ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ်က အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်မှာ ဒေါ်လာ ၁၄၇ ဖိုး အိမ် ၂ လုံးဝယ်ထားပြီး နောက်တစ်လုံးထပ်ရှာနေရတဲ့အကြောင်းရင်း

ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ်က အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်မှာ ဒေါ်လာ ၁၄၇ ဖိုး အိမ် ၂ လုံးဝယ်ထားပြီး နောက်တစ်လုံးထပ်ရှာနေရတဲ့အကြောင်းရင်း - Property News in Myanmar from iMyanmarHouse.com
14 Dec 2023 11:06 am တွင် တင်ခဲ့သည်
587 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ် Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်သည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်အမ်မီနှင့် Palm Beach တို့တွင် တတိယမြောက်အိမ်တစ်လုံး ထပ်မံရှာဖွေနေကြောင်း အဆိုပါအကြောင်းကို သိထားသော သတင်းရင်းမြစ်တို့က Gimme Shelter သတင်းဌာနသို့ပြောသည်။

ဂျက်ဘေးဇော့စ်သည် မိုင်အမ်မီမှ Indian Creek ကျွန်းတွင် ကပ်လျက်တည်ရှိသော စံအိမ် ၂ လုံးကို မကြာသေးမီက ဝယ်ယူထားခဲ့ပြီးလည်း ဖြစ်သည်။

အဆိုပါအိမ် ၂ လုံးကို သီးခြားစီ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကန်ဒေါ်လာ ၁၄၇ သန်း ပေးခဲ့ရသည်။

Amazon.com နှင့် Blue Origin အာကာသကုမ္ပဏီတို့၏ တည်ထောင်သူ ဂျက်ဘေးဇော့စ်သည် အဆိုပါအိမ် ၂ လုံးကို ဖြိုချပြီး ကြီးမားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ဖွယ်ရာရှိကြောင်း သတင်းရင်းမြစ်တို့က ပြော သည်။

ယခုအခါ ဂျက်ဘေးဇော့စ်က မိုင်အမ်မီတွင် တတိယမြောက်အိမ်တစ်လုံးရှာနေရခြင်းမှာ ဝယ်ယူထားသော အိမ် ၂ လုံးနေရာတွင် ကြီးမားသောစံအိမ်ကြီး ဆောက်လုပ်နေချိန်အတွင်း နေထိုင်ရန် ဖြစ်သည်ဟု ဆိုသည်။

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့ စုံတွဲကို Palm Beach တွင် မကြာသေးမီက နေ့လယ်စာ အတူစားခဲ့ ကြသည်ကို တွေ့ခဲ့ကြသူများ ရှိသည်။

(ဂျက်ဘေးဇော့စ်တို့စုံတွဲက ဝါရှင်တန်ပြည်နယ်မှ ဖလော်ရီဒါပြည်နယ်သို့ ပြောင်းရွှေ့ပြီဖြစ်ကြောင်း နိုဝင်ဘာလ အတွင်းက ကြေညာခဲ့သည်။ ဓာတ်ပုံ-Getty Images)

(Palm Beach တွင် အိမ်ခြံမြေအကျိုးဆောင်တို့မှတဆင့် ဈေးကွက်တင်ကာ ကန်ဒေါ်လာ သန်း ၃၀၀ ဈေးခေါ် ထားသော Villa Artemis စံအိမ်ကြီး။ ဓာတ်ပုံ-MEGA for NYPost)

Palm Beach တွင် ဂျက်ဘေးဇော့စ်စိတ်ဝင်စားနေသော စံအိမ်များ၌ Villa Artemis လည်း ပါဝင်သည်ဟု ဆိုသည်။

ထိုစံအိမ်မှာ အများပြည်သူတို့ ဝယ်ယူနိုင်ရန် လူသိရှင်ကြား ဈေးကွက်တင်ထားခြင်း မရှိချေ။

သို့သော် အိမ်ခြံမြေအကျိုးဆောင်များမှတဆင့် တိတ်တဆိတ်ဈေးကွက်တင်ထားပြီး ကန်ဒေါ်လာ သန်း ၃၀၀ ဈေးခေါ်ထားသည်ဟု ဆိုသည်။

