ဘဝအောင်မြင်မှုအတွက် အရေးပါသော အခြေခံဥပဒေသ (၃) ချက်

ဘဝအောင်မြင်မှုအတွက် အရေးပါသော အခြေခံဥပဒေသ (၃) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
1 Dec 2023 12:36 pm တွင် တင်ခဲ့သည်
763 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

 

(Charlie Munger နောက်ဆုံး ရေးသားခဲ့သော ဆောင်းပါး)

(မှတ်ချက်။ ဤဆောင်းပါးသည် ကမ္ဘာကျော် ဘီလျံနာကြီး Warren Buffett ၏ ညာလက်ရုံးဖြစ်သူ ချာလီမန်ဂါ ( Charlie Munger ) ကိုယ်တိုင် ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ် ဖြစ်ကာ သူ၏ ဘဝနှင့် လုပ်ငန်းနယ်ဖြတ်သန်းမှုကို ထင်ဟပ်ပြသနေသည်။ CNBC Make It အတွက် ရေးသားပေးခဲ့ခြင်းဖြစ်ပြီး သူမကွယ်လွန်မီနောက်ဆုံးရေးသားခဲ့သော စာများတွင်တစ်ခုအပါအဝင် ဖြစ်သည်။ ထိုဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။  )

ကမ္ဘာကျော် ဘီလျံနာကြီး Warren Buffett ၏ ညာလက်ရုံး၊ Berkshire Hathaway ၏ ဒုတိယဥက္ကဌ  ချာလီမန်ဂါ  (Charlie Munger) သည် ပြီးခဲ့သော နိုဝင်ဘာလ ၂၈ ရက်တွင် ကွယ်လွန်သွားကာ ကွယ်လွန်ချိန်တွင် အသက် ၉၉ နှစ်အရွယ်ရှိပြီ ဖြစ်သည်။

ချာလီမန်ဂါ  သည် Tesla အား စိန်ခေါ်လာနေသည့် တရုတ်ထိပ်တန်း EV ကုမ္ပဏီကြီး BYD တွင် Warren Buffett က အလုံးအရင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အဓိက ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ရာ ၎င်းကွယ်လွန်ချိန် တွင် BYD က ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ချာလီမန်ဂါ  (မွေး ၁၉၂၄- ကွယ်လွန် နိုဝင်ဘာ ၂၈၊ ၂၀၂၃) ၏ အမည်အပြည်အစုံမှာ ချားလ်စ် သောမတ်စ် မန်ဂါ  (Charles Thomas Munger) ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ နီဘရာစကာပြည်နယ်၊ အိုမာဟာမြို့ တွင် မွေးဖွားခဲ့သည်။

ဆယ်ကျော်သက်အရွယ်တွင် အဘိုးဖြစ်သူပိုင်သော Buffett & Son ကုန်စုံဆိုင်တွင် အလုပ်လုပ်ခဲ့သည်။

ချာလီမန်ဂါ သည် ဟားဘတ်တက္ကသိုလ် ဥပဒေဘွဲ့ရဖြစ်ပြီး နယ်ပယ်များစွာ နှံ့စပ်သူဖြစ်ကာ စိတ်ပညာ ၊ စီးပွားရေး ၊ ဇီဝဗေဒ ၊ သမိုင်းနှင့် ရူပဗေဒတို့ အပါအဝင် ဖြစ်သည်။

ချာလီမန်ဂါ  သည် Costco Wholesale ကော်ပိုရေးရှင်းတွင် ဒါရိုက်တာအဖြစ် လည်းကောင်း ၊ Daily Journal ကော်ပိုရေးရှင်းတွင် ဥက္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

 

( ချာလီမန်ဂါ  ရေးခဲ့သော ဆောင်းပါး)

 

