အိန္ဒိယနိုင်ငံမှ ဈေးအကြီးဆုံးစံအိမ်ကြီး (၁၀) လုံးအကြောင်း
အိန္ဒိယနိုင်ငံမှ ဈေးအကြီးဆုံးစံအိမ်ကြီး (၁၀) လုံးအကြောင်း - Property News in Myanmar from iMyanmarHouse.com
23 Nov 2023 9:49 am တွင် တင်ခဲ့သည်
1714 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အိန္ဒိယနိုင်ငံ၏ ဈေးအကြီးဆုံး စံအိမ်ကြီး ၁၀ လုံးတွင် တမူထူးသော နာမည်များ ၊ အံ့မခန်းဗိသုကာ ၊ ခမ်းနားသော အတွင်းပိုင်းမွမ်းမံမှု ၊ ကမ္ဘာ့အဆင့် ဝန်ဆောင်မှုများရှိပြီး အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်သူတို့ ပိုင်ဆိုင်ထားသည်။
အိန္ဒိယတွင် ဘီလျံနာသူဌေးကြီးပေါင်း ၁၄၀ ဦးရှိပြီး ကမ္ဘာပေါ်တွင် ဘီလျံနာဦးရေ တတိယအများဆုံး နိုင်ငံ လည်း ဖြစ်သည်။
အောက်တွင် အိန္ဒိယ၏ ဈေးအကြီးဆုံး စံအိမ်ကြီးများအကြောင်း ဖော်ပြထားပါသည်။
၁။ Antilia
ခန့်မှန်းတန်ဖိုး- ရူပီး ကုဋေ ၆၀၀၀ မှ ၁၂၀၀၀ ကြား
တည်နေရာ - မွမ်ဘိုင်းမြို့ ၊ အယ်လ်တာ မောင့်လမ်း ၊ Cumballa Hill
မြေအကျယ်အဝန်း - ၁ ဒသမ ၁၂ ဧက
ဒီဇိုင်းရေးဆွဲပေးသူ- ချီကာဂို အခြေစိုက် Will and Perkins
ဤစံအိမ်ကို အချမ်းသာဆုံး သူဌေးကြီး မူကက်ရှ်အမ်ဘာနီက ပိုင်ဆိုင်သည်။
Antilia သည် အိန္ဒိယတွင်သာမက တကမ္ဘာလုံးတွင်လည်း ဈေးအကြီးဆုံးစံအိမ်အဖြစ် ရပ်တည်နေသည်။
အမြင့် ၅၆၈ ပေရှိပြီး အထပ်ပေါင်း ၂၇ ထပ်ပါဝင်သည်။
(ဆက်စပ်သတင်း)
အိန္ဒိယဘီလျံနာကြီး မူကက်ရှ် အမ်ဘာနီ ဒေါ်လာ ၄ ဘီလီယံကျော်တန်သော စံအိမ်တွင် မြေးများအတွက် လည်ပတ်နိုင်သော အိပ်ယာများနှင့် နေပူဆာလှုံနိုင်ရန် ခေါက်သိမ်းနိုင်သော ခေါင်မိုးများတပ်ဆင် ၊ မြေးရလာမှု အထိမ်းအမှတ်အဖြစ် ရွှေ ၁၈၃ ပိဿာလှူမည်
https://www.imyanmarhouse.com/news/read/1053763
၂။ JK House
ခန့်မှန်းတန်ဖိုး - ရူပီး ကုဋေ ၆၀၀၀
အမြင့် - ၁၄၅ မီတာ
တည်နေရာ - မွမ်ဘိုင်းမြို့ ၊ အယ်လ်တာမောင့်လမ်း
ဤစံအိမ်ကို အဝတ်အထည်နှင့် ဖက်ရှင်ကုမ္ပဏီ Raymond Group ၏ ဥက္ကဌ Gautam Singhania က ပိုင်ဆိုင်သည်။
အိန္ဒိယတွင် ဒုတိယအမြင့်မားဆုံး ၊ ပုဂ္ဂလိကပိုင် အဆောက်အအုံဖြစ်ပြီး Antilia နှင့် တစ်လမ်းထဲတွင် တည်ရှိသည်။
အထပ်ပေါင်း ၃၀ ပါဝင်ပြီး ကမ္ဘာ့ဈေးအကြီးဆုံးကားများ ရပ်နားရန် သီးသန့်ထားရှိသော အထပ် ၅ ထပ်ပါဝင်သည်။
၃။ Mannat
ခန့်မှန်းတန်ဖိုး - ရူပီး ကုဋေ ၂၀၀
အကျယ်အဝန်း - စတုရန်းပေ ၂၇၀၀၀ ကျော်
တည်နေရာ - မဟာရတ်ရှ်တရာပြည်နယ် ၊ မွမ်ဘိုင်းမြို့ ၊ ဘန်ဒရဝက်စ်အရပ်
