ဥပဒေရေးရာ သိမှတ်ဖွယ်အဖြာဖြာ

ဥပဒေရေးရာ သိမှတ်ဖွယ်အဖြာဖြာ - Property Knowledge in Myanmar from iMyanmarHouse.com
19 Nov 2023 12:27 pm တွင် တင်ခဲ့သည်
1108 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အိမ်ခြံမြေနဲ့ပတ်သတ်ပြီး iMyanmarHouse ဆီသို့ အိမ်ခြံမြေချစ်သူများ ပေးပို့လာတဲ့ ဥပဒေရေးရာမေးခွန်း သုံးခုကို ဒီတစ်ပတ်မှာ ဖြေကြားပေးလိုက်ပါတယ်။ ဥပဒေအသိကြွယ်စေဖို့ရာ အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများကို iMyanmarHouse မှ အပတ်စဉ် တင်ဆက်ပေးလျက်ရှိပါတယ်။

 

မေးခွန်း (၁) - အမွေဆိုင်တစ်ဦးသည် အမွေခွဲဝေခြင်းမပြုရသေးဘဲ အိမ်ခြံမြေကို အမည်ပြောင်းထားပါက မည်သို့လုပ်ဆောင်ရမည်နည်း။

အမွေဆိုင်များသည် အမွေခွဲဝေမှုမပြုရသေးပါက မည်သည့်အချိန်တွင်မဆို အမွေခွဲဝေမှုရန်အတွက် ညီနှိုင်းပြုလုပ်နိုင်ကြပြီး အမွေဆိုင်တစ်ဦးမှ အမွေပစ္စည်းအား ယူထားလျှင် (သို့) အိမ်ခြံမြေများအား အမည်ပြောင်းလဲခြင်း ဆောင်ရွက်ထားလျှင် ထို့သို့ဆန့်ကျင်လက်ရှိထားသည့် (၁၂)နှစ်အတွင်း တရားစွဲဆိုမှုပြုရန် လိုအပ်ပါသည်။ မိဘတစ်ဦးကျန်ရှိကာ နောက်အိမ်ထောင်ပြုသည်ဆိုလျှင်လဲ နောက်အိမ်ထောင်ပြုချိန်မှ (၁၂)နှစ် အတွင်း တရားစွဲဆိုရမည်။ အဆိုပါအချိန် ကာလစည်းကမ်းသတ်အချိန် ကာလအတွင်း တရားမစွဲဆိုပါက တရားစွဲ ဆိုခွင့် ဆုံးရှုံးမည်ဖြစ်ပါသည်။

အမွေစားအမွေခံများသည့် အမွေပုံပစ္စည်းအား အမွေခွဲဝေ၍ လက်ရောက်အပ်ပေးရန် တရားစွဲဆိုခွင့် မရှိသောကြောင့် အမွေခွဲဝေခြင်း မပြုရသေးဘဲ အိမ်ခြံမြေ အမည်ပြောင်းထားသော အမွေဆိုင်အပေါ်တွင် အမွေပုံပစ္စည်းကို တရားရုံးမှ စီမံခန့်ခွဲပေးစေလိုမှုဖြင့် တရားစွဲဆိုရပါမည်။

 

အမွေပုံပစ္စည်း စီမံမှုပြုပေးရန် တရားစွဲဆိုနိုင်သူများမှာ...

(၁) ကွယ်လွန်သူ အမွေရှင်၏ မြီရှင်

(၂) သေတမ်းစာအရ အမွေရခွင့်ရှိသူ

(၃) ကွယ်လွန်သူ၏ အမွေစားအမွေခံ

(၄) အမွေထိန်း တို့ဖြစ်ပါသည်။

တနည်းဆိုသော် အမွေပုံပစ္စည်းအား စာရင်းရှင်းလင်းပေးစေရန်အတွက် တရားရုံး၌ တင်ပြတောင်းဆိုခြင်းပဲ ဖြစ်ပါသည်။ ထိုသို့ တရားစွဲဆိုရာ၌ အမွေဆိုင်များအားလုံးအား ထည့်သွင်းပြီး တရားစွဲဆိုမှုပြုရမည်။ အမွေဆိုင် မစုံလင်ပါက တရားရုံးမှ အမွေမှုအား ပလပ်မည်ဖြစ်သည်။ အမွေပုံပစ္စည်းအား မိမိပိုင်ပစ္စည်းဖြစ်ကြောင်း မြွတ်ဟကြေညာပေးစေရန် တရားစွဲဆိုခွင့်လဲ မရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၂) - အမွေဆိုင်တစ်ဦးရဲ့ မိမိအမွေဝေစုရရန် ဆောင်ရွက်ရမည့်အချက်များကို ရှင်းပြပါ။

