Amazon ၏ ရုန်းကန်ခဲ့ရသောကာလ ၁၉၉၆ ခုနှစ်အတွင်း Jeff Bezos က မွေးချင်းများကို သူ၏ ကုမ္ပဏီတွင် ဒေါ်လာ ၁၀၀၀၀ စီ ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ခဲ့ ၊ ယနေ့အခါ ထိုရင်းနှီးမြှုပ်နှံမှုမှာ ၁၀,၂၄၉,၉၀၀ ရာခိုင်နှုန်း မြတ်စွန်းနေကာ ကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ကြေးရှိနေပြီဖြစ်
Amazon ၏ ရုန်းကန်ခဲ့ရသောကာလ ၁၉၉၆ ခုနှစ်အတွင်း Jeff Bezos က မွေးချင်းများကို သူ၏ ကုမ္ပဏီတွင် ဒေါ်လာ ၁၀၀၀၀ စီ ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ခဲ့ ၊ ယနေ့အခါ ထိုရင်းနှီးမြှုပ်နှံမှုမှာ ၁၀,၂၄၉,၉၀၀ ရာခိုင်နှုန်း မြတ်စွန်းနေကာ ကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ကြေးရှိနေပြီဖြစ် - Property News in Myanmar from iMyanmarHouse.com
11 Dec 2023 12:03 pm တွင် တင်ခဲ့သည်
820 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဒေါ်လာ ၁၀၀၀၀ မျှ ရင်းနှီးမြှုပ်နှံထားရုံဖြင့် ဆယ်စုနှစ် ၂ ခုကျော်အတွင်း ဘီလျံနာသူဌေးတစ်ဦး ဖြစ်လာနိုင် ပါမည်လား။
ဤအချက်မှာ မဖြစ်နိုင်ဟုဆိုကာ ရယ်သွမ်းသွေးခြင်း မစောပါနှင့်။
အဘယ်ကြောင့်ဆိုလျှင် Amazon တည်ထောင်သူ ဂျက်ဘေးဇော့စ်၏ မွေးချင်းများ အမှန်တကယ် ကြုံတွေ့ခဲ့ သော ဖြစ်ရပ်ရှိနေသောကြောင့် ဖြစ်ပါသည်။
ဂျက်ဘေးဇော့စ်က ၁၉၉၄ ခုနှစ်အတွင်း သူ၏မိသားစုဝင်များ ၊ မိတ်ဆွေသူငယ်ချင်းများ ၊အလားအလာရှိသော ရင်းနှီးမြှုပ်နှံမည့်သူများနှင့် အကြိမ်ပေါင်း ၆၀ ခန့် တွေ့ဆုံဆွေးနွေးကာ Amazon တွင် ဒေါ်လာ ၁ သန်း မတည်ငွေ ရရှိရေးအတွက် ဒေါ်လာ ၅၀၀၀၀ ဝန်းကျင် ဝိုင်းဝန်းရင်းနှီးမြှုပ်နှံကြရန် ဆွဲဆောင်ခဲ့သည်။
ဂျက်ဘေးဇော့စ်၏ စိတ်ကူးအကြံဉာဏ်သို့ ၎င်းတို့၏ငွေများ ထည့်ဝင်ရန် သဘောတူခဲ့သူ ၂၀ ဝန်းကျင်ခန့်သာရှိခဲ့သည်။
Amazon တွင် အစောပိုင်း ပါဝင်ရင်းနှီးမြှုပ်နှံခဲ့သူများ၌ သူ၏ မိဘများ ၊ ညီငယ် Mark နှင့် ညီမဖြစ်သူ ခရစ္စတီးနားတို့ အပါအဝင် ဖြစ်သည်။
(ဂျက်ဘေးဇော့စ်ကို ၁၉၉၉ ခုနှစ်အတွင်း Amazon ရုံးခန်းတွင် တွေ့ရပုံ။)
Bloomberg ၏ ဖော်ပြချက်အရ ဂျက်ဘေးဇော့စ်၏ မွေးချင်းများဖြစ်သော Mark နှင့် ခရစ္စတီးနားတို့သည် ၁၉၉၆ ခုနှစ်တွင် Amazon ၏ ရှယ်ယာပေါင်း ၃၀၀၀၀ ကို ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ဝယ်ယူခဲ့သည်ဟု ဆိုသည်။
ထိုခေတ်ငွေတန်ဖိုးကို တွက်ဆကြည့်မည်ဆိုပါက ထိုကာလက Honda Accord ကားတစ်စင်း၏ တန်ကြေးမှာ ဒေါ်လာ ၁၄၀၀၀ ကျော် ဖြစ်သည်။
၎င်းတို့ ဝယ်ယူခဲ့သော ရှယ်ယာများ၏ ယနေ့တန်ကြေးကို သိပါက များစွာအံ့အားသင့်ကြမည် ဖြစ်သည်။
ဂျက်ဘေးဇော့စ်၏ မွေးချင်းတို့သည် ၎င်းတို့ ဝယ်ယူခဲ့သော ရှယ်ယာများ လုံးဝထုတ်မရောင်းခဲ့ပါက ကန်ဒေါ်လာ ၁ ဒသမ ၀၂၅ ဘီလီယံစီ တန်ကြေးရှိနေမည် ဖြစ်သည်။
