ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ရှေ့နေတို့ရဲ့ ဘဝဟာ သူများအပူ ကိုယ်အပူ လုပ်ရတဲ့သူတွေပါ။ နစ်နာသူတို့အတွက် မြို့နယ်အသီးသီးမှာ လိုက်ပါဆောင်ရွက်ပေးနေကြရပါတယ်။ ကိုယ်ရုံးရောက်တာနဲ့ စိတ်လွတ် ကိုယ်လွတ် အနားယူလိုက်ဦးမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ စာရေးစားပွဲမှာထိုင်လိုက်စဉ် အသက်(၄၀) ကျော် အသားဖြူဖြူထောင်ထောင်မောင်းမောင်း အမျိုးသမီးတစ်ဦးနဲ့ အသက်(၂၈)နှစ်အရွယ် လူငယ်တစ်ဦးတို့ မောင်ကောင်ဖေ ရုံးခန်းကို ရောက်လာကြပါတယ်။
အမှုတွဲကြီးကိုင်ကာ အပြေးရောက်လာတဲ့ မောင်နှမနှစ်ယောက်ပါ
မောင်ကောင်ဖေ ကိုမြင်တာနဲ့ “ဆရာ ဦးကောင်ဖေလားခင်ဗျာ။ ကျွန်တော်တို့က ကုမ္ပဏီ က လမ်းညွှန်လို့ လာခဲ့တာပါ”။ “ဟုတ်လား……ညီလေးနဲ့ ညီမတို့ ထိုင်ကြပါဦး။ ခဏနားပြီးမှ လာရင်းကိစ္စ ပြောကြတာပေါ့” လို့ ပြုံးပြီး နှုတ်ခွန်းဆက်လိုက်ပါတယ်။ သူတို့နှစ်ယောက်ကလည်း မချိုပြုံးပြုံးပြီး အချိန်ဆွဲလိုဟန်မရှိဘဲ လာရင်းကိစ္စ တိုင်ပင်ဆွေးနွေးရန် အသင့်ပါလာတဲ့ (၂)လက်မခန့်ထူနေပြီဖြစ်သော တရားရုံးအဆင့်ဆင့် စွဲဆိုထားတဲ့ အမှုတွဲကြီးကို စားပွဲပေါ်မှာ တင်ပါတယ်။
“အလို အမှုတွဲတွေက များလှချည်လား ညီလေးရဲ့”။ “အဲဒီအမှုကိစ္စတွေ ချက်ချင်းဆွေးနွေးချင်လို့ ဆရာဆီကို စုံစမ်းပြီး လာရတာပါခင်ဗျာ” ဒါနဲ့ မိတ်ဆက်ရဦးမယ်” “အခုလာတဲ့ ဒီက အစ်မက အပျိုကြီး “မချယ်ရီ”ပါ။ ကျွန်တော်က သူရဲ့ မောင်ဝမ်းကွဲ “ဝဏ္ဏ”ပါ ခင်ဗျာ။ အစ်မကြီးက အပျိုကြီးဆိုတော့ နေရာတကာမှာ သွားလာတာ အဆင်မပြေဘူးလေ။ ဒါကြောင့် သူ့အမှုကိစ္စတွေကို ကျွန်တော်ကပဲ ဦးဆောင်ပေးနေရတာပေါ့။ ခုလည်း မကြာခင်မှာ အစ်မကြီး နစ်နာဆုံးရှုံး ရတော့မယ်အရေး တွေးပြီး စိတ်မချမ်းသာလို အခုလို ဆရာကောင်းထံအပြေး ရောက်လာရတာပါ။
တိုက်ခန်းဝယ်ယူခဲ့ပုံအကြောင်း တစ်စေ့တစ်စောင်း
