King of Alternative ဟု ရည်ညွှန်းခံရသူ ကတ်ကိုဘိန်း၏ သမီး ဖရန်ဆက်စ် ဘင်း ကိုဘိန်းက ဆန်ဒီယေဂိုမြို့ စံအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းဖြင့် ရောင်းချ

King of Alternative ဟု ရည်ညွှန်းခံရသူ ကတ်ကိုဘိန်း၏ သမီး ဖရန်ဆက်စ် ဘင်း ကိုဘိန်းက ဆန်ဒီယေဂိုမြို့ စံအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
10 Nov 2023 10:11 am တွင် တင်ခဲ့သည်
576 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဖရန်ဆက်စ် ဘင်း ကိုဘိန်းသည် Hole ရော့ခ်ဂီတအဖွဲ့၏ ရှေ့ထွက်အဆိုတော် ကော့တ်နေးလာ့ဗ် နှင့် Nirvana အဖွဲ့မှ မိမိက်ိုယ်ကိုယ် အဆုံးစီရင်သွားသူ ရှေ့ထွက်အဆိုတော် ကတ်ကိုဘိန်းတို့၏ တစ်ဦးတည်း သော သမီးဖြစ်သည်။

ကတ်ကိုဘိန်းသည် အော်တာနေးတစ် ရော့ခ်ဝိုင်း Nirvana ၏ ရှေ့ထွက်အဆိုတော်ဖြစ်ပြီး ၁၉၉၄ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် ဆီယက်တဲလ်မြို့၌ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

Rolling Stone မဂ္ဂဇင်းကြီး၏ သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး တေးရေး ၁၀၀ ဦး၊ အကြီးမြတ်ဆုံး ဂစ်တာ သမား ၁၀၀ ဦးနှင့် အကြီးမြတ်ဆုံး အဆိုတော် ၁၀၀ ဦး စာရင်းများတွင် ကတ်ကိုဘိန်းကို ထည့်သွင်း ဖော်ပြခဲ့သည်။

ယခုအခါ ကတ်ကိုဘိန်း၏ သမီး ဖရန်ဆက်စ် ဘင်း ကိုဘိန်းက ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့ရှိ စံအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၄ သန်းဖြင့် ရောင်းထုတ်လိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သောနှစ်အတွင်းကလည်း ဖရန်ဆက်စ်သည် လော့စ်အိန်ဂျလိမှ စံအိမ်ကို ရောင်းချခဲ့ပြီး ထိုသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။

ချစ်သူနှင့် မကြာသေးမီကမှ လက်ထပ်လိုက်သူ ဖရန်ဆက်စ်ရောင်းချလိုက်သောအိမ်မှာ ဆန်ဒီယေဂိုမြို့၊ Point Loma အရပ်တွင် တည်ရှိပြီး ဖရန်ဆက်စ်က ၂ နှစ်ကြာ ပိုင်ဆိုင်ခဲ့သောအိမ်လည်း ဖြစ်သည်။

ဖရန်ဆက်စ်က ယခုရောင်းထုတ်လိုက်သောစံအိမ်ကို ၂၀၂၁ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ယခုအရောင်းအဝယ်တွင် အနည်းငယ်မျှ မြတ်စွန်းခဲ့သည်။

ဤအရောင်းအဝယ်ကို Realtor အိမ်ခြံမြေသတင်းတွင် ပထမဆုံးဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဖရန်ဆက်စ်သည် မကြာသေးမီက ဆန်ဒီယေဂိုခရိုင်မှ Oceanside မြို့တွင် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းခန့်သုံးစွဲကာ ဝယ်ယူခဲ့ကြောင်း Robb Report က ဖော်ပြသည်။

အော်တာနေးတစ် ဂန္ထဝင်ကြယ်ပွင့်၏ သမီးဖြစ်သူ ဖရန်ဆက်စ်နှင့် ၁၉၉၀ ပြည့်လွန်ကာလများမှ အခြားကြယ်ပွင့်တစ်ဦး၏ မျိုးဆက်တို့ လက်ဆက်ခဲ့ပြီးနောက်ပိုင်း ယခုအရောင်းအဝယ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သော အောက်တိုဘာလ ၇ ရက်တွင် ဖရန်ဆက်စ်နှင့် နာမည်ကျော် စကိတ်စီးကစားသမား တိုနီဟော့ခ်၏ သားဖြစ်သူ ရီလေဟော့ခ်တို့ လော့စ်အိန်ဂျလိမြို့တွင် လက်ထပ်ခဲ့ကြပြီး အဆိုပါ လက်ထပ်ပွဲသို့ R.E.M မှ Michael Stipe ကိုသာ ဖိတ်ကြားခဲ့ကြောင်း Page Six က ဖော်ပြသည်။

ရောင်းချလိုက်သောအိမ်မှာ တစ်ထပ်အိမ်ဖြစ်ပြီး ကြမ်းခင်းဧရိယာ ၁၈၀၀ စတုရန်းပေရှိကာ အိပ်ခန်း ၃ ခန်းပါဝင်သည်။

