အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီးဟောင်း အီဗာနာထရမ့်၏ နယူးယောက်မြို့လယ်မှ ၆ ထပ်တိုက် ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထားသည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း ယခုထိ ရောင်းမထွက်သေး

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ကွယ်လွန်သွားပြီဖြစ်သော ဇနီးဟောင်း အီဗာနာထရမ့်၏ နယူးယောက်မြို့လယ်မှ ၆ ထပ်တိုက် ကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထားသည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း ယခုထိ ရောင်းမထွက်သေး - Property News in Myanmar from iMyanmarHouse.com
16 Nov 2023 10:38 am တွင် တင်ခဲ့သည်
726 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အီဗာနာ မာရီထရမ့် (မွေး ၁၉၄၉ - ကွယ်လွန် ၂၀၂၂) သည် ချက်- အမေရိကန်စီးပွားရေးလုပ်ငန်းရှင်၊ မော်ဒယ် တစ်ဦး ဖြစ်သည်။

၁၉၇၀ ပြည့်လွန်ကာလများတွင် ကနေဒါနိုင်ငံ၌ နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်သို့ ပြောင်းရွှေ့ခဲ့ကာ ဒေါ်နယ်ထရမ့်နှင့် ၁၉၇၇ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

၁၉၉၀ ဒီဇင်ဘာလတွင် ၎င်းတို့ဇနီးမောင်နှံ ကွာရှင်းပြတ်စဲခဲ့ကြသည်။

အဆိုပါ ကွာရှင်းမှုမှာ ကမ္ဘာတဝန်း နာမည်ကြီးခဲ့ပြီး နယူးယောက်မြို့မှ သတင်းစာများတွင် ၁၁ ရက် ဆက်တိုက် ရေးသားဖော်ပြခဲ့သည်။

အမေရိကန်ဆောင်းပါးရှင် Liz Smith ကလည်း ထိုအကြောင်းကို ၃ လတိုင်တိုင် ရေးသားဖော်ပြခဲ့သည်။

နယူးယောက်တိုင်းမ် သတင်းစာကြီး၏ ဖော်ပြချက်အရ ကွာရှင်းမှုတွင် အီဗာနာသည် ဒေါ်လာ ၁၄ သန်း ၊ ကွန်နက်တီကပ်ပြည်နယ်မှ အခန်းပေါင်း ၄၅ ခန်းပါ စံအိမ်တစ်လုံး ၊ ထရမ့်ပလာဇာမှ တိုက်ခန်းတစ်ခန်းအပြင် ဒေါ်နယ်ထရမ့်၏ နာမည်ကျော် မာရာလာဂို အပန်းဖြေစံအိမ်ကြီးတွင် တစ်နှစ်လျှင် တစ်လ အသုံးပြုခွင့်တို့ ရရှိခဲ့သည်ဟု ဆိုသည်။

အီဗာနာထရမ့်သည် ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၁၄ ရက်တွင် နေအိမ်လှေကားပေါ်မှ ပြုတ်ကျကာ ကွယ်လွန်သွား ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီ ဖြစ်သည်။

သူ၏ ဈာပနသို့ ခင်ပွန်းဟောင်း ဒေါ်နယ်ထရမ့်နှင့် သားသမီး ၃ ဦးအပြင် ထင်ရှားသော နိုင်ငံခေါင်းဆောင်များ ၊ အကျော်အမော်များ တက်ရောက်ခဲ့ကြသည်။

အီဗာနာထရမ့်နေထိုင်ခဲ့သော နယူးယောက်မြို့မှ နေအိမ် အရောင်းဈေးကွက်တင်ထားသည်မှာ တစ်နှစ် တင်းတင်း ပြည့်ခဲ့ပြီဖြစ်သော်လည်း ဝယ်လက်မပေါ်သေးချေ။

ပြီးခဲ့သော စက်တင်ဘာလအတွင်း မူလခေါ်ဈေးမှ ဒေါ်လာ ၄ သန်းလျှော့ချကာ ဒေါ်လာ ၂၂ ဒသမ ၅ သန်း ဈေးခေါ်ထားသည်။

ခမ်းနားလှသော စံအိမ်ကြီးမှာ ၂၀၂၂ ဇူလိုင်လအတွင်း အီဗာနာ ကွယ်လွန်ပြီးကတည်းက မတို့မထိရသေးဘဲ ကွယ်လွန်ချိန်ကအတိုင်း ရှိနေဆဲ ဖြစ်သည်။