အမွေဆိုင်တစ်ဦးမှ အမွေဝေစုရရန်အတွက် အမွေပုံပစ္စည်း လက်ဝယ်ထားသူထံ အချိန်မရွေး တောင်းဆိုမှုပြုနိုင်ပြီး အမွေဆိုင်အားလုံးသဘောတူညီပါက အမွေခွဲဝေမှုပြုနိုင်သည်။ ထို့သို့အမွေခွဲဝေမှုတွင် မရွှေ့မပြောင်းသော ပစ္စည်းများ ပါဝင်ပါက မှတ်ပုံတင်ရန် လိုအပ်ပါသည်။ ထို့ပြင် ပစ္စည်းခွဲဝေမှု ပြုလျှင်လဲ အမွေစား ၊ အမွေခံများအားလုံး စုံလင်စွာ ပါဝင်ရပါမည်။

ဖခင်သေဆုံးလျှင် ဩရသသားသည်လည်းကောင်း၊ မိခင်သေဆုံး လျှင်ဩရသသမီးသည် အမွေ၏ လေးပုံတစ်ပုံကိုလည်းကောင်း ရထိုက်ခွင့်ရှိသည်။ သို့သော်မိခင် သေဆုံးလျှင် ဩရသသားသည် အဖေထံမှ အမွေတောင်းခံပိုင်ခွင့်မရှိသေးဘဲ ဖခင်နောက်အိမ်ထောင်ပြုသည့်အခါမှ အမွေလေးပုံတစ်ပုံ တောင်းခံနိုင်သည်။ ထို့နည်းတူ ဩရသသမီးသည်လဲ မိခင်ကွယ်လွန်သောအခါ ဖခင်ထံမှ အမွေတောင်းခံပိုင်ခွင့်မရှိသေးဘဲ မိခင်နောက်အိမ်ထောင်ပြုသည့်အခါ လေးပုံတစ်ပုံရရှိမည်ဖြစ်ပါသည်။

ဩရသသည် မိဘတစ်ဦးဦးကွယ်လွန်စဉ် မိမိရရန်ရှိသော ဝေစုကို မရရှိခဲ့သေးလျှင် ကျန်ရစ်သူ နောက်မိဘတစ်ဦးဦးကွယ်လွန်စဉ် ညီအစ်ကိုမောင်နှမများနှင့် အမွေအညီအမျှရရှိမည်ဖြစ်သည်။(ဒေါ်ပန် နှင့်မညှီ(၁၈၉၇-၀၁) အထက်မြန်မာ အတွဲ-၂စာ ၁၀၄(D1C 187)

ကွယ်လွန်သူ လင်မယား(၂)ဦးမှာ သွေးရင်းသားရင်းသားသမီးမရှိပါက (၁)ညီအကိုမောင်နှမ၊ (၂)မိဘ၊(၃)ဘိုးဘွား၊(၄) မိတူဖကွဲ၊ဖတူမိကွဲ ညီအစ်ကိုမောင်နှမ၊(၅) မိဘအရင်း၏ လင်ပါမယားပါသားသမီး၊ (၆)ဦးကြီး၊ဦးလေး၊ဒေါ်ကြီး၊ဒေါ်လေး။ (၇)တူ၊တူမများ၏သားသမီး။ (၈)တစ်ဝမ်းကွဲညီအစ်ကိုမောင်နှမတို့ အမွေဆက်ခံခွင့်ရရှိမည်ဖြစ်သည်။

အမွေဆိုင်များ ညှိနှိုင်းကာ ပစ္စည်းခွဲဝေခြင်းမပြုနိုင်ပါက အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုဖြင့် တရားစွဲဆိုရမည်ဖြစ်ပါသည်။ တရားစွဲဆိုရန်အတွက် ကာစည်းကမ်းသတ်မှာ အမွေပုံပစ္စည်း လက်ဝယ်ထားသူမှ ဆန့်ကျင်လက်ရှိထားသည်အချိန်မှာ (၁၂)အတွင်း တရားစွဲဆိုမှုပြုရန် လိုအပ်ပါသည်။

