာ အဆင့်ဆင့်ဝယ်နေကြတဲ့ သူတွေကိုလည်း လှိုင်သာယာမှာ မြေကွက်တစ်ကွက်စီဝယ်ပေးတယ်။ နစ်နာကြေးလည်း ပေးလိုက်တယ်လို့ သိရတယ်။ ကျွန်တော်တို့က မရောင်းတော့ ကျန်ခဲ့တာပေါ့။ "

" အခုမြေကွက်လပ်ကြီး ဖြစ်နေတာလား "

" ဟုတ်ကဲ့ဆရာ "

" ဒါနဲ့... စည်ပင်က မြေတိုင်းလာတဲ့အခါ ကန့်ကွက်ရန် ရှိ/မရှိ ခြေရင်း ခေါင်းရင်း လက်မှတ်ထိုးခိုင်တယ်။ ဖေဖေက ထိုးပေးလိုက်တယ်။ ပြီးတော့ သတင်းစာမှာလည်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာတာတွေ့ရတယ်။ အဲဒီတုန်းက မြေတိုင်းတဲ့ အထဲမှာ ကျွန်တော်တို့ခြံမြေလည်း ပါသွားတယ်။ ကန့်ကွက်လွှာတင်မယ်လို့ သူဌေးကို သွားပြောတော့ မတင်ပါနဲ့၊ တောင်းပန်ပါတယ်၊ ခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှု မထိခိုက်ပါဘူး။ ဒီအတိုင်းဆက်နေသွားပါ သူ့ရဲ့ မြေကွက်ကြီး အမည်ပြောင်းပြီးသွားရင်လည်း နောက်ဘက်က ပိတ်ပြီး ခြံစည်းရိုးခတ်ပေးမယ် " ပြောတာနဲ့ ကန့်ကွက်လွှာမတင်လိုက်ဘူးလေ ခြံစည်းရိုးခတ်ပေးမယ်ဆိုလို့ အဲဒီသူဌေးကို ကျေးဇူးတောင်တင်နေသေးတာ "

 

 

အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်ရပြီးလား

" အခုနောက်ပိုင်းမှာ ... ဆရာရေးထားတဲ့ အိမ်ခြံမြေဆိုင်ရာ ဆောင်းပါးတွေ ဖတ်ကြည့်ပြီး စိုးရိမ်လို့လာတိုင်ပင်တာပါ ဆရာ"

" အေးဗျာ၊ " ကိုမိုးလွင် " ပြောပြပုံအရ ဆိုရင်တော့ " ကိုမိုးလွင် " ရဲ့ မိဘတွေက အလွန်ရိုးကြတာပဲနော် "

" ဘာဖြစ်လို့လဲ ဆရာ "

" ခြံမြေကွက်ကို စည်ပင်က မြေတိုင်းလာတုန်းက ကန့်ကွက်လိုက်ရမှာကို " ကိုမိုးလွင် " မိဘတွေကသဘောတူတယ်ဆိုတော့ စည်ပင်က " ကိုမိုးလွင် " မိဘပိုင်မြေရယ်၊ သူဌေး ဦးသိုက်စိုး ပိုင် မြေတွေရယ်၊ တစ်ကွက်လုံးပေါင်းပြီး တိုင်းသွားတာကို သဘောတူလိုက်သလို ဖြစ်သွားတာပေါ့ "

" အဲဒီတော့ အခုဘာဖြစ်လာနိုင်သလဲဆရာ.. "

" အခု မြို့တော်စည်ပင်ရဲ့ မြို့မြေစာရင်းမှာ ဘယ်သူအမည်ပေါက်နေပြီလည်း သွားကြည့်ပြီးပြီးလား "

" နောက်ဝယ်သူ ဦးသိုက်စိုး အမည်ပေါက်သွားပါပြီ"

" အဲဒီအမည်ပေါက်ထဲမှာ " ကိုမိုးလွင် " မိဘတွေပိုင်တဲ့ ခြံမြေနေရာ ကျန်ရစ်ခဲ့သေးလား "

" မကျန်တော့ဘူးဗျား... အခု ဆရာကိုပြတဲ့အတိုင်း မြေကွက်ရဲ့ ထောင့်ချွန်းလေးက ကျွန်တော်တို့ပိုင်တာ အဲဒီ့ထောင့်ချွန်းလေးပါ ဦးသိုက်စိုး အမည်ပေါက်ဖြစ်သွားပြီ "