အီဗာနာသည် ဤစံအိမ်ကြီးကို ၁၉၉၀ ပြည့်လွန်ကာလများအတွင်း ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

(ကော်ဇောနီခင်းထားသော ခမ်းနားလှသည့် လှေကားကြီး။ ဓာတ်ပုံ-Evan Joseph)

“ဒီအိမ်ကြီးက အရမ်းကိုလှတယ်။ အတွင်းပိုင်းမှာ ပြင်သစ်က ဗာဆိုင်းနန်းတော်လိုမျိုးပဲ”ဟု ဈေးကွက်တင် ပေးသော Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် J.Roger Erickson က ပြောသည်။

အီဗာနာထရမ့်၏ ပိုင်ဆိုင်မှုများကို စီမံကွပ်ကဲသည့် ကုမ္ပဏီက J.Roger ထံ အပ်နှံထားခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီကို အီဗာနာ၏ ကလေး ၃ ဦးဖြစ်သော အိုင်ဗန်ကာ ၊ ဒေါ်နယ်ထရမ့် ဂျူနီယာနှင့် အဲရစ်တို့ ၃ ဦး က အမွေဆက်ခံထားသည်။

(ညစာစားခန်း။ ဓာတ်ပုံ-Evan Joseph)

၆ ထပ် အဆောက်အအုံဖြစ်ပြီး စတုရန်းပေ ၈၈၀၀ နီးပါးရှိကာ ၁၈၇၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။

အီဗာနာထရမ့် စိတ်ကြိုက်ပြင်ဆင်ထားသော ပရိဘောဂများ၊ အနီရောင်ကော်ဇောများ၊ ပိုးထည်နီများ ကာရံထားသည့် နံရံများ ၊ ဖန်မီးဆိုင်းကြီးများဖြင့် ပြည့်နှက်နေသည်။

(၆၄ လမ်းပေါ် ပဉ္စမရိပ်သာလမ်းနှင့် မက်ဒီဆင်ရိပ်သာလမ်းတို့ကြားတွင် တည်ရှိသည်။ ဓာတ်ပုံ-Evan Joseph)

စံအိမ်အတွင်း အီဗာနာ ထားခဲ့သည့်အတိုင်း ခြေရာလက်ရာမပျက် ရှိနေဆဲ ဖြစ်သည်။

နံရံများနှင့် စင်များပေါ်တွင် မိသားစု ဓာတ်ပုံများ ၊ နံရံတစ်ခုတွင် အီဗာနာ၏ မဂ္ဂဇင်း ကာဗာပိုစတာကြီးတစ်ခု ယနေ့တိုင်ရှိနေသည်။

ထို့အပြင် အီဗာနာက သူမတို့၏ မိသားစုအကြောင်းကို Raising Trump ဟူသောအမည်ဖြင့် စာအုပ်တစ်အုပ် ရေးသား ထုတ်ဝေခဲ့ရာ ဧည့်ခန်းထဲမှ ကော်ဖီစားပွဲပေါ်တွင် အဆိုပါ စာအုပ်တစ်အုပ်ရှိနေသည်။

(ဧည့်ခန်း။ ဓာတ်ပုံ-Evan Joseph)

မှတ်တမ်းများအရ အီဗာနာသည် ယခုအိမ်ကို ၁၉၉၂ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ ကြောင်း သိရသည်။

အီဗာနာ ဝယ်ယူချိန်က နေအိမ်မှာ ပျက်စီးယိုယွင်းနေသောကြောင့် အီဗာနာက ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲကာ စိတ်ကြိုက်ပြန်လည်မွမ်းမံခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ivana Trump’s $22.5 million townhouse is still on the market after a year — look inside (cnbc)

[Zawgyi]

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္၏ ကြယ္လြန္သြားျပီျဖစ္ေသာ ဇနီးေဟာင္း အီဗာနာထရမ့္၏ နယူးေယာက္ျမဳိ႕လယ္မွ ၆ ထပ္တုိက္ ကန္ေဒၚလာ ၂၂ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ထားသည္မွာ တစ္ႏွစ္ၾကာျပီျဖစ္ေသာ္လည္း ယခုထိ ေရာင္းမထြက္ေသး

