တစ်ပတ်လျှင် ၅ နာရီသာ အလုပ်လုပ်ပြီး တစ်လလျှင် ဒေါ်လာ ၁၆၀,၀၀၀ ရနေသူ Graham Cochrane ပြောပြသော အပိုဝင်ငွေရှာသည့်အလုပ်များအပေါ် လူတို့၏ ခံယူချက်အမှား (၃) မျိုး

တစ်ပတ်လျှင် ၅ နာရီသာ အလုပ်လုပ်ပြီး တစ်လလျှင် ဒေါ်လာ ၁၆၀,၀၀၀ ရနေသူ Graham Cochrane ပြောပြသော အပိုဝင်ငွေရှာသည့်အလုပ်များအပေါ် လူတို့၏ ခံယူချက်အမှား (၃) မျိုး - Property News in Myanmar from iMyanmarHouse.com
15 Nov 2023 11:31 am တွင် တင်ခဲ့သည်
773 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

((ဤဆောင်းပါးကို ရေးသားသူ Graham Cochrane သည် How to Get Paid for What You Know အမည်ရှိ စာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ သူသည် စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ Customer ပေါင်း ၂၈၀၀ ကျော်ကို စီးပွားရေးအကြံဉာဏ်များ ပေးခဲ့သည်။ အောက်ဖော်ပြပါ ဆောင်းပါးမှာ ၎င်းရေးသား သော 3 complete lies’ about side hustles အမည်ရှိ ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။-iMyanmarHouse.com) ----------------------------------------------

၂၀၀၉ ခုနှစ် ၊ စီးပွားကျကာလကြီးအတွင်း အလုပ်မှ အထုတ်ခံရချိန်တွင် ကျွန်တော်သည် အပိုဝင်ငွေအလုပ် တစ်ခုအနေဖြင့် music blog တစ်ခုကို စတင်ခဲ့သည်။ စီးပွားရေးအကြောင်း နကန်းတစ်လုံးမှ ကျွန်တော် မသိခဲ့ပါ။

ယနေ့ကာလတွင် ကျွန်တော်၏ အွန်လိုင်းလုပ်ငန်း ၂ ခုဖြစ်သော ဂီတပညာပေးကုမ္ပဏီနှင့် စီးပွားရေးအကြံပေး လုပ်ငန်းတို့မှတဆင့် ဒေါ်လာသန်းဂဏန်းဝင်ငွေ ရရှိနေပြီ ဖြစ်သည်။

အဆိုပါ လုပ်ငန်း ၂ ခုမှ တစ်လလျှင် အပိုဝင်ငွေအဖြစ် စုစုပေါင်း ဒေါ်လာ ၁၆၀,၀၀၀ ခန့် ရရှိပါသည်။

အမြတ်အစွန်းများသော လုပ်ငန်းတစ်ခု တည်ထောင်ရေးနှင့် စပ်လျဉ်းပြီး ကျွန်တော် များစွာ လေ့လာခဲ့သည်။

အပိုဝင်ငွေအလုပ် လုပ်လိုသူများ (သို့မဟုတ်) ပင်မအလုပ် လုပ်လိုသူများကို ကျွန်တော်အမြဲပြောပြတတ် သည်မှာ လူတို့၏ ခံယူချက် အမှား ၃ မျိုး အကြောင်း ဖြစ်ပါသည်။

(အမှား ၁ )

#ဝင်ငွေကောင်းရန် အချိန်များများ အလုပ်လုပ်ရန်လိုသည်ဟု ထင်ခြင်း

ကျွန်တော် ပထမဆုံး အလုပ်ကို စတင်ခဲ့ချိန်က ကျွန်တော့်အား အလုပ်အပြင်းအထန် ကြိုးစားရန် အရေးကြီး ကြောင်း လာပြောကြသူများ ရှိပါသည်။

