အမေရိကန်ပြည် ၊ ဒင်ဗာမြို့တွင် စတုရန်းပေ ၇၅၀ သာရှိသော အိမ်ငယ်ကလေးကို ဒေါ်လာ ၁ ဒသမ ၂ သန်းအထိ ဈေးခေါ်ခဲ့ရာ ဈေးအလွန်များသော်လည်း အချိန်တိုအတွင်း ရောင်းထွက်သွား

အမေရိကန်ပြည် ၊ ဒင်ဗာမြို့တွင် စတုရန်းပေ ၇၅၀ သာရှိသော အိမ်ငယ်ကလေးကို ဒေါ်လာ ၁ ဒသမ ၂ သန်းအထိ ဈေးခေါ်ခဲ့ရာ ဈေးအလွန်များသော်လည်း အချိန်တိုအတွင်း ရောင်းထွက်သွား - Property News in Myanmar from iMyanmarHouse.com
27 Nov 2023 2:15 pm တွင် တင်ခဲ့သည်
766 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိမ်ခြံမြေဈေးနှုန်းများသည် အချို့ဈေးကွက်များတွင် ယုတ္တိကင်းမဲ့လာလျက်ရှိချိန်မျိုးတွင် အမေရိကန်ပြည် ၊ ဒင်ဗာမြို့ရှိ ဒေါ်လာ ၁ ဒသမ ၂ သန်း ဈေးခေါ်ခဲ့သော ၇၃၁ စတုရန်းပေသာ ရှိသည့် အိမ်ကလေးမှာ စိတ်လှုပ်ရှားဖွယ် အကြောင်းရပ် ဖြစ်လာခဲ့သည်။

ယခုဈေးနှုန်းမှာ မျက်လုံးပြူးစရာ ဖြစ်သော်လည်း ဒင်ဗာမြို့တွင် ဝယ်လိုအား မြင့်မားရခြင်းမှာ တည်နေရာ ကြောင့်ဖြစ်ကြောင်း ပြောဆိုမှုများရှိသည်။

ယခုအိမ်မှာ ၁၉၄၁ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး အိပ်ခနး ၃ ခန်းနှင့် ရေချိုးခန်း ၁ ခန်းပါသော အိမ်ငယ်လေးဖြစ် ကာ ဘေးဝန်းကျင်တွင် ကြီးမားသော အိမ်ကြီးအိမ်ကောင်းများ ဝန်းပတ်ထားသည်။

ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ ယခုအိမ်သည် ရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ဆောက်လုပ်မှုများ အတွက် ကြီးမားသော အခွင့်အလမ်းများရှိကြောင်း ၊ ပိုမိုစွဲဆောင်မှုရှိသော အဆောက်အအုံတစ်ခုအဖြစ် ပြောင်းလဲခြင်း (သို့မဟုတ်) မူလအတိုင်း ထိန်းသိမ်းထားခြင်းများ ပြုလုပ်နိုင်ကြောင်း ဖော်ပြသည်။

ယခုကဲ့သို့ ဈေးနှုန်းမြင့်မားရခြင်းတွင် အကြောင်းရင်းရှိနေကြောင်း ၊ အမှတ် ၂၆၁၅ ၊ S Saint Paul လမ်းတွင် တည်ရှိပြီး လူအများနှစ်သက်ကြသည့် McWilliams Park အနီးတွင် တည်ရှိခြင်းကြောင့်ဖြစ်ကြောင်း ရောင်းချသူက Realtor အိမ်ခြံမြေဝက်ဘ်ဆိုက်သို့ ပြောသည်။

ယခုရောင်းဈေးအရ ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၁၆၄၂ အထိ ကျသင့်နေသော်လည်း နေရာ အချက်အချာ ကျခြင်းကြောင့် ဈေးနှုန်းမြင့်မားရခြင်းဖြစ်ကြောင်း ရောင်းချသူက ပြောသည်။

(ဤအိမ်ငယ်လေးမှာ ကြီးမားသောအိမ်ကြီး ၂ လုံးကြားတွင် ရှိနေသည်။ ဓာတ်ပုံ-Morton Properties)

နေအိမ်အရွယ်အစားသေးငယ်ကာ ဈေးနှုန်းမြင့်မားလှသော်လည်း အရောင်းဈေးကွက်တင်ပြီး ၁၀ ရက်အတွင်း ရောင်းထွက်သွားခဲ့သည်။

အိမ်ခြံမြေမှတ်တမ်းများအရ ယခုရောင်းချလိုက်သူတို့က အဆိုပါအိမ်ကို ၁၉၉၆ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဤအိမ်အား အရောင်းဈေးကွက်တင်ပေးသည်မှာ Morton Properties Denver အိမ်ခြံမြေကုမ္ပဏီမှ Holly Morton Chione ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 750-square-foot home priced at $1.2M sparks frenzy, sells in record time (nypost)

