လန်ဒန်မြို့တွင် အိမ်လခပေးနိုင်ရေးအတွက် အလုပ် ၂ ခုလုပ်ကာ ရုန်းကန်နေရသော မိန်းကလေးတစ်ဦး

လန်ဒန်မြို့တွင် အိမ်လခပေးနိုင်ရေးအတွက် အလုပ် ၂ ခုလုပ်ကာ ရုန်းကန်နေရသော မိန်းကလေးတစ်ဦး - Property News in Myanmar from iMyanmarHouse.com
13 Dec 2023 10:44 am တွင် တင်ခဲ့သည်
990 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

“ကျွန်မက ဒါကို လုပ်ချင်လို့ လုပ်နေရတာမဟုတ်ပါဘူး။ လိုအပ်လို့ လုပ်နေရတာပါ။ လန်ဒန်မှာ အိမ်လခပေးနိုင်ဖို့အတွက် လူတွေဟာ အလုပ် ၂ ခု လုပ်လာနေကြရပါတယ်”ဟု အသက် ၂၅ နှစ်အရွယ် အလက်ဇန္ဒြား မယ်လ်ဗီးက ပြောသည်။

မယ်လ်ဗီးသည် လက်ရှိအားဖြင့် Homerton အရပ်ရှိ တိုက်ခန်းအတွက် အိမ်လခပေးနိုင်ရန် အလုပ် ၂ ခု လုပ်နေရသည်။

သူ၏ အိမ်လခနှင့် ရေမီးစရိတ်များပေါင်းလျှင် တစ်လလျှင် ပေါင် ၆၅၀ ခန့် ကုန်ကျသည်။

မယ်လ်ဗီးသည် ကိန်းဘရစ်ချ်မြို့သူတစ်ဦးဖြစ်ပြီး တက္ကသိုလ်မှ ဘွဲ့ရကာ လန်ဒန်မြို့သို့ ၂၀၂၀ ပြည့်နှစ်တွင် ရောက်လာခဲ့ချိန်၌ မျှော်လင့်ချက်အိပ်မက်များ မြင့်မားစွာရှိခဲ့သည်။

သို့သော် ဘွဲ့ရပြီးသူ မယ်လ်ဗီးက သူငယ်ချင်း ၂ ဦးနှင့်အတူ တိုက်ခန်းငှားနေထိုင်ရန် ကြိုးပမ်းချိန်တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

ငွေကြေးအခက်အခဲသာမက ထိုအချိန်က မယ်လ်ဗီးမှာ စားသောက်ဆိုင်တွင် အလုပ်လုပ်နေသူဖြစ်ရာ အိမ်ရှင်များက လက်ခံမည် မဟုတ်သောကြောင့် ဖြစ်သည်။

(မယ်လ်ဗီးသည် မနက် ၉-ညနေ ၅ အလုပ်အပြင် ရုံးပိတ်ရက်များတွင် စားသောက်ဆိုင်တစ်ခု၌ အလုပ်လုပ် သည်။ ဓာတ်ပုံ-Alexandra Melville)

“အဲဒီတုန်းက အတူငှားနေဖို့ စီစဉ်ခဲ့တဲ့ သူငယ်ချင်း ၂ ယောက်က အိမ်လခအတွက် ပိုပြီးပေးနိုင်ကြတယ်။ ကျွန်မက အဲဒီတုန်းက စားသောက်ဆိုင်မှာ အချိန်ပြည့်အလုပ်အဖြစ် လုပ်နေခဲ့ပြီး ပုံသေလစာတောင် မရခဲ့ ပါဘူး”

“အဲဒါက အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ စာချုပ်ချုပ်ဖို့ လုပ်တဲ့အချိန်မှာ အခက်တွေ့ပါတယ်။ ကျွန်မရဲ့ လစာ မမြင့်မားတဲ့အပြင် အာမခံမယ့်သူလည်း မရှိတာကြောင့် အိမ်ရှင်တွေက အိမ်မငှားလိုကြဘူး”ဟု မယ်လ်ဗီးက ပြောသည်။

ထိုအချိန်တွင် မယ်လ်ဗီးက သူငယ်ချင်း ၂ ယောက်နှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ရကြောင်း ၊ သူငယ်ချင်းများအား ရှေ့သို့မသွားနိုင်ရန် ဆွဲထားမိသလိုခံစားရကြောင်း ၊ အခန်းအပိုငှားရမ်းသူများကိုသာ ရှာဖွေကာ မိမိဘာသာ ရပ်တည်တော့မည်ဖြစ်ကြောင်း သူ၏ သူငယ်ချင်းများကို ပြောခဲ့သည်။

မယ်လ်ဗီး ပထမဆုံး နေထိုင်ခဲ့သည်မှာ လန်ဒန်မြို့ Dalston အရပ်ရှိ တိုက်ခန်းတစ်ခန်းမှ အခန်းတစ်ခုဖြစ်ပြီး တစ်လလျှင် ပေါင် ၈၀၀ နီးပါးပေးခဲ့ရသည်။