သူတို့က တစ်ပတ်လျှင် နာရီ ၈၀ ခန့် အလုပ်လုပ်ကြောင်း ၊ သွားလေရာကို Laptop များ သယ်သွားကြောင်း ကြွားလုံး ထုတ်ကြသည်။

အိမ်ထောင်ရှင် ၊ ကလေးအဖေတစ်ဦးဖြစ်သူ ကျွန်တော့်အနေဖြင့်မူ ထိုသို့သော ဘဝပုံစံမျိုးကို မလိုလားပါ။

ကျွန်တော်က မိသားစုအတွက် အချိန်ပေးလိုသည်။

ထို့ကြောင့် ရက်သတ္တပတ်လျှင် နာရီ ၄၀ ထက်ပို၍ အလုပ်မလုပ်ရန် ၊ ညဘက်များနှင့် ရုံးပိတ်ရက်များတွင် အလုပ်မလုပ်ရန် ဟူသော ပဓာနကျသည့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။

နောက်ပိုင်းတွင် အလုပ်လုပ်ချိန်ကို တစ်ပတ်လျှင် ၅ နာရီသာ အလုပ်လုပ်သည်အထိ လျှော့ချခဲ့သည်။

ထိုသို့ လုပ်ဆောင်နိုင်မှုများမှာ ကျွန်တော် ဖတ်မှတ်လေ့လာခဲ့သော ပါကင်ဆန် နိယာမဟူသည့် သဘောတရားကြောင့် ဖြစ်ပါသည်။

ပါကင်ဆန်နိယာမ၏ ဖွင့်ဆိုချက်မှာ အလုပ်တစ်ခု ပြီးမြောက်ရန် ပေးအပ်ထားသည့် အချိန်အတိုင်း အလုပ်ကို ဆွဲဆန့်ခြင်း ဖြစ်သည်။

အကယ်၍ သင့်အနေဖြင့် အလုပ်တစ်ခု ပြီးမြောက်ရန် တစ်ပတ်လျှင် နာရီ ၄၀ အချိန်လိုသည်ဟု စိတ်ပိုင်းဖြတ်ထားပါက နာရီ ၄၀ ကြာလိမ့်မည် ဖြစ်သည်။

နာရီ ၈၀ လိုသည်ဟု ထင်ပါက နာရီ ၈၀ ကြာမည် ဖြစ်သည်။

(အမှား ၂)

#လူများများလိုသည်ဟု ထင်ခြင်း

ကျွန်တော်သည် စုဖွဲ့လုပ်ဆောင်မှုအပေါ် ဆန့်ကျင်သူတစ်ဦး မဟုတ်ပါ။

လက်ရှိအားဖြင့်လည်း လူအနည်းငယ် ပါဝင်သော အဖွဲ့ဖြင့် လုပ်ကိုင်နေပါသည်။

ကျွန်တော်၏ အပိုဝင်ငွေလုပ်ငန်းကို ၄ နှစ်တာလုံး တစ်ဦးတည်း လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင်မှ ဝန်ထမ်းတစ်ဦး ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

ထိုအလုပ်မှ တစ်နှစ်လျှင် ကန်ဒေါ်လာ ၂၅၀,၀၀၀ ခန့် ဝင်ငွေရပါသည်။

စီးပွားရေး အတိုင်ပင်ခံလုပ်ငန်း ချဲ့ထွင်ခဲ့ချိန်တွင်လည်း ပထမတစ်နှစ်တာတွင် ဝန်ထမ်းတစ်ဦးမှ မရှိခဲ့ဘဲ ဝင်ငွေ ဒေါ်လာသိန်းဂဏန်းရခဲ့သည်။

ကျွန်တော်၏ လျှို့ဝှက်ချက်မှာ အလိုအလျောက်စနစ်သုံးခြင်း ဖြစ်သည်။

Email Marketing များ၊ Webinar များ ၊ ထုတ်ကုန်ဖြန့်ချိမှုနှင့် Content creation တို့အတွက် ကျွန်တော်က Kajabi ကို အသုံးပြုပါသည်။