" ဟိုက်... ဒုက္ခပါပဲ ကိုမိုးလွင် ရာ .... "

" ဒါဆိုရင် ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားပြီလားဆရာ"

" အင်း.... ပိုင်ဆိုင်မှုတော့ မဆုံးရှုံးဘူးပေါ့ကွာ။ ဒါပေမယ်လို့ ကိုယ့်အမည်ပေါက်ပြန်ရဖို့အတွက် အပ်နဲ့ထွင်ရမှာကို ပုဆိန်နဲ့ ပေါက်ရတော့မလို ဖြစ်ကုန်ပြီပေါ့ "

" ရှင်းပြပေးပါဦး ဆရာရယ် ၊ စိတ်ပူလိုက်တာ "

 

ကျွမ်းကျင်သူနဲ့ မတိုင်ပင်မိလို့ အခုတော့ အထင်နဲ့အမြင် တလွဲစီဖြစ်ကုန်ပြီ

" နဂိုက လုပ်ရမှာက တစ်ဧကရဲ့ (၁/၄) ပုံမြေကွက်ကြီးထဲက (20'x45') ကို " ကိုမိုးလွင် " တို့က ပိုင်တဲ့အတွက် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ကို (ဦးသိုက်စိုး+၁ ) ပူးတွဲစာချုပ်ချုပ်ရမယ်။ အမွေဆက်ခံသူသား၊ သမီးများထံမှ မြေကွက်ကြီးရဲ့ တောင်ဘက်စွန်း (20'x45') ကို " ကိုမိုးလွင် " မိဘတွေက ဝယ်ပါတယ်။ ကျန်တဲ့ မြေကွက်ကြီးကို ဦးသိုက်စိုး က ဝယ်ပါတယ်ဆိုပြီး မှတ်ပုံတင်စာချုပ်ထဲမှာဖော်ပြရမယ်။ နှစ်ဦးအမည်ပေါက်စာချုပ် ထွက်လာတဲ့အခါကြမှ ကိုယ်ပိုင်တဲ့အခြမ်းကို မြေကွက်ခွဲလျှောက်လိုက်ရင် အမည်ပေါက်တစ်ဦးစီ သီးခြားဖြစ်သွားပြီပေါ့။

" အခုတော့ အဲဒီလိုလုပ်ချင်ရင် မြေတစ်ကွက်လုံးကို မြေပုံပြန်ကူးမယ်။ အခွန်ဆောင်ရမယ်။ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ဦးသိုက်စိုး နဲ့ ပြန်ချုပ်ရမယ်။ ဒါကိုလဲ ဦးသိုက်စိုး က လိုက်ပါဆောင်ရွက်ပေးရမှာ။ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ရန်ကုန်မြို့တော်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ချုပ်ရမယ်။ စာချုပ်ထွက်လာမှ စည်ပင်မှာ အမည်ပြောင်းရမယ်။ အမည်ပြောင်းပြီးမှ ကိုယ်ပိုင်တဲ့အခြမ်းကို မြေကွက်ခွဲစိတ်ပေးဖို့ လျှောက်ရမယ်။ ခွဲစိတ်ပြီးမှ မိမိပိုင် (20'x45') က သီးခြားအမည်ပေါက်ဖြစ်လာတော့မှာပေါ့။ အဲဒါကြောင့်

" အပ်နဲ့ထွင်းရမယ့်ကိစ္စ၊ ပုဆိန်နဲ့ပေါက်ရ " သလိုဖြစ်သွားတယ်လို့ ပြောတာ "

" ပိုင်ဆိုင်မှု မဆုံးရှုံးလို့ တော်ပါသေးရဲ့ ဆရာရယ်..ဒါဆိုရင် (20'x45') ကို ကျွန်တော်တို့အမည်ပေါက်လျှောက်လို့ရသလာ ဆရာ "

" ဘိုးဘပိုင်မြေဖြစ်တဲ့အတွက် စည်ပင်ဌာနမှူးရဲ့ ခွင့်ပြုချက်နဲ့ မြေကွက်ခွဲလျှောက်လို့ ရတယ်လို့ သိရပါတယ်။"