ဒီဇိုင်းရေးဆွဲပေးသူ-Gauri Khan and Kaif Faquih ဘောလိဝုဒ်၏ ဧကရာဇ် ရှရွတ်ခန်၏ စံအိမ် Mannat မှာ အထူးမ်ိတ်ဆက်ပေးရန် မလိုချေ။
ရှရွတ်ခန်၏ စံအိမ်ကြီးသည် အာရေးဘီယံပင်လယ်ကို အပေါ်စီးမှ စီးမိုးတွေ့မြင်နေရသည်။
စံအိမ်အတွင်း အိပ်ခန်းပေါင်းများစွာ ၊ စာကြည့်တိုက်တစ်ခု ၊ အားကစားလေ့ကျင့်ခန်းမ ၊ သီးသန့်ကပွဲခန်းမ အပြင် အခြားသော Facility များစွာ ပါဝင်သည်။
(ဆက်စပ်သတင်း)
ဘောလိဝုဒ်ကြယ်ပွင့် ရှာရွတ်ခန် နေထိုင်သော မာန်နတ်အမည်ရှိ စံအိမ်ကြီး
https://www.imyanmarhouse.com/news/read/1006444
၄။ Abode
ခန့်မှန်းတန်ဖိုး - ရူပီး ကုဋေ ၅၀၀၀
အကျယ်အဝန်း - စတုရန်းပေ ၁၆၀၀၀
တည်နေရာ - မွမ်ဘိုင်းမြို့ ၊ Pali Hill အရပ် ၊ Nargis Dutt Rt
ဤစံအိမ်သည် ၁၇ ထပ်အမြင့်ရှိပြီး မူကက်ရှ်အမ်ဘာနီနှင့် မိသားစုက Antilia စံအိမ်သို့ မပြောင်းမီ ဤစံအိမ်တွင် နေထိုင်ခဲ့သည်။
၅။ Jalsa
ခန့်မှန်းတန်ဖိုး - ရူပီး ၁၂၀ ကုဋေ
အကျယ်အဝန်း - ၁၀၁၂၃ စတုရန်းပေ
တည်နေရာ - မွမ်ဘိုင်းမြို့၊ Juhu အရပ်
ဤစံအိမ်သည် ဘောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့်ကြီး အမီတာဘဂျမ်းက ပိုင်ဆိုင်ပြီး စံအိမ်အမည် Jalsa မှာ ဟင်ဒီဘာသာအားဖြင့် အောင်ပွဲခံခြင်းဟု အဓိပ္ပာယ်ရသည်။
မူလက Mansa ဟု အမည်ပေးခဲ့ခြင်းဖြစ်ပြီး ဧကရာဇ်ဟု အဓိပ္ပာယ်ရသည်။ နောက်ပိုင်းတွင် ဗေဒင်ဆရာ၏ အကြံပေးချက်အရ Jalsa ဟု အမည်ပြောင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စံအိမ်ကြီးကို နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ ရာမက်ရှ် ဆစ်ပီက အမီတာဘဂျမ်းအား Satte Pe Satta ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ပေးခဲ့မှုအတွက် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
အမီတာဘဂျမ်း၏ နာမည်ကြီး ရုပ်ရှင်ကားများဖြစ်သော Chupke Chupke နှင့် Anand တို့အပြင် အခြားရုပ်ရှင်ကားများစွာကို ဤစံအိမ်ကြီးတွင် ရိုက်ကူးခဲ့သည်။
(ဆက်စပ်သတင်း)
ဘောလိဝုဒ်နတ်ဘုရား အမီတာဘဂျမ်းနေထိုင်သော ပရာတိသျှနှင့် အခြားစံအိမ်များ
https://www.imyanmarhouse.com/news/read/1006890
  ၆။ Jatia House
ခန့်မှန်းကုန်ကျစရိတ် - ရူပီး ၄၂၅ ကုဋေ
အကျယ်အဝန်း - စတုရန်းပေ ၃၀၀၀၀
တည်နေရာ - မွမ်ဘိုင်းမြို့ ၊ Malabar Hill
ဤစံအိမ်ကြီးကို စီးပွားရေးလုပ်ငန်း နယ်ပယ်များစွာ လုပ်ကိုင်လျက်ရှိသော Aditya Birla Group ၏ ဥက္ကဌ KM Birla က ပိုင်ဆိုင်သည်။
စံအိမ်ခြံဝန်းအတွင်း စိမ်းလန်းသော ပန်းဥယျာဉ်များနှင့် ရေကန်ငယ်တစ်ခု ပါဝင်ပြီး ပင်လယ်ကို မျက်နှာမူ ထားသည်။