လူတစ်ဦး၏ ဘဝတွင် မိမိ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအပေါ် စိတ်ကျေနပ်မှု ရရှိစေရေး ကြိုးပမ်းရသည့် ခရီးလမ်းမှာ အမြဲတသမတ်တည်း ဖြောင့်ဖြူးနေသည် မဟုတ်ချေ။

ကျွန်ုပ်သည် ဟားဘတ်ဥပဒေကျောင်းမှ ဘွဲ့ရခဲ့ပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ်တွင် အများလေးစားခံရ သော Law Firm ကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

အိမ်တစ်လုံး ဆောက်လုပ်ကာ မိသားစုတစ်ခု တည်ထောင်ခဲ့ပြီး နှစ်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့ပါသည်။

ကျွန်ုပ်သည် အထက်တန်းရှေ့နေတစ်ဦး ရနိုင်မည့် ဝင်ငွေမျိုးထက် ပို၍ လိုချင်ခဲ့သည်။

ထို့ကြောင့် စတော့ရှယ်ယာများ ၊ စီးပွားရေးလုပ်ငန်းများနှင့် အိမ်ခြံမြေဆောက်လုပ်ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုများ စတင်ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် မိတ်ဆွေအချို့နှင့် ပူးပေါင်းကာ Law Firm တစ်ခု တည်ထောင်ခဲ့၏။

ကျွန်ုပ်သည် အဆိုပါ Law Firm တွင် အောင်မြင်မှုများနှင့်အတူ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပါ၏။

သို့သော် ထိုလုပ်ငန်းက ကျွန်ုပ်အား စိတ်ကျေနပ်မှု မရရှိစေခဲ့။

အရင်းရှင်တစ်ယောက်၏ လွတ်လပ်မှုမျိုးကို ကျွန်ုပ်က နှစ်သက်သည်။

ဆုံးဖြတ်ချက်ချရခြင်းမျိုးနှင့် ကိုယ်ပိုင်ငွေဖြင့် လောင်းကြေးထပ်ရခြင်းမျိုးကို ပိုမိုနှစ်သက်သည်။

တစ်ခုသော ညနေခင်း၊ အိုမာဟာမြို့တွင်ကျင်းပသော ဒင်နာပါတီပွဲတွင် ကျွန်ုပ်အား Warren Buffett ဟု အမည်ရသူတစ်ဦးနှင့် မိတ်ဆက်ပေးခြင်းခံခဲ့ရသည်။

Warren Buffett နှင့် ကျွန်ုပ်တို့သည် အကြောင်းရပ်မျိုးစုံ စကားပြောဖြစ်ခဲ့ရာ စီးပွားရေး၊ ဘဏ္ဍာရေး၊ သမိုင်းနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအထိ ပါဝင်ခဲ့သည်။

Warren Buffett က ကျွန်ုပ်အား Law firm မှ ထွက်ရန် ဆွဲဆောင်ခဲ့သည်။

နောက်ဆုံးတွင် ကျွန်ုပ်တို့နှစ်ဦး စီးပွားရေးလုပ်ငန်းများ အတူလုပ်ဆောင်ရန် သဘောတူခဲ့ကြသည်။

ထိုဆုံးဖြတ်ချက်မှာ မယုံနိုင်ဖွယ် ဆုံးဖြတ်ချက်ကောင်းတစ်ခု ဖြစ်လာခဲ့သည်။

ဘဝတလျှောက် ကျွန်ုပ်အတွက် အမြဲအကူအညီဖြစ်ခဲ့သော အခြေခံဥပဒေသ ၃ ခု ရှိပါသည်။

အသက်မွေးဝမ်းကြောင်း ရွေးချယ်မှု အကဲဖြတ်ရာတွင် လူငယ်များအား ဤဥပဒေသများက ကူညီပေးနိုင် လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါသည်။

ဤဥပဒေသ ၃ ချက်လုံးနှင့် ကိုက်ညီရန်မှာ မလွယ်ကူသော်လည်း ကြိုးစားကြည့်သင့်ပါသည်။

 