" ဦးသိုက်စိုး အမည်ပေါက်ပေမယ့် ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှု မဆုံးရှုံးဘူးလို့ သိရတဲ့အတွက် ဝမ်းသာပါတယ် ဆရာ။ ဘာပဲဖြစ်ဖြစ် နောင်ရေးစိတ်အေးရဖို့အရေး အမည်ပေါက်ရတဲ့ အထိတော့ ကြိုးစားလုပ်ယူမှ ဖြစ်မယ်။ အခုလိုရှင်းပြတာ ကျေးဇူးတင်ပါတယ်ဆရာ ... ကျွန်တော်ကို ခွင့်ပြုပါဦး" ဟု နှုတ်ဆက်ပြီး " ကိုမိုးလွင် " တစ်ယောက် ခေါင်းငိုက်စိုက်ဖြင့် တွေးတောရင်း ပြန်သွားပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ေျမကြက္တစ္ျခမ္း ဝယ္ထားသူမ်ား ကန္႔ကြက္စာ တင္ထားမိေသးရဲ႕လား....

 

စာဖတ္ပရိသတ္တစ္ဦးျဖစ္သည့္ ကိုမိုးလြင္ တစ္ေယာက္ ဖုန္းဆက္ၿပီး မၾကာမွီ ေမာင္ေကာင္းေဖ ႐ုံးခန္းသို႔ ေရာက္လာသည္။ ခဏနားၿပီးသည္ႏွင့္ အလုပ္ကိစၥအေၾကာင္း စတင္ေဆြးေႏြးရန္ အိတ္အတြင္းမွ စာခ်ဳပ္စာတမ္းႏွင့္ အိမ္ပိုင္ဆိုင္မႈေျမပုံမ်ား ထုတ္ယူလိုက္သည္ကို ျမင္ရသည္။

ဂရန္/ စာခ်ဳပ္ေတြ ထုတ္ကာျပ၊ ျပႆနာျဖစ္ရသည့္ အေၾကာင္းကစ

အခုျမင္ရတဲ့ စာခ်ဳပ္စာတမ္းေတြကေတာ့ ကြၽန္ေတာ္႕မိဘေတြဝယ္ၿပီး ယေန႔ထိ လက္႐ွိေနထိုင္တဲ့ အေထာက္အထားေတြပါဆရာ။ စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္းမွာ ႐ွိတယ္။ ေျမအက်ယ္ကေတာ့ ပုံမွာျမင္ရတဲ့အေထာက္အထားေတြပါဆရာ။ စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္းမွာ႐ွိတယ္။ ေျမအက်ယ္ကေတာ့ ပုံမွာ ျမင္ရတဲ့အတိုင္း တစ္ဧကရဲ႕ (၁/၄) ပုံေလာက္ ႐ွိတာေပါ့။

ဘိုးဘပိုင္ေျမအမ်ိဳးအစားလည္း ျဖစ္တယ္။ ေျမပုံမွာလည္း တရားဝင္ေဖာ္ျပထားတယ္။ မိဘေတြဝယ္ယူၿပီး ေနလာခဲ့တာက ႏွစ္ေပါင္း(၃၀) ေလာက္႐ွိသြားၿပီ။

ေျမတစ္ကြက္လုံးဝယ္တာေတာ့ မဟုတ္ဘူး။ အခုျမင္ရတဲ့ ေျမကြက္ႀကီး ပုံသ႑န္ကိုၾကည့္မယ္ဆိုရင္ အလ်ားထက္အနံေပက ပို႐ွည္ေနတဲ့ စတုဂံပုံျဖစ္ေနတယ္။ အခုျမင္ရတဲ့ စတုဂံရဲ႕ ေတာင္ဘက္ေထာင့္မွာ ပိုထြက္ေနတဲ့ ေျမကြက္ကေလးကို ကြၽန္ေတာ့မိဘေတြက ဝယ္ယူၿပီး (၂)ထပ္အိမ္ေဆာက္ၿပီးေနတာ ဒီေန႔အထိပါဘဲဆရာ

"ေျမကြက္အက်ယ္က ဘယ္ေလာက္႐ွိတာလဲ ညီေလးရဲ႕"

"(20'x45')ေပပါ ဆရာ"

" အင္း...ၿမိဳ႕ျပေျမစီမံဌာနက သတ္မွတ္ထားတဲ့ (၁၂၀၀) စတုရန္းေပ (20' x 60l) ေတာ့ မျပည့္ဘူး ျဖစ္ေနတယ္ ဒါေပမယ့္ ေျမအမ်ိဳးအစားက ဂရန္ေျမမဟုတ္ဘူး။ ဘိုးဘပိုင္ေျမျဖစ္ေနတယ္ဆရာ။"