အီဗာနာ မာရီထရမ့္ (ေမြး ၁၉၄၉ - ကြယ္လြန္ ၂၀၂၂) သည္ ခ်က္- အေမရိကန္စီးပြားေရးလုပ္ငန္းရွင္၊ ေမာ္ဒယ္ တစ္ဦး ျဖစ္သည္။

၁၉၇၀ ျပည့္လြန္ကာလမ်ားတြင္ ကေနဒါႏိုင္ငံ၌ ေနထိုင္ခဲ့ျပီး ေနာက္ပိုင္းတြင္ အေမရိကန္သုိ႔ ေျပာင္းေရႊ႕ခဲ့ကာ ေဒၚနယ္ထရမ့္ႏွင့္ ၁၉၇၇ ခုႏွစ္တြင္ လက္ထပ္ခဲ့သည္။

၁၉၉၀ ဒီဇင္ဘာလတြင္ ၎တို႔ဇနီးေမာင္ႏွံ ကြာရွင္းျပတ္စဲခဲ့ၾကသည္။

အဆုိပါ ကြာရွင္းမႈမွာ ကမၻာတဝန္း နာမည္ၾကီးခဲ့ျပီး နယူးေယာက္ျမဳိ႕မွ သတင္းစာမ်ားတြင္ ၁၁ ရက္ ဆက္တုိက္ ေရးသားေဖာ္ျပခဲ့သည္။

အေမရိကန္ေဆာင္းပါးရွင္ Liz Smith ကလည္း ထိုအေၾကာင္းကို ၃ လတိုင္တိုင္ ေရးသားေဖာ္ျပခဲ့သည္။

နယူးေယာက္တိုင္းမ္ သတင္းစာၾကီး၏ ေဖာ္ျပခ်က္အရ ကြာရွင္းမႈတြင္ အီဗာနာသည္ ေဒၚလာ ၁၄ သန္း ၊ ကြန္နက္တီကပ္္ျပည္နယ္မွ အခန္းေပါင္း ၄၅ ခန္းပါ စံအိမ္တစ္လံုး ၊ ထရမ့္ပလာဇာမွ တိုက္ခန္းတစ္ခန္းအျပင္ ေဒၚနယ္ထရမ့္၏ နာမည္ေက်ာ္ မာရာလာဂို အပန္းေျဖစံအိမ္ၾကီးတြင္ တစ္ႏွစ္လွ်င္ တစ္လ အသံုးျပဳခြင့္တို႔ ရရွိခဲ့သည္ဟု ဆိုသည္။

အီဗာနာထရမ့္သည္ ၂၀၂၂ ခုႏွစ္ ၊ ဇူလိုင္လ ၁၄ ရက္တြင္ ေနအိမ္ေလွကားေပၚမွ ျပဳတ္က်ကာ ကြယ္လြန္သြား ခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၇၃ ႏွစ္ရွိျပီ ျဖစ္သည္။

သူ၏ စ်ာပနသို႔ ခင္ပြန္းေဟာင္း ေဒၚနယ္ထရမ့္ႏွင့္ သားသမီး ၃ ဦးအျပင္ ထင္ရွားေသာ ႏိုင္ငံေခါင္းေဆာင္မ်ား ၊ အေက်ာ္အေမာ္မ်ား တက္ေရာက္ခဲ့ၾကသည္။

အီဗာနာထရမ့္ေနထိုင္ခဲ့ေသာ နယူးေယာက္ျမဳိ႕မွ ေနအိမ္ အေရာင္းေစ်းကြက္တင္ထားသည္မွာ တစ္ႏွစ္ တင္းတင္း ျပည့္ခဲ့ျပီျဖစ္ေသာ္လည္း ဝယ္လက္မေပၚေသးေခ်။

ျပီးခဲ့ေသာ စက္တင္ဘာလအတြင္း မူလေခၚေစ်းမွ ေဒၚလာ ၄ သန္းေလွ်ာ့ခ်ကာ ေဒၚလာ ၂၂ ဒသမ ၅ သန္း ေစ်းေခၚထားသည္။

ခမ္းနားလွေသာ စံအိမ္ၾကီးမွာ ၂၀၂၂ ဇူလိုင္လအတြင္း အီဗာနာ ကြယ္လြန္ျပီးကတည္းက မတို႔မထိရေသးဘဲ ကြယ္လြန္ခ်ိန္ကအတုိင္း ရွိေနဆဲ ျဖစ္သည္။

