စုပေါင်းပိုင်အဆောက်အအုံ ပိုင်ဆိုင်ရာတွင် ရရှိမည့်အခွင့်အရေးများအကြောင်း ရေးသား ဖော်ပြပေးလိုက် ပါတယ်။

စုပေါင်းပိုင်အဆောက်အအုံ ပိုင်ဆိုင်ရာတွင် ရရှိမည့်အခွင့်အရေးများအကြောင်း ရေးသား ဖော်ပြပေးလိုက် ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
12 Nov 2023 11:46 am တွင် တင်ခဲ့သည်
661 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ-၂(က)အရ (၆)ထပ်နှင့် အထပ်မြင့်သော မှတ်ပုံတင်ထားသော အဆောက်အအုံကို စုပေါင်းပိုင်အဆောက်အအုံဟု ဆိုလိုကြောင်း ဖော်ပြထားသည်။

ထိုအဆောက်အအုံတွင် စုပေါင်းပိုင်သည့် ပါဝင်ပစ္စည်းများမှာ စုပေါင်းပိုင်မြေ၊ အဆောက်အအုံ၏ အစိတ်အပိုင်းများ၊ တပ်ဆင်ထားသော စက်ကိရိယာများ၊ စုပေါင်းပိုင်ဆိုင်ရန်အတွက် စီမံထားသော အဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေးအတွက် အသုံးပြုနိုင်ရန် အဆောက်အအုံများ၊ ခြံ ၊ ဥယျာဉ်နှင့် သစ်ပင်ပန်းမန်များ၊ လမ်းတံတား၊ ဆက်သွယ်ရေး ပစ္စည်းများတို့ ဖြစ်ပါသည်။

စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်မည့်မြေသည် ပိုင်ဆိုင်ခွင့် လွှဲပြောင်းနိုင်သော မြေအမျိုးအစား ဖြစ်ရမည့်အပြင် စတုရန်းပေ-၂၀၀၀၀ ပြည့်မှီရမည်။ ယာဉ်ရပ်နားနေရာ၊ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စီမံပေးနိုင်ရမည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ခန့်အပ်ထားသော မှတ်ပုံတင်အရာရှိထံတွင် စုပေါင်းပိုင်အဆောက်အအုံအား မှတ်ပုံတင်ခြင်းပြုရမည်ဖြစ်ပါသည်။

စုပေါင်းမြေအဖြစ် မှတ်ပုံတင်ပြီးပါက (၄၀)ရာခိုင်နှုန်းထက် မပိုသော အခန်းများကို နိုင်ငံခြားသားများအား ရောင်းချခွင့်ရှိပါသည်။ ထိုသို့နိုင်ငံခြားသားအား လွှဲပြောင်းရောင်းချပါက ဥပဒေပုဒ်မ-၂၅(ည) အရ နိုင်ငံခြားမှ တရားဝင်ငွေလွှဲပို့သော နိုင်ငံခြားငွေဖြင့်သာ ရောင်းချခြင်းပြုရမည်။

နိုင်ငံခြားသားများသည်လဲ တည်ဆဲဥပဒေနှင့်အညီ ရောင်းချ၊ လဲလှယ်၊ ပေးကမ်း၊ စွန့်လွှတ်၊ ငှားရမ်း၊ ပေါင်နှံခြင်း ပြုနိုင်သည်။

စုပေါင်းပိုင်အခန်းအား လွှဲပြောင်းမှုပြုသည့်အခါတိုင်း လွှဲပြောင်းသည့်နေ့မှ ရက်ပေါင်း-(၃၀)အတွင်း စာချုပ်စာတမ်းကို သတ်မှတ်ချက်များနှင့်အညီ တံဆိပ်ခေါင်းခွန် ထမ်းဆောင်၍ မှတ်ပုံတင်ခ ပေးသွင်းကာ မှတ်ပုံတင်လျှင် အခန်းမှတ်ပုံတင် လက်မှတ်ရရှိမည်ဖြစ်သည်။

အခန်းအား ဘဏ်တွင် ပေါင်နှံခြင်းပြုလိုက ပေါင်နှံခြင်းပြုနိုင်သည်။ စုပေါင်းပိုင်သူများအားလုံးမှ အဆောက်အအုံအတွက် ရန်ပုံငွေလဲ အချိုးကျ ထည့်ဝင် မှုပြုရမည်။

စုပေါင်းပိုင် အဆောက်အအုံတည်ထောင်သူသည် လုပ်ငန်းလိုင်စင် ရရှိသူဖြစ်ရမည်။ စုပေါင်းပိုင် အခန်းအား မှတ်ပုံတင်၍ ပိုင်ဆိုင်သူသည် အမွေဆက်ခံခွင့်အတွက် လွှဲပြောင်းနိုင်ခြင်း ၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် တရားဝင် လွှဲပြောင်း ရောင်းချခွင့်လဲရှိသည်။

ပုဒ်မ-၃၄ အရ လွှဲပြောင်းသည့်စာချုပ်အား မှတ်ပုံတင်ရန် ပျက်ကွက်လျှင် အနည်းဆုံးငွေကျပ်-တစ်ဆယ်သိန်းမှ အများဆုံးငွေကျပ် နှစ်ဆယ့်ငါးသိန်းအထိ ငွေဒဏ်များချမှတ်နိုင်ကြောင်း ဖော်ပြရေးသား ပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

စုေပါင္းပိုင္အေဆာက္အအုံ ပိုင္ဆိုင္ရာတြင္ ရ႐ွိမည့္အခြင့္အေရးမ်ားအေၾကာင္း ေရးသား ေဖာ္ျပေပးလိုက္ ပါတယ္။

 