(၁။ ကိုယ်တိုင် မဝယ်ချင်မည့် မည်သည့်အရာကိုမှ မရောင်းပါနှင့်။)

 

မိမိလိုချင်သည်ကို ရရှိရန် ကြိုးစားရာတွင် အကောင်းဆုံးနည်းလမ်းမှာ လိုချင်သောအရာနှင့် ထိုက်တန်အောင် ကြိုးစားခြင်း ဖြစ်ပါသည်။

ဤသည်ကား ရိုးရှင်းသော အတွေးအခေါ်ပင် ဖြစ်၏။

ထို့အပြင် ရွှေစည်းမျဉ်းလည်း ဖြစ်၏။

သင်ကိုယ်တိုင် ဝယ်ယူလိုသော အရာကိုသာ ကမ္ဘာကြီးထံ ဖြန့်ဖြူးပေးပါ။

ဤသို့သော စိတ်ဓာတ်ရှိသူများ ဘဝတွင် အောင်မြင်မှု ရကြသည်။

၎င်းတို့သည် ငွေကြေးအကျိုးအမြတ်သာမက ၎င်းတို့နှင့် ထိတွေ့ဆက်ဆံရသူများထံမှ လေးစားမှုနှင့် ယုံကြည်မှုတို့လည်း ရရှိကြသည်။

ယုံကြည်မှုရရှိခြင်းသည် ဘဝတွင် ကြီးမားသော ဝမ်းမြောက်ဖွယ်တစ်ခု ဖြစ်သည်။

ကောင်းသတင်းနှင့် ဂုဏ်သိက္ခာတို့မှာ လူတစ်ဦးအတွက် တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုများ ဖြစ်ကြသည်။ သို့သော် မျက်တောင်တစ်ခတ် အချိန်အတွင်းတွင်ပင် ထိုအရာများ ဆုံးရှုံးသွားနိုင်ပါသည်။

(၂။ မိမိမလေးစားသူတို့ထံတွင် အလုပ်မလုပ်ပါနှင့်)

 

လူတို့သည် မိမိမလေးစားသူ ၊ မိမိမဖြစ်ချင်သူတို့ လက်အောက်တွင် အလုပ်မလုပ်ချင်ကြ။

သြဇာအာဏာရှိသူတို့သည် ကျွန်ုပ်တို့အပေါ် အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ကြသည်။

ထိုသို့သော အခြေအနေမျိုးကို ကောင်းစွာ ကိုင်တွယ်နိုင်ရန် အရည်အချင်းနှင့် စိတ်ဆန္ဒ ၂ မျိုးလုံး လိုအပ်၏။

ယေဘုယျအားဖြင့်မူ မိမိလေးစားသူတို့ လက်အောက်တွင် အလုပ်လုပ်ကိုင်ရပါက သင်၏ ဘဝမှာ ပိုမိုစိတ်ကျေနပ်ဖွယ် ရလဒ်များ ထွက်ပေါ်လာမည် ဖြစ်သည်။

 

(၃။ မိမိနှစ်သက်သော သူများနှင့်သာ လက်တွဲအလုပ်လုပ်ပါ။)

 

သင်သည် အမှန်တကယ်ထူးချွန်လိုသည်ဆိုပါက အကြောင်းရပ်တိုင်းအပေါ် အရူးအမူး စိတ်ဝင်စားရန် မရှိမဖြစ် လိုအပ်ကြောင်း ကျွန်ုပ် တွေ့ရှိခဲ့ပါသည်။

ကျွန်ုပ်သည် အကြောင်းအရာ အများအပြားတွင် ထူးချွန်သူဖြစ်အောင် ကြိုးစားနိုင်ခဲ့ပါသည်။

