အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....

အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ..... - Property Knowledge in Myanmar from iMyanmarHouse.com
12 Nov 2023 1:16 pm တွင် တင်ခဲ့သည်
717 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဒီကနေ့ iMyanmarHouse ရဲ့ အပတ်စဉ်အိမ်ခြံမြေအမေးအဖြေအစီအစဉ်မှာတော့ အမေးအများဆုံးဥပဒေအမေးအဖြေ သုံးခုကို တင်ဆက်ပေးထားပါတယ်။

မေးခွန်း (၁) - ရွှေ့ပြောင်းနိုင်သောပစ္စည်း ရောင်းဝယ်ခြင်းစာချုပ်ချုပ်ဆိုမည်ဆိုလျှင် မည်သည့်အချက်များ ပါဝင်ပါသနည်း။

 

စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ-၃အရ မရွှေ့မပြောင်းနိုင်သောပစ္စည်းဆိုသည်မှာ မြေနှင့် မြေမှ ဖြစ်ထွန်းသော အကျိုးခံစားခွင့်များ ၊ မြေ၌ ဆောက်လုပ်ထားသော ၊ မြေ၌ စိုက်ထူစွဲကပ်ထားသော (သို့) မြေ၌ စိုက်ထူစွဲကပ်ထားသော အရာ၌ အမြဲချည်နှောင် စွဲကပ်ထားသော အဆောက်အအုံနှင့် အရာဝတ္တု များကို ဆိုလိုကြောင်း ဖော်ပြထားသည်။ အဆိုပါစကားရပ်တွင် သစ်ပင်မရိတ်သိမ်းရသေးသော ကောက်ပဲ သီးနှံနှင့် မြက်ပင်များ မပါဝင်ပါ။

ထို့ကြောင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများဆိုသည်မှာလဲ မရွှေ့ပြောင်းနိုင်သောပစ္စည်းမှ တပါး အခြား ပစ္စည်းအရာများနှင့် ပါဝင်သက်ဆိုင်ပါသည်။ ရွှေ့ပြောင်းနိုင်သော ကုန်စည်အမျိုးအစားတွင် ပါဝင်သည့် ကားများ အရောင်းအဝယ်ပြုရာတွင် စာချုပ်မချုပ်ဆိုခင် ယာဉ်အမျိုးအမည်၊ အမျိုးအစား၊ စက်/ ဘောင် အမှတ်ခဲခြစ်၊ ရုပ်၊ အတိုင်းအတာ၊ အစိတ်အပိုင်းများဆိုင်ရာ မှတ်ပုံတင်အချက်အလက်များအား ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် စစ်ဆေးမှုပြုသင့်ပါသည်။

အထက်ဖော်ပြပါ အချက်အလက် စာရွက်စာတမ်းများ မှန်ကန်မှုရှိပါက နှစ်ဦးသဘောတူ မော်တော်ကား အရောင်းအဝယ်ကတိစာချုပ်ချုပ်ဆိုမှုပြုကာ အရောင်းအဝယ်ပြုလုပ်နိုင်ပါသည်။ ရောင်းဝယ်ခြင်းစာချုပ်၌ ရောင်းသူဝယ်သူ အမည်၊ အဖအမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာအား အသေးစိတ်ဖော်ပြရန်နှင့် ၎င်းတို့၏ ကိုယ်စားလှယ်များ၊ အမွေဆက်ခံခွင့်၊ အမွေစားအမွေခံများ ပါဝင်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဖော်ပြပါရှိရမည်။