မောင်ကောင်းဖေ က အမှုဖြစ်စဉ်လေး ပြောပြပါဦး ဆိုတော့မှ မောင်ဝဏ္ဏက ဒီလိုပါဆရာ။ အစ်မကြီး မချယ်ရီက (၂၀၁၈) ခုနှစ်လောက်က ကမာရွတ်မြို့နယ်မှာ တိုက်ခန်းတစ်ခန်း ဝယ်ပါတယ်။ ၃-လွှာကို သိန်း(၃၅၀)ပေးရပါတယ်။ အဲဒီ သိန်း(၃၅၀) ကလည်း ထီပေါက်လို့ရတဲ့ငွေ မဟုတ်ပါဘူး။ မောင်နှမ ငါးယောက် အမွေခွဲကြတဲ့အခါမှ ရတဲ့ ဝေစုပါ။ အဲဒီဝေစုလေး ပျောက်သွားမှာစိုးတာကြောင့် အပျိုကြီးဘဝနဲ့ အရိုးထုတ်မှာဆိုတော့ ဝယ်ထားတဲ့ တိုက်ခန်းကို ငှားပြီး ရတဲ့လခလေးကို ကျန်းမာရေး၊ လူမှုရေး၊ လှူးဒါန်းချင်တာ လေးတွေ လှူဒါန်းနိုင်အောင် တိုက်ခန်းဝယ်ပြီး အငှားတင်ထားခဲ့တာပေါ့။ တိုက်ခန်းငှားခရတာက အပိုငွေပဲဆိုပြီးပျော်နေခဲ့တာပေါ့။ မချယ်ရီ တိုက်ခန်းဝယ်စဉ်တုန်းက ကျွန်တော် နိုင်ငံခြားသွားပြီး အလုပ်လုပ်နေတာ ဆိုတော့ မသိလိုက်ဘူးလေ။ အခု နိုင်ငံခြားက ကျွန်တော်ပြန်လာတော့မှ အဲဒီတိုက်ခန်း ရာဇဝင်ကို သိရတော့တယ်။ ဒီတော့မှ မချယ်ရီက ဆက်လက်ရှင်းပြပါတယ်။
ဒီလို ဆရာချေ။ ကျွန်မဝယ်စဉ်က တိုက်ခန်းမှာ လူတွေတက်နေကြပြီး တိုက်ခန်း အရှုပ်အရှင်းရှိ မရှိ အုပ်ချုပ်ရေးမှူးထံမှာ မေးကြည်သေးတယ်။ ဝယ်လို့ ရတယ်ပြောလို့ ဝယ်ဖြစ်ခဲ့တယ်။ တိုက်ခန်းနဲ့ပတ်သက်လို့ ရာအိမ်မှူးကိုမေးကြည်တော့လည်း ပြန်လည်ဝယ်ယူရတယ်လို့ ဝယ်ဖြစ်သွားတာပဲ။ ရောင်းသူကလည်း ကန်ထရိုက်တာထံက တိုက်ရိုက် ဝယ်ယူထားပြီးမှ ကျွန်မကို ပြန်ရောင်းတာ ဆိုတော့ ကန်ထရိုက်တာကိုတော့ မမြင်ဖူးဘူးပေါ့။
အဲဒီတိုက်ခန်းမှာမနေဘဲ ကျွန်မ အငှားချထားတာ(၄)နှစ်လောက်အထိ အေးအေး ဆေးဆေး နေနိုင်ခဲ့တယ် အခုနှစ်လောက်မှာတော့ တိုက်ခန်းဇာတ်ရှုပ်က ပေါ်လာပါတယ်။ နည်းနည်း ရှုပ်တာမဟုတ်ဘူး ဆရာရေ။ တိုက်ခန်းမှာ နေသူတွေ ဖယ်ရှားထွက်ခွာပေးဖို့ ဝရမ်းလာကပ်တာရှင့်။ ဒီတော့မှ ကျွန်မလည်း ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ပြီး အုပ်ချုပ်ရေးမှူး ထံမှာ သွားမေးကြည့်မိတယ်။ ဟုတ်တယ်တဲ့။ သူတို့လည်း သိပြီးပြီးတဲ့။ ဒီတော့မှ အကြောင်းစုံ သိရတော့တယ်။
ကန်ထရိုက်တာနှစ်ယောက်ကြားမှာ ဗျာများနေတဲ့ တိုက်ခန်းကိုမှဝယ်မိသူ