Villa Artemis စံအိမ်ကြီး၏ တည်နေရာမှာ Palm Beach မြို့၊ N.County လမ်း၊ အမှတ် ၆၅၆ တွင် ဖြစ်သည်။

(ကမ်းခြေတွင်ရှိသော စံအိမ်ကြီးဖြစ်ပြီး ခြံထောင့်တစ်ခုတွင် ရေကူးကန်နှင့် အခြားတဘက်တွင် တင်းနစ်ကွင်း တစ်ခုရှိသည်။ ဓာတ်ပုံ-MEGA for NYPost)

(Villa Artemis စံအိမ်ကြီးသည် မိသားစုတစ်ခုတည်း၏ လက်ထဲတွင် နှစ်ပေါင်းများစွာရှိခဲ့သည်။ ဓာတ်ပုံ-MEGA for NYPost)

(Indian Creek ကျွန်းတွင် ဂျက်ဘေးဇော့စ် ဝယ်ယူထားသော ကန်ဒေါ်လာ ၇၉ သန်းတန် စံအိမ်။ ဓာတ်ပုံ-Dina Goldentayer Real Estate)

(Indian Creek ကျွန်းမှ ဂျက်ဘေးဇော့စ်ဝယ်ထားသော စံအိမ်များ၏ ကောင်းကင်မြင်ကွင်း။ MEGA)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jeff Bezos is hunting for more mansions in Florida following $147M Sunshine State splurge (nypost)

[Zawgyi]

ကမ႓ာ့တတိယအခ်မ္းသာဆုံးပုဂၢိဳလ္က အေမရိကန္ျပည္၊ ဖေလာ္ရီဒါျပည္နယ္မွာ ေဒၚလာ ၁၄၇ ဖိုး အိမ္ ၂ လုံးဝယ္ထားၿပီး ေနာက္တစ္လုံးထပ္႐ွာေနရတဲ့အေၾကာင္းရင္း

ကမ႓ာ့တတိယအခ်မ္းသာဆုံးပုဂၢိဳလ္ Amazon တည္ေထာင္သူ ဂ်က္ေဘးေဇာ့စ္သည္ အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္၊ မိုင္အမ္မီႏွင့္ Palm Beach တို႔တြင္ တတိယေျမာက္အိမ္တစ္လုံး ထပ္မံ႐ွာေဖြေနေၾကာင္း အဆိုပါအေၾကာင္းကို သိထားေသာ သတင္းရင္းျမစ္တို႔က Gimme Shelter သတင္းဌာနသို႔ေျပာသည္။

ဂ်က္ေဘးေဇာ့စ္သည္ မိုင္အမ္မီမွ Indian Creek ကြၽန္းတြင္ ကပ္လ်က္တည္႐ွိေသာ စံအိမ္ ၂ လုံးကို မၾကာေသးမီက ဝယ္ယူထားခဲ့ၿပီးလည္း ျဖစ္သည္။

အဆိုပါအိမ္ ၂ လုံးကို သီးျခားစီ ဝယ္ယူခဲ့ျခင္းျဖစ္ၿပီး စုစုေပါင္း ကန္ေဒၚလာ ၁၄၇ သန္း ေပးခဲ့ရသည္။

Amazon.com ႏွင့္ Blue Origin အာကာသကုမၸဏီတို႔၏ တည္ေထာင္သူ ဂ်က္ေဘးေဇာ့စ္သည္ အဆိုပါအိမ္ ၂ လုံးကို ၿဖိဳခ်ၿပီး ႀကီးမားေသာ စံအိမ္ႀကီးတစ္လုံး ေဆာက္လုပ္ဖြယ္ရာ႐ွိေၾကာင္း သတင္းရင္းျမစ္တို႔က ေျပာ သည္။