           (ဖရန်ဆက်စ် ဘင်း ကိုဘိန်း။ ဓာတ်ပုံ-Getty Images)

ဈေးကွက်တင် ဓာတ်ပုံများတွင် တွေ့ရှိရမှုအရ မီးဖိုဆောင်ကို သစ်ထုတ်တန်းများဖြင့် ဆောက်လုပ်ထားပြီး မီးလင်းဖိုတစ်ခုပါ ဧည့်ခန်းမှတဆင့် ညစာစားနေရာသို့ ရောက်ရှိကာ ခြံနောက်ဘက်တွင် ကျယ်ပြောသော ကွက်လပ်ရှိသည်။

ရေချိုးခန်း ၃ ခန်းအနက် ၂ ခန်းကို မကြာသေးမီကမှ ပြန်လည်မွမ်းမံထားကြောင်း Realtor တွင် ဖော်ပြသည်။

(ဖရန်ဆက်စ်က ယခုအိမ်ကို ၂၀၂၁ ခုနှစ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ဓာတ်ပုံ-Google Earth)

(ဖရန်ဆက်စ်၏ ယခင်အိမ်မှာ နေအိမ်သစ်ထက် အိပ်ခန်း ၂ ခန်းနည်းသည်။ ဓာတ်ပုံ-Google Earth)

(ဖရန်ဆက်စ်နှင့် ရီလေဟော့ခ်တို့၏ ကမ်းခြေစံအိမ်သစ်။ ဓာတ်ပုံ-Google Earth)

(ဆက်စပ်သတင်း)

မိမိကိုယ်ကို အဆုံးစီရင်သွားသူ ကတ်ကိုဘိန်း၏ သမီး လော့စ်အိန်ဂျလိစံအိမ် ရောင်းချ

https://www.imyanmarhouse.com/news/read/1002822

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Newlywed Frances Bean Cobain sells San Diego home for $2.4M (nypost)

[Zawgyi]

King of Alternative ဟု ရည္ညႊန္းခံရသူ ကတ္ကိုဘိန္း၏ သမီး ဖရန္ဆက္စ္ ဘင္း ကိုဘိန္းက ဆန္ဒီေယဂိုျမိဳ႕ စံအိမ္ကို ကန္ေဒၚလာ ၂ ဒသမ ၄ သန္းျဖင့္ ေရာင္းခ်

ဖရန္ဆက္စ္ ဘင္း ကိုဘိန္းသည္ Hole ေရာ့ခ္ဂီတအဖြဲ႔၏ ေရွ႕ထြက္အဆိုေတာ္ ေကာ့တ္ေနးလာ့ဗ္ ႏွင့္ Nirvana အဖြဲ႔မွ မိမိကို္ယ္ကိုယ္ အဆံုးစီရင္သြားသူ ေရွ႕ထြက္အဆိုေတာ္ ကတ္ကိုဘိန္းတို႔၏ တစ္ဦးတည္း ေသာ သမီးျဖစ္သည္။

ကတ္ကိုဘိန္းသည္ ေအာ္တာေနးတစ္ ေရာ့ခ္ဝိုင္း Nirvana ၏ ေရွ႕ထြက္အဆိုေတာ္ျဖစ္ျပီး ၁၉၉၄ ခုႏွစ္၊ ဧျပီလ ၅ ရက္တြင္ ဆီယက္တဲလ္ျမိဳ႕၌ မိမိကိုယ္ကို အဆံုးစီရင္သြားခဲ့သည္။

Rolling Stone မဂၢဇင္းၾကီး၏ သမိုင္းတစ္ေလွ်ာက္ အၾကီးျမတ္ဆံုး ေတးေရး ၁၀၀ ဦး၊ အၾကီးျမတ္ဆံုး ဂစ္တာ သမား ၁၀၀ ဦးႏွင့္ အၾကီးျမတ္ဆံုး အဆိုေတာ္ ၁၀၀ ဦး စာရင္းမ်ားတြင္ ကတ္ကိုဘိန္းကို ထည့္သြင္း ေဖာ္ျပခဲ့သည္။

ယခုအခါ ကတ္ကိုဘိန္း၏ သမီး ဖရန္ဆက္စ္ ဘင္း ကိုဘိန္းက ကယ္လီဖုိးနီးယားျပည္နယ္၊ ဆန္ဒီေယဂိုျမိဳ႕ရွိ စံအိမ္ကို ကန္ေဒၚလာ ၂ ဒသမ ၄ သန္းျဖင့္ ေရာင္းထုတ္လုိက္ျပီ ျဖစ္သည္။

ျပီးခဲ့ေသာႏွစ္အတြင္းကလည္း ဖရန္ဆက္စ္သည္ ေလာ့စ္အိန္ဂ်လိမွ စံအိမ္ကို ေရာင္းခ်ခဲ့ျပီး ထိုသတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေရးသားတင္ျပခဲ့ျပီး ျဖစ္ပါသည္။