" ေကာင္းၿပီေလ ဒီေျမကြက္နဲ႔ပတ္သက္လို႔ ကိုမိုးလြင္ က ဘာကိုသိခ်င္တာလဲေျပာပါဦး "

" ေအာ္ ... ဟုတ္သားပဲ။ လာရင္းကိစၥေတာင္ ေမ့သြားတယ္။ ဒီလိုေလဆရာ....တစ္ဧကရဲ႕ (၄) ပုံ (၁) ပုံနီးပါး႐ွိတဲ့ ေျမကြက္ႀကီးထဲမွာ နဂိုက အိမ္(၇)လုံးေလာက္႐ွိတယ္။ အရပ္ကတိစာခ်ဳပ္နဲ႔ အဆင့္ဆင့္ေရာင္းဝယ္ၿပီးေနထားၾကသူေတြေပါ့။ ခန္႔မွန္းေျခ ႏွစ္ေပါင္း (၅၀)ေလာက္ ႐ွိၿပီဆိုပါေတာ့။ အဲဒီအထဲမွာ ကြၽန္ေတာ္တို႔ေျမကြက္လည္း အပါအဝင္ေပါ့။ အဆင့္ဆင့္ဝယ္ေနၾကတာေလ။ဘယ္သူပိုင္တယ္၊ ဘယ္သူအမည္ေပါက္တယ္ဆိုတာေတာင္ ေနတဲ့သူေတြကိုယ္တိုင္ တိတိက်က် မေျပာႏိုင္ၾကဘူး "

" ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာန ၿမိဳ႕ေျမစာရင္းမွာေတာ့ ကြယ္လြန္သူ "ဦးျမတ္လွ " အမည္ေပါက္ေနတယ္ဆိုတာ စုံစမ္းၾကည့္ေတာ့မွ သိရတယ္။ ၿပီးခဲ့တဲ့ (၂)ႏွစ္ေလာက္ကေတာ့ ဦးျမတ္လွ ရဲ႕ သားသမီးေတြက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေၾကညာၿပီး သူေဌးႀကီး " ဦးသိုက္စိုး" ကိုျပန္ေရာင္းလို႔ အေရာင္းအဝယ္စာခ်ဳပ္ဖို႔ စည္ပင္အေရာင္းေျမပုံကူးေလွ်ာက္တာ ေတြ႕ရတယ္။ ၿပီးေတာ့ ေျမကြက္ႀကီးထဲမွာ အဆင့္ဆင့္ဝယ္ေနၾကတဲ့ သူေတြကိုလည္း လိႈင္သာယာမွာ ေျမကြက္တစ္ကြက္စီဝယ္ေပးတယ္။ နစ္နာေၾကးလည္း ေပးလိုက္တယ္လို႔ သိရတယ္။ ကြၽန္ေတာ္တို႔က မေရာင္းေတာ့ က်န္ခဲ့တာေပါ့။ "

" အခုေျမကြက္လပ္ႀကီး ျဖစ္ေနတာလား "

" ဟုတ္ကဲ့ဆရာ "

" ဒါနဲ႔... စည္ပင္က ေျမတိုင္းလာတဲ့အခါ ကန္႔ကြက္ရန္ ႐ွိ/မ႐ွိ ေျခရင္း ေခါင္းရင္း လက္မွတ္ထိုးခိုင္တယ္။ ေဖေဖက ထိုးေပးလိုက္တယ္။ ၿပီးေတာ့ သတင္းစာမွာလည္း ကန္႔ကြက္ႏိုင္ေၾကာင္း ေၾကာ္ျငာတာေတြ႕ရတယ္။ အဲဒီတုန္းက ေျမတိုင္းတဲ့ အထဲမွာ ကြၽန္ေတာ္တို႔ျခံေျမလည္း ပါသြားတယ္။ ကန္႔ကြက္လႊာတင္မယ္လို႔ သူေဌးကို သြားေျပာေတာ့ မတင္ပါနဲ႔၊ ေတာင္းပန္ပါတယ္၊ ခင္ဗ်ားတို႔ရဲ႕ပိုင္ဆိုင္မႈ မထိခိုက္ပါဘူး။ ဒီအတိုင္းဆက္ေနသြားပါ သူ႕ရဲ႕ ေျမကြက္ႀကီး အမည္ေျပာင္းၿပီးသြားရင္လည္း ေနာက္ဘက္က ပိတ္ၿပီး ျခံစည္း႐ိုးခတ္ေပးမယ္ " ေျပာတာနဲ႔ ကန္႔ကြက္လႊာမတင္လိုက္ဘူးေလ ျခံစည္း႐ိုးခတ္ေပးမယ္ဆိုလို႔ အဲဒီသူေဌးကို ေက်းဇူးေတာင္တင္ေနေသးတာ "