ထို့ပြင် အရောင်းအဝယ်ပြုလုပ်သည့်ကားအား ရောင်းချသူတစ်ဦးထဲမှ ပိုင်ဆိုင်ကာ လွှဲပြောင်း ရောင်းချ ခွင့်ရှိကြောင်း ပိုင်ဆိုင်မှုအား ထုတ်ဖော်ဝန်ခံကတိပြုရမည်။ မော်တော်ကားဆိုင်ရာ အသေးစိတ်အချက် အလက်များ၊ အရောင်းအဝယ်ပြုလုပ်သည့်ဈေးနှုန်း၊ ငွေပေးချေမှုပုံစံ၊ ကားအားလက်ရောက် လွှဲပြောင်းပေး အပ်မည့်နေ့ရက်၊ အမည်ပြောင်းဆောင်ရွက်သည့်အခါ ရောင်းခွန်၊ ဝယ်ခွန်ထမ်းဆောင်ရန် နှစ်ဦးနှစ်ဖက် သဘောတူညီချက်၊ အရှုပ်အရှင်းပေါ်ပေါက်လာပါက ရောင်းချသူမှ ဖြေရှင်းဆောင်ရွက်ပေးမည်ဆိုသည့် အကြောင်း၊ ဝယ်ယူသူတွင် နစ်နာမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ရောင်းချသူမှ ရောင်းဈေးငွေနှင့် နစ်နာကြေးအား ဝယ်ယူသူထံ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ကတိပြုချက်ပါရှိရပါမည်။ ရောင်းချသူထံမှ ပိုင်ဆိုင်မှု သက်သေခံစာချုပ် စာတမ်းအနေဖြင့် မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်အား ဝယ်ယူသူမှ လွှဲပြောင်း လက်ခံယူရပါမည်။ ထို (Owner Book) စာအုပ်အား ဝယ်ယူသူမှ အမည်ပြောင်း ဆောင်ရွက်ရန်လဲ လိုအပ်ပါ သည်။

ကုန်စည်ရောင်းချခြင်းအက်ဥပဒေပုဒ်မ-၁၄(ခ)အရ သီးခြားဆန့်ကျင်ကွဲလွဲသော စည်းကမ်းချက် မပါရှိ ပါက အရောင်းအဝယ်ပဋိဉာဉ်တွင် ဝယ်သူသည် ကုန်စည်များကို လက်ဝယ်ရရှိ၍ အေးချမ်းစွာ ခံစား စေရမည်ဟု သဘောသက်ရောက်စေခြင်းအားဖြင့် တာဝန်ခံသော အာမခံချက်ရှိကြောင်း ဖော်ပြထားသည်။လိမ်လည်၍ ကားအရောင်းအဝယ်ပြုလုပ်ခြင်းများ ပေါ်ပေါက်သည့်အခါ ပြစ်မှုကြောင်းဖြင့် တရား စွဲဆိုခြင်းများပြုနိုင်ပြီး နစ်နာကြေးများအတွက် ပဋိဉာဉ်အက်ဥပဒေပုဒ်မ-၇၄အရ တရားရုံးတွင် တရားမ ကြောင်းဖြင့် တရားစွဲဆို တောင်းဆိုနိုင်ပါသည်။

 

မေးခွန်း (၂) - အစုစပ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ရပိုင်ခွင့် အခွင့်အရေးများကို ဖော်ပြပါ။

အစုစပ်လုပ်ငန်းတစ်ခုတွင် အစုဝင်ဦးရေ အနည်းဆုံး(၂)ဦးမှ အများဆုံး (၂၀)ဦးထိပါဝင်နိုင်ပါသည်။ အစုစပ်လုပ်ငန်း လုပ်ကိုင်သူများအတွက် စနစ်တကျ လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား ဥပဒေနှင့်အညီ လွတ်လပ်စွာ ထူထောင်လုပ်ကိုင်နိုင်ရန် အစုစပ် လုပ်ငန်းဥပဒေ ထွက်ရှိထားပါသည်။

အစုစပ်လုပ်ငန်းအား သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်ထားရှိရမည်။ အစုဝင်တစ်ဦး သည် အစုဝင်ဖြစ်နေသည့် ကာလအတွင်း အစုစပ်လုပ်ငန်း၏ ပြုလုပ်မှုအားလုံးအား အခြားအစုဝင်များနှင့် တွဲဖက်၍ သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း တာဝန်ရှိပါသည်။

လုပ်ငန်းများတိုးချဲ့ခြင်း၊ လုပ်ငန်းများလျှော့ချခြင်း၊ မတည်ရင်းနှီးငွေတိုးမြှင့်ခြင်း၊ မတည်ရင်းနှီးငွေ လျော့ချခြင်း၊ အမြတ်နှင့် အရှုံးခွဲဝေခြင်း၊ အစုဝင်အသစ် လက်ခံခြင်းပြုသည့်အခါတိုင်း အစုဝင်များအားလုံး သဘောတူသည့်အခါမှသာ ဆောင်ရွက်ခွင့်ရှိပါသည်။