ခ်စ္သူႏွင့္ မၾကာေသးမီကမွ လက္ထပ္လိုက္သူ ဖရန္ဆက္စ္ေရာင္းခ်လိုက္ေသာအိမ္မွာ ဆန္ဒီေယဂိုျမိဳ႕၊ Point Loma အရပ္တြင္ တည္ရွိျပီး ဖရန္ဆက္စ္က ၂ ႏွစ္ၾကာ ပိုင္ဆိုင္ခဲ့ေသာအိမ္လည္း ျဖစ္သည္။

ဖရန္ဆက္စ္က ယခုေရာင္းထုတ္လုိက္ေသာစံအိမ္ကို ၂၀၂၁ ခုႏွစ္အတြင္းက ကန္ေဒၚလာ ၂ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ရာ ယခုအေရာင္းအဝယ္တြင္ အနည္းငယ္မွ် ျမတ္စြန္းခဲ့သည္။

ဤအေရာင္းအဝယ္ကို Realtor အိမ္ျခံေျမသတင္းတြင္ ပထမဆံုးေဖာ္ျပခဲ့ျခင္း ျဖစ္သည္။

ဖရန္ဆက္စ္သည္ မၾကာေသးမီက ဆန္ဒီေယဂိုခရိုင္မွ Oceanside ျမိဳ႕တြင္ ေနအိမ္တစ္လံုးကို ကန္ေဒၚလာ ၂ ဒသမ ၃ သန္းခန္႔သံုးစြဲကာ ဝယ္ယူခဲ့ေၾကာင္း Robb Report က ေဖာ္ျပသည္။

ေအာ္တာေနးတစ္ ဂႏၳဝင္ၾကယ္ပြင့္၏ သမီးျဖစ္သူ ဖရန္ဆက္စ္ႏွင့္ ၁၉၉၀ ျပည့္လြန္ကာလမ်ားမွ အျခားၾကယ္ပြင့္တစ္ဦး၏ မ်ဳိးဆက္တုိ႔ လက္ဆက္ခဲ့ျပီးေနာက္ပိုင္း ယခုအေရာင္းအဝယ္မ်ား ေပၚေပါက္လာျခင္း ျဖစ္သည္။

ျပီးခဲ့ေသာ ေအာက္တိုဘာလ ၇ ရက္တြင္ ဖရန္ဆက္စ္ႏွင့္ နာမည္ေက်ာ္ စကိတ္စီးကစားသမား တိုနီေဟာ့ခ္၏ သားျဖစ္သူ ရီေလေဟာ့ခ္တို႔ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ လက္ထပ္ခဲ့ၾကျပီး အဆုိပါ လက္ထပ္ပြဲသို႔ R.E.M မွ Michael Stipe ကိုသာ ဖိတ္ၾကားခဲ့ေၾကာင္း Page Six က ေဖာ္ျပသည္။

ေရာင္းခ်လိုက္ေသာအိမ္မွာ တစ္ထပ္အိမ္ျဖစ္ျပီး ၾကမ္းခင္းဧရိယာ ၁၈၀၀ စတုရန္းေပရွိကာ အိပ္ခန္း ၃ ခန္းပါဝင္သည္။ (ဖရန္ဆက္စ္ ဘင္း ကိုဘိန္း။ ဓာတ္ပံု-Getty Images)

ေစ်းကြက္တင္ ဓာတ္ပံုမ်ားတြင္ ေတြ႔ရွိရမႈအရ မီးဖိုေဆာင္ကို သစ္ထုတ္တန္းမ်ားျဖင့္ ေဆာက္လုပ္ထားျပီး မီးလင္းဖိုတစ္ခုပါ ဧည့္ခန္းမွတဆင့္ ညစာစားေနရာသို႔ ေရာက္ရွိကာ ျခံေနာက္ဘက္တြင္ က်ယ္ေျပာေသာ ကြက္လပ္ရွိသည္။

ေရခ်ဳိးခန္း ၃ ခန္းအနက္ ၂ ခန္းကို မၾကာေသးမီကမွ ျပန္လည္မြမ္းမံထားေၾကာင္း Realtor တြင္ ေဖာ္ျပသည္။

(ဖရန္ဆက္စ္က ယခုအိမ္ကို ၂၀၂၁ ခုႏွစ္က ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ဓာတ္ပံု-Google Earth)

(ဖရန္ဆက္စ္၏ ယခင္အိမ္မွာ ေနအိမ္သစ္ထက္ အိပ္ခန္း ၂ ခန္းနည္းသည္။ ဓာတ္ပံု-Google Earth)

(ဖရန္ဆက္စ္ႏွင့္ ရီေလေဟာ့ခ္တို႔၏ ကမ္းေျခစံအိမ္သစ္။ ဓာတ္ပုံ-Google Earth)

(ဆက္စပ္သတင္း)

မိမိကိုယ္ကို အဆံုးစီရင္သြားသူ ကတ္ကိုဘိန္း၏ သမီး ေလာ့စ္အိန္ဂ်လိစံအိမ္ ေရာင္းခ်

https://www.imyanmarhouse.com/news/read/1002822

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Newlywed Frances Bean Cobain sells San Diego home for $2.4M (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service