၂၈ နှစ်ကာလမျှအတွင်း ရာခိုင်နှုန်း ၁၀ သန်းကျော် (အတိအကျအားဖြင့် ၁၀၂၄၉၉၀၀)အမြတ်အစွန်း ရရှိမှုလည်း ဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် သမိုင်းတလျှောက်လုံး အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုများတွင် တစ်ခုအပါအဝင် ဖြစ်ဖွယ်ရှိသည်။
သို့သော် Amazon ၏ အစောပိုင်းကာလများတွင် ရင်းနှီးမြှုပ်နှံရခြင်းမှာ အန္တရာယ်အတိပြီးသည်။
(ဓာတ်ပုံ-Instagram)
ဂျက်ဘေးဇော့စ်က အွန်လိုင်းကူးသန်းရောင်းဝယ်ရေး၏ အလားအလာကို ၁၉၉၀ ပြည့်လွန် အစောပိုင်း ကာလများကတည်းက သတိပြုမိခဲ့ပြီး အွန်လိုင်းစာအုပ်ဆိုင်တစ်ခု ဖန်တီးပေးလိုခဲ့သည်။
၁၉၉၀ ပြည့်လွန်အလယ်ပိုင်းကာလများတွင် အင်တာနက်အသုံးပြုမှုမှာ တစ်နှစ်လျှင် ၂၃၀၀ ရာခိုင်နှုန်း တိုးတက်ကြီးထွားနေမှုကို တွေ့ရှိခဲ့ပြီးနောက် ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် Amazon ကို စတင်တည်ထောင်ခဲ့သည်။
သို့သော် ထိုကာလများက အင်တာနက်ကို အဓိကအသုံးပြုသည်မှာ အစိုးရအဖွဲ့အစည်းများနှင့် တက္ကသိုလ်များ သာ ဖြစ်ရာ ဂျက်ဘေးဇော့စ်၏ အိပ်မက်မှာ ကြီးမားသော စွန့်စားမှုတစ်ရပ် ဖြစ်ခဲ့သည်။
ဂျက်ဘေးဇော့စ်က သူ၏ မိဘများကို ပြောခဲ့သည်မှာ “ဒီရင်းနှီးမြှုပ်နှံမှုမှာ ဘယ်လိုအန္တရာယ်တွေ ရှိတယ်ဆိုတာ အဖေ၊ အမေတို့ကို သိထားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျေးဇူးတော် အခါတော်နေ့မှာ ညစာစားပွဲ အတွက် အိမ်ပြန်လာတဲ့အခါ အဖေတို့က ကျွန်တော့်အပေါ် စိတ်ဆိုးနေရမှာမျိုး မဖြစ်စေချင်ဘူး။”ဟု ပြောခဲ့သည်။
မိမိထံတွင် ရင်းနှီးမြှုပ်နှံသောငွေကို ပြန်မရနိုင်ချေ ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ဂျက်ဘေးဇော့စ်က သူ၏ မိသားစုကို ရှင်းရှင်းလင်းလင်း ပြောပြထားခဲ့သည်။
သို့သော် ထိုရင်းနှီးမြှုပ်နှံမှုမှာ ၎င်းတို့၏ ဘဝတွင် အကောင်းဆုံးသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့လေသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
  Ref: Jeff Bezos, during Amazon’s struggles in 1996, persuaded his siblings to individually invest $10,000 in the company. With a gain of 10,249,900%, each of them might be worth more than $1 billion today. (luxurylaunches)
[Zawgyi]
ဂျက်ဘေးဇော့စ်၏ စိတ်ကူးအကြံဥာဏ်သို့ ၎င်းတို့၏ငွေများ ထည့်ဝင်ရန် သဘောတူခဲ့သူ ၂၀ ဝန်းကျင်ခန့်သာရှိခဲ့သည်။
(ဓာတ်ပုံ-Instagram)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Neighbourhood
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service