သိမှတ်ဖွယ်ရာ အိမ်ခြံမြေဥပဒေရေးရာ

သိမှတ်ဖွယ်ရာ အိမ်ခြံမြေဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
26 Nov 2023 12:55 pm တွင် တင်ခဲ့သည်
887 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

iMyanmarHouse ရဲ့ အပတ်စဉ်အမေးအဖြေကဏ္ဍအတွက် ဒီတစ်ပတ်မှာတော့ အိမ်ဝယ်ပြီး ငွေအပြည့်မပေးချေမီ သိထားသင့်သည့် အချက်များအပြင် အမေးအများဆုံး အိမ်ခြံမြေဥပဒေအမေးအဖြေ သုံးခုကို တင်ဆက်ပေးထားပါတယ်။

 

မေးခွန်း (၁) - ကိုယ့်တိုက်ခန်းလေးကို နံရံဆေးသုတ်မယ်? အခန်းသစ်ဖွဲ့ချင်တယ်ဆိုရင် မြေရှင်ရဲ့ သဘောတူညီချက် လိုအပ်ပါသလား?

 

တိုက်ခန်းအား ကြိုက်နှစ်သက်၍ ဝယ်ယူမည်ဆိုပါက တိုက်ခန်းများမှာ အပျောက်စနစ်ဖြင့် နေထိုင်မှုအတွက် ဝယ်ယူပိုင်ဆိုင်ကြခြင်းဖြစ်သဖြင့် မြေရှင်အသိအမှတ်ပြုလက်မှတ်အား ရယူထားရန် လိုအပ်ပါသည်။

မြေရှင်မှ မြေငှားခများတဆင့်တောင်းခံသည်ဆိုပါကလဲ ထည့်ဝင်သင့်ပါသည်။ တိုက်ခန်းအား အကြီးစား ပြင်ဆင်မှု ပြုလုပ်သည့်အခါတိုင်း မြေရှင်အား အကြောင်းကြားသင့်ပါသည်။ တိုက်ခန်းများဝယ်ယူပိုင်ဆိုင် နေထိုင်ရာတွင် တိုက်၏ Structure ပိုင်း ထိခိုက်မှုမရှိစေသည့် ပြုပြင် ပြင်ဆင်မှုများတွင် မြေရှင်အား သဘောတူ ညီချက် ရယူရန်မလိုဘဲ ပြင်ဆင်နိုင်ပါသည်။ တိုက်ခန်းအတွင်း အသေးစား ပြင်ဆင်မှုဖြစ်သည့် နံရံဆေး သုတ်ခြင်း ၊ တံခါးများပြင်ဆင်ခြင်း၊ သံပန်းတပ်ဆင်ခြင်း၊ ဆန်းရှိတ်အမိုး ပြုလုပ်ခြင်းများအား အများသုံး ဧရိယာများအား ထိခိုက်မှုမရှိစေဘဲ ပြင်ဆင်မှုပြုရပါသည်။

နေထိုင်မှုအတွက် ဝယ်ယူပိုင်ဆိုင်သည့်ဧရိယာမှာလဲ အခန်းအတွင်းပိုင်း ပေအကျယ်အရှိတိုင်းတာဖြစ်သဖြင့် မိမိနှင့်သက်ဆိုင်သည့် တိုက်ခန်းအတွင်းပိုင်းကိုသာ ဘေးပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ပြင်ဆင်ရပါမည်။

တိုက်တစ်တိုက်လုံး၏ ပြင်ပဧရိယာများ ဆေးသုတ်ရန်နှင့် တိုက်အား ရေရှည်တည့်တံ့ရန် ပြင်ဆင်မှုပြုလိုပါ က နေထိုင်သူများ အချိုးကျထည့်ဝင်ကာ စုပေါင်း၍ ပြင်ဆင်မှုပြုရပါမည်။ တိုက်ခန်း၏ အများသုံးဧရိယာများအား စုပေါင်းပိုင်ဆိုင်ခြင်းမှာလဲ သီးခြားဥပဒေပြဌာန်းချက်မရှိသဖြင့် နားလည်မှုဖြင့်သာ နေထိုင်သူများ စုပေါင်းပိုင်ဆိုင် နေခြင်းပင်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါတယ်။

 

မေးခွန်း (၂) - အိမ်ငှါးချထားတဲ့ အိမ်ကိုဝယ်ယူပါက ဘယ်လိုအရှုပ်အရှင်းတွေ ဖြစ်ပေါ်လာနိုင်ပါသလဲ ?