ကွယ်လွန်သူရရန်ရှိသည့် ကြွေးမြီကို ရလိုကြောင်း တောင်းဆိုသည့်အမှုများ၌ အမွေထိန်းအက် ဥပဒေ-၃၁(သို့) ၃၂အရ ထုတ်ပေးထားသော အမွေဆက်ခံခွင့်လက်မှတ် လိုအပ်ပါသည်။

ကွယ်လွန်သူ ကျန်ရစ်သော အမွေပုံပစ္စည်းအား စီမံခန့်ခွဲမှုပြုပေးနိုင်ရန်နှင့် ကွယ်လွန်သူ၏ အမွေ ဆက်ခံသူများအား ခွဲဝေပေးစေရန် ဆက်ခံသူတစ်ဦးအား အမွေထိန်းခန့်အပ်ပေးနိုင်သည်။ အမွေပုံပစ္စည်းကို ထိန်းသိမ်းနိုင်ရန် တာဝန်ခေတ္တပေးအပ်ခြင်းသာဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - အမွေဆိုင်များသည် အမွေဆိုင်ပစ္စည်းကို မည့်သည့်အခါတွင် ဦးစွာဝယ်ပိုင်ခွင့် ဆုံးရှုံးသနည်း။

အမွေဆိုင်ပစ္စည်းအား အမွေဆိုင်တစ်ဦးမှ ဦးစွာဝယ်ယူပိုင်ခွင့် အခွင့်အရေးရှိပါသည်။ သူစိမ်းများကို လွှဲပြောင်းခြင်းမပြုရသေးခင် ရှေးဦးစွာအမွေဆိုင်များမှ ဝယ်ယူနိုင်သည့်အခွင့်အရေးရှိသလို အကယ်၍ ရောင်းချပြီးပါကလဲ ပြန်လည်ရောင်းချရန် တောင်းဆိုနိုင်သည့်အခွင့်အရေးရှိပါသည်။

ဦးစွာပေး ဝယ်ယူနိုင်သည့်အခွင့်အရေးအား အမွေဆိုင်များအား ပေးအပ်ထားခြင်းမှာ မိမိတို့ ဘိုးဘွားအစဉ်အဆက် ဆက်ခံခွင့်ပစ္စည်းအား သူစိမ်းအခြားသူ လက်ထဲသို့မရောက်စေဘဲ သားစဉ်မြေးဆက် ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ ဦးစွာဝယ်ယူခွင့်မှာ မြန်မာဗုဒ္ဓဘာသာဝင် အမွေဆိုင်တို့၏ အခွင့်အရေးတစ်ရပ်သာဖြစ်ပါသည်။

အမွေဆိုင်သဘောတူညီမှုမရှိဘဲ အခြားသူစိမ်းများထံ အမွေပုံပစ္စည်းအား ရောင်းချခြင်းပြုပါက အဆိုပါ အရောင်းအဝယ်မှာ ပျက်ပြယ်မည်ဖြစ်ပါသည်။ အမွေဆိုင်မှ အမွေပစ္စည်းအား ဦးစားပေးဝယ်ယူနိုင်သည့် အခွင့်အရေးမရရှိသည့်အခါ သူစိမ်းထံတွင် ရောင်းချသော အရောင်းအဝယ်စာချုပ် ပျက်ပြယ်စေရန်၊ ပစ္စည်းကို ပြန်လည်ဝယ်ယူခွင့် ဦးစွာပေးအခွင့်အရေးရရှိရန် တရားစွဲဆိုနိုင်ပြီး အမွေပစ္စည်းနှင့် သက်ဆိုင်သဖြင့် အမှုသည်အဖြစ် အမွေဆိုင်များကိုပါ ထည့်သွင်းရပါမည်။

ဦးစွာဝယ်ယူခွင့် ဆုံးရှုံးခြင်းဖြစ်ပေါ်စေနိုင်သော အကြောင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

- အမွေဆိုင်တစ်ဦးသည် အမွေပုံပစ္စည်းအား လွှဲပြောင်းဝယ်ယူသည့်အခါ သူစိမ်းအား ရောင်းချသည့် တန်ဖိုးအတိုင်း မဝယ်ယူပါက ဦးစားပေးဝယ်ယူနိုင်သည့်အခွင့်အရေးရရှိမည် မဟုတ်ပါ။

