ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
မြေလွတ်၊မြေလပ်၊မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေအရ မြေလွတ်မြေရိုင်းများကို အောက်ဖော်ပြပါလုပ်ငန်း များတွင် အသုံးပြုနိုင်ရန် လျှောက်ထားနိုင်သည်။
(၁) စိုက်ပျိုးရေးလုပ်ငန်း
(၂) မွေးမြူရေးလုပ်ငန်း
(၃) ဓာတ်သတ္တူထုတ်လုပ်ခြင်းလုပ်ငန်း
(၄) အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများဖြစ်ပါသည်။
လုပ်ငန်းလုပ်ဆောင်လိုသူသည် သတ်မှတ်ချက်များနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှု အတွက် ဖွဲ့စည်းပေးထားသော ဗဟိုကော်မတီထံတွင် လျှောက်ထားရန် လိုအပ်ပါသည်။
လျှောက်ထားသူများသည် အောက်ဖော်ပြပါ အစိုးရဌာနများ၏ သဘောထားမှတ်ချက် တင်ပြရန် လိုအပ်ပါသည်။
၁။သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ သဘောထား မှတ်ချက်၊ ၂။လုပ်ငန်းတစ်ခုစီနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်၊
၃။သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန၏ သဘောထားမှတ်ချက်တို့ ဖြစ်ပါသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် မြေလွတ်၊မြေလပ်၊မြေရိုင်းကို အသုံးပြုလိုပါက မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ သဘောတူညီချက်လိုအပ်ပါသည်။
ဗဟိုကော်မတီသည် အထက်ဖော်ပြပါ တင်ပြချက်များအပေါ်တွင် သုံးသပ်ပြီး မြေလွတ်၊မြေလပ်၊ မြေရိုင်းကို လုပ်ငန်းများအသုံးပြုရန် ခွင့်ပြုခြင်း၊ငြင်းပယ်ခြင်း ပြုနိုင်ပါသည်။ ခွင့်ပြုချက်ရရှိလျှင် ခွင့်ပြုမြေအား အသုံးပြု နိုင်ရန် အာမခံကြေးပေးသွင်းရန်လဲ လိုအပ်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၁၀ အရ အောက်ဖော်ပြပါ လုပ်ငန်းအမျိုးအစား သီးပင်စားပင်ပေါ်မူတည်၍ ခွင့်ပြုဧကများ သတ်မှတ်ထားပါသည်။
နှစ်ရှည်ပင်ဖြစ်ပါက တစ်ကြိမ်လျှင် ၅၀၀၀ ဧကနှုန်းဖြင့် စုစုပေါင်း- ၅၀၀၀၀ ဧကထိ ကော်မတီမှ ခွင့်ပြုနိုင်ပါသည်။
ဥယျာဉ်ခြံသီးနှံဖြစ်ပါက ၃၀၀၀ဧက၊ စက်မှုကုန်ကြမ်း ရာသီသီးနှံဖြစ်ပါက-၅၀၀၀ဧက၊ တောင်သူလယ်သမားများဆိုလျှင်-၅၀ဧက၊ မွေးမြူရေး လုပ်ငန်း- ၁၀၀၀ဧက၊ ကျွဲ နွား မြင်းမွေးမြူရေးလုပ်ငန်း- ၂၀၀၀ဧက၊ သိုး ဆိတ်- ၅၀၀ဧက၊ ကြက်ဝက်ဘဲ-၃၀၀ ဧကထိ ခွင့်ပြုနိုင်ပါသည်။
လုပ်ငန်းအမျိုးအစားအလိုက် မြေအသုံးချမှု ခွင့်ပြုသက်တမ်းကာလမှာ နှစ်ရှည်ပင်၊ မွေးမြူရေးလုပ်ငန်း များ၌ နှစ်ပေါင်း-၃၀ ဖြစ်ပါသည်။ သတ်မှတ်ကာလပြည့်ပါက သက်တမ်း တိုးမြှင့်လျှောက်ထားမှု ပြုနိုင်ပါသည်။
မြေခွန်နှုန်းထားအားလဲ လုပ်ငန်းအမျိုးအစား၊ သီးနှံအမျိုးအစားပေါ်မူတည်၍ သတ်မှတ်ချက်ထားကြောင်း ရေးသား ဖော်ပြလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ေျမလြတ္၊ေျမလပ္၊ေျမ႐ိုင္းမ်ား အသုံးျပဳရန္အတြက္ ေလွ်ာက္ထားရယူရာတြင္ သိ႐ွိထားသင့္သည့္အခ်က္အလက္မ်ား