 

မိမိဝယ်ယူသည့်တိုက်ခန်းများမှာ အိမ်ငှားရှိပါက မဝယ်ယူသင့်ပါ။ အိမ်ငှားများအား ငှားရမ်းခြင်း စာချုပ်ပြည့်မီသည့်အခါ ဖယ်ရှားထွက်ခွာမှုပြုရန် ညွှန်ကြားနိုင်သူမှာလဲ ငှားရမ်းမှုပြုထားသည့် မူလပိုင်ရှင်ထံ တွင်သာ ရှိပါသည်။ ဖယ်ရှားရခက်နေသော အိမ်ရှင် အိမ်ငှားပြသနာများတွင် ကာလစည်းသတ်သတ် ပေါ်ပေါက် ရန်အတွက် အိမ်ရှင်မှ ငှားရမ်းခြင်းကို ရပ်စဲကြောင်း နို့တစ်စာပေးပို့ရန် လိုအပ်ပါသည်။ ကာလစည်းကမ်းသတ်(၁၂)ကျော်ပါက ကျူးကျော်နေထိုင်သူသည် ဆန့်ကျင်နေထိုင်ခွင့် ရရှိနေမည်ဖြစ်ပါ သည်။ ထို့သို့ကိစ္စရပ်များ၌ တရားစွဲဆိုသည့်အခါ ကာလစည်းကမ်းသတ် အငြင်းပွှားမှုများလဲ ပေါ်ပေါက်လာနိုင်ပါသည်။

အိမ်ငှားများမှာ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ-၁၀၈(ထ)အရ ငှားရမ်းခြင်းကို ရပ်စဲသည့်အခါ ဥပစာကို အိမ်ရှင်အား ပြန်လည်ပေးအပ်ရန် တာဝန်ရှိသည် မှန်သော်လည်း ဖယ်ရှားမပေးသည့်အခါ အိမ်ရှင်မှာ နှင်လိုမှုနှင့် ငှားရမ်းခ ကျသင့်ငွေများအတွက် တရားစွဲဆိုနိုင်ပါသည်။ အိမ်ငှားက ငှားရမ်းခပေးသော်လည်း အိမ်ရှင်က လက်မခံသည့်ကိစ္စရပ်များတွင် ပုဒ်မ-၁၆အရ ငှားရမ်းခကြီးကြပ်ရေးဝန်ထံ ငှားရမ်းခ ပေးသွင်း၍ ငှားရမ်းခြင်း ကာလ အတိုင်း အိမ်ငှားမှာ ဆက်လက်နေထိုင်ခွင့်လဲ ရှိနေပါသေးသည်။

ပုဒ်မ-၁၆(၁)အရ ဥပစာအတွက် စံငှားရမ်းခ သတ်မှတ်ပေးရန် ကြီးကြပ်ရေးဝန်(မြို့နယ်အုပ်ချုပ်ရေးမှူး)ထံ ငှားရမ်းသူအိမ်ရှင်နှင့် အိမ်ငှားနှစ်ဦးစလုံး လျှောက်ထားတောင်းဆိုနိုင်ပါသည်။ တစ်နှစ်ထက်ပိုသော ငှားရမ်းခြင်း များတွင် ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ-၁၀၇၊ မှတ်ပုံတင်စာချုပ်စာတမ်း ဥပဒေပုဒ်မ-၁၆(ဃ)အရ မှတ်ပုံတင်မှ တရားဝင်မည်ဖြစ်ကာ တံဆိပ်ခေါင်းခွန်လဲ ထမ်းဆောင်ရမည်ဖြစ်ပါသည်။

ထို့အပြင်အိမ်ရှင်မှ အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့်ပြုထားသူများ ရှိပါက ထိုသူများသည် မူလအိမ်ရှင်နှင့် နေထိုင်ရန်အတွက် သတ်မှတ်ကာလမထားရှိခဲ့သဖြင့် ပိုင်ရှင်အား ဆန့်ကျင်လက်ရှိနေထိုင်သူအဖြစ် မည်သည့်အခါမှ ဖြစ်မည်မဟုတ်ကြောင်း၊ ဖယ်ရှားမှုပြုရန်လဲ ခက်ခဲနေမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - အိမ်ဝယ်ပြီး ငွေအပြည့်မပေးချေမီ သိထားသင့်သည့် အချက်များကို ရှင်းပြပါ။

