ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
မန္တလေးအိမ်ခြံမြေဈေးကွက် ထဲမှာ အိမ်ခန်း၊ဆိုင်ခန်းငှားရမ်းသူတွေ အခုရက်ပိုင်းထဲ များပြားလာတဲ့အတွက် ငှားရမ်းခဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ မန္တလေး အိမ်ခြံမြေရောင်းဝယ်ငှား လုပ်ငန်းလုပ်ကိုင်သူ တွေက ပြောပါတယ်။
မြို့တွင်းပိုင်းလမ်းမတန်းနဲ့ အချက်အခြာကျတဲ့နေရာတွေကို ငှားရမ်းမှုတွေများလာပြီး ငှားရမ်းခဈေးနှုန်းတွေဟာလည်း အရင်ထက် (၅)သောင်းကျော်လောက်ဈေးမြင့်လာတယ်လို့ မန္တလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
အရင်တစ်လငှားရမ်းခငွေကျပ် နှစ်သိန်းခွဲသာ ပေါက်ဈေးရှိခဲ့တဲ့ အိမ်ခန်းဈေးနှုန်းတွေဟာ အခုလက်ရှိမှာ ငွေကျပ် ၃ သိန်းနီးပါးအထိ ဈေးမြင့်တက်လာနေပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားက ရွှေ့ပြောင်းနေထိုင်သူတွေ အခုရက်ပိုင်းထဲမှာ ပိုမိုငှားရမ်းလာကြတယ်လို့လည်း မန္တလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ အရင်လပိုင်းတုန်းက မန္တလေးအိမ်ခြံမြေဈေးကွက်မှာ အရောင်းရော အငှားဈေးကွက်ပါ တည်ငြိမ်နေပေမယ့် အခုရက်ပိုင်းအတွင်း အငှားပြန်သွက်လာသလို ဈေးနှုန်းတွေလည်း မြင့်တက်လာတာပါ။
လက်ရှိမှာ မန္တလေးမြေကွက် အဝယ်ဈေးတွေဟာ နေရာနဲ့အကွက်အကွင်းပေါ်မူတည်ပြီး ကျပ်သိန်း(၅၀၀၀)ကျော် ကနေ သိန်း(၂၀၀၀၀)ကျော် အထိ ပေါက်ဈေးရှိနေတယ်လို့ မန္တလေးအိမ်ခြံမြေဈေးကွက်ထဲကနေ သိရပါတယ်။ မန္တလေးကွန်ဒိုအငှား ဈေးနှုန်း တွေဟာလည်း တစ်လကို (၁၀) သိန်းကနေ ကျပ် သိန်း (၂၀) ကျော်အထိ ပေါက်ဈေးရှိနေတယ်လို့လည်း မန္တလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
မန္တလေးအိမ်ခြံမြေဈေးကွက် အငှားပြန်သွက်လာ