- ပစ္စည်းမှာလဲ အမွေပုံပစ္စည်းနှင့်သက်ဆိုင်သော အမွေဆက်ခံခွင့်ပစ္စည်းသာဖြစ်ရမည်ဖြစ်ပြီး ၎င်းနှင့် ဆက်စပ်နေသော အခြားသော အမွေဆက်ခံခွင့်မရှိသည့်ပစ္စည်းများတွင် ဦးစားပေး အခွင့်အရေး ရရှိမည် မဟုတ်ပါ။

- အမွေမခွဲဝေမှီအချိန်သာ အဆိုပါဦးစွာဝယ်ယူနိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ပြီး အမွေခွဲဝေပြီး ပါကဦးစားပေးအခွင့်အရေး အမွေဆိုင်မှာ ဆုံးရှုံးမည်ဖြစ်သည်။

- အမွေဆိုင်မှ အမွေခွဲဝေမှုပြုပြီး ကာလစည်းကမ်းသတ်(၁)နှစ်ကျော်မှ ဦးစားပေးအခွင့်အရေးကို တောင်းဆိုခွင့်မရှိပါ။

- ဦးစွာဝယ်ယူနိုင်ခွင့် အခွင့်အရေးမှာ အမွေဆိုင်အချင်းချင်းသာ တောင်းဆိုပိုင်ခွင့်ရှိပြီး အခြားသူများ တောင်းဆိုပိုင်ခွင့်မရှိကြောင်း ဖြေဆိုပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ဥပေဒေရးရာ သိမွတ္ဖြယ္အျဖာျဖာ

 

အိမ္ျခံေျမနဲ႔ပတ္သတ္ၿပီး iMyanmarHouse.com ဆီသို႔ အိမ္ျခံေျမခ်စ္သူမ်ား ေပးပို႔လာတဲ့ ဥပေဒေရးရာေမးခြန္း သုံးခုကို ဒီတစ္ပတ္မွာ ေျဖၾကားေပးလိုက္ပါတယ္။ ဥပေဒအသိႂကြယ္ေစဖို႔ရာ အိမ္ျခံေျမဥပေဒဆိုင္ရာ အေမးအေျဖမ်ားကို iMyanmarHouse.com မွ အပတ္စဥ္ တင္ဆက္ေပးလ်က္႐ွိပါတယ္။

 

ေမးခြန္း (၁) - အေမြဆိုင္တစ္ဦးသည္ အေမြခြဲေဝျခင္းမျပဳရေသးဘဲ အိမ္ျခံေျမကို အမည္ေျပာင္းထားပါက မည္သို႔လုပ္ေဆာင္ရမည္နည္း။

အေမြဆိုင္မ်ားသည္ အေမြခြဲေဝမႈမျပဳရေသးပါက မည္သည့္အခ်ိန္တြင္မဆို အေမြခြဲေဝမႈရန္အတြက္ ညီႏိႈင္းျပဳလုပ္ႏိုင္ၾကၿပီး အေမြဆိုင္တစ္ဦးမွ အေမြပစၥည္းအား ယူထားလွ်င္ (သို႔) အိမ္ျခံေျမမ်ားအား အမည္ေျပာင္းလဲျခင္း ေဆာင္႐ြက္ထားလွ်င္ ထို႔သို႔ဆန္႔က်င္လက္႐ွိထားသည့္ (၁၂)ႏွစ္အတြင္း တရားစြဲဆိုမႈျပဳရန္ လိုအပ္ပါသည္။ မိဘတစ္ဦးက်န္႐ွိကာ ေနာက္အိမ္ေထာင္ျပဳသည္ဆိုလွ်င္လဲ ေနာက္အိမ္ေထာင္ျပဳခ်ိန္မွ (၁၂)ႏွစ္ အတြင္း တရားစြဲဆိုရမည္။ အဆိုပါအခ်ိန္ ကာလစည္းကမ္းသတ္အခ်ိန္ ကာလအတြင္း တရားမစြဲဆိုပါက တရားစြဲ ဆိုခြင့္ ဆုံး႐ႈံးမည္ျဖစ္ပါသည္။

အေမြစားအေမြခံမ်ားသည့္ အေမြပုံပစၥည္းအား အေမြခြဲေဝ၍ လက္ေရာက္အပ္ေပးရန္ တရားစြဲဆိုခြင့္ မ႐ွိေသာေၾကာင့္ အေမြခြဲေဝျခင္း မျပဳရေသးဘဲ အိမ္ျခံေျမ အမည္ေျပာင္းထားေသာ အေမြဆိုင္အေပၚတြင္ အေမြပုံပစၥည္းကို တရား႐ုံးမွ စီမံခန္႔ခြဲေပးေစလိုမႈျဖင့္ တရားစြဲဆိုရပါမည္။

အေမြပုံပစၥည္း စီမံမႈျပဳေပးရန္ တရားစြဲဆိုႏိုင္သူမ်ားမွာ...