 

အိမ်ခြံမြေရောင်းဝယ်ခြင်းများတွင် ဝယ်ယူသူမှ ကြိုက်နှစ်သက်ပါက စာရွက်စာတမ်းများ စစ်ဆေးကြည့်ရှုပြီး စရန်ပေးစာချုပ်ချုပ်ဆိုပါသည်။ သတင်းစာတွင် ကန့်ကွက်သူရှိမရှိ ကြေညာကာ (၁၄)ရက်အတွင်း ကန့်ကွက်သူ မပေါ်ပေါက်သည့်အခါ ရောင်းဈေးငွေ တစ်စိတ်တစ်ဒေသအား ပေးချေခြင်း (သို့) အပြီးသတ်ပေးငွေချေခြင်းတို့ ပြုလုပ်ကြပါသည်။

ကန့်ကွက်သူပေါ်ပေါက်ပါက ဝယ်ယူသူ နစ်နာမှုအတွက် ရောင်းချသူမှ ပေးချေရန် စရန်ပေးစာချုပ်တွင် ရောင်းချသူမှ ဖြေရှင်းဆောင်ရွက် အဆင်မပြေပါက စရန်ငွေ(၂)ဆအား ဝယ်ယူသူထံ ပေးချေရမည်ဖြစ်ကြောင်း ရောင်းချသူ၏ ကတိပြုချက် ရယူထားရန်လိုအပ်ပါသည်။

ထို့ပြင် တစ်နှစ်အတွင်း ရောင်းချသူမှ ထုတ်ယူထားသော အရောင်းမြေပုံ/မြေရာဇဝင်အား ရယူရန် လိုအပ်ပါ သည်။ မြေကွက်အား အမည်ပေါက် ပြောင်းလဲခြင်း ချက်ချင်း မဆောင်ရွက်နိုင်ပါက ရောင်းချသူ၏ Special Power (SP) အထူးကိုယ်စားလှယ်လွှဲစာအား စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ဝယ်ယူသူကိုဖြစ်စေ (သို့) ဝယ်ယူသူမှ ညွှန်ပြသူထံသို့ဖြစ်စေ ရယူထားရန် လိုအပ်ပါသည်။

မြေခွန် ထမ်းဆောင်ထားခြင်းရှိမရှိ မြေခွန်ပြေစာများအားလဲ ရောင်းချသူထံမှ တောင်းယူကြည့်ရှုကာ လိုအပ်ပါက မြေခွန်၊ မီးခွန်၊ စည်ပင်ခွန်များ လွှဲပြောင်းရောင်းချသည့်အချိန် ကာလထိ ထမ်းဆောင်ခိုင်းရပါမည်။ သက်တမ်းကုန် မြေငှားဂရန်ဖြစ်ပါက မြေပိုင်ဆိုင်မှုမှာ အစိုးရထံသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါသည်။

ထို့ပြင် ကျူးကျော်နေထိုင်သူများရှိမရှိ၊ ငှားရမ်းသူများ ရှိမရှိ၊ ခွင့်ပြုချက်ဖြင့် အခမဲ့ ထားသူများရှိမရှိ ဝယ်ယူသူမှ စီစစ်ကြည့်ရှုရပြီး အဆိုပါသူများရှိနေပါက မူလအမည်ပေါက်ရောင်းချသူမှသာ နှင်လိုမှုဖြင့် တရားစွဲနိုင် သောကြောင့် ရောင်းချသူမှ နှင်လိုမှုပြုပြီးမှ ဝယ်ယူသင့်ပါသည်။