အစုဝင်များ၏ အကျိုးခံစားခွင့်များမှာ ချုပ်ဆိုထားသော ပဋိဉာဉ်ပါအတိုင်း အမြတ်အစွန်းအား ညီတူ ညီမျှ ခွဲဝေရထိုက်ခွင့်ရှိသည့်အပြင် ဆုံးရှုံးနစ်နာခြင်းများအား ညီတူညီမျှကျခံရမည်ဖြစ်ပါသည်။ အတိုးငွေ ခွဲဝေခြင်းရလျှင် ဗဟိုဘဏ်အတိုးနှုန်းအတိုင်း ရထိုက်ခွင့်ရှိပါသည်။ အစုဝင်တစ်ဦး ပေါ့လျော့ခြင်းကြောင့် နစ်နာမှုပေါ်ပေါက်ပါက အစုလုပ်ငန်းကို လျော်ကြေးပေးရန် တာဝန်လဲရှိပါသည်။

လုပ်ငန်းကာလသက်တမ်းရှိပြီး မတည်ရင်းနှီးငွေပေါ်မူတည်၍ အမြတ်အစွန်းရရှိမည်ဖြစ်ပါသည်။ အစုစပ်လုပ်ငန်း စီမံအုပ်ချုပ်မှုကို မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ကာ အစုဝင်တစ်ဦးအား ရွှေးချယ်တာဝန် ပေးအပ်နိုင်သည့် အခွင့်အရေးလဲ အစုဝင်များတွင် ရှိပါသည်။ အစုစပ်လုပ်ငန်း၏ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ရုံးအဖွဲ့ကို ဖွဲ့စည်းထားရှိ ဆောင်ရွက်ကြရပါသည်။ လုပ်ငန်း၏ ငွေရေးကြေးရေးနှင့် စာရင်းအင်းများနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲရန် စာရင်းစစ်အားလဲ အစုဝင်များ သဘောတူမှုဖြင့် ခန့်အပ်ထားရှိနိုင်သည့် အခွင့်အရေးလဲရှိကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်အချက်များကို ရှင်းပြပါ။

စာချုပ်ချုပ်ဆိုမည်ဆိုက အရပ်ကတိစာချုပ်(၃၀၀)ကျပ်တန်ပြည့်မှီသည့် စာချုပ်ပေါ်တွင် ကတိပြု စာချုပ် ချုပ်ဆိုရန် လိုအပ်သည်။ ပိုင်ဆိုင်မှုအတွက် ဌာနဆိုင်ရာနှင့် ပစ္စည်းတည်ရှိရာအရပ်ဒေသတွင် စုံစမ်း စစ်ဆေးမှုပြုရမည်။ ပိုင်ဆိုင်မှု စာရွက်စာတမ်းအထောက်အထားများအား မှန်ကန်မှုရှိမရှိ တတ်ကျွမ်းသည့် ပညာရှင်များအား ပြသရမည်။

ပိုင်ဆိုင်မှုစာရွက်စာတမ်း တောင်းယူကြည့်ရှုပြီး မူရင်း မြင်မှ စရန်ချပါ။ စာချုပ်တွင် ပါဝင်ချုပ်ဆိုသူ များ တိကျမှန်ကန်မှုရှိစေရန် မှတ်ပုံတင်မူရင်းအား တောင်းယူ ကြည့်ရှုရန် မမေ့သင့်ပါ။ စရန်ပေးစာချုပ်တွင် ရောင်းသူဝယ်သူ အမည်၊ အဖ၊ နေရပ်လိပ်စာများ ပြည့်စုံစွာ ရေးသားကာ အသိသက်သေနှစ်ဦး ပါဝင်၍ စာချုပ်ချုပ်ဆိုရပါမည်။

