(၃)ထပ်တိုက်နှင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်တင်ရာတွင် သိရှိထားရမည့်အချက်အလက်များကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
(၃)ထပ်တိုက်နှင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်တင်ရာတွင် သိရှိထားရမည့်အချက်အလက်များကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
18 Nov 2023 11:10 am တွင် တင်ခဲ့သည်
665 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများ မှန်ကန်မှုရှိသည့် မြေပေါ်တွင် (၃)ထပ်တိုက်ထိ အဆောက်အအုံ ဆောက်လုပ်ရန်အတွက် ခွင့်ပြုမိန့်ရရှိရန် လျှောက်ထားလိုပါက
- (မြေရှင်(သို့မဟုတ်) GP/SP)ဖြင့် လျှောက်ထားသူ၏ နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ
- ဂရန်မိတ္တူ၊ (၁)နှစ်အတွင်း စည်ပင်သာယာရေးကော်မတီ မြို့ပြမြေယာစီမံခန့်ခွဲမှုဌာနမှ ထုတ်ပေးထားသော မြေပုံ(D/Map)မိတ္တူ တို့တင်ပြရန် လိုအပ်ပါသည်။ မိသားစုလုံးချင်းနှင့် စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံဖြစ်ပါက အဆိုပြုပုံစံ(၃)စုံဖြင့် လျှောက် ထားသူနှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာတို့မှ လက်မှတ်ရေးထိုးကာ တင်ပြရန်လဲ လိုအပ်ပါသည်။
ထို့ပြင် ကန်ထရိုက်တိုက်ပုံစံ ဆောက်လုပ်ရန်ဖြစ်ပါက အဆိုပြုပုံစံ(၃)စုံဖြင့် လျှောက်ထားသူ၊ လိုင် စင်ရ ကန်ထရိုက်တာ(LC) နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာတို့မှ လက်မှတ်ရေးထိုးကာ တင်ပြရပါမည်။
ကန်ထရိုက်တိုက်နှင့် စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံဆောက်လုပ်မည်ဆိုပါက မီးသတ်ဦး စီးဌာန၏ အကြံပြုချက်နှင့် အတည်ပြုပုံစံများ ပူးတွဲတင်ပြပေးရမည်။ မူလဖျက်သိမ်းမည့် အဆောက်အအုံ ဟောင်းရှိလျှင် အဆိုပါအဆောက်အအုံဟောင်း၏ ဓာတ်ပုံနှင့် ဘေးအဆောက်အအုံ၏ ဓာတ်ပုံများ တင်ပြ ပေးရန်လဲ လိုအပ်ပါသည်။
အထက်ပါ စာရွက်စာတမ်းများအပြင် အောက်ဖော်ပြအချက်အလက်များအား ပူးတွဲတင်ပြရန်လိုအပ်ပါသည်။
၁။ ဌာနမှ သတ်မှတ်ထားသော ဆောက်လုပ်ခွင့် လျှောက်လွှာပုံစံ။
၂။ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာမှ အဆောက်အအုံအား ကြီးကြပ်မည်ဖြစ်ကြောင်း တင်ပြလွှာ။
၃။ မြေရှင်မှ ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့် မြေပိုင်ဆိုင်မှု ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက် ပါကဌာန၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုချက်။
၄။ အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်။
၅။ ဘေးဘက်အား ၃’ပေနှင့် အထက်မြေချန်ထားခြင်းမရှိပါက ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားမှတ်ချက် တင်ပြရန်လိုသည်။
၆။ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံဖြစ်ပါက ဘေးပတ်ဝန်းကျင် မြေပိုင်ရှင်(၁၀ဦး)၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်လဲ ပူးတွဲ တင်ပြပေးရမည်။
၇။ အဆောက်အအုံခိုင်ခံ့မှုအား မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာမှ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြချက်လိုအပ်ပါသည်။
၈။ အဆောက်အအုံဟောင်း ဖျက်သိမ်းခွင့် လျှောက်လွှာပုံစံ။
၉။ ဘေးကပ်လျက်ရှိသော အဆောက်အအုံများ ပျက်စီးမှုမရှိအောင် အဆောက်အအုံအား ဖျက်သိမ်းမည်ဖြစ် ကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာနှင့် မြေရှင်တို့၏ ခံဝန်ကတိ တင်ပြရမည်။
၁၀။ GP/Sp ဖြင့် လျှောက်ထားမည်ဆိုပါက မြေရှင်သက်ရှိ ထင်ရှားရှိကြောင်း၊ ကိုယ်စားလှယ်စာ လွှဲအပ်ထား သည်မှာ မှန်ကန်ကြောင်း မြေရှင်က တင်ပြပေးရမည်။
၁၁။ ကန်ထရိုက်တိုက်ပုံစံ ဆောက်လုပ်မည်ဆိုပါက လျှောက်ထားသူ ၊ လိုင်စင်ရ ကန်ထရိုက်တာ (LC)နှင့် မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြချက်တို့ပါရှိကာ ဆောက်လုပ်ခွင့်တင်ရှိရမည်ဖြစ်ကြောင်း ဖော်ပြ ရေးသားပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲနိုင်ကာ သမ္မတပြန်ဖြစ်လာသောကြောင့် အမေရိကန်ကို ကျောခိုင်းမည့် ကြယ်ပွင့်များတွင် Courtney Love (K
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service