စာချုပ်များချုပ်ဆိုသည့်အခါ အခွန်ကိစ္စများအတွက် တန်းဖိုးလျော့၍ စာချုပ်ချုပ်ဆိုခြင်းများရှိပြီး လက်တွေ့ တွင် အမှုအခင်းများ ဖြေရှင်းဆောင်ရွက်ရပါကအဆိုပါစာချုပ်များကို တဖက်မှ သက်သေခံ တင်ပြလာပြီး နစ်နာသူမှာ အခက်တွေ့စေမှာဖြစ်ပါသည်။ ထို့ပြင် ရောင်းချသူ ဝယ်ယူသူကြား မြေကွက်လွှဲပြောင်း ရယူသည့်အခါ အရောင်းအဝယ်စာချုပ်ပါအတိုင်း ပေပြည့်မှီရန်အတွက် မြေပြင်တွင် ကွင်းဆင်းတိုင်းတာခြင်းဆောင်ရွက်ရပြီး ပေမပြည့်ပါက ဝယ်ယူသူမှ အပြီးသတ် ငွေပေးချေသည့်အခါ ညှိနှိုင်းဆောင်ရွက်မှုပြုနိုင်ရန်အတွက် စရန်ပေးစာချုပ်၌ မြေကွက် လက်ရောက်အပ်နှံစဉ် သတ်မှတ်ပေမပြည့်ပါက ဝယ်ယူသူမှ ရောင်းဈေးတန်ဖိုးအား (Sqft)ပါအတိုင်း နုတ်ပယ်ပေးချေပါမည်ဟု ထည့်သွင်း ချုပ်ဆိုသင့်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

သိမွတ္ဖြယ္ရာ အိမ္ျခံေျမဥပေဒေရးရာ

 

iMyanmarHouse ရဲ႕ အပတ္စဥ္အေမးအေျဖက႑အတြက္ ဒီတစ္ပတ္မွာေတာ့ အိမ္ဝယ္ၿပီး ေငြအျပည့္မေပးေခ်မီ သိထားသင့္သည့္ အခ်က္မ်ားအျပင္ အေမးအမ်ားဆုံး အိမ္ျခံေျမဥပေဒအေမးအေျဖ သုံးခုကို တင္ဆက္ေပးထားပါတယ္။

 

ေမးခြန္း (၁) - ကိုယ့္တိုက္ခန္းေလးကို နံရံေဆးသုတ္မယ္? အခန္းသစ္ဖြဲ႕ခ်င္တယ္ဆိုရင္ ေျမ႐ွင္ရဲ႕ သေဘာတူညီခ်က္ လိုအပ္ပါသလား?

တိုက္ခန္းအား ႀကိဳက္ႏွစ္သက္၍ ဝယ္ယူမည္ဆိုပါက တိုက္ခန္းမ်ားမွာ အေပ်ာက္စနစ္ျဖင့္ ေနထိုင္မႈအတြက္ ဝယ္ယူပိုင္ဆိုင္ၾကျခင္းျဖစ္သျဖင့္ ေျမ႐ွင္အသိအမွတ္ျပဳလက္မွတ္အား ရယူထားရန္ လိုအပ္ပါသည္။

ေျမ႐ွင္မွ ေျမငွားခမ်ားတဆင့္ေတာင္းခံသည္ဆိုပါကလဲ ထည့္ဝင္သင့္ပါသည္။ တိုက္ခန္းအား အႀကီးစား ျပင္ဆင္မႈ ျပဳလုပ္သည့္အခါတိုင္း ေျမ႐ွင္အား အေၾကာင္းၾကားသင့္ပါသည္။ တိုက္ခန္းမ်ားဝယ္ယူပိုင္ဆိုင္ ေနထိုင္ရာတြင္ တိုက္၏ Structure ပိုင္း ထိခိုက္မႈမ႐ွိေစသည့္ ျပဳျပင္ ျပင္ဆင္မႈမ်ားတြင္ ေျမ႐ွင္အား သေဘာတူ ညီခ်က္ ရယူရန္မလိုဘဲ ျပင္ဆင္ႏိုင္ပါသည္။ တိုက္ခန္းအတြင္း အေသးစား ျပင္ဆင္မႈျဖစ္သည့္ နံရံေဆး သုတ္ျခင္း ၊ တံခါးမ်ားျပင္ဆင္ျခင္း၊ သံပန္းတပ္ဆင္ျခင္း၊ ဆန္း႐ွိတ္အမိုး ျပဳလုပ္ျခင္းမ်ားအား အမ်ားသုံး ဧရိယာမ်ားအား ထိခိုက္မႈမ႐ွိေစဘဲ ျပင္ဆင္မႈျပဳရပါသည္။