အရောင်းအဝယ်ပြုလုပ်သည့် ပစ္စည်းစာရင်းအား တိကျစွာ ဖော်ပြရန် လိုအပ်ပြီး တိုက်ခန်းများ ရောင်းချခြင်း၌ ဥပမာ-RCတိုက်အမျိုးအစား၊ (၆)ထပ်တိုက် အဆောက်အဦး ဘယ်/ညာစသဖြင့် ရှင်းလင်း အောင် ညွှန်းဆိုဖော်ပြရမည်။ အရောင်းအဝယ်ပြုလုပ်သည့် တန်ဖိုး၊ ပါဝင်ပစ္စည်းများ ၊ ငွေပေးချေမှုပုံစံ၊ ရောင်းသူတာဝန်၊ ဝယ်သူတာဝန်၊ ပစ္စည်းလက်ရောက်အပ်နှံမည့်အချိန်၊ နှစ်ဦးနှစ်ဖက်သဘောတူညီချက်၊ သီးခြားသဘောတူညီချက်များ ရှိလျှင်လဲ ထည့်သွင်း ချုပ်ဆိုရေးသားရမည်။

ရောင်းချသူအနေဖြင့် ရောင်းချသည့်ပစ္စည်းအား မည်သို့ပိုင်ဆိုင်လာကြောင်း ၎င်းတစ်ဦးထဲမှသာ လွှဲပြောင်းရောင်းချခွင့်ရှိကြောင်း ထုတ်ဖော်ပြောကြားချက်အား စာချုပ်တွင် ဖော်ပြရမည်။ စရန်ငွေပေး အပ်ပြီးနောက်ပိုင်း ဒုတိယအရစ် ၊ တတိယအရစ် ငွေပေးချေခြင်းများအား ကြိုတင်ပေး ငွေပေးချေခြင်း အဖြစ် သတ်မှတ်ကြပြီး အငြင်းပွားခြင်းများလဲရှိသဖြင့် စရန်ပေးစာချုပ်တွင် ဝယ်သူမှ ငွေပေးချေရန် ပျက် ကွက်ခြင်းရှိပါက စရန်ငွေအပါအဝင် ကြိုတင်ပေးငွေပါ အဆုံးရှုံးခံရမည့်ဖြစ်ကြောင်း စာချုပ်တွင် ထည့်ဝင် ရေးသင့်ပါသည်။

ကန့်ကွက်မှု အရှုပ်အရှင်းရှိမရှိ သတင်းစာ ကြေငြာမှုပြုလုပ်ရပြီး ကန့်ကွက်သူပေါ်လာပါက စရန်ငွေ (၂)ငွေဆ ရောင်းချသူမှ ပေးလျှော်ရန် စရန်ပေးစာချုပ်၌ ထည့်သွင်း ချုပ်ဆိုမှုပြုထားရပါမည်။ မှတ်ပုံတင် စာချုပ်များချုပ်ဆိုသည့်အခါတိုင်းတွင် တံဆိပ်ခေါင်းခွန်အက်ဥပဒေနှင့်အညီ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အိမ္ျခံေျမဥပေဒအေရး အပတ္စဥ္ေဆြးေႏြး အေျဖ႐ွာ.....

 

ဒီကေန႔ iMyanmarHouse ရဲ႕ အပတ္စဥ္အိမ္ျခံေျမအေမးအေျဖအစီအစဥ္မွာေတာ့ အေမးအမ်ားဆုံးဥပေဒအေမးအေျဖ သုံးခုကို တင္ဆက္ေပးထားပါတယ္။

ေမးခြန္း (၁) - ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္း ေရာင္းဝယ္ျခင္းစာခ်ဳပ္ခ်ဳပ္ဆိုမည္ဆိုလွ်င္ မည္သည့္အခ်က္မ်ား ပါဝင္ပါသနည္း။

 

စာခ်ဳပ္စာတမ္းမွတ္ပုံတင္အက္ဥပေဒပုဒ္မ-၃အရ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းဆိုသည္မွာ ေျမႏွင့္ ေျမမွ ျဖစ္ထြန္းေသာ အက်ိဳးခံစားခြင့္မ်ား ၊ ေျမ၌ ေဆာက္လုပ္ထားေသာ ၊ ေျမ၌ စိုက္ထူစြဲကပ္ထားေသာ (သို႔) ေျမ၌ စိုက္ထူစြဲကပ္ထားေသာ အရာ၌ အၿမဲခ်ည္ေႏွာင္ စြဲကပ္ထားေသာ အေဆာက္အအုံႏွင့္ အရာဝတၱဳ မ်ားကို ဆိုလိုေၾကာင္း ေဖာ္ျပထားသည္။ အဆိုပါစကားရပ္တြင္ သစ္ပင္မရိတ္သိမ္းရေသးေသာ ေကာက္ပဲ သီးႏွံႏွင့္ ျမက္ပင္မ်ား မပါဝင္ပါ။