ေျမလြတ္၊ေျမလပ္၊ေျမ႐ိုင္းမ်ား စီမံခန္႔ခြဲမႈဥပေဒအရ ေျမလြတ္ေျမ႐ိုင္းမ်ားကို ေအာက္ေဖာ္ျပပါလုပ္ငန္း မ်ားတြင္ အသုံးျပဳႏိုင္ရန္ ေလွ်ာက္ထားႏိုင္သည္။
(၁) စိုက္ပ်ိဳးေရးလုပ္ငန္း
(၂) ေမြးျမဴေရးလုပ္ငန္း
(၃) ဓာတ္သတၱဴထုတ္လုပ္ျခင္းလုပ္ငန္း
(၄) အစိုးရက ခြင့္ျပဳထားေသာ ဥပေဒႏွင့္ညီၫြတ္သည့္ အျခားလုပ္ငန္းမ်ားျဖစ္ပါသည္။
လုပ္ငန္းလုပ္ေဆာင္လိုသူသည္ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းမ်ား စီမံခန္႔ခြဲမႈ အတြက္ ဖြဲ႕စည္းေပးထားေသာ ဗဟိုေကာ္မတီထံတြင္ ေလွ်ာက္ထားရန္ လိုအပ္ပါသည္။
ေလွ်ာက္ထားသူမ်ားသည္ ေအာက္ေဖာ္ျပပါ အစိုးရဌာနမ်ား၏ သေဘာထားမွတ္ခ်က္ တင္ျပရန္ လိုအပ္ပါသည္။
၁။သက္ဆိုင္ရာ တိုင္းေဒသႀကီး/ျပည္နယ္ အစိုးရအဖြဲ႕၏ သေဘာထား မွတ္ခ်က္၊ ၂။လုပ္ငန္းတစ္ခုစီႏွင့္ သက္ဆိုင္သည့္ ဝန္ႀကီးဌာနမ်ား၏ သေဘာထားမွတ္ခ်က္၊
၃။သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးႏွင့္ သစ္ေတာဝန္ႀကီးဌာန၏ သေဘာထားမွတ္ခ်က္တို႔ ျဖစ္ပါသည္။ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈျဖင့္ ေျမလြတ္၊ေျမလပ္၊ေျမ႐ိုင္းကို အသုံးျပဳလိုပါက ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈ ေကာ္မ႐ွင္၏ သေဘာတူညီခ်က္လိုအပ္ပါသည္။
ဗဟိုေကာ္မတီသည္ အထက္ေဖာ္ျပပါ တင္ျပခ်က္မ်ားအေပၚတြင္ သုံးသပ္ၿပီး ေျမလြတ္၊ေျမလပ္၊ ေျမ႐ိုင္းကို လုပ္ငန္းမ်ားအသုံးျပဳရန္ ခြင့္ျပဳျခင္း၊ျငင္းပယ္ျခင္း ျပဳႏိုင္ပါသည္။ ခြင့္ျပဳခ်က္ရ႐ွိလွ်င္ ခြင့္ျပဳေျမအား အသုံးျပဳ ႏိုင္ရန္ အာမခံေၾကးေပးသြင္းရန္လဲ လိုအပ္ပါသည္။
ေျမလြတ္၊ေျမလပ္၊ေျမ႐ိုင္းမ်ား စီမံခန္႔ခြဲမႈဥပေဒပုဒ္မ-၁၀ အရ ေအာက္ေဖာ္ျပပါ လုပ္ငန္းအမ်ိဳးအစား သီးပင္စားပင္ေပၚမူတည္၍ ခြင့္ျပဳဧကမ်ား သတ္မွတ္ထားပါသည္။
ႏွစ္႐ွည္ပင္ျဖစ္ပါက တစ္ႀကိမ္လွ်င္ ၅၀၀၀ ဧကႏႈန္းျဖင့္ စုစုေပါင္း- ၅၀၀၀၀ ဧကထိ ေကာ္မတီမွ ခြင့္ျပဳႏိုင္ပါသည္။
ဥယ်ာဥ္ျခံသီးႏွံျဖစ္ပါက ၃၀၀၀ဧက၊ စက္မႈကုန္ၾကမ္း ရာသီသီးႏွံျဖစ္ပါက-၅၀၀၀ဧက၊ ေတာင္သူလယ္သမားမ်ားဆိုလွ်င္-၅၀ဧက၊ ေမြးျမဴေရး လုပ္ငန္း- ၁၀၀၀ဧက၊ ကြၽဲ ႏြား ျမင္းေမြးျမဴေရးလုပ္ငန္း- ၂၀၀၀ဧက၊ သိုး ဆိတ္- ၅၀၀ဧက၊ ၾကက္ဝက္ဘဲ-၃၀၀ ဧကထိ ခြင့္ျပဳႏိုင္ပါသည္။
လုပ္ငန္းအမ်ိဳးအစားအလိုက္ ေျမအသုံးခ်မႈ ခြင့္ျပဳသက္တမ္းကာလမွာ ႏွစ္႐ွည္ပင္၊ ေမြးျမဴေရးလုပ္ငန္း မ်ား၌ ႏွစ္ေပါင္း-၃၀ ျဖစ္ပါသည္။ သတ္မွတ္ကာလျပည့္ပါက သက္တမ္း တိုးျမႇင့္ေလွ်ာက္ထားမႈ ျပဳႏိုင္ပါသည္။
ေျမခြန္ႏႈန္းထားအားလဲ လုပ္ငန္းအမ်ိဳးအစား၊ သီးႏွံအမ်ိဳးအစားေပၚမူတည္၍ သတ္မွတ္ခ်က္ထားေၾကာင္း ေရး သား ေဖာ္ျပလိုက္ပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com