ေနထိုင္မႈအတြက္ ဝယ္ယူပိုင္ဆိုင္သည့္ဧရိယာမွာလဲ အခန္းအတြင္းပိုင္း ေပအက်ယ္အ႐ွိတိုင္းတာျဖစ္သျဖင့္ မိမိႏွင့္သက္ဆိုင္သည့္ တိုက္ခန္းအတြင္းပိုင္းကိုသာ ေဘးပတ္ဝန္းက်င္ထိခိုက္မႈမ႐ွိေစဘဲ ျပင္ဆင္ရပါမည္။

တိုက္တစ္တိုက္လုံး၏ ျပင္ပဧရိယာမ်ား ေဆးသုတ္ရန္ႏွင့္ တိုက္အား ေရ႐ွည္တည့္တံ့ရန္ ျပင္ဆင္မႈျပဳလိုပါ က ေနထိုင္သူမ်ား အခ်ိဳးက်ထည့္ဝင္ကာ စုေပါင္း၍ ျပင္ဆင္မႈျပဳရပါမည္။ တိုက္ခန္း၏ အမ်ားသုံးဧရိယာမ်ားအား စုေပါင္းပိုင္ဆိုင္ျခင္းမွာလဲ သီးျခားဥပေဒျပဌာန္းခ်က္မ႐ွိသျဖင့္ နားလည္မႈျဖင့္သာ ေနထိုင္သူမ်ား စုေပါင္းပိုင္ဆိုင္ ေနျခင္းပင္ျဖစ္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါတယ္။

 

ေမးခြန္း (၂) - အိမ္ငွါးခ်ထားတဲ့ အိမ္ကိုဝယ္ယူပါက ဘယ္လိုအ႐ႈပ္အ႐ွင္းေတြ ျဖစ္ေပၚလာႏိုင္ပါသလဲ ?

မိမိဝယ္ယူသည့္တိုက္ခန္းမ်ားမွာ အိမ္ငွား႐ွိပါက မဝယ္ယူသင့္ပါ။ အိမ္ငွားမ်ားအား ငွားရမ္းျခင္း စာခ်ဳပ္ျပည့္မီသည့္အခါ ဖယ္႐ွားထြက္ခြာမႈျပဳရန္ ၫႊန္ၾကားႏိုင္သူမွာလဲ ငွားရမ္းမႈျပဳထားသည့္ မူလပိုင္႐ွင္ထံ တြင္သာ ႐ွိပါသည္။ ဖယ္႐ွားရခက္ေနေသာ အိမ္႐ွင္ အိမ္ငွားျပသနာမ်ားတြင္ ကာလစည္းသတ္သတ္ ေပၚေပါက္ ရန္အတြက္ အိမ္႐ွင္မွ ငွားရမ္းျခင္းကို ရပ္စဲေၾကာင္း ႏို႔တစ္စာေပးပို႔ရန္ လိုအပ္ပါသည္။ ကာလစည္းကမ္းသတ္(၁၂)ေက်ာ္ပါက က်ဴးေက်ာ္ေနထိုင္သူသည္ ဆန္႔က်င္ေနထိုင္ခြင့္ ရ႐ွိေနမည္ျဖစ္ပါ သည္။ ထို႔သို႔ကိစၥရပ္မ်ား၌ တရားစြဲဆိုသည့္အခါ ကာလစည္းကမ္းသတ္ အျငင္းပႊားမႈမ်ားလဲ ေပၚေပါက္လာႏိုင္ပါသည္။

အိမ္ငွားမ်ားမွာ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒပုဒ္မ-၁၀၈(ထ)အရ ငွားရမ္းျခင္းကို ရပ္စဲသည့္အခါ ဥပစာကို အိမ္႐ွင္အား ျပန္လည္ေပးအပ္ရန္ တာဝန္႐ွိသည္ မွန္ေသာ္လည္း ဖယ္႐ွားမေပးသည့္အခါ အိမ္႐ွင္မွာ ႏွင္လိုမႈႏွင့္ ငွားရမ္းခ က်သင့္ေငြမ်ားအတြက္ တရားစြဲဆိုႏိုင္ပါသည္။ အိမ္ငွားက ငွားရမ္းခေပးေသာ္လည္း အိမ္႐ွင္က လက္မခံသည့္ကိစၥရပ္မ်ားတြင္ ပုဒ္မ-၁၆အရ ငွားရမ္းခႀကီးၾကပ္ေရးဝန္ထံ ငွားရမ္းခ ေပးသြင္း၍ ငွားရမ္းျခင္း ကာလ အတိုင္း အိမ္ငွားမွာ ဆက္လက္ေနထိုင္ခြင့္လဲ ႐ွိေနပါေသးသည္။