ထို႔ေၾကာင့္ ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ားဆိုသည္မွာလဲ မေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္းမွ တပါး အျခား ပစၥည္းအရာမ်ားႏွင့္ ပါဝင္သက္ဆိုင္ပါသည္။ ေ႐ႊ႕ေျပာင္းႏိုင္ေသာ ကုန္စည္အမ်ိဳးအစားတြင္ ပါဝင္သည့္ ကားမ်ား အေရာင္းအဝယ္ျပဳရာတြင္ စာခ်ဳပ္မခ်ဳပ္ဆိုခင္ ယာဥ္အမ်ိဳးအမည္၊ အမ်ိဳးအစား၊ စက္/ ေဘာင္ အမွတ္ခဲျခစ္၊ ႐ုပ္၊ အတိုင္းအတာ၊ အစိတ္အပိုင္းမ်ားဆိုင္ရာ မွတ္ပုံတင္အခ်က္အလက္မ်ားအား ကုန္လမ္း ပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနတြင္ စစ္ေဆးမႈျပဳသင့္ပါသည္။

အထက္ေဖာ္ျပပါ အခ်က္အလက္ စာ႐ြက္စာတမ္းမ်ား မွန္ကန္မႈ႐ွိပါက ႏွစ္ဦးသေဘာတူ ေမာ္ေတာ္ကား အေရာင္းအဝယ္ကတိစာခ်ဳပ္ခ်ဳပ္ဆိုမႈျပဳကာ အေရာင္းအဝယ္ျပဳလုပ္ႏိုင္ပါသည္။ ေရာင္းဝယ္ျခင္းစာခ်ဳပ္၌ ေရာင္းသူဝယ္သူ အမည္၊ အဖအမည္၊ မွတ္ပုံတင္၊ ေနရပ္လိပ္စာအား အေသးစိတ္ေဖာ္ျပရန္ႏွင့္ ၎တို႔၏ ကိုယ္စားလွယ္မ်ား၊ အေမြဆက္ခံခြင့္၊ အေမြစားအေမြခံမ်ား ပါဝင္သည္ဟု မွတ္ယူရမည္ျဖစ္ေၾကာင္း ေဖာ္ျပပါ႐ွိရမည္။

ထို႔ျပင္ အေရာင္းအဝယ္ျပဳလုပ္သည့္ကားအား ေရာင္းခ်သူတစ္ဦးထဲမွ ပိုင္ဆိုင္ကာ လႊဲေျပာင္း ေရာင္းခ် ခြင့္႐ွိေၾကာင္း ပိုင္ဆိုင္မႈအား ထုတ္ေဖာ္ဝန္ခံကတိျပဳရမည္။ ေမာ္ေတာ္ကားဆိုင္ရာ အေသးစိတ္အခ်က္ အလက္မ်ား၊ အေရာင္းအဝယ္ျပဳလုပ္သည့္ေဈးႏႈန္း၊ ေငြေပးေခ်မႈပုံစံ၊ ကားအားလက္ေရာက္ လႊဲေျပာင္းေပး အပ္မည့္ေန႔ရက္၊ အမည္ေျပာင္းေဆာင္႐ြက္သည့္အခါ ေရာင္းခြန္၊ ဝယ္ခြန္ထမ္းေဆာင္ရန္ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီခ်က္၊ အ႐ႈပ္အ႐ွင္းေပၚေပါက္လာပါက ေရာင္းခ်သူမွ ေျဖ႐ွင္းေဆာင္႐ြက္ေပးမည္ဆိုသည့္ အေၾကာင္း၊ ဝယ္ယူသူတြင္ နစ္နာမႈတစ္စုံတစ္ရာေပၚေပါက္လာပါက ေရာင္းခ်သူမွ ေရာင္းေဈးေငြႏွင့္ နစ္နာေၾကးအား ဝယ္ယူသူထံ ျပန္လည္ေပးအပ္မည္ျဖစ္ေၾကာင္း ကတိျပဳခ်က္ပါ႐ွိရပါမည္။ ေရာင္းခ်သူထံမွ ပိုင္ဆိုင္မႈ သက္ေသခံစာခ်ဳပ္ စာတမ္းအေနျဖင့္ ေမာ္ေတာ္ယာဥ္ မွတ္ပုံတင္စာအုပ္အား ဝယ္ယူသူမွ လႊဲေျပာင္း လက္ခံယူရပါမည္။ ထို (Owner Book) စာအုပ္အား ဝယ္ယူသူမွ အမည္ေျပာင္း ေဆာင္႐ြက္ရန္လဲ လိုအပ္ပါ သည္။