 

အပ္နဲ႔ထြင္းရမွာကို ပုဆိန္နဲ႔ေပါက္ရၿပီးလား

" အခုေနာက္ပိုင္းမွာ ... ဆရာေရးထားတဲ့ အိမ္ျခံေျမဆိုင္ရာ ေဆာင္းပါးေတြ ဖတ္ၾကည့္ၿပီး စိုးရိမ္လို႔လာတိုင္ပင္တာပါ ဆရာ"

" ေအးဗ်ာ၊ " ကိုမိုးလြင္ " ေျပာျပပုံအရ ဆိုရင္ေတာ့ " ကိုမိုးလြင္ " ရဲ႕ မိဘေတြက အလြန္႐ိုးၾကတာပဲေနာ္ "

" ဘာျဖစ္လို႔လဲ ဆရာ "

" ျခံေျမကြက္ကို စည္ပင္က ေျမတိုင္းလာတုန္းက ကန္႔ကြက္လိုက္ရမွာကို " ကိုမိုးလြင္ " မိဘေတြကသေဘာတူတယ္ဆိုေတာ့ စည္ပင္က " ကိုမိုးလြင္ " မိဘပိုင္ေျမရယ္၊ သူေဌး ဦးသိုက္စိုး ပိုင္ ေျမေတြရယ္၊ တစ္ကြက္လုံးေပါင္းၿပီး တိုင္းသြားတာကို သေဘာတူလိုက္သလို ျဖစ္သြားတာေပါ့ "

" အဲဒီေတာ့ အခုဘာျဖစ္လာႏိုင္သလဲဆရာ.. "

" အခု ၿမိဳ႕ေတာ္စည္ပင္ရဲ႕ ၿမိဳ႕ေျမစာရင္းမွာ ဘယ္သူအမည္ေပါက္ေနၿပီလည္း သြားၾကည့္ၿပီးၿပီးလား "

" ေနာက္ဝယ္သူ ဦးသိုက္စိုး အမည္ေပါက္သြားပါၿပီ"

" အဲဒီအမည္ေပါက္ထဲမွာ " ကိုမိုးလြင္ " မိဘေတြပိုင္တဲ့ ျခံေျမေနရာ က်န္ရစ္ခဲ့ေသးလား "

" မက်န္ေတာ့ဘူးဗ်ား... အခု ဆရာကိုျပတဲ့အတိုင္း ေျမကြက္ရဲ႕ ေထာင့္ခြၽန္းေလးက ကြၽန္ေတာ္တို႔ပိုင္တာ အဲဒီ့ေထာင့္ခြၽန္းေလးပါ ဦးသိုက္စိုး အမည္ေပါက္ျဖစ္သြားၿပီ "

" ဟိုက္... ဒုကၡပါပဲ ကိုမိုးလြင္ ရာ .... "

" ဒါဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ ပိုင္ဆိုင္မႈေတြ ဆုံး႐ႈံးသြားၿပီလားဆရာ"

" အင္း.... ပိုင္ဆိုင္မႈေတာ့ မဆုံး႐ႈံးဘူးေပါ့ကြာ။ ဒါေပမယ္လို႔ ကိုယ့္အမည္ေပါက္ျပန္ရဖို႔အတြက္ အပ္နဲ႔ထြင္ရမွာကို ပုဆိန္နဲ႔ ေပါက္ရေတာ့မလို ျဖစ္ကုန္ၿပီေပါ့ "

" ႐ွင္းျပေပးပါဦး ဆရာရယ္ ၊ စိတ္ပူလိုက္တာ "

 