ဒီတိုက်ခန်းတွေက ကန်ထရိုက်တာနှစ်ဦးပြောင်းပြီး ဆောက်ရတာလို့ သိရတယ်။ ပထမ ကန်ထရိုက်တာက ဆောက်နေရင်း တစ်ဝက်တစ်ပျက်မှာ ရပ်လိုက်ရတယ်။ အဲဒီ ကန်ထရိုက်တာက အခြားအမှုတစ်ခုနဲ့ ထောင်ကျသွားတယ်။ ဒါနဲ့ မြေရှင်က ဒုတိယကန်ထရိုက်တာ ရှာပြီး ဆောက်လိုက်တာ ပြီးသွားတယ်။ အဲဒီ ကန်ထရိုက်တာ ရှာပြီး ဆောက်လိုက်တာ ပြီးသွားတယ်။ အခုလို လူနေထိုင်ခွင့်လည်း တရားဝင်ရခဲ့တယ်။ ဒါကြောင့် မြေရှင်နဲ့ ဒုတိယ ကန်ထရိုက်တာတို့က သူတို့ပိုင်တဲ့ အခန်းတွေ အသီးသီးရောင်းသွားကြတယ်။ ကျွန်မ ဝယ်တဲ့တိုက်ခန်းက ဒုတိယ ကန်ထရိုက်တာထံက တစ်ဆင့် ဝယ်ယူခဲ့တာဖြစ်တယ်။ ကျွန်မကတော့ အဲဒီ ဝယ်သူထံက တပ်ဆင့် ဝယ်လိုက်တာပေါ့။
ဒီတော့ သူတို့လည်း ရောင်းခွင့်ရှိလို့ ရောင်းသွားတာပဲ။ ဒါကြောင့် လည်းလေးနှစ်လောက် ကြာတဲ့အထိ ဘာပြဿနာမှ မပေါ်ဘူးလေ။ အခု ပေါ်မယ်ပေါ်တော့လည်း ကျွန်မကို အိမ်ပေါ်က ဆင်းပေးဖို့ ဝရမ်းတောင် ထုတ်တဲ့အဆင့်အထိ ရောက်လာပြီ။ အခုလို တရားရုံးက ဝရမ်းကပ်ရခြင်း အကြောင်းကတော့ ပထမကန်ထရိုက်တာထံက ကြိုပွိုင့်နဲ့ဝယ်တဲ့သူက တိုက်ခန်း လက်ရောက်ရလို့မှု စွဲထားတာ အနိုင်ရသွားလို့ ဝရမ်းလာကပ်တာလို့ သိရတယ်။
ဒီလိုဆိုရင် ကျွန်မအတွက် ဘုမသိဘမသိနဲ့ အလကားသက်သက် ဆုံးရှုံးရတော့မှာဖြစ်လို့ သက်ဆိုင်ရာ တရားရုံးက အမှုတွဲတွေကို တရားဝင် မိတ္တူကူးပြီး အခု ယူလာတာပါ။ ကျွန်မ တိုက်ခန်း မဆုံးရှုံးအောင် ဘာဆက်လုပ်ရမယ်ဆိုတာ အကြံပေးပါဦး ဆရာရယ်။ အင်း…….ဒီလိုဆိုရင်တော့ တိုက်ခန်းက မဆင်းပေးရအောင် လောလောဆယ် အဲဒီ တရားရုံးမှာ ဆိုင်းငံ့မိန့် လျှောက်မှဖြစ်မယ်။ ပြီးတော့ အချိန်မဆိုင်းဘဲ မချယ်ရီကို ပြန်ရောင်းသွားတဲ့ သူကိုရှာပြီး ရောင်းဖို့ငွေတွေ ပြန်ရလိုမှုနဲ့ တရား စွဲသင့်တယ်လို့ အကြံပေးလိုက်ရပါတယ်။
“သုခီ အတ္တာနံ ပရိဟရန္တု”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