စုေပါင္းပိုင္ အေဆာက္အအုံဆိုင္ရာ ဥပေဒ-၂(က)အရ (၆)ထပ္ႏွင့္ အထက္ျမင့္ေသာ မွတ္ပုံတင္ထား ေသာ အေဆာက္အအုံကို စုေပါင္းပိုင္အေဆာက္အအုံဟု ဆိုလိုေၾကာင္း ေဖာ္ျပထားသည္။

ထိုအေဆာက္အအုံတြင္ စုေပါင္းပိုင္သည့္ ပါဝင္ပစၥည္းမ်ားမွာ စုေပါင္းပိုင္ေျမ၊ အေဆာက္အအုံ၏ အစိတ္အပိုင္းမ်ား၊ တပ္ဆင္ထားေသာ စက္ကိရိယာမ်ား၊ စုေပါင္းပိုင္ဆိုင္ရန္အတြက္ စီမံထားေသာ အေဆာက္အအုံမ်ား၊ ပညာေရး၊ က်န္းမာေရးအတြက္ အသုံးျပဳႏိုင္ရန္ အေဆာက္အအုံမ်ား၊ ျခံ ၊ ဥယ်ာဥ္ႏွင့္ သစ္ပင္ပန္းမန္မ်ား၊ လမ္းတံတား၊ ဆက္သြယ္ေရး ပစၥည္းမ်ားတို႔ ျဖစ္ပါသည္။

စုေပါင္းပိုင္အေဆာက္အအုံ ေဆာက္လုပ္မည့္ေျမသည္ ပိုင္ဆိုင္ခြင့္ လႊဲေျပာင္းႏိုင္ေသာ ေျမအမ်ိဳးအစား ျဖစ္ရမည့္အျပင္ စတုရန္းေပ-၂၀၀၀၀ ျပည့္မွီရမည္။ ယာဥ္ရပ္နားေနရာ၊ လုံျခဳံေရးႏွင့္ ေဘးအႏၲရာယ္ ကင္း႐ွင္းေရးအတြက္ စီမံေပးႏိုင္ရမည္။

ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက ခန္႔အပ္ထားေသာ မွတ္ပုံတင္အရာ႐ွိထံတြင္ စုေပါင္းပိုင္အေဆာက္အအုံအား မွတ္ပုံတင္ျခင္းျပဳရမည္ျဖစ္ပါသည္။

စုေပါင္းေျမအျဖစ္ မွတ္ပုံတင္ၿပီးပါက (၄၀)ရာခိုင္ႏႈန္းထက္ မပိုေသာ အခန္းမ်ားကို ႏိုင္ငံျခားသားမ်ားအား ေရာင္းခ်ခြင့္႐ွိပါသည္။ ထိုသို႔ႏိုင္ငံျခားသားအား လႊဲေျပာင္းေရာင္းခ်ပါက ဥပေဒပုဒ္မ-၂၅(ည) အရ ႏိုင္ငံျခားမွ တရားဝင္ေငြလႊဲပို႔ေသာ ႏိုင္ငံျခားေငြျဖင့္သာ ေရာင္းခ်ျခင္းျပဳရမည္။

ႏိုင္ငံျခားသားမ်ားသည္လဲ တည္ဆဲဥပေဒႏွင့္အညီ ေရာင္းခ်၊ လဲလွယ္၊ ေပးကမ္း၊ စြန္႔လႊတ္၊ ငွားရမ္း၊ ေပါင္ႏွံျခင္း ျပဳႏိုင္သည္။

စုေပါင္းပိုင္အခန္းအား လႊဲေျပာင္းမႈျပဳသည့္အခါတိုင္း လႊဲေျပာင္းသည့္ေန႔မွ ရက္ေပါင္း-(၃၀)အတြင္း စာခ်ဳပ္စာတမ္းကို သတ္မွတ္ခ်က္မ်ားႏွင့္အညီ တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္၍ မွတ္ပုံတင္ခ ေပးသြင္းကာ မွတ္ပုံတင္လွ်င္ အခန္းမွတ္ပုံတင္ လက္မွတ္ရ႐ွိမည္ျဖစ္သည္။

အခန္းအား ဘဏ္တြင္ ေပါင္ႏွံျခင္းျပဳလိုက ေပါင္ႏွံျခင္းျပဳႏိုင္သည္။ စုေပါင္းပိုင္သူမ်ားအားလုံးမွ အေဆာက္အအုံအတြက္ ရန္ပုံေငြလဲ အခ်ိဳးက် ထည့္ဝင္ မႈျပဳရမည္။

စုေပါင္းပိုင္ အေဆာက္အအုံတည္ေထာင္သူသည္ လုပ္ငန္းလိုင္စင္ ရ႐ွိသူျဖစ္ရမည္။ စုေပါင္းပိုင္ အခန္းအား မွတ္ပုံတင္၍ ပိုင္ဆိုင္သူသည္ အေမြဆက္ခံခြင့္အတြက္ လႊဲေျပာင္းႏိုင္ျခင္း ၊ ေပးကမ္းျခင္း၊ ေပါင္ႏွံျခင္းႏွင့္ တရားဝင္ လႊဲေျပာင္း ေရာင္းခ်ခြင့္လဲ႐ွိသည္။

ပုဒ္မ-၃၄ အရ လႊဲေျပာင္းသည့္စာခ်ဳပ္အား မွတ္ပုံတင္ရန္ ပ်က္ကြက္လွ်င္ အနည္းဆုံးေငြက်ပ္-တစ္ဆယ္သိန္းမွ အမ်ားဆုံးေငြက်ပ္ ႏွစ္ဆယ့္ငါးသိန္းအထိ ေငြဒဏ္မ်ားခ်မွတ္ႏိုင္ေၾကာင္း ေဖာ္ျပေရးသား ေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service