ကမ္ဘာကျော် ဘီလျံနာသူဌေးကြီးများ၏ ကမ္ဘာ့တန်ကြေးအကြီးဆုံး စံအိမ်ကြီး ၅ လုံးအကြောင်း
ကမ္ဘာကျော် ဘီလျံနာသူဌေးကြီးများ၏ ကမ္ဘာ့တန်ကြေးအကြီးဆုံး စံအိမ်ကြီး ၅ လုံးအကြောင်း - Property News in Myanmar from iMyanmarHouse.com
2 Nov 2023 10:22 am တွင် တင်ခဲ့သည်
737 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များအတွက် အိမ်ခြံမြေဟူသည်မှာ ပင်လယ်သမုဒ္ဒရာတမျှ များပြားလှသော ၎င်းတို့၏ ပိုင်ဆိုင်မှုများထဲမှ ရေတစ်ပေါက်မျှသာ ရှိသည်။
ကျွန်ုပ်တို့အများစုမှာ အိမ်ခြံမြေအရစ်ကျ သွင်းငွေများဖြင့် ရုန်းကန်နေရချိန်တွင် ထိုပုဂ္ဂိုလ်များမှာ တန်ဖိုး အလွန်ကြီးမားသော စံအိမ်ကြီးများကို နှစ်ခါစဉ်းစားစရာမလိုဘဲ ဝယ်ယူနိုင်ကြသည်။
အောက်တွင် ဘီလျံနာသူဌေးကြီးများ၏ ကမ္ဘာ့တန်ဖိုးအကြီးဆုံး စံအိမ်ကြီး ၅ လုံးအကြောင်း ဖော်ပြထားပါသည်။
၁။ (ANTILIA စံအိမ် ၊ မွန်ဘိုင်းမြို့)
ပိုင်ရှင် ♦ မူကက်ရှ်အမ်ဘာနီ တန်ကြေး ♦ ခန့်မှန်းခြေ ကန်ဒေါ်လာ ၁ ဘီလီယံအထက်
မူကက်ရှ်အမ်ဘာနီသည် စီးပွားရေးလုပ်ငန်း နယ်ပယ်မျိုးစုံ လုပ်ကိုင်လျက်ရှိသူဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေသည်မှာ ၈ နှစ်ခန့်ရှိပြီဖြစ်ကာ ကမ္ဘာပေါ်တွင် တန်ကြေးအကြီးဆုံး စံအိမ်ကြီးကိုလည်း ပိုင်ဆိုင်ထားသည်။ ဒဏ္ဍာရီလာ ကျွန်းတစ်ကျွန်း၏ အမည်ကိုပေးထားသော ANTILIA စံအိမ်ကြီးသည် ၂၇ ထပ်မြင့်မားပြီး မြေအောက်ကားပါကင် ၆ ထပ်နှင့် ရဟတ်ယာဉ်ကွင်း ၄ ခု ပါဝင်ကာ စံအိမ်ထိန်းသိမ်းလည်ပတ်ရန် ဝန်ထမ်း ၆၀၀ ဦးလိုအပ်သည်ဟု ဆိုသည်။
၂။ (Villa Leopolda စံအိမ် ၊ ပြင်သစ်နိုင်ငံ Villefranche-sur-Mer မြို့)
ပိုင်ရှင် ♦ လီလီ ဆာဖရာ တန်ကြေး ♦ ကန်ဒေါ်လာ သန်း ၇၅၀
ဤစံအိမ်ကို ပြင်သစ်ဧကရာဇ် Leopold II ၏ မောင်းမမိဿံ ကိုယ်လုပ်တော်များ ထားရှိရန် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် တည်ရှိသည်။ ယခုအခါ အဆိုပါ စံအိမ်ကြီးကို ဘရာဇီးဘီလျံနာသူဌေးမကြီး လီလီဆာဖရာက ပိုင်ဆိုင်ထားသည်။ စံအိမ်ဝန်းအကျယ် ဧက ၂၀ ရှိပြီး ဥရောပတိုက်၏ ရင်သပ်ရှုမောဖွယ်အကောင်းဆုံး စံအိမ်ကြီးများတွင် ပါဝင် သည်။ ရုရှားဘီလျံနာသူဌေးကြီးတစ်ဦးက ၂၀၀၈ ခုနှစ်အတွင်း ဤစံအိမ်ကြီးကို ဝယ်ယူရန် စီစဉ်ခဲ့ပြီးမှ မဝယ်ဖြစ်ခဲ့ သောကြောင့် စရံငွေ ယူရို သန်း ၅၀ ဆုံးရှုံးသွားခဲ့သည်။
