ကာရစ်ဘီယံပင်လယ်အတွင်းမှ အုန်းပင်၊ ငှက်ပျောပင်များ အတိပြီးသော ကျွန်းတစ်ကျွန်းကို လန်ဒန်မှ တိုက်ခန်းတစ်ခန်း ဈေးနှုန်းအောက်ဖြင့် ရောင်းမည်
ကာရစ်ဘီယံပင်လယ်အတွင်းမှ အုန်းပင်၊ ငှက်ပျောပင်များ အတိပြီးသော ကျွန်းတစ်ကျွန်းကို လန်ဒန်မှ တိုက်ခန်းတစ်ခန်း ဈေးနှုန်းအောက်ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
20 Nov 2023 11:19 am တွင် တင်ခဲ့သည်
811 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အုန်းပင်၊ ငှက်ပျောပင်များ ဖုံးလွှမ်းကာ ကြည်လင်သော ရေပြာတို့ ဝန်းပတ်ထားသည့် မုတ်သုံကျွန်း တစ်ကျွန်းကို ဝယ်ယူရန်မှာ မိမိတတ်နိုင်သည့်ပမာဏထက် များပြားမည်ဟု တွေးထင်နိုင်သည်။
သို့သော် သင့်အနေဖြင့် လန်ဒန်မှ တိုက်ခန်းတစ်ခန်းကို ဝယ်ယူရန် တတ်နိုင်မည်ဆိုပါက ဤကျွန်းမှာ သင်ဝယ်ယူနိုင်သည့် အခွင့်အလမ်းရှိပါသည်။
ကျွန်းအမည်မှာ Iguana Island ဟု အမည်ရပြီး ကာရစ်ဘီယံပင်လယ်အတွင်း နီကာရာဂွါ နိုင်ငံ၏ ကမ်းလွန် ၁၂ မိုင်ခန့်အကွာတွင် တည်ရှိကာ အကျယ်အဝန်း ၅ ဧကရှိသည်။
ခေါ်ဈေးမှာ ကန်ဒေါ်လာ ၄၇၅၀၀၀ ဖြစ်သည်။
Rightmove အိမ်ခြံမြေဝက်ဘ်ဆိုက်၏ အချက်အလက်များအရ ပြီးခဲ့သောနှစ်အတွင်း လန်ဒန်မြို့တွင် ရောင်းချခဲ့သော တိုက်ခန်းများ၏ ပျမ်းမျှဈေးနှုန်းမှာ ပေါင် ၅၆၅၁၄၇ ဖြစ်သည်။ လုံးချင်းအိမ်များဆိုလျှင် ပျမ်းမျှအားဖြင့် ပေါင် ၈၁၆၂၀၈ ခန့်ရှိသည်။
လန်ဒန်မှ လုံးချင်းအိမ်တစ်လုံးဈေးနှုန်းဖြင့်ဆိုလျှင် ဤကဲ့သို့ ကျွန်းမျိုး မည်မျှ ဝယ်ယူနိုင်မည်ကို စဉ်းစားကြည့်ပါ။
Iguana ကျွန်းပေါ်တွင် နေအိမ်တစ်လုံး ပါဝင်ပြီး အိပ်ခန်း ၃ ခန်း ၊ ရေချိုးခန်း ၂ ခန်း ၊ ညစာစားခန်း ၊ အရက်ဘား ၊ ပတ်လည်ဝရန်တာနှင့် ရေကူးကန်တစ်ခုတို့ ပါဝင်သည်။
(နေအိမ်အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ-Jam press)
(ဤအရာအားလုံးကို လန်ဒန်မှ တိုက်ခန်းတစ်ခန်းဈေးအောက်ဖြင့် ရရှိနိုင်မည် ဖြစ်သည်။ ဓာတ်ပုံ-Jam press)
အိပ်ခန်းများမှာ ၂ ယောက်အိပ် အိပ်ယာများနှင့် အံဆွဲများ ထားရှိနိုင်ရန် ကျယ်ကျယ်ဝန်းဝန်းရှိသည်။
နေအိမ်ကို အဝါရောင်နံရံများ ၊ အစိမ်းရောင်ပြတင်းများနှင့် အနက်ရောင် သစ်ပရိဘောဂတို့ဖြင့် မွမ်းမံထားသည်။
ကျွန်း၏ အခြားတစ်ဘက်ခြမ်းတွင် ဧည့်သည်များ (သို့မဟုတ်) ဝန်ထမ်းများအတွက် နေထိုင်ရန် နေရာရှိသည်။
ဤကျွန်းတွင် ကာလတာရှည် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများရှိပြီး ကျွန်းမန်နေဂျာနှင့် ကျွန်းစောင့် များ အပါအဝင် ဖြစ်သည်။
၎င်းတို့ကလည်း ပိုင်ရှင်သစ်ထံတွင် ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်လိုစိတ် ရှိကြသည်။
ကျွန်းဝန်းကျင် ရေပြင်တွင် မုတ်သုံငါးများ ပေါများပြီး ရေငုတ်သမားများအတွက် နေရာကောင်းဖြစ်သည်။
ပင်လယ်ကမ်းခြေတလျှောက် ပျဉ်ခင်းလမ်းတစ်ခုလည်းရှိသည့်အပြင်၂၈ ပေ မြင့်မားသော ရှုခင်းကြည့် မျှော်စင်တစ်ခုလည်း ပါဝင်သည်။
(ပတ်လည်ဝရန်တာ။ ဓာတ်ပုံ-Jam Press)
(အိပ်ခန်းများအနက်မှ တစ်ခု။ ဓာတ်ပုံ-Jam Press)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: You can buy an entire tropical island for the less than the price of a London flat (metro)
[Zawgyi]
(ပတ်လည်ဝရန်တာ။ ဓာတ်ပုံ-Jam Press)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service