အခြားသူများလည်း သုံးသင့်ကြောင်း ထောက်ခံပါသည်။

(အမှား ၃)

#ဝင်ငွေတိုးလာလျှင် ပိုမိုပျော်ရွှင်မည်ဟု ထင်ခြင်း

ဝင်ငွေတိုးလာသော်လည်း အချို့အခါတွင် ပျော်ရွှင်မှုမရကြောင်း ကျွန်တော် တွေ့ရှိခဲ့ပါသည်။

စစ်မှန်သော ပျော်ရွှင်မှုဟူသည် ဝင်ငွေရလဒ်ကြောင့် ပေါ်ပေါက်ခြင်းမရှိဘဲ ပေးဆပ်မှုဖြင့်သာ ရရှိနိုင်သည်။

သုတေသန တွေ့ရှိချက်များအရ ကျွန်ုပ်တို့သည် အခြားသူတို့အား ငွေကြေး ပေးကမ်းကူညီလိုက်ချိန်မျိုးတွင် ကျွန်ုပ်တို့၏ ဦးနှောက်က dopamine နှင့် oxytocin တို့ကဲ့သို့ နာကျင်မှုကို သက်သာစေသော ဦးနှောက် ဟော်မုန်းများ ထုတ်လုပ်သည်။

ကျွမ်းကျင်ပညာရှင်တို့က ထိုအခြေအနေကို Givers Glow ဟု ခေါ်ကြသည်။

အခြားသူတို့အား ကူညီလိုက်ချိန်တွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးပိုမိုကောင်းမွန်လာခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

သင်၏ လုပ်ငန်းကြီးထွားလာသည်နှင့်အမျှ နောက်ဆုံး ပန်းတိုင်မှာ ငွေများ ပိုမိုရှာဖွေရန်မျှသာ မဟုတ်သည်ကို ဆင်ခြင်သုံးသပ်ရန် လိုပါသည်။

ရေရှည်တွင် ငွေရနေရုံမျှဖြင့် စစ်မှန်သော ပျော်ရွှင်မှု ရရှိနိုင်လိမ့်မည် မဟုတ်ချေ။

သင့်လုပ်ငန်း အောင်မြင်လာချိန်တွင် လူ့အသိုက်အဝန်းအား မည်သို့ ပြန်လည်ကူညီမည်ကို စတင်စဉ်းစားပါ။

ကျွန်တော့်အမြင်အရ အမြတ်အစွန်းများသော လုပ်ငန်းတစ်ခု တည်ထောင်ရန်အတွက် ထိုရည်မှန်းချက်မှာ လှပပြီး စိတ်ခွန်အားတက်ဖွယ်အဖြစ်ဆုံး အကြောင်းရင်း ဖြစ်သည်ဟု ယူဆပါသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 40-year-old works ‘only 5 hours a week’ and makes $160,000/month in passive income: 3 ‘complete lies’ about side hustles (cnbc)

[Zawgyi]

တစ္ပတ္လွ်င္ ၅ နာရီသာ အလုပ္လုပ္ၿပီး တစ္လလွ်င္ ေဒၚလာ ၁၆၀,၀၀၀ ရေနသူ Graham Cochrane ေျပာျပေသာ အပိုဝင္ေငြ႐ွာသည့္အလုပ္မ်ားအေပၚ လူတို႔၏ ခံယူခ်က္အမွား (၃) မ်ိဳး