ယခုအခါ ဂ်က္ေဘးေဇာ့စ္က မိုင္အမ္မီတြင္ တတိယေျမာက္အိမ္တစ္လုံး႐ွာေနရျခင္းမွာ ဝယ္ယူထားေသာ အိမ္ ၂ လုံးေနရာတြင္ ႀကီးမားေသာစံအိမ္ႀကီး ေဆာက္လုပ္ေနခ်ိန္အတြင္း ေနထိုင္ရန္ ျဖစ္သည္ဟု ဆိုသည္။

ဂ်က္ေဘးေဇာ့စ္ႏွင့္ ေလာ္ရန္ဆန္းခ်က္ဇ္တို႔ စုံတြဲကို Palm Beach တြင္ မၾကာေသးမီက ေန႔လယ္စာ အတူစားခဲ့ ၾကသည္ကို ေတြ႕ခဲ့ၾကသူမ်ား ႐ွိသည္။

(ဂ်က္ေဘးေဇာ့စ္တို႔စုံတြဲက ဝါ႐ွင္တန္ျပည္နယ္မွ ဖေလာ္ရီဒါျပည္နယ္သို႔ ေျပာင္းေ႐ႊ႕ၿပီျဖစ္ေၾကာင္း ႏိုဝင္ဘာလ အတြင္းက ေၾကညာခဲ့သည္။ ဓာတ္ပုံ-Getty Images)

(Palm Beach တြင္ အိမ္ျခံေျမအက်ိဳးေဆာင္တို႔မွတဆင့္ ေဈးကြက္တင္ကာ ကန္ေဒၚလာ သန္း ၃၀၀ ေဈးေခၚ ထားေသာ Villa Artemis စံအိမ္ႀကီး။ ဓာတ္ပုံ-MEGA for NYPost)

Palm Beach တြင္ ဂ်က္ေဘးေဇာ့စ္စိတ္ဝင္စားေနေသာ စံအိမ္မ်ား၌ Villa Artemis လည္း ပါဝင္သည္ဟု ဆိုသည္။

ထိုစံအိမ္မွာ အမ်ားျပည္သူတို႔ ဝယ္ယူႏိုင္ရန္ လူသိ႐ွင္ၾကား ေဈးကြက္တင္ထားျခင္း မ႐ွိေခ်။

သို႔ေသာ္ အိမ္ျခံေျမအက်ိဳးေဆာင္မ်ားမွတဆင့္ တိတ္တဆိတ္ေဈးကြက္တင္ထားၿပီး ကန္ေဒၚလာ သန္း ၃၀၀ ေဈးေခၚထားသည္ဟု ဆိုသည္။

Villa Artemis စံအိမ္ႀကီး၏ တည္ေနရာမွာ Palm Beach ၿမိဳ႕၊ N.County လမ္း၊ အမွတ္ ၆၅၆ တြင္ ျဖစ္သည္။

(ကမ္းေျခတြင္႐ွိေသာ စံအိမ္ႀကီးျဖစ္ၿပီး ျခံေထာင့္တစ္ခုတြင္ ေရကူးကန္ႏွင့္ အျခားတဘက္တြင္ တင္းနစ္ကြင္း တစ္ခု႐ွိသည္။ ဓာတ္ပုံ-MEGA for NYPost)

(Villa Artemis စံအိမ္ႀကီးသည္ မိသားစုတစ္ခုတည္း၏ လက္ထဲတြင္ ႏွစ္ေပါင္းမ်ားစြာ႐ွိခဲ့သည္။ ဓာတ္ပုံ-MEGA for NYPost)

(Indian Creek ကြၽန္းတြင္ ဂ်က္ေဘးေဇာ့စ္ ဝယ္ယူထားေသာ ကန္ေဒၚလာ ၇၉ သန္းတန္ စံအိမ္။ ဓာတ္ပုံ-Dina Goldentayer Real Estate)

(Indian Creek ကြၽန္းမွ ဂ်က္ေဘးေဇာ့စ္ဝယ္ထားေသာ စံအိမ္မ်ား၏ ေကာင္းကင္ျမင္ကြင္း။ MEGA)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jeff Bezos is hunting for more mansions in Florida following $147M Sunshine State splurge (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service