လွှတ်တော်မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တိုက္ခန္းအဝယ္မွား၊ လက္လြတ္ဆုံး႐ႈံးရေတာ့မလား
ေ႐ွ႕ေနတို႔ရဲ႕ ဘဝဟာ သူမ်ားအပူ ကိုယ္အပူ လုပ္ရတဲ့သူေတြပါ။ နစ္နာသူတို႔အတြက္ ၿမိဳ႕နယ္အသီးသီးမွာ လိုက္ပါေဆာင္႐ြက္ေပးေနၾကရပါတယ္။ ကိုယ္႐ုံးေရာက္တာနဲ႔ စိတ္လြတ္ ကိုယ္လြတ္ အနားယူလိုက္ဦးမယ္ဆိုတဲ့ စိတ္ကူးေလးနဲ႔ စာေရးစားပြဲမွာထိုင္လိုက္စဥ္ အသက္(၄၀) ေက်ာ္ အသားျဖဴျဖဴေထာင္ေထာင္ေမာင္းေမာင္း အမ်ိဳးသမီးတစ္ဦးနဲ႔ အသက္(၂၈)ႏွစ္အ႐ြယ္ လူငယ္တစ္ဦးတို႔ ေမာင္ေကာင္ေဖ ႐ုံးခန္းကို ေရာက္လာၾကပါတယ္။
အမႈတြဲႀကီးကိုင္ကာ အေျပးေရာက္လာတဲ့ ေမာင္ႏွမႏွစ္ေယာက္ပါ
ေမာင္ေကာင္ေဖ ကိုျမင္တာနဲ႔ “ဆရာ ဦးေကာင္ေဖလားခင္ဗ်ာ။ ကြၽန္ေတာ္တို႔က ကုမၸဏီ က လမ္းၫႊန္လို႔ လာခဲ့တာပါ”။ “ဟုတ္လား……ညီေလးနဲ႔ ညီမတို႔ ထိုင္ၾကပါဦး။ ခဏနားၿပီးမွ လာရင္းကိစၥ ေျပာၾကတာေပါ့” လို႔ ျပဳံးၿပီး ႏႈတ္ခြန္းဆက္လိုက္ပါတယ္။ သူတို႔ႏွစ္ေယာက္ကလည္း မခ်ိဳျပဳံးျပဳံးၿပီး အခ်ိန္ဆြဲလိုဟန္မ႐ွိဘဲ လာရင္းကိစၥ တိုင္ပင္ေဆြးေႏြးရန္ အသင့္ပါလာတဲ့ (၂)လက္မခန္႔ထူေနၿပီျဖစ္ေသာ တရား႐ုံးအဆင့္ဆင့္ စြဲဆိုထားတဲ့ အမႈတြဲႀကီးကို စားပြဲေပၚမွာ တင္ပါတယ္။
“အလို အမႈတြဲေတြက မ်ားလွခ်ည္လား ညီေလးရဲ႕”။ “အဲဒီအမႈကိစၥေတြ ခ်က္ခ်င္းေဆြးေႏြးခ်င္လို႔ ဆရာဆီကို စုံစမ္းၿပီး လာရတာပါခင္ဗ်ာ” ဒါနဲ႔ မိတ္ဆက္ရဦးမယ္” “အခုလာတဲ့ ဒီက အစ္မက အပ်ိဳႀကီး “မခ်ယ္ရီ”ပါ။ ကြၽန္ေတာ္က သူရဲ႕ ေမာင္ဝမ္းကြဲ “ဝဏၰ”ပါ ခင္ဗ်ာ။ အစ္မႀကီးက အပ်ိဳႀကီးဆိုေတာ့ ေနရာတကာမွာ သြားလာတာ အဆင္မေျပဘူးေလ။ ဒါေၾကာင့္ သူ႕အမႈကိစၥေတြကို ကြၽန္ေတာ္ကပဲ ဦးေဆာင္ေပးေနရတာေပါ့။ ခုလည္း မၾကာခင္မွာ အစ္မႀကီး နစ္နာဆုံး႐ႈံး ရေတာ့မယ္အေရး ေတြးၿပီး စိတ္မခ်မ္းသာလို အခုလို ဆရာေကာင္းထံအေျပး ေရာက္လာရတာပါ။
တိုက္ခန္းဝယ္ယူခဲ့ပုံအေၾကာင္း တစ္ေစ့တစ္ေစာင္း