((ဤေဆာင္းပါးကို ေရးသားသူ Graham Cochrane သည္ How to Get Paid for What You Know အမည္႐ွိ စာအုပ္ကို ေရးသားခဲ့သူ ျဖစ္သည္။ သူသည္ စီးပြားေရးအၾကံေပးပုဂၢိဳလ္ျဖစ္ၿပီး ကမ႓ာတစ္ဝန္း႐ွိ Customer ေပါင္း ၂၈၀၀ ေက်ာ္ကို စီးပြားေရးအၾကံဉာဏ္မ်ား ေပးခဲ့သည္။ ေအာက္ေဖာ္ျပပါ ေဆာင္းပါးမွာ ၎ေရးသား ေသာ 3 complete lies’ about side hustles အမည္႐ွိ ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ျမန္မာျပန္ဆိုထားျခင္း ျဖစ္ပါသည္။-iMyanmarHouse.com) ------------------------------------------------

၂၀၀၉ ခုႏွစ္ ၊ စီးပြားက်ကာလႀကီးအတြင္း အလုပ္မွ အထုတ္ခံရခ်ိန္တြင္ ကြၽန္ေတာ္သည္ အပိုဝင္ေငြအလုပ္ တစ္ခုအေနျဖင့္ music blog တစ္ခုကို စတင္ခဲ့သည္။ စီးပြားေရးအေၾကာင္း နကန္းတစ္လုံးမွ ကြၽန္ေတာ္ မသိခဲ့ပါ။

ယေန႔ကာလတြင္ ကြၽန္ေတာ္၏ အြန္လိုင္းလုပ္ငန္း ၂ ခုျဖစ္ေသာ ဂီတပညာေပးကုမၸဏီႏွင့္ စီးပြားေရးအၾကံေပး လုပ္ငန္းတို႔မွတဆင့္ ေဒၚလာသန္းဂဏန္းဝင္ေငြ ရ႐ွိေနၿပီ ျဖစ္သည္။

အဆိုပါ လုပ္ငန္း ၂ ခုမွ တစ္လလွ်င္ အပိုဝင္ေငြအျဖစ္ စုစုေပါင္း ေဒၚလာ ၁၆၀,၀၀၀ ခန္႔ ရ႐ွိပါသည္။

အျမတ္အစြန္းမ်ားေသာ လုပ္ငန္းတစ္ခု တည္ေထာင္ေရးႏွင့္ စပ္လ်ဥ္းၿပီး ကြၽန္ေတာ္ မ်ားစြာ ေလ့လာခဲ့သည္။

အပိုဝင္ေငြအလုပ္ လုပ္လိုသူမ်ား (သို႔မဟုတ္) ပင္မအလုပ္ လုပ္လိုသူမ်ားကို ကြၽန္ေတာ္အၿမဲေျပာျပတတ္ သည္မွာ လူတို႔၏ ခံယူခ်က္ အမွား ၃ မ်ိဳး အေၾကာင္း ျဖစ္ပါသည္။

(အမွား ၁ )

#ဝင္ေငြေကာင္းရန္ အခ်ိန္မ်ားမ်ား အလုပ္လုပ္ရန္လိုသည္ဟု ထင္ျခင္း

ကြၽန္ေတာ္ ပထမဆုံး အလုပ္ကို စတင္ခဲ့ခ်ိန္က ကြၽန္ေတာ္႕အား အလုပ္အျပင္းအထန္ ႀကိဳးစားရန္ အေရးႀကီး ေၾကာင္း လာေျပာၾကသူမ်ား ႐ွိပါသည္။

သူတို႔က တစ္ပတ္လွ်င္ နာရီ ၈၀ ခန္႔ အလုပ္လုပ္ေၾကာင္း ၊ သြားေလရာကို Laptop မ်ား သယ္သြားေၾကာင္း ႂကြားလုံး ထုတ္ၾကသည္။

အိမ္ေထာင္႐ွင္ ၊ ကေလးအေဖတစ္ဦးျဖစ္သူ ကြၽန္ေတာ္႕အေနျဖင့္မူ ထိုသို႔ေသာ ဘဝပုံစံမ်ိဳးကို မလိုလားပါ။ ကြၽန္ေတာ္က မိသားစုအတြက္ အခ်ိန္ေပးလိုသည္။

