Berkdshire Hathaway ၏ ဒုတိယဥက္ကဌ ချာလီမန်ဂါ ပြောသော ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သင်ခန်းစာ (၄) ခု
Berkdshire Hathaway ၏ ဒုတိယဥက္ကဌ ချာလီမန်ဂါ ပြောသော ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သင်ခန်းစာ (၄) ခု - Property Knowledge in Myanmar from iMyanmarHouse.com
15 Dec 2023 11:06 am တွင် တင်ခဲ့သည်
602 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
Berkdshire Hathaway ၏ ဒုတိယဥက္ကဌ ချာလီမန်ဂါသည် နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၃ တွင် ကွယ်လွန်သွား ရာ ကွယ်လွန်ချိန်တွင် အသက် ၉၉ နှစ်ရှိပြီ ဖြစ်သည်။
ချာလီမန်ဂါသည် လူငယ်ရင်းနှီးမြှုပ်နှံသူတို့ကို အကြံဉာဏ်များပေးခြင်း ၊ စီးပွားရေးဆိုင်ရာ ဆောင်းပါးများ ရေးသားခြင်းတို့ ပြုလုပ်လေ့ရှိသည်။
ချာလီမန်ဂါသည် ဝန်ထမ်းပေါင်း ၃၀၀၀၀၀ ကျော်ရှိကာ အလွန်ကြီးမားလှသော ကော်ပိုရေးရှင်းကြီးတစ်ခုကို Warren Buffett နှင့် လက်တွဲကာ ဆယ်စုနှစ်များစွာ ဦးဆောင်မှုပေးခဲ့သည်။
မွန်နာနှင့် Buffett တို့နှစ်ဦးသည် မူလက အထည်အလိပ်လုပ်ငန်းငယ်အဖြစ်မှ စတင်ခဲ့ပြီး ချာလီမန်ဂါ ကွယ်လွန်ချိန်တွင် ဈေးကွက်တန်ကြေး ကန်ဒေါ်လာ ၇၈၀ ဘီလီယံရှိသည့် လုပ်ငန်းစုံ ကုမ္ပဏီကြီး ဖြစ်နေပြီ ဖြစ်သည်။
၁။ များပြားသောအမြတ်အစွန်းသည် ဝယ်ခြင်းရောင်းခြင်းတွင် မတည်မှီ ။ စောင့်ဆိုင်းခြင်းတွင်သာ တည်မှီသည်။
“ရင်းနှီးမြှုပ်မှုရဲ့ လျှို့ဝှက်ချက်က ဘေးကင်းမယ့်နေရာတွေရှာဖို့ ဖြစ်ပါတယ်”ဟု မန်ဂါက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုများ စီမံခန့်ခွဲမှုနှင့် စပ်လျဉ်းပြီး မန်ဂါက နေ့စဉ် ဝယ်ခြင်းရောင်းခြင်းများအပေါ် အာရုံမစိုက်။
မန်ဂါက အခြေအနေများ သေချာသည်ထက် သေချာစေရန် အထူးအားထုတ်လေ့လာစောင့်ဆိုင်းလေ့ရှိပြီး မကြာခဏဆိုသလိုပင် နှစ်နှင့်ချီ၍ စောင့်ဆိုင်းလေ့ရှိသည်။
၂။ ထူးခြားသော လုပ်ငန်းများကို မျှတသောဈေးနှုန်းဖြင့် ဝယ်ယူပါ။
ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းပြီး မန်ဂါ၏ ချဉ်းကပ်မှုတွင် အရေးပါသောအချက်တစ်ခုမှာ Value Investing ဟုခေါ်သော ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာ ဖြစ်သည်။
ထိုမဟာဗျူဟာတွင် မူလတန်ဖိုးအောက် နည်းပါးသည့် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေပုံရသော ရှယ်ယာများ ဝယ်ယူခြင်းအပါအဝင် ဖြစ်သည်။
“အခြေအနေမဆိုးတဲ့ လုပ်ငန်းတွေကို အံ့သြလောက်ဖွယ် ဈေးနှုန်းပေးပြီး ဝယ်တာတွေ မေ့ထားလိုက်ပါ။ အဲဒီအစား အံ့သြလောက်ဖွယ်လုပ်ငန်းတွေကို မျှတတဲ့ဈေးနှုန်းပေးပြီး ဝယ်ယူပါ”ဟု မန်ဂါက ပြောသည်။
ထိုသို့သော ကုမ္ပဏီများ ဝယ်ယူထားပြီး ကာလကြာရှည် ထိန်းသိမ်းထားနိုင်ပါက နှစ်ပေါင်းများစွာကြာလျှင် များစွာတန်ကြေးရှိလာမည် ဖြစ်သည်။