[Zawgyi]

အေမရိကန္ျပည္ ၊ ဒင္ဗာျမဳိ႕တြင္ စတုရန္းေပ ၇၅၀ သာရွိေသာ အိမ္ငယ္ကေလးကို ေဒၚလာ ၁ ဒသမ ၂ သန္းအထိ ေစ်းေခၚခဲ့ရာ ေစ်းအလြန္မ်ားေသာ္လည္း အခ်ိန္တိုအတြင္း ေရာင္းထြက္သြား

အိမ္ျခံေျမေစ်းႏႈန္းမ်ားသည္ အခ်ိဳ႕ေစ်းကြက္မ်ားတြင္ ယုတၱိကင္းမဲ့လာလ်က္ရွိခ်ိန္မ်ဳိးတြင္ အေမရိကန္ျပည္ ၊ ဒင္ဗာျမဳိ႕ရွိ ေဒၚလာ ၁ ဒသမ ၂ သန္း ေစ်းေခၚခဲ့ေသာ ၇၃၁ စတုရန္းေပသာ ရွိသည့္ အိမ္ကေလးမွာ စိတ္လႈပ္ရွားဖြယ္ အေၾကာင္းရပ္ ျဖစ္လာခဲ့သည္။

ယခုေစ်းႏႈန္းမွာ မ်က္လံုးျပဴးစရာ ျဖစ္ေသာ္လည္း ဒင္ဗာျမဳိ႕တြင္ ဝယ္လိုအား ျမင့္မားရျခင္းမွာ တည္ေနရာ ေၾကာင့္ျဖစ္ေၾကာင္း ေျပာဆိုမႈမ်ားရွိသည္။

ယခုအိမ္မွာ ၁၉၄၁ ခုႏွစ္က ေဆာက္လုပ္ခဲ့ျပီး အိပ္ခနး ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၁ ခန္းပါေသာ အိမ္ငယ္ေလးျဖစ္ ကာ ေဘးဝန္းက်င္တြင္ ၾကီးမားေသာ အိမ္ၾကီးအိမ္ေကာင္းမ်ား ဝန္းပတ္ထားသည္။

ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ ယခုအိမ္သည္ ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ျပန္လည္ေဆာက္လုပ္မႈမ်ား အတြက္ ၾကီးမားေသာ အခြင့္အလမ္းမ်ားရွိေၾကာင္း ၊ ပိုမိုစြဲေဆာင္မႈရွိေသာ အေဆာက္အအံုတစ္ခုအျဖစ္ ေျပာင္းလဲျခင္း (သို႔မဟုတ္) မူလအတုိင္း ထိန္းသိမ္းထားျခင္းမ်ား ျပဳလုပ္ႏိုင္ေၾကာင္း ေဖာ္ျပသည္။

ယခုကဲ့သို႔ ေစ်းႏႈန္းျမင့္မားရျခင္းတြင္ အေၾကာင္းရင္းရွိေနေၾကာင္း ၊ အမွတ္ ၂၆၁၅ ၊ S Saint Paul လမ္းတြင္ တည္ရွိျပီး လူအမ်ားႏွစ္သက္ၾကသည့္ McWilliams Park အနီးတြင္ တည္ရွိျခင္းေၾကာင့္ျဖစ္ေၾကာင္း ေရာင္းခ်သူက Realtor အိမ္ျခံေျမဝက္ဘ္ဆိုက္သို႔ ေျပာသည္။

ယခုေရာင္းေစ်းအရ ၁ စတုရန္းေပလွ်င္ ကန္ေဒၚလာ ၁၆၄၂ အထိ က်သင့္ေနေသာ္လည္း ေနရာ အခ်က္အခ်ာ က်ျခင္းေၾကာင့္ ေစ်းႏႈန္းျမင့္မားရျခင္းျဖစ္ေၾကာင္း ေရာင္းခ်သူက ေျပာသည္။

(ဤအိမ္ငယ္ေလးမွာ ၾကီးမားေသာအိမ္ၾကီး ၂ လံုးၾကားတြင္ ရွိေနသည္။ ဓာတ္ပံု-Morton Properties)

ေနအိမ္အရြယ္အစားေသးငယ္ကာ ေစ်းႏႈန္းျမင့္မားလွေသာ္လည္း အေရာင္းေစ်းကြက္တင္ျပီး ၁၀ ရက္အတြင္း ေရာင္းထြက္သြားခ့ဲသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ယခုေရာင္းခ်လိုက္သူတို႔က အဆိုပါအိမ္ကို ၁၉၉၆ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

ဤအိမ္အား အေရာင္းေစ်းကြက္တင္ေပးသည္မွာ Morton Properties Denver အိမ္ျခံေျမကုမၸဏီမွ Holly Morton Chione ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 750-square-foot home priced at $1.2M sparks frenzy, sells in record time (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service