ထို႔ေၾကာင့္ ရက္သတၱပတ္လွ်င္ နာရီ ၄၀ ထက္ပို၍ အလုပ္မလုပ္ရန္ ၊ ညဘက္မ်ားႏွင့္ ႐ုံးပိတ္ရက္မ်ားတြင္ အလုပ္မလုပ္ရန္ ဟူေသာ ပဓာနက်သည့္ ဆုံးျဖတ္ခ်က္တစ္ခု ခ်မွတ္ခဲ့သည္။

ေနာက္ပိုင္းတြင္ အလုပ္လုပ္ခ်ိန္ကို တစ္ပတ္လွ်င္ ၅ နာရီသာ အလုပ္လုပ္သည္အထိ ေလွ်ာ့ခ်ခဲ့သည္။

ထိုသို႔ လုပ္ေဆာင္ႏိုင္မႈမ်ားမွာ ကြၽန္ေတာ္ ဖတ္မွတ္ေလ့လာခဲ့ေသာ ပါကင္ဆန္ နိယာမဟူသည့္ သေဘာတရားေၾကာင့္ ျဖစ္ပါသည္။

ပါကင္ဆန္နိယာမ၏ ဖြင့္ဆိုခ်က္မွာ အလုပ္တစ္ခု ၿပီးေျမာက္ရန္ ေပးအပ္ထားသည့္ အခ်ိန္အတိုင္း အလုပ္ကို ဆြဲဆန္႔ျခင္း ျဖစ္သည္။

အကယ္၍ သင့္အေနျဖင့္ အလုပ္တစ္ခု ၿပီးေျမာက္ရန္ တစ္ပတ္လွ်င္ နာရီ ၄၀ အခ်ိန္လိုသည္ဟု စိတ္ပိုင္းျဖတ္ထားပါက နာရီ ၄၀ ၾကာလိမ့္မည္ ျဖစ္သည္။

နာရီ ၈၀ လိုသည္ဟု ထင္ပါက နာရီ ၈၀ ၾကာမည္ ျဖစ္သည္။

(အမွား ၂)

#လူမ်ားမ်ားလိုသည္ဟု ထင္ျခင္း ကြၽန္ေတာ္သည္ စုဖြဲ႕လုပ္ေဆာင္မႈအေပၚ ဆန္႔က်င္သူတစ္ဦး မဟုတ္ပါ။

လက္႐ွိအားျဖင့္လည္း လူအနည္းငယ္ ပါဝင္ေသာ အဖြဲ႕ျဖင့္ လုပ္ကိုင္ေနပါသည္။

ကြၽန္ေတာ္၏ အပိုဝင္ေငြလုပ္ငန္းကို ၄ ႏွစ္တာလုံး တစ္ဦးတည္း လုပ္ကိုင္ခဲ့ၿပီး ေနာက္ပိုင္းတြင္မွ ဝန္ထမ္းတစ္ဦး ငွားရမ္းခဲ့ျခင္း ျဖစ္သည္။

ထိုအလုပ္မွ တစ္ႏွစ္လွ်င္ ကန္ေဒၚလာ ၂၅၀,၀၀၀ ခန္႔ ဝင္ေငြရပါသည္။

စီးပြားေရး အတိုင္ပင္ခံလုပ္ငန္း ခ်ဲ႕ထြင္ခဲ့ခ်ိန္တြင္လည္း ပထမတစ္ႏွစ္တာတြင္ ဝန္ထမ္းတစ္ဦးမွ မ႐ွိခဲ့ဘဲ ဝင္ေငြ ေဒၚလာသိန္းဂဏန္းရခဲ့သည္။

ကြၽန္ေတာ္၏ လွ်ိဳ႕ဝွက္ခ်က္မွာ အလိုအေလ်ာက္စနစ္သုံးျခင္း ျဖစ္သည္။

Email Marketing မ်ား၊ Webinar မ်ား ၊ ထုတ္ကုန္ျဖန္႔ခ်ိမႈႏွင့္ Content creation တို႔အတြက္ ကြၽန္ေတာ္က Kajabi ကို အသုံးျပဳပါသည္။