ကုန္စည္ေရာင္းခ်ျခင္းအက္ဥပေဒပုဒ္မ-၁၄(ခ)အရ သီးျခားဆန္႔က်င္ကြဲလြဲေသာ စည္းကမ္းခ်က္ မပါ႐ွိ ပါက အေရာင္းအဝယ္ပဋိဉာဥ္တြင္ ဝယ္သူသည္ ကုန္စည္မ်ားကို လက္ဝယ္ရ႐ွိ၍ ေအးခ်မ္းစြာ ခံစား ေစရမည္ဟု သေဘာသက္ေရာက္ေစျခင္းအားျဖင့္ တာဝန္ခံေသာ အာမခံခ်က္႐ွိေၾကာင္း ေဖာ္ျပထားသည္။လိမ္လည္၍ ကားအေရာင္းအဝယ္ျပဳလုပ္ျခင္းမ်ား ေပၚေပါက္သည့္အခါ ျပစ္မႈေၾကာင္းျဖင့္ တရား စြဲဆိုျခင္းမ်ားျပဳႏိုင္ၿပီး နစ္နာေၾကးမ်ားအတြက္ ပဋိဉာဥ္အက္ဥပေဒပုဒ္မ-၇၄အရ တရား႐ုံးတြင္ တရားမ ေၾကာင္းျဖင့္ တရားစြဲဆို ေတာင္းဆိုႏိုင္ပါသည္။

 

ေမးခြန္း (၂) - အစုစပ္လုပ္ငန္းလုပ္ကိုင္သူတစ္ဦး၏ ရပိုင္ခြင့္ အခြင့္အေရးမ်ားကို ေဖာ္ျပပါ။

အစုစပ္လုပ္ငန္းတစ္ခုတြင္ အစုဝင္ဦးေရ အနည္းဆုံး(၂)ဦးမွ အမ်ားဆုံး (၂၀)ဦးထိပါဝင္ႏိုင္ပါသည္။ အစုစပ္လုပ္ငန္း လုပ္ကိုင္သူမ်ားအတြက္ စနစ္တက် လုပ္ငန္းမ်ား လုပ္ကိုင္ႏိုင္ရန္၊ အေသးစား၊ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားအား ဥပေဒႏွင့္အညီ လြတ္လပ္စြာ ထူေထာင္လုပ္ကိုင္ႏိုင္ရန္ အစုစပ္ လုပ္ငန္းဥပေဒ ထြက္႐ွိထားပါသည္။

အစုစပ္လုပ္ငန္းအား သက္ဆိုင္ရာ မွတ္ပုံတင္အရာ႐ွိထံတြင္ မွတ္ပုံတင္ထား႐ွိရမည္။ အစုဝင္တစ္ဦး သည္ အစုဝင္ျဖစ္ေနသည့္ ကာလအတြင္း အစုစပ္လုပ္ငန္း၏ ျပဳလုပ္မႈအားလုံးအား အျခားအစုဝင္မ်ားႏွင့္ တြဲဖက္၍ ေသာ္လည္းေကာင္း၊ တစ္ဦးခ်င္းေသာ္လည္းေကာင္း တာဝန္႐ွိပါသည္။

လုပ္ငန္းမ်ားတိုးခ်ဲ႕ျခင္း၊ လုပ္ငန္းမ်ားေလွ်ာ့ခ်ျခင္း၊ မတည္ရင္းႏွီးေငြတိုးျမႇင့္ျခင္း၊ မတည္ရင္းႏွီးေငြ ေလ်ာ့ခ်ျခင္း၊ အျမတ္ႏွင့္ အ႐ႈံးခြဲေဝျခင္း၊ အစုဝင္အသစ္ လက္ခံျခင္းျပဳသည့္အခါတိုင္း အစုဝင္မ်ားအားလုံး သေဘာတူသည့္အခါမွသာ ေဆာင္႐ြက္ခြင့္႐ွိပါသည္။