ေမာင္ေကာင္းေဖ က အမႈျဖစ္စဥ္ေလး ေျပာျပပါဦး ဆိုေတာ့မွ ေမာင္ဝဏၰက ဒီလိုပါဆရာ။ အစ္မႀကီး မခ်ယ္ရီက (၂၀၁၈) ခုႏွစ္ေလာက္က ကမာ႐ြတ္ၿမိဳ႕နယ္မွာ တိုက္ခန္းတစ္ခန္း ဝယ္ပါတယ္။ ၃-လႊာကို သိန္း(၃၅၀)ေပးရပါတယ္။ အဲဒီ သိန္း(၃၅၀) ကလည္း ထီေပါက္လို႔ရတဲ့ေငြ မဟုတ္ပါဘူး။ ေမာင္ႏွမ ငါးေယာက္ အေမြခြဲၾကတဲ့အခါမွ ရတဲ့ ေဝစုပါ။ အဲဒီေဝစုေလး ေပ်ာက္သြားမွာစိုးတာေၾကာင့္ အပ်ိဳႀကီးဘဝနဲ႔ အ႐ိုးထုတ္မွာဆိုေတာ့ ဝယ္ထားတဲ့ တိုက္ခန္းကို ငွားၿပီး ရတဲ့လခေလးကို က်န္းမာေရး၊ လူမႈေရး၊ လႉးဒါန္းခ်င္တာ ေလးေတြ လႉဒါန္းႏိုင္ေအာင္ တိုက္ခန္းဝယ္ၿပီး အငွားတင္ထားခဲ့တာေပါ့။ တိုက္ခန္းငွားခရတာက အပိုေငြပဲဆိုၿပီးေပ်ာ္ေနခဲ့တာေပါ့။ မခ်ယ္ရီ တိုက္ခန္းဝယ္စဥ္တုန္းက ကြၽန္ေတာ္ ႏိုင္ငံျခားသြားၿပီး အလုပ္လုပ္ေနတာ ဆိုေတာ့ မသိလိုက္ဘူးေလ။ အခု ႏိုင္ငံျခားက ကြၽန္ေတာ္ျပန္လာေတာ့မွ အဲဒီတိုက္ခန္း ရာဇဝင္ကို သိရေတာ့တယ္။ ဒီေတာ့မွ မခ်ယ္ရီက ဆက္လက္႐ွင္းျပပါတယ္။
ဒီလို ဆရာေခ်။ ကြၽန္မဝယ္စဥ္က တိုက္ခန္းမွာ လူေတြတက္ေနၾကၿပီး တိုက္ခန္း အ႐ႈပ္အ႐ွင္း႐ွိ မ႐ွိ အုပ္ခ်ဳပ္ေရးမႉးထံမွာ ေမးၾကည္ေသးတယ္။ ဝယ္လို႔ ရတယ္ေျပာလို႔ ဝယ္ျဖစ္ခဲ့တယ္။ တိုက္ခန္းနဲ႔ပတ္သက္လို႔ ရာအိမ္မႉးကိုေမးၾကည္ေတာ့လည္း ျပန္လည္ဝယ္ယူရတယ္လို႔ ဝယ္ျဖစ္သြားတာပဲ။ ေရာင္းသူကလည္း ကန္ထ႐ိုက္တာထံက တိုက္႐ိုက္ ဝယ္ယူထားၿပီးမွ ကြၽန္မကို ျပန္ေရာင္းတာ ဆိုေတာ့ ကန္ထ႐ိုက္တာကိုေတာ့ မျမင္ဖူးဘူးေပါ့။
အဲဒီတိုက္ခန္းမွာမေနဘဲ ကြၽန္မ အငွားခ်ထားတာ(၄)ႏွစ္ေလာက္အထိ ေအးေအး ေဆးေဆး ေနႏိုင္ခဲ့တယ္ အခုႏွစ္ေလာက္မွာေတာ့ တိုက္ခန္းဇာတ္႐ႈပ္က ေပၚလာပါတယ္။ နည္းနည္း ႐ႈပ္တာမဟုတ္ဘူး ဆရာေရ။ တိုက္ခန္းမွာ ေနသူေတြ ဖယ္႐ွားထြက္ခြာေပးဖို႔ ဝရမ္းလာကပ္တာ႐ွင့္။ ဒီေတာ့မွ ကြၽန္မလည္း ေျခမကိုင္မိ၊ လက္မကိုင္မိျဖစ္ၿပီး အုပ္ခ်ဳပ္ေရးမႉး ထံမွာ သြားေမးၾကည့္မိတယ္။ ဟုတ္တယ္တဲ့။ သူတို႔လည္း သိၿပီးၿပီးတဲ့။ ဒီေတာ့မွ အေၾကာင္းစုံ သိရေတာ့တယ္။
ကန္ထ႐ိုက္တာႏွစ္ေယာက္ၾကားမွာ ဗ်ာမ်ားေနတဲ့ တိုက္ခန္းကိုမွဝယ္မိသူ
