နယူးယောက်ရှိ လူနေခန်းတစ်ခန်း တစ်လလျှင် ဒေါ်လာ ၁၈၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ ၊ ငှားရမ်းမည့်သူများအနေဖြင့် ညစ်ညမ်းကားများ ရိုက်ကူးခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းတို့ ခွင့်မပြုဟုဆို
နယူးယောက်ရှိ လူနေခန်းတစ်ခန်း တစ်လလျှင် ဒေါ်လာ ၁၈၀၀၀ ဖြင့် အငှားဈေးကွက်ဝင်လာ ၊ ငှားရမ်းမည့်သူများအနေဖြင့် ညစ်ညမ်းကားများ ရိုက်ကူးခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းတို့ ခွင့်မပြုဟုဆို - Property News in Myanmar from iMyanmarHouse.com
6 Nov 2023 10:04 am တွင် တင်ခဲ့သည်
1000 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့ ၊ Lenox Hill အရပ် ၊ အရှေ့ ၆၂ လမ်း ၊ အမှတ် ၃၃၇ တွင် တည်ရှိသော duplex ခန်းတစ်ခု တစ်လလျှင် ကန်ဒေါ်လာ ၁၈၀၀၀ (မြန်မာကျပ်ငွေ ၃၇၇ သိန်း) ဖြင့်အငှားဈေးကွက်ဝင်လာသည်။
(မှတ်ချက်။ အောက်တိုဘာ ၃၀ ရက် သတ်မှတ်ငွေလဲနှုန်း ကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၂၀၉၆ ကျပ်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)
အဆိုပါအခန်းတွင် Amenities များစွာအပြင် Outdoor နေရာ ၊ သီးခြားဝင်ပေါက်နှင့် အဆင့်မြင့်နည်းပညာ Feature များစွာ ရှိသည်။
ထိုအခန်းတွင် အိမ်မွေးတိရ စ္ဆာန်များ မွေးမြူခွင့် မပြုသည့်အပြင် အချို့သောအချက်များကိုလည်း ခွင့်မပြုချေ။
နယူးယောက်ပြည်နယ်၏ ပြစ်မှုဆိုင်ရာဥပဒေတွင် ပြဌာန်းထားချက်အရ စတုရန်းပေ ၂၃၀၀ ကျယ်ဝန်းသော ဤအခန်းကို မည်သည့် ညစ်ညမ်းသော ပြုမူလုပ်ဆောင်မှုများအတွက်မှ အသုံးပြုခွင့် မရှိဟု ဆိုသည်။
မဖွယ်မရာ လုပ်ဆောင်ခြင်း(သို့မဟုတ်) ညစ်ညမ်းဇာတ်ကားများ ရိုက်ကူးခြင်းတို့အတွက် အသုံးပြုခွင့်မရှိချေ။
အခန်းပေါင်း ၂၂ ခန်းပါဝင်သော ဤကွန်ဒိုမီနီယမ် အဆောက်အအုံကို လွန်ခဲ့သော ၁၀ နှစ်ခန့်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
နယူးယောက်ဂိုဏ်းချုပ်ဘုန်းတော်ကြီးက ရောင်းထုတ်ခဲ့သော မြေပေါ်တွင် ကွန်ဒိုဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ယခု အဆောက်အအုံနေရာကို ၂၀၁၂ ခုနှစ်တွင် ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
ဤနေရာမှာ ယခင်က ခရစ်ယာန်သီလရှင်ကျောင်းဖြစ်ခဲ့ပြီး အနီးရှိ Our Lady Of Perpetual Help ဘုရားကျောင်း၏ တွဲဖက် ဖြစ်ခဲ့သည်။
ထိုဘုရားကျောင်းကို ၁၉၉၈ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။
ထို့အပြင် ယခုအဆောက်အအုံ ဥပစာကို ကိုယ်ဝန်ဖျက်ချမှုများနှင့် မိမိဆန္ဒအလျောက် ဥပဒေနှင့်အညီ အဆုံးစီရင်ခြင်း (euthanasia) (သို့တည်းမဟုတ်) ကိုယ်ဝန်ဖျက်ချမှု ၊ သားဆက်ခြားထိန်းချုပ်မှု ၊ မိမိဆန္ဒ အလျောက် အဆုံးစီရင်မှုတို့နှင့် စပ်လျဉ်းပြီး အကြံပေးခြင်း ၊ လမ်းညွှန်ခြင်းများအတွက် အသုံးမပြုရန်လည်း တားမြစ်ထားသည်။
ထိုအကြောင်းရပ်များနှင့် ဆက်နွှယ်သော မည်သည့်အရိပ်လက္ခဏာမျိုးမှ မပြသရန် တားမြစ်ထားသည်။
(Duplex ခန်းအတွင်းမှ မီးဖိုဆောင်။ ဓာတ်ပုံ-Tyler Gustin)
(ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော မှန်နံရံများ ပါဝင်သည်။ ဓာတ်ပုံ-Tyler Gustin)
ဘာသာရေးအဖွဲ့အစည်းများမှ ရောင်းထုတ်လိုက်ကာ သာသနာ့မြေအဖြစ်မှ အရပ်သုံးအဖြစ် ပြောင်းလဲသွားသော ဘုရားကျောင်း အဆောက်အအုံများနှင့် မြေနေရာများတွင် အသုံးပြုမှု ကန့်သတ်ချက်များ ရှိခြင်းမှာ မထူးဆန်းလှ။
“ဘာသာရေးအဖွဲ့တွေဟာ သူတို့ရဲ့အိမ်ခြံမြေ အဆောက်အအုံတွေကို ပိုင်ဆိုင်မှု လွှဲပြောင်းလို့ရပါတယ်။ ဒါပေမဲ့ အသုံးပြုတဲ့ နည်းလမ်းရည်ရွယ်ချက်တွေကိုတော့ စောင့်ထိန်းကြရတယ်”ဟု အင်ဒီယာနာပြည်နယ် နော်တာဒိန်း ဥပဒေကျောင်းမှ တွဲဖက်ပါမောက္ခ ဘုန်းတော်ကြီး Patrick Reidy က ပြောသည်။
(အဆောက်အအုံ၏ အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ-Mollie Chandra)
(ယခုအခန်းနှင့် ထိစပ်နေသော မြေကွက်လပ်။ နယူးယောက်မြို့တွင် ယခုအကျယ်အဝန်းရှိသော Outdoor နေရာ ရှားပါးသည်။ ဓာတ်ပုံ-Tyler Gustin)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: This NYC rental can’t be used for ‘pornographic purposes’ or ‘any abortions’ — here’s why (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service