၃။  (Fair Field စံအိမ် ၊ နယူးယောက်ပြည်နယ် Sagaponack ကျေးရွာ)
ပိုင်ရှင် ♦ အိုင်ရာ ရန်းနက် တန်ကြေး ♦ ခန့်မှန်းခြေ ကန်ဒေါ်လာ ၂၄၈ သန်း
စက်မှုလုပ်ငန်းရှင် ဘီလျံနာကြီး အိုင်ရာ ရန်းနက်သည် အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်ပြည်နယ် ၊ Long Island မှ Sagaponack ကျေးရွာတွင် ပိုင်ဆိုင်ထားသော စံအိမ်ကြီးမှာ တန်ကြေး ၁ ဘီလီယံ၏ လေးပုံတစ်ပုံခန့်ရှိသည်။ အိပ်ခန်း ၂၉ ခန်း ၊ ရေချိုးခန်း ၃၉ ခန်း ၊ ရေကူးကန် ၃ ခုနှင့် ကိုယ်ပိုင် ဓာတ်အားပေး စက်ရုံတို့ရှိပြီး အမေရိကန်ပြည်ထောင်စု၏ ဈေးအကြီးဆုံးစံအိမ်ကြီးအဖြစ် ရပ်တည်နေသည်။
၄။ ( Kensington Palace Gardens စံအိမ် ၊ လန်ဒန်မြို့)
ပိုင်ရှင် ♦ အိန္ဒိယလူမျိုး စတီးလုပ်ငန်းရှင်သူဌေးကြီး လက်ရှ်မီး မစ်တယ်
တန်ကြေး ♦ ကန်ဒေါ်လာ ၂၂၂ သန်း
လန်ဒန်မြို့၏ Billionaire’s Row ဟု ခေါ်သောအရပ်တွင် လက်ရှ်မီး မစ်တယ်က စံအိမ် ၃ လုံး ပိုင်ဆိုင်ထားပြီး ဈေးအကြီးဆုံးမှာ ဒေါ်လာ ၂၂၂ သန်းတန် စံအိမ်ဖြစ်သည်။ စံအိမ်တည်ရှိရာ ဝန်းကျင်မှာ လုံခြုံရေးအလွန်မြင့်မားပြီး သူ၏ စံအိမ်ဘေးတွင် အစ္စရေးသံရုံးနှင့် ရုရှားသူဌေး ရိုမန် အဘရာမိုဗစ်ချ်တို့၏ စံအိမ်ရှိသည်။
၅။  (Ellison Estate စံအိမ် ၊ ကယ်လီဖိုးနီးယားပြည်နယ်)
ပိုင်ရှင် ♦ လာရီ အဲလစ်ဆင် တန်ကြေး ♦ ခန့်မှန်းခြေ ကန်ဒေါ်လာ သန်း ၂၀၀
Oracle တည်ထောင်သူ ဘီလျံနာသူဌေးကြီး လာရီ အဲလစ်ဆင်သည် စံအိမ်ပေါင်းများစွာ ပိုင်ဆိုင်ထားသည့် အနက် ကယ်လီဖိုးနီးယားပြည်နယ်မှ ၂၃ ဧက ကျယ်သောခြံဝန်းအတွင်း ဆောက်လုပ်ထားသည့် ဂျပန် ဗိသုကာဟန် စံအိမ်မှာ တန်ကြေးအကြီးဆုံး ဖြစ်သည်။
ခြံဝန်းအတွင်း အဆောက်အအုံ ၁၀ လုံး ၊ လက်ဖက်ရည်ဆိုင် ၊ လူလုပ်ရေကန် ၊ ရေချိုးအိမ်နှင့် koi pond တို့ ပါဝင်ပြီး တန်ကြေးကန်ဒေါ်လာ သန်း ၂၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 5 Of The Most Expensive Billionaire Homes In The World (thegentlemansjournal)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service