အစုဝင္မ်ား၏ အက်ိဳးခံစားခြင့္မ်ားမွာ ခ်ဳပ္ဆိုထားေသာ ပဋိဉာဥ္ပါအတိုင္း အျမတ္အစြန္းအား ညီတူ ညီမွ် ခြဲေဝရထိုက္ခြင့္႐ွိသည့္အျပင္ ဆုံး႐ႈံးနစ္နာျခင္းမ်ားအား ညီတူညီမွ်က်ခံရမည္ျဖစ္ပါသည္။ အတိုးေငြ ခြဲေဝျခင္းရလွ်င္ ဗဟိုဘဏ္အတိုးႏႈန္းအတိုင္း ရထိုက္ခြင့္႐ွိပါသည္။ အစုဝင္တစ္ဦး ေပါ့ေလ်ာ့ျခင္းေၾကာင့္ နစ္နာမႈေပၚေပါက္ပါက အစုလုပ္ငန္းကို ေလ်ာ္ေၾကးေပးရန္ တာဝန္လဲ႐ွိပါသည္။

လုပ္ငန္းကာလသက္တမ္း႐ွိၿပီး မတည္ရင္းႏွီးေငြေပၚမူတည္၍ အျမတ္အစြန္းရ႐ွိမည္ျဖစ္ပါသည္။ အစုစပ္လုပ္ငန္း စီမံအုပ္ခ်ဳပ္မႈကို မ်က္ႏွာစုံညီ အစည္းအေဝးျပဳလုပ္ကာ အစုဝင္တစ္ဦးအား ေ႐ႊးခ်ယ္တာဝန္ ေပးအပ္ႏိုင္သည့္ အခြင့္အေရးလဲ အစုဝင္မ်ားတြင္ ႐ွိပါသည္။ အစုစပ္လုပ္ငန္း၏ ႐ုံးလုပ္ငန္းဆိုင္ရာ ကိစၥရပ္မ်ားကို ေဆာင္႐ြက္ႏိုင္ရန္ ႐ုံးအဖြဲ႕ကို ဖြဲ႕စည္းထား႐ွိ ေဆာင္႐ြက္ၾကရပါသည္။ လုပ္ငန္း၏ ေငြေရးေၾကးေရးႏွင့္ စာရင္းအင္းမ်ားႏွင့္ စပ္လ်ဥ္း၍ စီမံခန္႔ခြဲရန္ စာရင္းစစ္အားလဲ အစုဝင္မ်ား သေဘာတူမႈျဖင့္ ခန္႔အပ္ထား႐ွိႏိုင္သည့္ အခြင့္အေရးလဲ႐ွိေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - စာခ်ဳပ္ခ်ဳပ္မည္ဆိုလွ်င္ ေဆာင္ရန္ႏွင့္ေ႐ွာင္ရန္အခ်က္မ်ားကို ႐ွင္းျပပါ။

စာခ်ဳပ္ခ်ဳပ္ဆိုမည္ဆိုက အရပ္ကတိစာခ်ဳပ္(၃၀၀)က်ပ္တန္ျပည့္မွီသည့္ စာခ်ဳပ္ေပၚတြင္ ကတိျပဳ စာခ်ဳပ္ ခ်ဳပ္ဆိုရန္ လိုအပ္သည္။ ပိုင္ဆိုင္မႈအတြက္ ဌာနဆိုင္ရာႏွင့္ ပစၥည္းတည္႐ွိရာအရပ္ေဒသတြင္ စုံစမ္း စစ္ေဆးမႈျပဳရမည္။ ပိုင္ဆိုင္မႈ စာ႐ြက္စာတမ္းအေထာက္အထားမ်ားအား မွန္ကန္မႈ႐ွိမ႐ွိ တတ္ကြၽမ္းသည့္ ပညာ႐ွင္မ်ားအား ျပသရမည္။