သို့သော် ကျွန်ုပ် စိတ်မဝင်စားသော အရာများတွင် မထူးချွန်ခဲ့ပါ။

ဖြစ်နိုင်ပါက မိမိနှစ်သက်သော ကုမ္ပဏီတွင် မိမိအလွန်စိတ်ဝင်စားသောအရာများ လုပ်ဆောင်ရန် ကိုယ့်ကိုယ်ကို ထိန်းသိမ်းမောင်းနှင်ပါ။

အခြားလုပ်ရမည့်အချက်မှာ အာရုံစူးစိုက်မှုများစွာရှိရန် ဖြစ်သည်။

ကျွန်ုပ်ဘဝတလျှောက် စူးစိုက်မှုအပြည့်ရှိသည့် လက်ဖျားခါလောက်ဖွယ်ရာ လုပ်ဖော်ကိုင်ဖက်များ ရှိခဲ့ပါသည်။

ထိုသူတို့နှင့် ထိတွေ့ခွင့်ရခဲ့ခြင်း၏ အကြောင်းရင်းတစ်ခုမှာ သူတို့နှင့် ထိတွေ့ခွင့်ရရေး ထိုက်တန်ရန် ကျွန်တော်ကြိုးစားခဲ့သောကြောင့် ဖြစ်သည်။

အခြားအကြောင်းရင်းတစ်ခုမှာ ၎င်းတို့အား ရွေးချယ်မိစေရန် ကျွန်ုပ်က လိမ်မာပါးနပ်ခဲ့သောကြောင့် ဖြစ်သည်။

အခြားအကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်ဘက်တွင် ကံကြမ္မာကောင်းအချို့ ရှိသောကြောင့် ဖြစ်သည်။

ကျွန်ုပ်၏ ဘဝတွင် ထိုဥပဒေသ ၃ ရပ်နှင့် စပ်လျဉ်းပြီး မယုံနိုင်ဖွယ် ကံကောင်းခဲ့ပါသည်။

Warren Buffett နှင့် လက်တွဲလုပ်ကိုင်ခဲ့ရခြင်းမှာ ကျွန်ုပ်အတွက် ထိုဥပဒေသ ၃ ရပ်လုံးနှင့် ညီညွှတ်ခဲ့ပါသည်။

 

-  ချာလီမန်ဂါ 

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေအစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Charlie Munger: These ‘basic rules’ made me successful in life—‘with Warren Buffett, I had all 3’ (cnbc)

 

 

 

 

[Zawgyi]

ဘဝေအာင္ျမင္မႈအတြက္ အေရးပါေသာ အေျခခံဥပေဒသ (၃) ခ်က္

 

 

(Charlie Munger ေနာက္ဆုံး ေရးသားခဲ့ေသာ ေဆာင္းပါး)

(မွတ္ခ်က္။ ဤေဆာင္းပါးသည္ ကမ႓ာေက်ာ္ ဘီလ်ံနာႀကီး Warren Buffett ၏ ညာလက္႐ုံးျဖစ္သူ ခ်ာလီမန္ဂါ ( Charlie Munger ) ကိုယ္တိုင္ ေရးသားခဲ့ေသာ ေဆာင္းပါးတစ္ပုဒ္ ျဖစ္ကာ သူ၏ ဘဝႏွင့္ လုပ္ငန္းနယ္ျဖတ္သန္းမႈကို ထင္ဟပ္ျပသေနသည္။ CNBC Make It အတြက္ ေရးသားေပးခဲ့ျခင္းျဖစ္ၿပီး သူမကြယ္လြန္မီေနာက္ဆုံးေရးသားခဲ့ေသာ စာမ်ားတြင္တစ္ခုအပါအဝင္ ျဖစ္သည္။ ထိုေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ျမန္မာျပန္ဆိုထားျခင္း ျဖစ္ပါသည္။ )