အီဗာနာသည္ ဤစံအိမ္ၾကီးကို ၁၉၉၀ ျပည့္လြန္ကာလမ်ားအတြင္း ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

(ေကာ္ေဇာနီခင္းထားေသာ ခမ္းနားလွသည့္ ေလွကားၾကီး။ ဓာတ္ပံု-Evan Joseph)

“ဒီအိမ္ၾကီးက အရမ္းကိုလွတယ္။ အတြင္းပိုင္းမွာ ျပင္သစ္က ဗာဆိုင္းနန္းေတာ္လိုမ်ဳိးပဲ”ဟု ေစ်းကြက္တင္ ေပးေသာ Douglas Elliman အိမ္ျခံေျမကုမၸဏီမွ အက်ိဳးေဆာင္ J.Roger Erickson က ေျပာသည္။

အီဗာနာထရမ့္၏ ပိုင္ဆုိင္မႈမ်ားကို စီမံကြပ္ကဲသည့္ ကုမၸဏီက J.Roger ထံ အပ္ႏွံထားျခင္း ျဖစ္သည္။

အဆိုပါ ကုမၸဏီကို အီဗာနာ၏ ကေလး ၃ ဦးျဖစ္ေသာ အုိင္ဗန္ကာ ၊ ေဒၚနယ္ထရမ့္ ဂ်ဴနီယာႏွင့္ အဲရစ္တို႔ ၃ ဦး က အေမြဆက္ခံထားသည္။

(ညစာစားခန္း။ ဓာတ္ပံု-Evan Joseph)

၆ ထပ္ အေဆာက္အအံုျဖစ္ျပီး စတုရန္းေပ ၈၈၀၀ နီးပါးရွိကာ ၁၈၇၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည္။

အီဗာနာထရမ့္ စိတ္ၾကိဳက္ျပင္ဆင္ထားေသာ ပရိေဘာဂမ်ား၊ အနီေရာင္ေကာ္ေဇာမ်ား၊ ပိုးထည္နီမ်ား ကာရံထားသည့္ နံရံမ်ား ၊ ဖန္မီးဆိုင္းၾကီးမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

(၆၄ လမ္းေပၚ ပဥၥမရိပ္သာလမ္းႏွင့္ မက္ဒီဆင္ရိပ္သာလမ္းတို႔ၾကားတြင္ တည္ရွိသည္။ ဓာတ္ပံု-Evan Joseph) စံအိမ္အတြင္း အီဗာနာ ထားခဲ့သည့္အတုိင္း ေျခရာလက္ရာမပ်က္ ရွိေနဆဲ ျဖစ္သည္။

နံရံမ်ားႏွင့္ စင္မ်ားေပၚတြင္ မိသားစု ဓာတ္ပံုမ်ား ၊ နံရံတစ္ခုတြင္ အီဗာနာ၏ မဂၢဇင္း ကာဗာပိုစတာၾကီးတစ္ခု ယေန႔တုိင္ရွိေနသည္။

ထုိ႔အျပင္ အီဗာနာက သူမတို႔၏ မိသားစုအေၾကာင္းကို Raising Trump ဟူေသာအမည္ျဖင့္ စာအုပ္တစ္အုပ္ ေရးသား ထုတ္ေဝခဲ့ရာ ဧည့္ခန္းထဲမွ ေကာ္ဖီစားပြဲေပၚတြင္ အဆုိပါ စာအုပ္တစ္အုပ္ရွိေနသည္။

(ဧည့္ခန္း။ ဓာတ္ပံု-Evan Joseph)

မွတ္တမ္းမ်ားအရ အီဗာနာသည္ ယခုအိမ္ကို ၁၉၉၂ ခုႏွစ္တြင္ ကန္ေဒၚလာ ၂ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ ေၾကာင္း သိရသည္။

အီဗာနာ ဝယ္ယူခ်ိန္က ေနအိမ္မွာ ပ်က္စီးယိုယြင္းေနေသာေၾကာင့္ အီဗာနာက ေဒၚလာသန္းေပါင္းမ်ားစြာ သံုးစြဲကာ စိတ္ၾကိဳက္ျပန္လည္မြမ္းမံခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ivana Trump’s $22.5 million townhouse is still on the market after a year — look inside (cnbc)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service