ပိုင္ဆိုင္မႈစာ႐ြက္စာတမ္း ေတာင္းယူၾကည့္႐ႈၿပီး မူရင္း ျမင္မွ စရန္ခ်ပါ။ စာခ်ဳပ္တြင္ ပါဝင္ခ်ဳပ္ဆိုသူ မ်ား တိက်မွန္ကန္မႈ႐ွိေစရန္ မွတ္ပုံတင္မူရင္းအား ေတာင္းယူ ၾကည့္႐ႈရန္ မေမ့သင့္ပါ။ စရန္ေပးစာခ်ဳပ္တြင္ ေရာင္းသူဝယ္သူ အမည္၊ အဖ၊ ေနရပ္လိပ္စာမ်ား ျပည့္စုံစြာ ေရးသားကာ အသိသက္ေသႏွစ္ဦး ပါဝင္၍ စာခ်ဳပ္ခ်ဳပ္ဆိုရပါမည္။

အေရာင္းအဝယ္ျပဳလုပ္သည့္ ပစၥည္းစာရင္းအား တိက်စြာ ေဖာ္ျပရန္ လိုအပ္ၿပီး တိုက္ခန္းမ်ား ေရာင္းခ်ျခင္း၌ ဥပမာ-RCတိုက္အမ်ိဳးအစား၊ (၆)ထပ္တိုက္ အေဆာက္အဦး ဘယ္/ညာစသျဖင့္ ႐ွင္းလင္း ေအာင္ ၫႊန္းဆိုေဖာ္ျပရမည္။ အေရာင္းအဝယ္ျပဳလုပ္သည့္ တန္ဖိုး၊ ပါဝင္ပစၥည္းမ်ား ၊ ေငြေပးေခ်မႈပုံစံ၊ ေရာင္းသူတာဝန္၊ ဝယ္သူတာဝန္၊ ပစၥည္းလက္ေရာက္အပ္ႏွံမည့္အခ်ိန္၊ ႏွစ္ဦးႏွစ္ဖက္သေဘာတူညီခ်က္၊ သီးျခားသေဘာတူညီခ်က္မ်ား ႐ွိလွ်င္လဲ ထည့္သြင္း ခ်ဳပ္ဆိုေရးသားရမည္။

ေရာင္းခ်သူအေနျဖင့္ ေရာင္းခ်သည့္ပစၥည္းအား မည္သို႔ပိုင္ဆိုင္လာေၾကာင္း ၎တစ္ဦးထဲမွသာ လႊဲေျပာင္းေရာင္းခ်ခြင့္႐ွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားခ်က္အား စာခ်ဳပ္တြင္ ေဖာ္ျပရမည္။ စရန္ေငြေပး အပ္ၿပီးေနာက္ပိုင္း ဒုတိယအရစ္ ၊ တတိယအရစ္ ေငြေပးေခ်ျခင္းမ်ားအား ႀကိဳတင္ေပး ေငြေပးေခ်ျခင္း အျဖစ္ သတ္မွတ္ၾကၿပီး အျငင္းပြားျခင္းမ်ားလဲ႐ွိသျဖင့္ စရန္ေပးစာခ်ဳပ္တြင္ ဝယ္သူမွ ေငြေပးေခ်ရန္ ပ်က္ ကြက္ျခင္း႐ွိပါက စရန္ေငြအပါအဝင္ ႀကိဳတင္ေပးေငြပါ အဆုံး႐ႈံးခံရမည့္ျဖစ္ေၾကာင္း စာခ်ဳပ္တြင္ ထည့္ဝင္ ေရးသင့္ပါသည္။

ကန္႔ကြက္မႈ အ႐ႈပ္အ႐ွင္း႐ွိမ႐ွိ သတင္းစာ ေၾကျငာမႈျပဳလုပ္ရၿပီး ကန္႔ကြက္သူေပၚလာပါက စရန္ေငြ (၂)ေငြဆ ေရာင္းခ်သူမွ ေပးေလွ်ာ္ရန္ စရန္ေပးစာခ်ဳပ္၌ ထည့္သြင္း ခ်ဳပ္ဆိုမႈျပဳထားရပါမည္။ မွတ္ပုံတင္ စာခ်ဳပ္မ်ားခ်ဳပ္ဆိုသည့္အခါတိုင္းတြင္ တံဆိပ္ေခါင္းခြန္အက္ဥပေဒႏွင့္အညီ တံဆိပ္ေခါင္းခြန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...
ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service