ကမ႓ာေက်ာ္ ဘီလ်ံနာႀကီး Warren Buffett ၏ ညာလက္႐ုံး၊ Berkshire Hathaway ၏ ဒုတိယဥကၠဌ ခ်ာလီမန္ဂါ (Charlie Munger) သည္ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ ၂၈ ရက္တြင္ ကြယ္လြန္သြားကာ ကြယ္လြန္ခ်ိန္တြင္ အသက္ ၉၉ ႏွစ္အ႐ြယ္႐ွိၿပီ ျဖစ္သည္။

ခ်ာလီမန္ဂါ သည္ Tesla အား စိန္ေခၚလာေနသည့္ တ႐ုတ္ထိပ္တန္း EV ကုမၸဏီႀကီး BYD တြင္ Warren Buffett က အလုံးအရင္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္ရန္ အဓိက ေဆာင္႐ြက္ခဲ့သူတစ္ဦးျဖစ္ရာ ၎ကြယ္လြန္ခ်ိန္ တြင္ BYD က ဝမ္းနည္းေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။

ခ်ာလီမန္ဂါ (ေမြး ၁၉၂၄- ကြယ္လြန္ ႏိုဝင္ဘာ ၂၈၊ ၂၀၂၃) ၏ အမည္အျပည္အစုံမွာ ခ်ားလ္စ္ ေသာမတ္စ္ မန္ဂါ (Charles Thomas Munger) ျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စု၊ နီဘရာစကာျပည္နယ္၊ အိုမာဟာၿမိဳ႕ တြင္ ေမြးဖြားခဲ့သည္။

ဆယ္ေက်ာ္သက္အ႐ြယ္တြင္ အဘိုးျဖစ္သူပိုင္ေသာ Buffett & Son ကုန္စုံဆိုင္တြင္ အလုပ္လုပ္ခဲ့သည္။

ခ်ာလီမန္ဂါ သည္ ဟားဘတ္တကၠသိုလ္ ဥပေဒဘြဲ႕ရျဖစ္ၿပီး နယ္ပယ္မ်ားစြာ ႏွံ႔စပ္သူျဖစ္ကာ စိတ္ပညာ ၊ စီးပြားေရး ၊ ဇီဝေဗဒ ၊ သမိုင္းႏွင့္ ႐ူပေဗဒတို႔ အပါအဝင္ ျဖစ္သည္။

ခ်ာလီမန္ဂါ သည္ Costco Wholesale ေကာ္ပိုေရး႐ွင္းတြင္ ဒါ႐ိုက္တာအျဖစ္ လည္းေကာင္း ၊ Daily Journal ေကာ္ပိုေရး႐ွင္းတြင္ ဥကၠဌအျဖစ္လည္းေကာင္း ေဆာင္႐ြက္ခဲ့သည္။

 

( ခ်ာလီ မန္ဂါ ေရးခဲ့ေသာ ေဆာင္းပါး)

 

လူတစ္ဦး၏ ဘဝတြင္ မိမိ၏ အသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းအေပၚ စိတ္ေက်နပ္မႈ ရ႐ွိေစေရး ႀကိဳးပမ္းရသည့္ ခရီးလမ္းမွာ အၿမဲတသမတ္တည္း ေျဖာင့္ျဖဴးေနသည္ မဟုတ္ေခ်။

ကြၽႏ္ုပ္သည္ ဟားဘတ္ဥပေဒေက်ာင္းမွ ဘြဲ႕ရခဲ့ၿပီးေနာက္ ကယ္လီဖိုးနီးယားျပည္နယ္တြင္ အမ်ားေလးစားခံရ ေသာ Law Firm ကုမၸဏီတစ္ခုတြင္ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

အိမ္တစ္လုံး ေဆာက္လုပ္ကာ မိသားစုတစ္ခု တည္ေထာင္ခဲ့ၿပီး ႏွစ္ေပါင္းမ်ားစြာ အလုပ္ႀကိဳးစားခဲ့ပါသည္။