(၁) ကြယ္လြန္သူ အေမြ႐ွင္၏ ၿမီ႐ွင္

(၂) ေသတမ္းစာအရ အေမြရခြင့္႐ွိသူ

(၃) ကြယ္လြန္သူ၏ အေမြစားအေမြခံ

(၄) အေမြထိန္း တို႔ျဖစ္ပါသည္။

တနည္းဆိုေသာ္ အေမြပုံပစၥည္းအား စာရင္း႐ွင္းလင္းေပးေစရန္အတြက္ တရား႐ုံး၌ တင္ျပေတာင္းဆိုျခင္းပဲ ျဖစ္ပါသည္။ ထိုသို႔ တရားစြဲဆိုရာ၌ အေမြဆိုင္မ်ားအားလုံးအား ထည့္သြင္းၿပီး တရားစြဲဆိုမႈျပဳရမည္။ အေမြဆိုင္ မစုံလင္ပါက တရား႐ုံးမွ အေမြမႈအား ပလပ္မည္ျဖစ္သည္။ အေမြပုံပစၥည္းအား မိမိပိုင္ပစၥည္းျဖစ္ေၾကာင္း ႁမြတ္ဟေၾကညာေပးေစရန္ တရားစြဲဆိုခြင့္လဲ မ႐ွိေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - အေမြဆိုင္တစ္ဦးရဲ႕ မိမိအေမြေဝစုရရန္ ေဆာင္႐ြက္ရမည့္အခ်က္မ်ားကို ႐ွင္းျပပါ။

အေမြဆိုင္တစ္ဦးမွ အေမြေဝစုရရန္အတြက္ အေမြပုံပစၥည္း လက္ဝယ္ထားသူထံ အခ်ိန္မေ႐ြး ေတာင္းဆိုမႈျပဳႏိုင္ၿပီး အေမြဆိုင္အားလုံးသေဘာတူညီပါက အေမြခြဲေဝမႈျပဳႏိုင္သည္။ ထို႔သို႔အေမြခြဲေဝမႈတြင္ မေ႐ႊ႕မေျပာင္းေသာ ပစၥည္းမ်ား ပါဝင္ပါက မွတ္ပုံတင္ရန္ လိုအပ္ပါသည္။ ထို႔ျပင္ ပစၥည္းခြဲေဝမႈ ျပဳလွ်င္လဲ အေမြစား ၊ အေမြခံမ်ားအားလုံး စုံလင္စြာ ပါဝင္ရပါမည္။

ဖခင္ေသဆုံးလွ်င္ ဩရသသားသည္လည္းေကာင္း၊ မိခင္ေသဆုံး လွ်င္ဩရသသမီးသည္ အေမြ၏ ေလးပုံတစ္ပုံကိုလည္းေကာင္း ရထိုက္ခြင့္႐ွိသည္။ သို႔ေသာ္မိခင္ ေသဆုံးလွ်င္ ဩရသသားသည္ အေဖထံမွ အေမြေတာင္းခံပိုင္ခြင့္မ႐ွိေသးဘဲ ဖခင္ေနာက္အိမ္ေထာင္ျပဳသည့္အခါမွ အေမြေလးပုံတစ္ပုံ ေတာင္းခံႏိုင္သည္။ ထို႔နည္းတူ ဩရသသမီးသည္လဲ မိခင္ကြယ္လြန္ေသာအခါ ဖခင္ထံမွ အေမြေတာင္းခံပိုင္ခြင့္မ႐ွိေသးဘဲ မိခင္ေနာက္အိမ္ေထာင္ျပဳသည့္အခါ ေလးပုံတစ္ပုံရ႐ွိမည္ျဖစ္ပါသည္။