အျခားသူမ်ားလည္း သုံးသင့္ေၾကာင္း ေထာက္ခံပါသည္။

(အမွား ၃)

#ဝင္ေငြတိုးလာလွ်င္ ပိုမိုေပ်ာ္႐ႊင္မည္ဟု ထင္ျခင္း ဝင္ေငြတိုးလာေသာ္လည္း အခ်ိဳ႕အခါတြင္ ေပ်ာ္႐ႊင္မႈမရေၾကာင္း ကြၽန္ေတာ္ ေတြ႕႐ွိခဲ့ပါသည္။

စစ္မွန္ေသာ ေပ်ာ္႐ႊင္မႈဟူသည္ ဝင္ေငြရလဒ္ေၾကာင့္ ေပၚေပါက္ျခင္းမ႐ွိဘဲ ေပးဆပ္မႈျဖင့္သာ ရ႐ွိႏိုင္သည္။

သုေတသန ေတြ႕႐ွိခ်က္မ်ားအရ ကြၽႏ္ုပ္တို႔သည္ အျခားသူတို႔အား ေငြေၾကး ေပးကမ္းကူညီလိုက္ခ်ိန္မ်ိဳးတြင္ ကြၽႏ္ုပ္တို႔၏ ဦးေႏွာက္က dopamine ႏွင့္ oxytocin တို႔ကဲ့သို႔ နာက်င္မႈကို သက္သာေစေသာ ဦးေႏွာက္ ေဟာ္မုန္းမ်ား ထုတ္လုပ္သည္။

ကြၽမ္းက်င္ပညာ႐ွင္တို႔က ထိုအေျခအေနကို Givers Glow ဟု ေခၚၾကသည္။

အျခားသူတို႔အား ကူညီလိုက္ခ်ိန္တြင္ ကိုယ္စိတ္ႏွစ္ပါး က်န္းမာေရးပိုမိုေကာင္းမြန္လာျခင္းကို ဆိုလိုျခင္း ျဖစ္သည္။

သင္၏ လုပ္ငန္းႀကီးထြားလာသည္ႏွင့္အမွ် ေနာက္ဆုံး ပန္းတိုင္မွာ ေငြမ်ား ပိုမို႐ွာေဖြရန္မွ်သာ မဟုတ္သည္ကို ဆင္ျခင္သုံးသပ္ရန္ လိုပါသည္။

ေရ႐ွည္တြင္ ေငြရေန႐ုံမွ်ျဖင့္ စစ္မွန္ေသာ ေပ်ာ္႐ႊင္မႈ ရ႐ွိႏိုင္လိမ့္မည္ မဟုတ္ေခ်။

သင့္လုပ္ငန္း ေအာင္ျမင္လာခ်ိန္တြင္ လူ႕အသိုက္အဝန္းအား မည္သို႔ ျပန္လည္ကူညီမည္ကို စတင္စဥ္းစားပါ။ ကြၽန္ေတာ္႕အျမင္အရ အျမတ္အစြန္းမ်ားေသာ လုပ္ငန္းတစ္ခု တည္ေထာင္ရန္အတြက္ ထိုရည္မွန္းခ်က္မွာ လွပၿပီး စိတ္ခြန္အားတက္ဖြယ္အျဖစ္ဆုံး အေၾကာင္းရင္း ျဖစ္သည္ဟု ယူဆပါသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 40-year-old works ‘only 5 hours a week’ and makes $160,000/month in passive income: 3 ‘complete lies’ about side hustles (cnbc)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရ...

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်မ်ကာရေးက နှစ်ပေါင်း ၃၀ ပိုင်ဆိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကို အကြိမ်ကြိမ် ဈေးလျှော့ရောင်းချရာ ဝယ်လက်ရှာတွေ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service