ကြၽႏ္ုပ္သည္ အထက္တန္းေ႐ွ႕ေနတစ္ဦး ရႏိုင္မည့္ ဝင္ေငြမ်ိဳးထက္ ပို၍ လိုခ်င္ခဲ့သည္။

ထို႔ေၾကာင့္ စေတာ့႐ွယ္ယာမ်ား ၊ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ အိမ္ျခံေျမေဆာက္လုပ္ေရးတို႔တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား စတင္ျပဳလုပ္ခဲ့သည္။ ေနာက္ပိုင္းတြင္ မိတ္ေဆြအခ်ိဳ႕ႏွင့္ ပူးေပါင္းကာ Law Firm တစ္ခု တည္ေထာင္ခဲ့၏။

ကြၽႏ္ုပ္သည္ အဆိုပါ Law Firm တြင္ ေအာင္ျမင္မႈမ်ားႏွင့္အတူ ႏွစ္ေပါင္းမ်ားစြာ ျဖတ္သန္းခဲ့ပါ၏။

သို႔ေသာ္ ထိုလုပ္ငန္းက ကြၽႏ္ုပ္အား စိတ္ေက်နပ္မႈ မရ႐ွိေစခဲ့။

အရင္း႐ွင္တစ္ေယာက္၏ လြတ္လပ္မႈမ်ိဳးကို ကြၽႏ္ုပ္က ႏွစ္သက္သည္။

ဆုံးျဖတ္ခ်က္ခ်ရျခင္းမ်ိဳးႏွင့္ ကိုယ္ပိုင္ေငြျဖင့္ ေလာင္းေၾကးထပ္ရျခင္းမ်ိဳးကို ပိုမိုႏွစ္သက္သည္။

တစ္ခုေသာ ညေနခင္း၊ အိုမာဟာၿမိဳ႕တြင္က်င္းပေသာ ဒင္နာပါတီပြဲတြင္ ကြၽႏ္ုပ္အား Warren Buffett ဟု အမည္ရသူတစ္ဦးႏွင့္ မိတ္ဆက္ေပးျခင္းခံခဲ့ရသည္။

Warren Buffett ႏွင့္ ကြၽႏ္ုပ္တို႔သည္ အေၾကာင္းရပ္မ်ိဳးစုံ စကားေျပာျဖစ္ခဲ့ရာ စီးပြားေရး၊ ဘ႑ာေရး၊ သမိုင္းႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈက႑မ်ားအထိ ပါဝင္ခဲ့သည္။

Warren Buffett က ကြၽႏ္ုပ္အား Law firm မွ ထြက္ရန္ ဆြဲေဆာင္ခဲ့သည္။

ေနာက္ဆုံးတြင္ ကြၽႏ္ုပ္တို႔ႏွစ္ဦး စီးပြားေရးလုပ္ငန္းမ်ား အတူလုပ္ေဆာင္ရန္ သေဘာတူခဲ့ၾကသည္။

ထိုဆုံးျဖတ္ခ်က္မွာ မယုံႏိုင္ဖြယ္ ဆုံးျဖတ္ခ်က္ေကာင္းတစ္ခု ျဖစ္လာခဲ့သည္။

ဘဝတေလွ်ာက္ ကြၽႏ္ုပ္အတြက္ အၿမဲအကူအညီျဖစ္ခဲ့ေသာ အေျခခံဥပေဒသ ၃ ခု ႐ွိပါသည္။

အသက္ေမြးဝမ္းေၾကာင္း ေ႐ြးခ်ယ္မႈ အကဲျဖတ္ရာတြင္ လူငယ္မ်ားအား ဤဥပေဒသမ်ားက ကူညီေပးႏိုင္ လိမ့္မည္ဟု ကြၽႏ္ုပ္ ယုံၾကည္ပါသည္။

ဤဥပေဒသ ၃ ခ်က္လုံးႏွင့္ ကိုက္ညီရန္မွာ မလြယ္ကူေသာ္လည္း ႀကိဳးစားၾကည့္သင့္ပါသည္။

 