အိပ်ခန်းပေါင်း ၂၀ ပါဝင်ပြီး ဧည့်သည်ပေါင်း ၅၀၀ မှ ၇၀၀ ဦးအထိ တစ်ပြိုင်တည်း ဧည့်ခံနိုင်သည့် အကျယ်အဝန်း ရှိသည်။
၇။ Ratan Tata 
ခန့်မှန်းတန်ကြေး - ရူပီး ၁၅၀ ကုဋေ
အကျယ်အဝန်း - စတုရန်းပေ ၁၃၃၅၀
တည်နေရာ - မွမ်ဘိုင်းမြို့ ၊ Colaba
ဤစံအိမ်ကြီးကို အိန္ဒိယ၏ ထိပ်သီးကားကုမ္ပဏီကြီး Tata Group ၏ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သူ Ratan Tata က ပိုင်ဆိုင်သည်။
Ratan Tata သည် Jaguar Land Rover ၏ ဥက္ကဌဟောင်းလည်း ဖြစ်သည်။
၈။ Jindal House
ခန့်မှန်းတန်ဖိုး- ရူပီး ကုဋေ ၁၅၀
အကျယ်အဝန်း- ၃ ဧက
တည်နေရာ- ဒေလီမြို့တော် ၊ Lutyens ဘန်ဂလိုဇုန်
အိန္ဒိယနိုင်ငံ၏ မြို့တော် ၊ ဒေလီမြို့တော်တွင်ရှိပြီး စတီး ၊ သတ္တုတွင်း ၊ စွမ်းအင်နှင့် အခြားလုပ်ငန်းများ လုပ်ကိုင်သော JSW ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ဘီလျံနာသူဌေးကြီး Sajjan Jindal က ပိုင်ဆိုင်သည်။
  ၉။ Ruia House
ခန့်မှန်းတန်ကြေး- ရူပီး ကုဋေ ၁၂၀၊
ခြံအကျယ် - ၂ ဒသမ ၂၄ ဧက
တည်နေရာ- နယူးဒေလီမြို့ ၊ Tees January Marg
ဤစံအိမ်ကို စွမ်းအင် ၊ အခြေခံအဆောက်အအုံ ၊ သတ္တုတွင်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်သည့် Essar Group ၏ ပိုင်ရှင်များဖြစ်သော Ravi Ruia နှင့် Shashi Ruia ညီအစ်ကိုတို့က ပိုင်ဆိုင်သည်။
၁၀။ Sky House
ခန့်မှန်းတန်ကြေး - ရူပီး ကုဋေ ၁၀၀
အကျယ်အဝန်း - စတုရန်းပေ ၄၀၀၀၀
တည်နေရာ - Bengaluru မြို့ ၊ UB City
အဖျော်ယမကာ ကုမ္ပဏီကြီးဖြစ်သော United Breweries Group ၏ ဥက္ကဌ Vijay Mallya ပိုင်ဆိုင်သော Penthouse ခန်းဖြစ်သည်။ ၃၅ ထပ်မြင့်မားသော မိုးမျှော်တိုက်တစ်ခုတွင် တည်ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Top 10 Costliest Houses in India (magicbricks)
[Zawgyi]
၁။ Antilia
(ဆက်စပ်သတင်း)
၂။ JK House
အမြင့် - ၁၄၅ မီတာ
၃။ Mannat
ဒီဇိုင်းရေးဆွဲပေးသူ-Gauri Khan and Kaif Faquih ဘောလိဝုဒ်၏ ဧကရာဇ် ရှရွတ်ခန်၏ စံအိမ် Mannat မှာ အထူးမိတ်ဆက်ပေးရန် မလိုချေ။
(ဆက်စပ်သတင်း)
၎။ Abode
၅။ Jalsa
(ဆက်စပ်သတင်း)
၆။ Jatia House
၇။ Ratan Tata ၏ စံအိမ်
၈။ Jindal House
အကျယ်အဝန်း- ၃ ဧက
၉။ Ruia House
ခြံအကျယ် - ၂ ဒသမ ၂၄ ဧက
၁၀။ Sky House
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
imyanmarmarket
7Mile Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service