ပုဒ္မ-၁၆(၁)အရ ဥပစာအတြက္ စံငွားရမ္းခ သတ္မွတ္ေပးရန္ ႀကီးၾကပ္ေရးဝန္(ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး)ထံ ငွားရမ္းသူအိမ္႐ွင္ႏွင့္ အိမ္ငွားႏွစ္ဦးစလုံး ေလွ်ာက္ထားေတာင္းဆိုႏိုင္ပါသည္။ တစ္ႏွစ္ထက္ပိုေသာ ငွားရမ္းျခင္း မ်ားတြင္ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒပုဒ္မ-၁၀၇၊ မွတ္ပုံတင္စာခ်ဳပ္စာတမ္း ဥပေဒပုဒ္မ-၁၆(ဃ)အရ မွတ္ပုံတင္မွ တရားဝင္မည္ျဖစ္ကာ တံဆိပ္ေခါင္းခြန္လဲ ထမ္းေဆာင္ရမည္ျဖစ္ပါသည္။

ထို႔အျပင္အိမ္႐ွင္မွ အခမဲ့ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္ခြင့္ျပဳထားသူမ်ား ႐ွိပါက ထိုသူမ်ားသည္ မူလအိမ္႐ွင္ႏွင့္ ေနထိုင္ရန္အတြက္ သတ္မွတ္ကာလမထား႐ွိခဲ့သျဖင့္ ပိုင္႐ွင္အား ဆန္႔က်င္လက္႐ွိေနထိုင္သူအျဖစ္ မည္သည့္အခါမွ ျဖစ္မည္မဟုတ္ေၾကာင္း၊ ဖယ္႐ွားမႈျပဳရန္လဲ ခက္ခဲေနမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - အိမ္ဝယ္ၿပီး ေငြအျပည့္မေပးေခ်မီ သိထားသင့္သည့္ အခ်က္မ်ားကို ႐ွင္းျပပါ။

အိမ္ျခံေျမေရာင္းဝယ္ျခင္းမ်ားတြင္ ဝယ္ယူသူမွ ႀကိဳက္ႏွစ္သက္ပါက စာ႐ြက္စာတမ္းမ်ား စစ္ေဆးၾကည့္႐ႈၿပီး စရန္ေပးစာခ်ဳပ္ခ်ဳပ္ဆိုပါသည္။ သတင္းစာတြင္ ကန္႔ကြက္သူ႐ွိမ႐ွိ ေၾကညာကာ (၁၄)ရက္အတြင္း ကန္႔ကြက္သူ မေပၚေပါက္သည့္အခါ ေရာင္းေဈးေငြ တစ္စိတ္တစ္ေဒသအား ေပးေခ်ျခင္း (သို႔) အၿပီးသတ္ေပးေငြေခ်ျခင္းတို႔ ျပဳလုပ္ၾကပါသည္။

ကန္႔ကြက္သူေပၚေပါက္ပါက ဝယ္ယူသူ နစ္နာမႈအတြက္ ေရာင္းခ်သူမွ ေပးေခ်ရန္ စရန္ေပးစာခ်ဳပ္တြင္ ေရာင္းခ်သူမွ ေျဖ႐ွင္းေဆာင္႐ြက္ အဆင္မေျပပါက စရန္ေငြ(၂)ဆအား ဝယ္ယူသူထံ ေပးေခ်ရမည္ျဖစ္ေၾကာင္း ေရာင္းခ်သူ၏ ကတိျပဳခ်က္ ရယူထားရန္လိုအပ္ပါသည္။