(၁။ ကိုယ္တိုင္ မဝယ္ခ်င္မည့္ မည္သည့္အရာကိုမွ မေရာင္းပါႏွင့္။)

 

မိမိလိုခ်င္သည္ကို ရ႐ွိရန္ ႀကိဳးစားရာတြင္ အေကာင္းဆုံးနည္းလမ္းမွာ လိုခ်င္ေသာအရာႏွင့္ ထိုက္တန္ေအာင္ ႀကိဳးစားျခင္း ျဖစ္ပါသည္။

ဤသည္ကား ႐ိုး႐ွင္းေသာ အေတြးအေခၚပင္ ျဖစ္၏။

ထို႔အျပင္ ေ႐ႊစည္းမ်ဥ္းလည္း ျဖစ္၏။

သင္ကိုယ္တိုင္ ဝယ္ယူလိုေသာ အရာကိုသာ ကမ႓ာႀကီးထံ ျဖန္႔ျဖဴးေပးပါ။

ဤသို႔ေသာ စိတ္ဓာတ္႐ွိသူမ်ား ဘဝတြင္ ေအာင္ျမင္မႈ ရၾကသည္။

၎တို႔သည္ ေငြေၾကးအက်ိဳးအျမတ္သာမက ၎တို႔ႏွင့္ ထိေတြ႕ဆက္ဆံရသူမ်ားထံမွ ေလးစားမႈႏွင့္ ယုံၾကည္မႈတို႔လည္း ရ႐ွိၾကသည္။

ယုံၾကည္မႈရ႐ွိျခင္းသည္ ဘဝတြင္ ႀကီးမားေသာ ဝမ္းေျမာက္ဖြယ္တစ္ခု ျဖစ္သည္။

ေကာင္းသတင္းႏွင့္ ဂုဏ္သိကၡာတို႔မွာ လူတစ္ဦးအတြက္ တန္ဖိုးအ႐ွိဆုံး ပိုင္ဆိုင္မႈမ်ား ျဖစ္ၾကသည္။ သို႔ေသာ္ မ်က္ေတာင္တစ္ခတ္ အခ်ိန္အတြင္းတြင္ပင္ ထိုအရာမ်ား ဆုံး႐ႈံးသြားႏိုင္ပါသည္။

(၂။ မိမိမေလးစားသူတို႔ထံတြင္ အလုပ္မလုပ္ပါႏွင့္)

 

လူတို႔သည္ မိမိမေလးစားသူ ၊ မိမိမျဖစ္ခ်င္သူတို႔ လက္ေအာက္တြင္ အလုပ္မလုပ္ခ်င္ၾက။

ၾသဇာအာဏာ႐ွိသူတို႔သည္ ကြၽႏ္ုပ္တို႔အေပၚ အတိုင္းအတာတစ္ခုထိ ထိန္းခ်ဳပ္ႏိုင္ၾကသည္။

ထိုသို႔ေသာ အေျခအေနမ်ိဳးကို ေကာင္းစြာ ကိုင္တြယ္ႏိုင္ရန္ အရည္အခ်င္းႏွင့္ စိတ္ဆႏၵ ၂ မ်ိဳးလုံး လိုအပ္၏။

ေယဘုယ်အားျဖင့္မူ မိမိေလးစားသူတို႔ လက္ေအာက္တြင္ အလုပ္လုပ္ကိုင္ရပါက သင္၏ ဘဝမွာ ပိုမိုစိတ္ေက်နပ္ဖြယ္ ရလဒ္မ်ား ထြက္ေပၚလာမည္ ျဖစ္သည္။

 

(၃။ မိမိႏွစ္သက္ေသာ သူမ်ားႏွင့္သာ လက္တြဲအလုပ္လုပ္ပါ။)

 