ဩရသသည္ မိဘတစ္ဦးဦးကြယ္လြန္စဥ္ မိမိရရန္႐ွိေသာ ေဝစုကို မရ႐ွိခဲ့ေသးလွ်င္ က်န္ရစ္သူ ေနာက္မိဘတစ္ဦးဦးကြယ္လြန္စဥ္ ညီအစ္ကိုေမာင္ႏွမမ်ားႏွင့္ အေမြအညီအမွ်ရ႐ွိမည္ျဖစ္သည္။(ေဒၚပန္ ႏွင့္မညႇီ(၁၈၉၇-၀၁) အထက္ျမန္မာ အတြဲ-၂စာ ၁၀၄(D1C 187)

ကြယ္လြန္သူ လင္မယား(၂)ဦးမွာ ေသြးရင္းသားရင္းသားသမီးမ႐ွိပါက (၁)ညီအကိုေမာင္ႏွမ၊ (၂)မိဘ၊(၃)ဘိုးဘြား၊(၄) မိတူဖကြဲ၊ဖတူမိကြဲ ညီအစ္ကိုေမာင္ႏွမ၊(၅) မိဘအရင္း၏ လင္ပါမယားပါသားသမီး၊ (၆)ဦးႀကီး၊ဦးေလး၊ေဒၚႀကီး၊ေဒၚေလး။ (၇)တူ၊တူမမ်ား၏သားသမီး။ (၈)တစ္ဝမ္းကြဲညီအစ္ကိုေမာင္ႏွမတို႔ အေမြဆက္ခံခြင့္ရ႐ွိမည္ျဖစ္သည္။

အေမြဆိုင္မ်ား ညႇိႏိႈင္းကာ ပစၥည္းခြဲေဝျခင္းမျပဳႏိုင္ပါက အေမြပုံပစၥည္းစီမံခန္႔ခြဲေပးေစလိုမႈျဖင့္ တရားစြဲဆိုရမည္ျဖစ္ပါသည္။ တရားစြဲဆိုရန္အတြက္ ကာစည္းကမ္းသတ္မွာ အေမြပုံပစၥည္း လက္ဝယ္ထားသူမွ ဆန္႔က်င္လက္႐ွိထားသည္အခ်ိန္မွာ (၁၂)အတြင္း တရားစြဲဆိုမႈျပဳရန္ လိုအပ္ပါသည္။

ကြယ္လြန္သူရရန္႐ွိသည့္ ေႂကြးၿမီကို ရလိုေၾကာင္း ေတာင္းဆိုသည့္အမႈမ်ား၌ အေမြထိန္းအက္ ဥပေဒ-၃၁(သို႔) ၃၂အရ ထုတ္ေပးထားေသာ အေမြဆက္ခံခြင့္လက္မွတ္ လိုအပ္ပါသည္။

ကြယ္လြန္သူ က်န္ရစ္ေသာ အေမြပုံပစၥည္းအား စီမံခန္႔ခြဲမႈျပဳေပးႏိုင္ရန္ႏွင့္ ကြယ္လြန္သူ၏ အေမြ ဆက္ခံသူမ်ားအား ခြဲေဝေပးေစရန္ ဆက္ခံသူတစ္ဦးအား အေမြထိန္းခန္႔အပ္ေပးႏိုင္သည္။ အေမြပုံပစၥည္းကို ထိန္းသိမ္းႏိုင္ရန္ တာဝန္ေခတၱေပးအပ္ျခင္းသာျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - အေမြဆိုင္မ်ားသည္ အေမြဆိုင္ပစၥည္းကို မည့္သည့္အခါတြင္ ဦးစြာဝယ္ပိုင္ခြင့္ ဆုံး႐ႈံးသနည္း။

အေမြဆိုင္ပစၥည္းအား အေမြဆိုင္တစ္ဦးမွ ဦးစြာဝယ္ယူပိုင္ခြင့္ အခြင့္အေရး႐ွိပါသည္။ သူစိမ္းမ်ားကို လႊဲေျပာင္းျခင္းမျပဳရေသးခင္ ေ႐ွးဦးစြာအေမြဆိုင္မ်ားမွ ဝယ္ယူႏိုင္သည့္အခြင့္အေရး႐ွိသလို အကယ္၍ ေရာင္းခ်ၿပီးပါကလဲ ျပန္လည္ေရာင္းခ်ရန္ ေတာင္းဆိုႏိုင္သည့္အခြင့္အေရး႐ွိပါသည္။

