ညလယ်မှာ အိပ်ရာနိုးလာပြီး ပြန်အိပ်လို့မရရင် ဘာတွေလုပ်ရမလဲ၊ ဘာတွေ မလုပ်ရဘူးလဲ--ဆန်ဖရန်စစ္စကိုမှ အိပ်စက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Biquan Luo ၏ အကြံပြုချက်များ
ညလယ်မှာ အိပ်ရာနိုးလာပြီး ပြန်အိပ်လို့မရရင် ဘာတွေလုပ်ရမလဲ၊ ဘာတွေ မလုပ်ရဘူးလဲ--ဆန်ဖရန်စစ္စကိုမှ အိပ်စက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Biquan Luo ၏ အကြံပြုချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
28 Dec 2023 10:54 am တွင် တင်ခဲ့သည်
1072 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ညဉ့်လယ်တွင် အိပ်ရာအမြဲနိုးလာပြီး ပြန်လည်အိပ်ပျော်ရန် မလွယ်ကူသော အခက်အခဲနှင့် ရင်ဆိုင်ရသူတို့ သည် နောက်တစ်နေ့တွင် မူးဝေသော အကျိုးဆက်ကို ခံစားကြရသည်။
အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟို (CDC) ၏ ၂၀၂၀ ပြည့်နှစ်အချက်အလက် များအရ အရွယ်ရောက်ပြီးသူတို့၏ ၁၇ ရာခိုင်နှုန်းကျော်သည် နေ့ရက်အများစု (သို့မဟုတ်) နေ့တိုင်းတွင် အိပ်စက်မှုပြဿနာများ ရင်ဆိုင်ရကြောင်း ဖော်ပြသည်။
ဆန်ဖရန်စစ္စမြို့တွင် နေထိုင်သော အိပ်စက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာပိချန်း လျို (Biquan Luo) က ပြန်လည်အိပ်မပျော်ရခြင်း အကြောင်းရင်းအချို့နှင့် ကုထုံးများကို ပြောကြားလာသည်။
ဒေါက်တာ ပိချန်း လျိုသည် Lumos Tech ၏ စီအီးအိုလည်း ဖြစ်သည်။
ထိုကုမ္ပဏီက Circadian Rhythm (နှစ်ဆယ့်လေးနာရီအတွင်း ခန္ဓာကိုယ်၏ နရီစည်းဝါးမှန်စွာ ပြောင်းလဲမှု ဖြစ်စဉ်) ကောင်းမွန်စေမည့် ညအိပ်ရာတွင် အသုံးပြုသော စမတ် Mask များ ထုတ်လုပ်သည်။
ညဘက်တွင် နိုးလာရခြင်း၏ အကြောင်းရင်းများစွာရှိကြောင်း ဒေါက်တာ ပိချန်း လျိုက ပြောသည်။
အိပ်စက်မှု အလျဉ်ပြတ်စေသည့် အဓိက အကြောင်းရင်းများတွင် စိတ်ဖိစီးမှု၊ သောကဗျာပါဒ၊ သက်တောင့် သက်သာ မရှိခြင်း ၊ နာကျင်မှုဝေဒနာ အစရှိသည်တို့အပြင် ပတ်ဝန်းကျင်ဆိုင်ရာ ပယောဂများဖြစ်သော ဆူညံသံ ၊ လှုပ်ရှားမှု ၊ အပူချိန် ပူလွန်းခြင်း (သို့မဟုတ်) အေးလွန်းခြင်းတို့ ပါဝင်သည်။
(အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟို (CDC) ၏ ၂၀၂၀ ပြည့်နှစ်အချက်အလက် များအရ အရွယ်ရောက်ပြီးသူတို့၏ ၁၇ ရာခိုင်နှုန်းကျော်သည် နေ့ရက်အများစု (သို့မဟုတ်) ရက်တိုင်းတွင် အိပ်စက်မှုပြဿနာများ ရင်ဆိုင်ရကြောင်း ဖော်ပြသည်။)