သင္သည္ အမွန္တကယ္ထူးခြၽန္လိုသည္ဆိုပါက အေၾကာင္းရပ္တိုင္းအေပၚ အ႐ူးအမူး စိတ္ဝင္စားရန္ မ႐ွိမျဖစ္ လိုအပ္ေၾကာင္း ကြၽႏ္ုပ္ ေတြ႕႐ွိခဲ့ပါသည္။

ကြၽႏ္ုပ္သည္ အေၾကာင္းအရာ အမ်ားအျပားတြင္ ထူးခြၽန္သူျဖစ္ေအာင္ ႀကိဳးစားႏိုင္ခဲ့ပါသည္။

သို႔ေသာ္ ကြၽႏ္ုပ္ စိတ္မဝင္စားေသာ အရာမ်ားတြင္ မထူးခြၽန္ခဲ့ပါ။

ျဖစ္ႏိုင္ပါက မိမိႏွစ္သက္ေသာ ကုမၸဏီတြင္ မိမိအလြန္စိတ္ဝင္စားေသာအရာမ်ား လုပ္ေဆာင္ရန္ ကိုယ့္ကိုယ္ကို ထိန္းသိမ္းေမာင္းႏွင္ပါ။

အျခားလုပ္ရမည့္အခ်က္မွာ အာ႐ုံစူးစိုက္မႈမ်ားစြာ႐ွိရန္ ျဖစ္သည္။

ကြၽႏ္ုပ္ဘဝတေလွ်ာက္ စူးစိုက္မႈအျပည့္႐ွိသည့္ လက္ဖ်ားခါေလာက္ဖြယ္ရာ လုပ္ေဖာ္ကိုင္ဖက္မ်ား ႐ွိခဲ့ပါသည္။

ထိုသူတို႔ႏွင့္ ထိေတြ႕ခြင့္ရခဲ့ျခင္း၏ အေၾကာင္းရင္းတစ္ခုမွာ သူတို႔ႏွင့္ ထိေတြ႕ခြင့္ရေရး ထိုက္တန္ရန္ ကြၽန္ေတာ္ႀကိဳးစားခဲ့ေသာေၾကာင့္ ျဖစ္သည္။

အျခားအေၾကာင္းရင္းတစ္ခုမွာ ၎တို႔အား ေ႐ြးခ်ယ္မိေစရန္ ကြၽႏ္ုပ္က လိမ္မာပါးနပ္ခဲ့ေသာေၾကာင့္ ျဖစ္သည္။

အျခားအေၾကာင္းရင္းတစ္ခုမွာ ကြၽႏ္ုပ္ဘက္တြင္ ကံၾကမၼာေကာင္းအခ်ိဳ႕ ႐ွိေသာေၾကာင့္ ျဖစ္သည္။

ကြၽႏ္ုပ္၏ ဘဝတြင္ ထိုဥပေဒသ ၃ ရပ္ႏွင့္ စပ္လ်ဥ္းၿပီး မယုံႏိုင္ဖြယ္ ကံေကာင္းခဲ့ပါသည္။

Warren Buffett ႏွင့္ လက္တြဲလုပ္ကိုင္ခဲ့ရျခင္းမွာ ကြၽႏ္ုပ္အတြက္ ထိုဥပေဒသ ၃ ရပ္လုံးႏွင့္ ညီၫႊတ္ခဲ့ပါသည္။

 

- ခ်ာလီမန္ဂါ

 

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြအစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Charlie Munger: These ‘basic rules’ made me successful in life—‘with Warren Buffett, I had all 3’ (cnbc

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
[“အရင်ဘဝက ညီမလေးနဲ့ ကစားနေတာပါ…မေမေ”] အတိတ်ဘဝက ညီမတော်စပ်ခဲ့သူ၏ ဝိဉာဉ်နှင့် အမြဲဆော့ကစားနေသည့် အမေရိကန်မှ သမီးငယ်လေး၏ ဆန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service