ဦးစြာေပး ဝယ္ယူႏိုင္သည့္အခြင့္အေရးအား အေမြဆိုင္မ်ားအား ေပးအပ္ထားျခင္းမွာ မိမိတို႔ ဘိုးဘြားအစဥ္အဆက္ ဆက္ခံခြင့္ပစၥည္းအား သူစိမ္းအျခားသူ လက္ထဲသို႔မေရာက္ေစဘဲ သားစဥ္ေျမးဆက္ ထိန္းသိမ္း ေစာင့္ေ႐ွာက္ႏိုင္ရန္အတြက္ ရည္႐ြယ္ျခင္းျဖစ္သည္။ ဦးစြာဝယ္ယူခြင့္မွာ ျမန္မာဗုဒၶဘာသာဝင္ အေမြဆိုင္တို႔၏ အခြင့္အေရးတစ္ရပ္သာျဖစ္ပါသည္။

အေမြဆိုင္သေဘာတူညီမႈမ႐ွိဘဲ အျခားသူစိမ္းမ်ားထံ အေမြပုံပစၥည္းအား ေရာင္းခ်ျခင္းျပဳပါက အဆိုပါ အေရာင္းအဝယ္မွာ ပ်က္ျပယ္မည္ျဖစ္ပါသည္။ အေမြဆိုင္မွ အေမြပစၥည္းအား ဦးစားေပးဝယ္ယူႏိုင္သည့္ အခြင့္အေရးမရ႐ွိသည့္အခါ သူစိမ္းထံတြင္ ေရာင္းခ်ေသာ အေရာင္းအဝယ္စာခ်ဳပ္ ပ်က္ျပယ္ေစရန္၊ ပစၥည္းကို ျပန္လည္ဝယ္ယူခြင့္ ဦးစြာေပးအခြင့္အေရးရ႐ွိရန္ တရားစြဲဆိုႏိုင္ၿပီး အေမြပစၥည္းႏွင့္ သက္ဆိုင္သျဖင့္ အမႈသည္အျဖစ္ အေမြဆိုင္မ်ားကိုပါ ထည့္သြင္းရပါမည္။

ဦးစြာဝယ္ယူခြင့္ ဆုံး႐ႈံးျခင္းျဖစ္ေပၚေစႏိုင္ေသာ အေၾကာင္းမ်ားမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

- အေမြဆိုင္တစ္ဦးသည္ အေမြပုံပစၥည္းအား လႊဲေျပာင္းဝယ္ယူသည့္အခါ သူစိမ္းအား ေရာင္းခ်သည့္ တန္ဖိုးအတိုင္း မဝယ္ယူပါက ဦးစားေပးဝယ္ယူႏိုင္သည့္အခြင့္အေရးရ႐ွိမည္ မဟုတ္ပါ။

- ပစၥည္းမွာလဲ အေမြပုံပစၥည္းႏွင့္သက္ဆိုင္ေသာ အေမြဆက္ခံခြင့္ပစၥည္းသာျဖစ္ရမည္ျဖစ္ၿပီး ၎ႏွင့္ ဆက္စပ္ေနေသာ အျခားေသာ အေမြဆက္ခံခြင့္မ႐ွိသည့္ပစၥည္းမ်ားတြင္ ဦးစားေပး အခြင့္အေရး ရ႐ွိမည္ မဟုတ္ပါ။

- အေမြမခြဲေဝမွီအခ်ိန္သာ အဆိုပါဦးစြာဝယ္ယူႏိုင္သည့္ အခြင့္အေရးရ႐ွိမည္ျဖစ္ၿပီး အေမြခြဲေဝၿပီး ပါကဦးစားေပးအခြင့္အေရး အေမြဆိုင္မွာ ဆုံး႐ႈံးမည္ျဖစ္သည္။

- အေမြဆိုင္မွ အေမြခြဲေဝမႈျပဳၿပီး ကာလစည္းကမ္းသတ္(၁)ႏွစ္ေက်ာ္မွ ဦးစားေပးအခြင့္အေရးကို ေတာင္းဆိုခြင့္မ႐ွိပါ။

- ဦးစြာဝယ္ယူႏိုင္ခြင့္ အခြင့္အေရးမွာ အေမြဆိုင္အခ်င္းခ်င္းသာ ေတာင္းဆိုပိုင္ခြင့္႐ွိၿပီး အျခားသူမ်ား ေတာင္းဆိုပိုင္ခြင့္မ႐ွိေၾကာင္း ေျဖဆိုေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

 

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service