အိပ်စက်မှုကို မူမမှန်စေသည့် အခြားအကြောင်းရာများဖြစ်သော Sleep apnea (အိပ်စက်နေချိန် အသက်ရှုခေတ္တရပ်ဆိုင်းသွားခြင်း) နှင့် RLS (ခြေထောက်များ ရုန်းကန် ကန်ကျောက်ခြင်း။ အများအားဖြင့် အိပ်စက်နေချိန်တွင် ဖြစ်လေ့ရှိ) တို့ကြောင့်လည်း ညဘက်တွင် အိပ်ရာနိုးမှုများ ဖြစ်ပေါ်စေသည်။
((လန့်နိုးလာတဲ့အခါ ဘာလုပ်မလဲ))
ညဉ့်လယ်တွင် နိုးလာလျှင် အကောင်းဆုံးအနေဖြင့် အိပ်ရာထဲတွင်သာ ဆက်နေပြီး စိတ်ဖြေလျော့ရန် ကြိုးစားပါ။
ထို့နောက် တစ်ဖန်ပြန်လည် အိပ်ပျော်နိုင်မည်လားဟူသည်ကို စောင့်ကြည့်ရန် ဒေါက်တာ ပိချန်း လျိုက ပြောသည်။
PMR ဟုခေါ်သော ခြေဖျားမှ ဦးခေါင်းအထိ ကြွက်သားဖြေလျော့ခြင်း ၊ အသက်ရှုလေ့ကျင့်ခန်း ၊ White Noise Machines တို့အပြင် ခန္ဓာကိုယ်ပြေလျော့နိုင်စေမည့် အခြားနည်းစနစ်များကို စမ်းသပ်သင့်ကြောင်း သူမက အကြံပြုသည်။
(မှတ်ချက်။ White Noise Machines ဆိုသည်မှာ ရေတံခွန်မှ ရေစီးသံ၊ သစ်ရွက်တို့အား လေတိုးသံ အစရှိသော သဘာဝအသံများ ထုတ်ပေးခြင်းမျိုး ဖြစ်သည်။)
“တကယ်လို့ ဆယ်မိနစ် ၊ ၁၅ မိနစ်လောက် ကြာလိုမှ ပြန်အိပ်မပျော်ဘူးဆိုရင် အိပ်ရာထဲက ထွက်ဖို့ အချိန်ကြ ပါပြီ”ဟု ပိချန်း လျိုက ပြောသည်။
ထို့နောက် အိမ်အတွင်းရှိ ဆိတ်ငြိမ်ကာ သက်တောင့်သက်သာရှိမည့် နေရာတစ်ခုသို့သွားကာ စာဖတ်ခြင်း (သို့မဟုတ်) ငြိမ်သက်စွာ လုပ်ဆောင်ရသည့် အလုပ်တစ်ခုခုကို အိပ်ချင်စိတ် ပေါ်လာသည်အထိ လုပ်ဆောင် ပြီး အိပ်ရာထဲသို့ ပြန်ဝင်ရန် ဒေါက်တာလျိုက အကြံပြုသည်။
((ရှောင်ရှားရမည့် အမှားများ))
အိပ်ရာမှ လန့်နိုးလာချိန်တွင် ဖုန်းကိုင်လိုစိတ်နှင့် နာရီကြည့်လိုစိတ်ကို ငြင်းဆန်ကာ ကြံ့ကြံ့ခံထားရန် ဒေါက်တာလျိုက ပြောသည်။
အိပ်ယာနိုးလာချိန်တွင် နာရီကိုကြည့်ခြင်းမှာ အများဆုံး ပြုလုပ်ကြသည့် အမှားတစ်ခုဖြစ်ပြီး နာရီကြည့် လိုက်ပါက ပြန်လည် အိပ်ပျော်ရန် ပိုမိုခက်ခဲကြောင်း ဒေါက်တာလျိုက ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Can’t fall back to sleep after waking up in the middle of the night? Here’s what experts recommend (foxnews)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service