ထို႔ျပင္ တစ္ႏွစ္အတြင္း ေရာင္းခ်သူမွ ထုတ္ယူထားေသာ အေရာင္းေျမပုံ/ေျမရာဇဝင္အား ရယူရန္ လိုအပ္ပါ သည္။ ေျမကြက္အား အမည္ေပါက္ ေျပာင္းလဲျခင္း ခ်က္ခ်င္း မေဆာင္႐ြက္ႏိုင္ပါက ေရာင္းခ်သူ၏ Special Power (SP) အထူးကိုယ္စားလွယ္လႊဲစာအား စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ ဝယ္ယူသူကိုျဖစ္ေစ (သို႔) ဝယ္ယူသူမွ ၫႊန္ျပသူထံသို႔ျဖစ္ေစ ရယူထားရန္ လိုအပ္ပါသည္။

ေျမခြန္ ထမ္းေဆာင္ထားျခင္း႐ွိမ႐ွိ ေျမခြန္ေျပစာမ်ားအားလဲ ေရာင္းခ်သူထံမွ ေတာင္းယူၾကည့္႐ႈကာ လိုအပ္ပါက ေျမခြန္၊ မီးခြန္၊ စည္ပင္ခြန္မ်ား လႊဲေျပာင္းေရာင္းခ်သည့္အခ်ိန္ ကာလထိ ထမ္းေဆာင္ခိုင္းရပါမည္။ သက္တမ္းကုန္ ေျမငွားဂရန္ျဖစ္ပါက ေျမပိုင္ဆိုင္မႈမွာ အစိုးရထံသို႔ ျပန္လည္ေရာက္႐ွိသြားၿပီ ျဖစ္ပါသည္။

ထို႔ျပင္ က်ဴးေက်ာ္ေနထိုင္သူမ်ား႐ွိမ႐ွိ၊ ငွားရမ္းသူမ်ား ႐ွိမ႐ွိ၊ ခြင့္ျပဳခ်က္ျဖင့္ အခမဲ့ ထားသူမ်ား႐ွိမ႐ွိ ဝယ္ယူသူမွ စီစစ္ၾကည့္႐ႈရၿပီး အဆိုပါသူမ်ား႐ွိေနပါက မူလအမည္ေပါက္ေရာင္းခ်သူမွသာ ႏွင္လိုမႈျဖင့္ တရားစြဲႏိုင္ ေသာေၾကာင့္ ေရာင္းခ်သူမွ ႏွင္လိုမႈျပဳၿပီးမွ ဝယ္ယူသင့္ပါသည္။

စာခ်ဳပ္မ်ားခ်ဳပ္ဆိုသည့္အခါ အခြန္ကိစၥမ်ားအတြက္ တန္းဖိုးေလ်ာ့၍ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ား႐ွိၿပီး လက္ေတြ႕ တြင္ အမႈအခင္းမ်ား ေျဖ႐ွင္းေဆာင္႐ြက္ရပါကအဆိုပါစာခ်ဳပ္မ်ားကို တဖက္မွ သက္ေသခံ တင္ျပလာၿပီး နစ္နာသူမွာ အခက္ေတြ႕ေစမွာျဖစ္ပါသည္။ ထို႔ျပင္ ေရာင္းခ်သူ ဝယ္ယူသူၾကား ေျမကြက္လႊဲေျပာင္း ရယူသည့္အခါ အေရာင္းအဝယ္စာခ်ဳပ္ပါအတိုင္း ေပျပည့္မွီရန္အတြက္ ေျမျပင္တြင္ ကြင္းဆင္းတိုင္းတာျခင္းေဆာင္႐ြက္ရၿပီး ေပမျပည့္ပါက ဝယ္ယူသူမွ အၿပီးသတ္ ေငြေပးေခ်သည့္အခါ ညႇိႏိႈင္းေဆာင္႐ြက္မႈျပဳႏိုင္ရန္အတြက္ စရန္ေပးစာခ်ဳပ္၌ ေျမကြက္ လက္ေရာက္အပ္ႏွံစဥ္ သတ္မွတ္ေပမျပည့္ပါက ဝယ္ယူသူမွ ေရာင္းေဈးတန္ဖိုးအား (Sqft)ပါအတိုင္း ႏုတ္ပယ္ေပးေခ်ပါမည္ဟု ထည့္သြင္း ခ်ဳပ္ဆိုသင့္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service