နောက်ပိုင်းတွင် Homerton အရပ်ရှိ အခန်းတစ်ခုတွေ့ခဲ့ပြီး တစ်လလျှင် အိမ်လခ ပေါင် ၅၅၀ နှင့် မီတာခ အစရှိသည့် အခွန်အခများအတွက် ပေါင် ၁၀၀ ဝန်းကျင်ပေးရသည်။

(Homerton အရပ်တွင် မယ်လ်ဗီး နေထိုင်ခဲ့သောအခန်း။ ဓာတ်ပုံ- Alexandra Melville)

(အိမ်လခနှင့် ရေဖိုးမီးဖိုးအခွန်အခများအတွက် ပေါင် ၆၅၀ ပေးရသည်။ ဓာတ်ပုံ- Alexandra Melville)

ထိုသို့ အိမ်လခ သက်သာသွားသော်လည်း လန်ဒန်မြို့တွင် နေထိုင်နိုင်ရန် အလုပ် ၂ ခု လုပ်နေရဆဲ ဖြစ်သည်။

လက်ရှိအားဖြင့် မယ်လ်ဗီးသည် ထုတ်လုပ်ရေးနှင့် ဖက်ရှင်အေဂျင်စီတစ်ခုတွင် မနက် ၉-ညနေ ၅ အလုပ်လုပ်ပြီး ရုံးပိတ်ရက်များတွင် စားသောက်ဆိုင်တစ်ခု၌ တစ်လလျှင် အလုပ်ဆိုင်း ၄ ဆိုင်းမှ ၇ ဆိုင်းအထိ လုပ်ကိုင်သည်။

(လန်ဒန်မြို့တွင် နေထိုင်နိုင်ရန် မလွယ်ကူလှ။ ဓာတ်ပုံ- Alexandra Melville)

(တနင်္ဂနွေနေ့တွင် ညဉ့်နက်သန်းခေါင်မှသာ စားသောက်ဆိုင် အလုပ်ပြီးစီးပြီး နောက်နေ့မနက်တွင် မနက် ၆ နာရီ အိပ်ယာ ပြန်ထရသည်။ ဓာတ်ပုံ- Alexandra Melville)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I work two jobs just to afford my rent – this is the reality of living in London (metro)

[Zawgyi]

လန္ဒန္ၿမိဳ႕တြင္ အိမ္လခေပးႏိုင္ေရးအတြက္ အလုပ္ ၂ ခုလုပ္ကာ ႐ုန္းကန္ေနရေသာ မိန္းကေလးတစ္ဦး

“ကြၽန္မက ဒါကို လုပ္ခ်င္လို႔ လုပ္ေနရတာမဟုတ္ပါဘူး။ လိုအပ္လို႔ လုပ္ေနရတာပါ။ လန္ဒန္မွာ အိမ္လခေပးႏိုင္ဖို႔အတြက္ လူေတြဟာ အလုပ္ ၂ ခု လုပ္လာေနၾကရပါတယ္”ဟု အသက္ ၂၅ ႏွစ္အ႐ြယ္ အလက္ဇႁႏၵား မယ္လ္ဗီးက ေျပာသည္။

မယ္လ္ဗီးသည္ လက္႐ွိအားျဖင့္ Homerton အရပ္႐ွိ တိုက္ခန္းအတြက္ အိမ္လခေပးႏိုင္ရန္ အလုပ္ ၂ ခု လုပ္ေနရသည္။ သူ၏ အိမ္လခႏွင့္ ေရမီးစရိတ္မ်ားေပါင္းလွ်င္ တစ္လလွ်င္ ေပါင္ ၆၅၀ ခန္႔ ကုန္က်သည္။

မယ္လ္ဗီးသည္ ကိန္းဘရစ္ခ်္ၿမိဳ႕သူတစ္ဦးျဖစ္ၿပီး တကၠသိုလ္မွ ဘြဲ႕ရကာ လန္ဒန္ၿမိဳ႕သို႔ ၂၀၂၀ ျပည့္ႏွစ္တြင္ ေရာက္လာခဲ့ခ်ိန္၌ ေမွ်ာ္လင့္ခ်က္အိပ္မက္မ်ား ျမင့္မားစြာ႐ွိခဲ့သည္။

သို႔ေသာ္ ဘြဲ႕ရၿပီးသူ မယ္လ္ဗီးက သူငယ္ခ်င္း ၂ ဦးႏွင့္အတူ တိုက္ခန္းငွားေနထိုင္ရန္ ႀကိဳးပမ္းခ်ိန္တြင္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ခဲ့ရသည္။

ေငြေၾကးအခက္အခဲသာမက ထိုအခ်ိန္က မယ္လ္ဗီးမွာ စားေသာက္ဆိုင္တြင္ အလုပ္လုပ္ေနသူျဖစ္ရာ အိမ္႐ွင္မ်ားက လက္ခံမည္ မဟုတ္ေသာေၾကာင့္ ျဖစ္သည္။