ဒီတိုက္ခန္းေတြက ကန္ထ႐ိုက္တာႏွစ္ဦးေျပာင္းၿပီး ေဆာက္ရတာလို႔ သိရတယ္။ ပထမ ကန္ထ႐ိုက္တာက ေဆာက္ေနရင္း တစ္ဝက္တစ္ပ်က္မွာ ရပ္လိုက္ရတယ္။ အဲဒီ ကန္ထ႐ိုက္တာက အျခားအမႈတစ္ခုနဲ႔ ေထာင္က်သြားတယ္။ ဒါနဲ႔ ေျမ႐ွင္က ဒုတိယကန္ထ႐ိုက္တာ ႐ွာၿပီး ေဆာက္လိုက္တာ ၿပီးသြားတယ္။ အဲဒီ ကန္ထ႐ိုက္တာ ႐ွာၿပီး ေဆာက္လိုက္တာ ၿပီးသြားတယ္။ အခုလို လူေနထိုင္ခြင့္လည္း တရားဝင္ရခဲ့တယ္။ ဒါေၾကာင့္ ေျမ႐ွင္နဲ႔ ဒုတိယ ကန္ထ႐ိုက္တာတို႔က သူတို႔ပိုင္တဲ့ အခန္းေတြ အသီးသီးေရာင္းသြားၾကတယ္။ ကြၽန္မ ဝယ္တဲ့တိုက္ခန္းက ဒုတိယ ကန္ထ႐ိုက္တာထံက တစ္ဆင့္ ဝယ္ယူခဲ့တာျဖစ္တယ္။ ကြၽန္မကေတာ့ အဲဒီ ဝယ္သူထံက တပ္ဆင့္ ဝယ္လိုက္တာေပါ့။
ကန္ထ႐ိုက္တာ ႏွစ္ေယာက္ေျပာင္းတဲ့ တိုက္ခန္းဝယ္မိသူ မွားရင္ ရင္နာစရာ
ဒီေတာ့ သူတို႔လည္း ေရာင္းခြင့္႐ွိလို႔ ေရာင္းသြားတာပဲ။ ဒါေၾကာင့္ လည္းေလးႏွစ္ေလာက္ ၾကာတဲ့အထိ ဘာျပႆနာမွ မေပၚဘူးေလ။ အခု ေပၚမယ္ေပၚေတာ့လည္း ကြၽန္မကို အိမ္ေပၚက ဆင္းေပးဖို႔ ဝရမ္းေတာင္ ထုတ္တဲ့အဆင့္အထိ ေရာက္လာၿပီ။ အခုလို တရား႐ုံးက ဝရမ္းကပ္ရျခင္း အေၾကာင္းကေတာ့ ပထမကန္ထ႐ိုက္တာထံက ႀကိဳပြိဳင့္နဲ႔ဝယ္တဲ့သူက တိုက္ခန္း လက္ေရာက္ရလို႔မႈ စြဲထားတာ အႏိုင္ရသြားလို႔ ဝရမ္းလာကပ္တာလို႔ သိရတယ္။
ဒီလိုဆိုရင္ ကြၽန္မအတြက္ ဘုမသိဘမသိနဲ႔ အလကားသက္သက္ ဆုံး႐ႈံးရေတာ့မွာျဖစ္လို႔ သက္ဆိုင္ရာ တရား႐ုံးက အမႈတြဲေတြကို တရားဝင္ မိတၱဴကူးၿပီး အခု ယူလာတာပါ။ ကြၽန္မ တိုက္ခန္း မဆုံး႐ႈံးေအာင္ ဘာဆက္လုပ္ရမယ္ဆိုတာ အၾကံေပးပါဦး ဆရာရယ္။ အင္း…….ဒီလိုဆိုရင္ေတာ့ တိုက္ခန္းက မဆင္းေပးရေအာင္ ေလာေလာဆယ္ အဲဒီ တရား႐ုံးမွာ ဆိုင္းငံ့မိန္႔ ေလွ်ာက္မွျဖစ္မယ္။ ၿပီးေတာ့ အခ်ိန္မဆိုင္းဘဲ မခ်ယ္ရီကို ျပန္ေရာင္းသြားတဲ့ သူကို႐ွာၿပီး ေရာင္းဖို႔ေငြေတြ ျပန္ရလိုမႈနဲ႔ တရား စြဲသင့္တယ္လို႔ အၾကံေပးလိုက္ရပါတယ္။
“သုခီ အတၱာနံ ပရိဟရႏၲဳ”
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
လႊတ္ေတာ္ေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com