ကြၽမ္းက်င္သူနဲ႔ မတိုင္ပင္မိလို႔ အခုေတာ့ အထင္နဲ႔အျမင္ တလြဲစီျဖစ္ကုန္ၿပီ

" နဂိုက လုပ္ရမွာက တစ္ဧကရဲ႕ (၁/၄) ပုံေျမကြက္ႀကီးထဲက (20'x45') ကို " ကိုမိုးလြင္ " တို႔က ပိုင္တဲ့အတြက္ မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္ကို (ဦးသိုက္စိုး+၁ ) ပူးတြဲစာခ်ဳပ္ခ်ဳပ္ရမယ္။ အေမြဆက္ခံသူသား၊ သမီးမ်ားထံမွ ေျမကြက္ႀကီးရဲ႕ ေတာင္ဘက္စြန္း (20'x45') ကို " ကိုမိုးလြင္ " မိဘေတြက ဝယ္ပါတယ္။ က်န္တဲ့ ေျမကြက္ႀကီးကို ဦးသိုက္စိုး က ဝယ္ပါတယ္ဆိုၿပီး မွတ္ပုံတင္စာခ်ဳပ္ထဲမွာေဖာ္ျပရမယ္။ ႏွစ္ဦးအမည္ေပါက္စာခ်ဳပ္ ထြက္လာတဲ့အခါၾကမွ ကိုယ္ပိုင္တဲ့အျခမ္းကို ေျမကြက္ခြဲေလွ်ာက္လိုက္ရင္ အမည္ေပါက္တစ္ဦးစီ သီးျခားျဖစ္သြားၿပီေပါ့။

" အခုေတာ့ အဲဒီလိုလုပ္ခ်င္ရင္ ေျမတစ္ကြက္လုံးကို ေျမပုံျပန္ကူးမယ္။ အခြန္ေဆာင္ရမယ္။ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ကို ဦးသိုက္စိုး နဲ႔ ျပန္ခ်ဳပ္ရမယ္။ ဒါကိုလဲ ဦးသိုက္စိုး က လိုက္ပါေဆာင္႐ြက္ေပးရမွာ။ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ကို ရန္ကုန္ၿမိဳ႕ေတာ္စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွာ ခ်ဳပ္ရမယ္။ စာခ်ဳပ္ထြက္လာမွ စည္ပင္မွာ အမည္ေျပာင္းရမယ္။ အမည္ေျပာင္းၿပီးမွ ကိုယ္ပိုင္တဲ့အျခမ္းကို ေျမကြက္ခြဲစိတ္ေပးဖို႔ ေလွ်ာက္ရမယ္။ ခြဲစိတ္ၿပီးမွ မိမိပိုင္ (20'x45') က သီးျခားအမည္ေပါက္ျဖစ္လာေတာ့မွာေပါ့။ အဲဒါေၾကာင့္

" အပ္နဲ႔ထြင္းရမယ့္ကိစၥ၊ ပုဆိန္နဲ႔ေပါက္ရ " သလိုျဖစ္သြားတယ္လို႔ ေျပာတာ "

" ပိုင္ဆိုင္မႈ မဆုံး႐ႈံးလို႔ ေတာ္ပါေသးရဲ႕ ဆရာရယ္..ဒါဆိုရင္ (20'x45') ကို ကြၽန္ေတာ္တို႔အမည္ေပါက္ေလွ်ာက္လို႔ရသလာ ဆရာ "

" ဘိုးဘပိုင္ေျမျဖစ္တဲ့အတြက္ စည္ပင္ဌာနမႉးရဲ႕ ခြင့္ျပဳခ်က္နဲ႔ ေျမကြက္ခြဲေလွ်ာက္လို႔ ရတယ္လို႔ သိရပါတယ္။"

" ဦးသိုက္စိုး အမည္ေပါက္ေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ ပိုင္ဆိုင္မႈ မဆုံး႐ႈံးဘူးလို႔ သိရတဲ့အတြက္ ဝမ္းသာပါတယ္ ဆရာ။ ဘာပဲျဖစ္ျဖစ္ ေနာင္ေရးစိတ္ေအးရဖို႔အေရး အမည္ေပါက္ရတဲ့ အထိေတာ့ ႀကိဳးစားလုပ္ယူမွ ျဖစ္မယ္။ အခုလို႐ွင္းျပတာ ေက်းဇူးတင္ပါတယ္ဆရာ ... ကြၽန္ေတာ္ကို ခြင့္ျပဳပါဦး" ဟု ႏႈတ္ဆက္ၿပီး " ကိုမိုးလြင္ " တစ္ေယာက္ ေခါင္းငိုက္စိုက္ျဖင့္ ေတြးေတာရင္း ျပန္သြားပါေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေ႐ွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော ဂျပန်တွင် နိုင်ငံခြားခရီးသွားများ တည်းခိုရန် စိတ်ဝင်စားလျက်ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ...
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆို
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service