(မယ္လ္ဗီးသည္ မနက္ ၉-ညေန ၅ အလုပ္အျပင္ ႐ုံးပိတ္ရက္မ်ားတြင္ စားေသာက္ဆိုင္တစ္ခု၌ အလုပ္လုပ္ သည္။ ဓာတ္ပုံ-Alexandra Melville)

“အဲဒီတုန္းက အတူငွားေနဖို႔ စီစဥ္ခဲ့တဲ့ သူငယ္ခ်င္း ၂ ေယာက္က အိမ္လခအတြက္ ပိုၿပီးေပးႏိုင္ၾကတယ္။ ကြၽန္မက အဲဒီတုန္းက စားေသာက္ဆိုင္မွာ အခ်ိန္ျပည့္အလုပ္အျဖစ္ လုပ္ေနခဲ့ၿပီး ပုံေသလစာေတာင္ မရခဲ့ ပါဘူး”

“အဲဒါက အိမ္ျခံေျမအက်ိဳးေဆာင္ေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ လုပ္တဲ့အခ်ိန္မွာ အခက္ေတြ႕ပါတယ္။ ကြၽန္မရဲ႕ လစာ မျမင့္မားတဲ့အျပင္ အာမခံမယ့္သူလည္း မ႐ွိတာေၾကာင့္ အိမ္႐ွင္ေတြက အိမ္မငွားလိုၾကဘူး”ဟု မယ္လ္ဗီးက ေျပာသည္။

ထိုအခ်ိန္တြင္ မယ္လ္ဗီးက သူငယ္ခ်င္း ၂ ေယာက္ႏွင့္ လမ္းခြဲရန္ ဆုံးျဖတ္ခဲ့ရေၾကာင္း ၊ သူငယ္ခ်င္းမ်ားအား ေ႐ွ႕သို႔မသြားႏိုင္ရန္ ဆြဲထားမိသလိုခံစားရေၾကာင္း ၊ အခန္းအပိုငွားရမ္းသူမ်ားကိုသာ ႐ွာေဖြကာ မိမိဘာသာ ရပ္တည္ေတာ့မည္ျဖစ္ေၾကာင္း သူ၏ သူငယ္ခ်င္းမ်ားကို ေျပာခဲ့သည္။

မယ္လ္ဗီး ပထမဆုံး ေနထိုင္ခဲ့သည္မွာ လန္ဒန္ၿမိဳ႕ Dalston အရပ္႐ွိ တိုက္ခန္းတစ္ခန္းမွ အခန္းတစ္ခုျဖစ္ၿပီး တစ္လလွ်င္ ေပါင္ ၈၀၀ နီးပါးေပးခဲ့ရသည္။

ေနာက္ပိုင္းတြင္ Homerton အရပ္႐ွိ အခန္းတစ္ခုေတြ႕ခဲ့ၿပီး တစ္လလွ်င္ အိမ္လခ ေပါင္ ၅၅၀ ႏွင့္ မီတာခ အစ႐ွိသည့္ အခြန္အခမ်ားအတြက္ ေပါင္ ၁၀၀ ဝန္းက်င္ေပးရသည္။

(Homerton အရပ္တြင္ မယ္လ္ဗီး ေနထိုင္ခဲ့ေသာအခန္း။ ဓာတ္ပုံ- Alexandra Melville)

(အိမ္လခႏွင့္ ေရဖိုးမီးဖိုးအခြန္အခမ်ားအတြက္ ေပါင္ ၆၅၀ ေပးရသည္။ ဓာတ္ပုံ- Alexandra Melville)

ထိုသို႔ အိမ္လခ သက္သာသြားေသာ္လည္း လန္ဒန္ၿမိဳ႕တြင္ ေနထိုင္ႏိုင္ရန္ အလုပ္ ၂ ခု လုပ္ေနရဆဲ ျဖစ္သည္။

လက္႐ွိအားျဖင့္ မယ္လ္ဗီးသည္ ထုတ္လုပ္ေရးႏွင့္ ဖက္႐ွင္ေအဂ်င္စီတစ္ခုတြင္ မနက္ ၉-ညေန ၅ အလုပ္လုပ္ၿပီး ႐ုံးပိတ္ရက္မ်ားတြင္ စားေသာက္ဆိုင္တစ္ခု၌ တစ္လလွ်င္ အလုပ္ဆိုင္း ၄ ဆိုင္းမွ ၇ ဆိုင္းအထိ လုပ္ကိုင္သည္။

(လန္ဒန္ၿမိဳ႕တြင္ ေနထိုင္ႏိုင္ရန္ မလြယ္ကူလွ။ ဓာတ္ပုံ- Alexandra Melville)

(တနဂၤေႏြေန႔တြင္ ညဥ့္နက္သန္းေခါင္မွသာ စားေသာက္ဆိုင္ အလုပ္ၿပီးစီးၿပီး ေနာက္ေန႔မနက္တြင္ မနက္ ၆ နာရီ အိပ္ယာ ျပန္ထရသည္။ ဓာတ္ပုံ- Alexandra Melville)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I work two jobs just to afford my rent – this is the reality of living in London (metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service