၃။ အခွင့်အရေးကောင်းမှာ ရှားပါး၏။
မန်ဂါက ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဘဝဟူသည် သင့်အား အကန့်အသတ်မဲ့ အခွင့်အလမ်းများ ရွာသွန်းဖြိုးပေးနေမည်မဟုတ်ဟူသော ယုံကြည်ချက်အောက်တွင် ပြုလုပ်လေ့ရှိသည်။
ထိုအမြင်ဖြင့် မန်ဂါက သာမန် (သို့မဟုတ်) ဆိုးရွားသောရင်းနှီးမြှုပ်နှံမှုအကြံများကို ဖြစ်နိုင်သမျှ များများ ရှင်းထုတ်နိုင်ရန် ကြိုးစားလေ့ရှိသည်။
စေ့စေ့စပ်စပ်လေ့လာသုံးသပ်ပြီးနောက် ကျန်ရစ်သော စိတ်ကူးအကြံဉာဏ်များကိုသာ အကောင်အထည်ဖော် ရန် စဉ်းစားလေ့ရှိသည်။
၄။ စီးပွားရေးလုပ်ငန်းကောင်းဟူသည်မှာ ကျင့်ဝတ်ရှိသော လုပ်ငန်းများဖြစ်သည်။
ချာလီမန်ဂါ၏ အကြိုက်ဆုံး အဆိုအမိန့်တစ်ခုမှာ “ကောင်းမွန်သောလုပ်ငန်းများမှာ ကျင့်ဝတ်ရှိသော လုပ်ငန်း များ ဖြစ်ကြသည်” ဟူသော အဆိုအမိန့် ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့်ဆိုလျှင် လှည့်စားမှုအပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းပုံစံမှာ ကျဆုံးခန်းတိုင်ကာ ကံဆိုးမိုးမှောင်ကျမည့် လုပ်ငန်းများသာ ဖြစ်သည်။
မန်ဂါနှင့် Buffett တို့သည် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် လုပ်ငန်းများ၏ လည်ပတ်ပုံကို အနီးကပ်လေ့လာသုံးသပ် လေ့ ရှိသည်။
တိုးတက်ကြီးပွားရန် အလားအလာကောင်း ရှိမည့်အပြင် တရားမျှတမှုရှိပြီး ကျင့်ဝတ်ရှိကာ သမာသမတ် ကျသော လုပ်ငန်းများကိုသာ ရှာဖွေရင်းနှီးမြှုပ်နှံကာ နာမည်ကောင်းတစ်ခု ထူထောင်ခဲ့ကြသည်။
((ဆက်စပ်သတင်းများ))
အဖေ့ဆီက ဘဝသင်ခန်းစာများ (သို့မဟုတ်) ဘီလျံနာသူဌေးကြီး ချာလီမန်ဂါ မကွယ်လွန်မီ CNBC သတင်းဌာနအတွက် နောက်ဆုံးရေးသားပေးခဲ့သော ဆောင်းပါး
https://www.imyanmarhouse.com/news/read/1092252
ဘဝအောင်မြင်မှုအတွက် အရေးပါသော အခြေခံဥပဒေသ (၃) ချက် (Charlie Munger နောက်ဆုံး ရေးသားခဲ့သော ဆောင်းပါး)
https://www.imyanmarhouse.com/news/read/1091214
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေအစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 4 Investment Lessons to Learn From Charlie Munger (investopedia)
[Zawgyi]
ချာလီမန်ဂါသည် လူငယ်ရင်းနှီးမြှုပ်နှံသူတို့ကို အကြံဥာဏ်များပေးခြင်း ၊ စီးပွားရေးဆိုင်ရာ ဆောင်းပါးများ ရေးသားခြင်းတို့ ပြုလုပ်လေ့ရှိသည်။
စေ့စေ့စပ်စပ်လေ့လာသုံးသပ်ပြီးနောက် ကျန်ရစ်သော စိတ်ကူးအကြံဥာဏ်များကိုသာ အကောင်အထည်ဖော် ရန် စဉ်းစားလေ့ရှိသည်။
((ဆက်စပ်သတင်းများ))
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
magical-world
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service